Sunday, December 23, 2012

ကေအိုင်အေများပြောသည့် တပ်မတော်၏ လက်နက်ကြီးများ သတင်း

Posted by drmyochit Sunday, December 23, 2012, under | No comments


တကယ်အတိုက်ခံရတော့မည် ဆိုသည်နှင့် ကေအိုင်အေ တို့ လေသံပြောင်းကြလေပြီ။ ဆွေးနွေးပွဲ လုပ်ဆို သည့်အချိန် ကျတော့ မိုင်းခွဲ၊ ဗုံးထောင်၊ ချောင်းပစ်၊ ရဲစခန်း ၀င်စီးကာ အလုပ်မဟုတ်တာ လုပ်ကြသည်။ ယခုတော့ လိုင်ဇာကို လက်နက်ကြီးများ ချိန်ထားသည်။ ထိုးစစ် ဆင်နွှဲရန် အသင့်ဖြစ်နေပြီဟု ဆို သည်။ ကေအိုင်အေများ လုံးဝ မတိုက်။ တပ်မတော်ကသာ လာတိုက်နေခြင်း ဖြစ် သည်။ ကေ အိုင်အေ များ ပြန် တိုက် လိုက်ရာ မြန်မာ့တပ်မတော်က လက်နက်ကြီးပျက်စီး၊ စစ်သည်များ တိုက်ပွဲ ကျ သည်ဟု ဆိုပြန် သည်။ ထို သေနတ်ပြီးသည့် ကေအိုင်အေများ ဘယ်နေ့ဝါဒဖြန့်၍ ဆုံးမည်နည်း။


သတင်း(၁)
မိုးကောင်း အခြေစိုက် စကခ(၃)လက်အောက်ခံ တပ်ဖွဲ့တို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိုင်ရန် နေရာရွေး ချယ်၍ အမြောက်ကြီးများကိုချိန်ရွယ်လျက် ရှိသည်။


ဒီဇင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းသည် ဒေါ့ဖုန်း- ယန်မြို့နယ် မန်ဆိုင်(Man Sai)ကျေးရွာတွင် ၁၂၀ မမ အမြောက် (၂)လက် နှင့် ယင်းရွာ၏မြောက်ဘက် တောင်ကုန်းတွင် ၁၂၀ မမ အမြောက်(၁)လက် ထပ်မံ တိုးချဲ့ ကာ လိုင်ဇာဘက်သို့ချိန်ရွယ်ထား လိုက်ကြောင်း သိရှိရသည်။


ယခုအချိန်တွင် လိုင်ဇာဘက်သို့ ပစ်ခတ်တိုက်ခိုက် ရန် ခန်းကိုင်တောင်တွင် ၁၀၅ မမ၊ ၁၂၀ မမ မြောက် များ၊ ဘွမ်ဆော မ်တောင်တွင် ၁၂၀ မမ၊ ရှဒန်ပါတွင် ၁၂၀ မမ၊ မန်မော်တွင် ၁၂၀ မမ နှင့် ထပ်တိုး လာေ သာ မန်ဆိုင် တွင် ၁၂၀ မမ (၃)လက် စသည်ဖြင့် လက် နက်ကြီးဖြင့်ချိန်ရွယ်ထားကာ ထိုးစစ်ဆင်နွဲ ရန် အ သင့် အနေအထား ပြင်ဆင်လျက်ရှိနေပြီ ဖြစ်သည်။
(source-MKN)

သတင်း(၂)

ဒီဇင်ဘာလ(၂၂)ရက်နေ့ မနက်ပိုင်းမှ ညနေ(၄) နာရီအထိ ဂန်ဒေါ်ယန် တပ်စခန်းမှ အမှတ်(၂၅၅) KIA လှုပ်ရှား တပ်ရင်းရှိရာ ကွမ်ရှောင်စခန်း(Kum Shawng Post)ဘက်သို့ လက်နက်ကြီးများဖြင့် အကြိမ် (၄၀)ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

လက်နက်ကြီးပစ်ခတ်ပြီးသည်နှင့် ခလရ(၂၉၈)၊ ခမရ(၃၉၀)တပ်ဖွဲ့တို့သည် ကွမ်ရှောင် KIA တပ်စခန်း သို့ ခြေလျင်ဖြင့် ထိုးစစ် ဆင်တိုက် ခိုက်ခဲ့သည်ကို KIA တပ်ဖွဲ့က ပြန်လည် ခုခံတိုက် ခိုက် သဖြင့် မြန်မာ အစိုးရ တပ်ဖွဲ့ဝင်(၄)ဦး ကျဆုံး ကြောင်း သိရှိရသည်။

ညနေ(၆) နာရီခန့်တွင် အဝေးမှနေ၍ KIAတပ် စခန်းသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော မလိယန် လိမ္မော်ခြံ သို့ KIA တပ်ဖွဲ့မှ ၆၀ မမ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ မြန်မာအစိုးရတပ်ဖွဲ့တို့၏ လက်နက်ကြီးကို ထိမှန် ကာ အစိုးရတပ်ဖွဲ့၏လက် နက်ကြီး ပစ်ကူပေးမှု ပျက်စီးခဲ့ရကြောင်း သိရှိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်