Sunday, December 23, 2012

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ် ပွဲနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ကန့်ကွက်

Posted by drmyochit Sunday, December 23, 2012, under | No comments

ရန်ကုန်တိုင်း ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်ကို ဘောဂရပ် ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်ပြားအောင် ပြုလုပ်သည့် အကြောင်းပြချက် ဖြင့် ဒီဇင် ဘာလ ၂၃ရက် နေ့လည် ၃နာရီ ခန့်က စလင်း အားကစားကွင်းတွင် မြို့ခံ ပြည်သူလူထု က ကန့်ကွက် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း ဦးဆောင်သူ ဦးထွန်းထွန်းကျော်က ပြောကြားသည်။

အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကြီးကြပ်ရေး အဖွဲ့ ရပ်မိရပ်ဖငါးဦးကို ဥပဒေနှင့် မညီသော အကြောင်းပြချက် များဖြင့် ယင်းလွှတ်တော် ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သောကြောင့် ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်ကြောင်း ကန့်ကွက်ရှုံ့ချပွဲကို ပြုလုပ် ရခြင်းဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းကျော်က ရှင်းပြ သည်။

"ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးပွဲကို နှစ်လ ဆိုင်းငံ့ပေးဖို့ ခရိုင်ကို စာတင်တယ်။ ကြီးကြပ်ရေး ရပ်မိရပ်ဖငါးဦးကို NLD ပါတီဝင်၊ တစည ပါတီဝင် ဆိုပြီး ကန့်ကွက်တာတွေ လုပ်တယ်" ဟု ယင်းကန့်ကွက် ရှုံ့ချပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးတင်ဝင်းလေးက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ထောက်ခံသဖြင့် အောင်မြင်စွာ ရွေးကောက် တင်မြှောက် နိုင်ခဲ့ကြောင်း ဦးထွန်းထွန်းကျော်က ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဦးသန်းစိန်သည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အနေနှင့် ကြည့်မြင်တိုင် မြို့နယ်အတွက် ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပေးအပ် ခဲ့သော ကတိကဝတ် များကို ဆောင်ရွက် ပေးခြင်း မရှိကြောင်း ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုပ်သိမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကြည့်မြင်တိုင် မြို့နယ် အတွင်း သဘောတူ ထောက်ခံသည့် လက်မှတ်များ စတင် ကောက်ခံနေပြီး နှစ်ပတ် သုံးပတ်အတွင်း ကောက်ခံ ပြီးပါက ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွားမည် ဖြစ်ကြောင်း ဦးတင့်လွင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက် တင်မြှောက် ထားသော လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ပြန်လည် ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး တစ်ရာခိုင်နှုန်းက ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်တန်းချက် ပေးပို့ရမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် အနေနှင့် ပြန်လည် ချေပလိုက ချေပနိုင်ခွင့်ကို ယင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖော်ပြထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်