
ဂြိုဟ်တုက ရရှိတဲ့ ပုံရိပ်အသစ်တွေအရ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အပိုင်းအစ တစ်ရာ့ နှစ်ဆယ်လောက်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ တွေ့ရတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။
ပြင်သစ်နိုင်ငံက ထုတ်ပြန်တဲ့ ပုံရိပ်တွေအရ အချို့ အရာတွေဟာ ၂၄ မီတာကျော် ရှည်လျားတာ တွေ့ရပါတယ်။
အဲဒီ ပစ္စည်းတွေ အားလုံးကို မြို့တစ်မြို့စာ အကျယ်အဝန်းလောက်မှာ မျောနေတာ တွေ့ရတာပါ။
ရာသီဥတု ဆိုးရွာမှုကြောင့် ရှာဖွေမှုတွေ ရပ်နားခဲ့ရပြီးနောက် အခုအခါ လေယာဉ်ပျောက်...