ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ စစ်ဦးစီးချုပ် နေရာ ဆက်ခံမည့်သူကို မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် တပ်မှူးများ ညီလာခံတွင် ရွေးချယ်မည်ဖြစ် သည်။
၎င်းညီလာခံတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၏ အမှတ် ၇ တပ်မဟာ မှူးဖြစ်သည့် ဗိုလ်မှူးချုပ် ဂျော်နီ ရွေးချယ်ခံ ရနိုင်သည်ဟု တပ်မှူးကြီးများက သုံးသပ်ပြောဆိုကြသည်။
KNLA တပ်မဟာ ၆ မှ တပ်မှူးတဦးက ”တပ်မဟာမှူး ၇ ဦး ရှိတဲ့အထဲက တပ်မဟာ ၇ က ဗိုလ်ဂျော်နီ ကတော့ ဖြစ်နို င်ခြေ များပါတယ်။ အားလုံး ထဲမှာ သူက စီနီယာကျတယ်။ လုပ်သက်ကော အတွေ့ အကြုံကော ဆိုတော့ဖြစ်နိုင်ခြေက အတော်များတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။
ယခင်က ရေပန်းစားခဲ့သူမှာ တပ်မဟာမှူးများအနက် အသက် အငယ်ဆုံးဖြစ်သည့် အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူး ချုပ် ဘောကျော်ဟဲ ဖြစ်သည်။သို့သော်လည်း ပြီးခဲ့သည့် KNU ညီလာခံတွင် တပ်မှူးတဦး၏ စစ်မှု ထမ်း သက်တမ်းကို နိုင်ငံတကာ သတ်မှတ်ချက် အတိုင်း ချမှတ်နိုင်ခြင်း မရှိသဖြင့် လွဲချော် ရနိုင်သည် ဟုလည်း တပ်မှူး တဦးက ဆိုသည်။
စစ်မှုထမ်းခြင်းကို နိုင်ငံတကာတွင် နှစ် ၆၀ ထိသာ သတ်မှတ်ထားသော် လည်း KNLA တွင် စစ်ဦးစီးချုပ် အပါအ၀င် တပ်မဟာမှူးအများစုမှာ အသက် ၈၀ မှ ၆၅ နှစ် ၀န်းကျင်ရှိသူများဖြစ်သည်။
သောကြာနေ့က KNU ဥက္ကဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ အသက် ၈၀ ရှိပြီး၊ မကြာသေးခင် ကအထိ ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည့် ဗိုလ်ချုပ်ကြီး တာမလာဘောသည် အသက် ၉၃ နှစ် ဖြစ်သည်။
တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲမှာ အသက် ၅၀ ခန့် နှင့် တပ်မဟာ ၃ မှူး ဗိုလ်မှူးချုပ် အယ်က လူသိန်းမှာ ၅၅ နှစ် ခန့်သာ ရှိသည်ဟု တပ်မှူးတဦးကပြောသည်။
ကျန်ရှိသည့်တပ်မဟာမှူးများမှာ အသက် ၆၅ နှစ်နှင့် ၇၀ ၀န်းကျင်များဖြစ်သည်ဟုလည်း ၎င်းက ဖြည့် စွက်ပြောကြားသည်။
KNU ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရသူတဦးက”ကျွန်တော်တို့ဆီမှာက စစ်မှုထမ်း သက်တမ်းနဲ့ ပတ် သက်ပြီး မသတ်မှတ်နိုင်သေးတာ အားနည်းချက် တခုဖြစ်တယ်” ဟု ဆိုသည်။
KNU ညီလာခံ၌ သောကြာနေ့ကရွေးချယ်ခံခဲ့ရသည့် ဗဟိုကော်မတီဝင် ၄၅ ဦးကို တာဝန်ပေးအပ်ခြင်းနှင့် ဂတိ သစ္စာပြုခြင်း အစီအစဉ်ကို မနက်ဖြန် ကျင်းပမည် ဖြစ်သည်။
ကျင်းပမည့် နေရာမှာကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ လေးဝါးတပ်စခန်း ဖြစ်သည်။
ဧရာဝတီ
ပြည်တော်မြင့်
Myanmar Online News မှ ထပ်ဆင့်ကူးယူသည်။
Time in Rangoon


0 comments:
Post a Comment