Monday, July 08, 2013

လားရှိုးမြို့ မြို့လယ်ခေါင် ပန်းခြံတွင် ၁၀ တန်းကျောင်းသူ အသတ်ခံရ

Posted by drmyochit Monday, July 08, 2013, under | No comments

လားရှိုးမြို့ မြို့လယ် အပန်းဖြေဥယျာဉ်ကြီးတစ်ခုဖြစ်သော နန်းဟေဝန် ပန်းခြံ အတွင်း ယခုလ ၄ ရက်နေ့က အသတ်ခံထားရသည့် အမျိုး သမီး တဦး အလောင်း တွေ့ရှိ ခဲ့ကြောင်းသိရသည်။ “ ၄ ရက်နေ့ မနက် ၁၀ နာရီက ကွတ်ခိုင်လမ်း နဘေး ဘက်ခြမ်း ထိုင်ခုံတန်းတစ်ခုဘေးမှာ အလောင်း ကိုတွေ့တာ ။ ၁၁ နာ ရီလောက် မှာ အလောင်း ကို ရင်ခွဲစစ်ဆေးဖို့ လားရှိုးဆေးရုံ ကြီးကို ပို့ဆောင် ခဲ့ပါတယ်။ အလောင်းမှာ ရင်အုံ ၂ ခြမ်း လုံး၊ လည်ပင်းမှာနဲ့ နောက်ကျောမှာ ဓါးထိုးဒဏ်ရာ ၄ ချက် တွေ့ရှိခဲ့ပါတယ်” - ဟု...

နိုင်ဂျီးရီးယားစာသင်ကျောင်းကိုအစ္စလာမ္မစ် စစ်သွေးကြွများ တိုက်ခိုက်၊ကျောင်းသားများအား အရှင် လတ်လတ် မီးရှို့

Posted by drmyochit Monday, July 08, 2013, under | No comments

ဇူလိုင်လ၈ ရက်၂၀၁၃ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ယိုဘေပြည်နယ်ရှိစာသင်ကျောင်းတစ်ခုကို အစ္စလာမ္မစ် စစ်သွေးကြွ များဟု ယူဆရ သူများ အရုဏ်တက်ချိန်တွင်ဝင်ရောက် တိုက်ခိုက်သွားပြီးအရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှုများ၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းသား ၂၉ ဦးနှင့် ဆရာ တစ်ဦး သေဆုံး သွားကြောင်း BBC တွင် ဖော်ပြထားသည်။ အချို့သော ကျောင်းသားများက စစ်သွေးကြွများက အရှင်လတ်လတ်မီးရှို့ သတ်ခဲ့ကြောင်းမျက်မြင်တွေ့ ရှိသူများ က ပြောကြား သွားသည်။ တိုက်ခိုက်မှုဖြစ်ပွားရာ အရပ်အနီးရှိ ဆေးရုံတွင် ထိတ်လန့် တုန်လှုပ်နေသော မိဘများက မီးလောင် ဒဏ်ရာဖြင့် သေဆုံးသွားသော...

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတိုးမြှင့်ချထား

Posted by drmyochit Monday, July 08, 2013, under | No comments

အိန္ဒိယနိုင်ငံဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံ စေတီတော် တွင် လုံခြုံရေး တိုးမြှင့် ချထား မည်ဖြစ် ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ သိရှိ ရသည်။ လုံခြုံရေးတိုးမြှင့် ချထားမှုအား သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့ပူးပေါင်းကာ လုံခြုံရေး ချထားမည်ဖြစ်ကြောင်း သိရှိရသည်။ “လက်ရှိယူထားတဲ့ လုံခြုံရေးထက်ကို ပိုတိုးပြီးတော့ လုံခြုံရေးယူသွားမယ်။ ကျွန်တော်တို့ လုံခြုံရေးချထားဖို့ ကိစ္စကိုလည်း အစည်းအဝေးလုပ်ပြီး...

