Sunday, December 23, 2012

ဆွစ်ဇာလန် ဓါတ်ပုံဆရာ မြန်မာနိုင်ငံအကြောင်း ဓာတ်ပုံစာအုပ် အခမဲ့ ထုတ်ဝေမည်

Posted by drmyochit Sunday, December 23, 2012, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံ တစ်ဝန်းတွင် ရိုက်ကူးခဲ့သော အလှအပ ရှုခင်းများ၊ လျှပ်တစ်ပြက် ဓာတ်ပုံ များကို စုစည်း၍ အခမဲ့ ဓါတ်ပုံစာအုပ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံသား ဓာတ်ပုံဆရာ Mr.Armin Graessl က The Voice Weekly သို့ ပြောကြားသည်။

"ဒီနိုင်ငံက အလှတရား တွေကို ဒီနိုင်ငံက လူတွေ ကိုယ်တိုင် သိသင့်တယ်ဗျ၊ ပြီးတော့ နိုင်ငံခြားသားတွေ ဒီကို လာအောင် ဆွဲဆောင်ရာမှာ ကျွန်တော့် စာအုပ်က အနည်းအကျဉ်း ပဲဖြစ်ဖြစ် အကျိုး ပြုနိုင်တယ် ဆိုရင် စာအုပ် ထုတ်ရကျိုး နပ်တယ်ဗျ" ဟု ၎င်းက ပြောကြားသည်။

အဆိုပါ စာအုပ်ကို ဥရောပတွင် ပြန်၍ ထုတ်ဝေမည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ နိုင်ငံခြား သံရုံးများ၊ စာကြည့်တိုက် များ၊ သက်ဆိုင်ရာ အစိုးရ ဌာနများ နှင့် ခရီးသွား ကုမ္ပဏီ များကို အခမဲ့ ပေးဝေသွားမည် ဖြစ်ကြောင်း Mr.Armin Graessl ၏ စာအုပ် ထုတ်ဝေရေး ကိစ္စများကို မြန်မာပြည်တွင်းမှ လိုက်ပါ ဆောင်ရွက် ပေးနေသူ ဦးလင်းက ပြောကြားသည်။

"မနှစ်က ကျွန်တော် မိုးပျံ ပူဖောင်း စီးပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေရော ဒီနှစ်မှ ရိုက်မယ့် ဓာတ်ပုံတွေ ရော ပေါင်းပြီး စာအုပ် ထုတ်ဖို့ လုပ်တာပါ၊ အဓိက ကတော့ ဒီနိုင်ငံနဲ့ ဒီနိုင်ငံက လူတွေကို ကျွန်တော် အရမ်း သဘော ကျသွား လို့ဗျ၊ မြန်မာ လူမျိုးတွေက အမြဲတမ်း ပြုံး နေကြတာကို သဘော ကျတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ စာအုပ်ကို "Flying over the Buddha's Paradise" ဟု အမည်ပေးရန် စဉ်းစားနေပြီး စာအုပ် ထုတ်ဝေရန် အချိန် သုံးလခန့် ကြာမည်ဖြစ်ပြီး အုပ်ရေ ၂၀၀၀ ထုတ်ဝေမည် ဖြစ်ကာ ယူရိုငွေ ခုနှစ်သောင်း ခြောက်ထောင်ခန့် ကုန်ကျ နိုင်ကြောင်း Mr. Graessl က ပြောကြားသည်။

Mr.Armin Graessl သည် မြန်မာ နိုင်ငံသို့ ယခုနှစ် အတွင်း ဒုတိယ အကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံရှိ အထင်ကရ နေရာများ ပေါ်တွင် မိုးပျံ ပူဖောင်းဖြင့် ပျံသန်းလေ့ ရှိသော မစ္စတာ ဘလေဇာနှင့် အတူ ၂၀၁၁ ဇန်နဝါရီ လက ပထမ အကြိမ် စတင် လိုက်ပါလာ ခဲ့ခြင်းဖြစ် ပြီး ယခုနှစ် တွင်လည်း မြန်မာ နိုင်ငံတွင် နှစ်ပတ်ကြာ မိုးပျံပူဖောင်း ခရီးစဉ် အပြင် ဓာတ်ပုံ စာအုပ် ထုတ်ဝေရန် ပါ စီစဉ်ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်