ရခိုင်တွင် ကျည်ဆန်များ ရောင်းချမှုဖြင့် တပ်ကြပ် တဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံရ

Posted by drmyochit Monday, July 08, 2013, under | No comments

ဖမ်းဆီးရမိသော ကျည်ဆန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ – နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုး သမီးတဦး တို့အား ကျည်ဆန်များ ရောင်းချမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ ခမရ ၃၇၅ တပ်ရင်းမှ တပ်ကြပ်ကျော်ဝေသည် စစ်တပ်ပိုင် ကျည်ဆန်များကို ကျောက်တော်ဒေသခံ ဒေါ်အေးကြည် ဆိုသည့် အမျိုးသမီးမှ တဆင့်ရောင်းချသည်ဟု စစ်ဆေးတွေ့ရှိရ၍ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့ က ဖမ်းဆီးထားခြင်းဖြစ်ကြောင်း...

ဗုဒ္ဓဂါယာ ဘာသာရေးအဆောက်အုံဗုံးခွဲသူကို အိန္ဒိယရဲများ ဖမ်းဆီး

Posted by drmyochit Monday, July 08, 2013, under | No comments

ပတ္တနာ၊ ဇူလိုင် ၈။ အိန္ဒိယရဲတပ်ဖွဲ့သည် တနင်္ဂနွေနေ့က ဖြစ်ပွားသည့် ဗုဒ္ဒဂါယာရှိ သမိုင်းဝင် ဘာသာရေး အဆောက်အအုံကို ဗုံးခွဲ ခဲ့ခြင်းကြောင့် လူတစ်ဦးအား ဖမ်းဆီးထားပြီး ဗုံးများလာရောက် ထောင်ဖွယ်ရှိသည့် လူနှစ်ဦးကိုလည်း စီစီတီဗီ မှတ်တမ်းများတွင် လေ့လာနေသည်။ အိန္ဒိယ အစိုးရသည် ဗုဒ္ဒဘာသာဝင်များ၏ မြင့်မြတ်နေရာဖြစ်သည့် ဗုဒ္ဒဂါယာတွင် တနင်္ဂနွေနေ့က ဘုန်း ကြီးနှစ်ပါး ဒဏ်ရာရရှိစေခဲ့သော ဗုံးငယ်ကိုးလုံး ပေါက်ကွဲခဲ့ခြင်းကို အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း...

ကျွဲဆည်ကန် ကားကြီးဝင်းရှိ ဟိုတယ်တွင် အမျိုးသားတစ်ဦး လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံး

Posted by drmyochit Monday, July 08, 2013, under | No comments

မန္တလေး၊ ဇူလိုင် ၇ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် ကားကြီးဝင်း အတွင်း ရှိ ဟိုတယ် တစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ အချိန်၌ အမျိုးသား တစ်ဦး အိပ်ခန်း ခုတင်ပေါ်တွင် လက်ကောက် ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံးလျက် ရှိ ကြောင်း အ ဆိုပါ ဟိုတယ်ထံမှ စုံစမ်း သိရှိရသည်။ သေဆုံးသူ ဦးဘုန်းမြင့်သန်း(ခ)ဦးမိုးမြင့်သန်း (အသက် ၄၄နှစ်) သည် အောင်မြေသာစံမြို့နယ်၊ တပ်ဦးရွာ၊ ဘုန်းတော် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို...

ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

Posted by drmyochit Monday, July 08, 2013, under | No comments

ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေနဲ့ ဟစ်ပ်ဟော့ပ်အဖွဲ့သားများ (ဓာတ်ပုံ – ဂျောက်ဂျက် facebook မှ) ဟစ်ပ်ဟော့ပ် သမားတွေဖြစ်တဲ့ ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့အုပ်စုက လူငယ် တဦးတည်းကို ၇ ယောက် ဝိုင်းရိုက်ခဲ့ကြ တယ်လို့ စွဲချက်တင်ပြီး အမှု ဖြစ်ခဲ့တာ အခု ၁ နှစ်ကျော်ကြာလာတဲ့ အချိန်မှာ စွဲချက်အတင်ခံရတဲ့ ဘက်က ကျေအေးခိုင်း ပေမယ့် တရားလိုဘက်က မကြေအေးနိုင်ဘူးလို့ ပြောလာပါတယ်။ ၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ရွှေဇံ၊ ဘုန်းမောင်၊ ဆန်နီအောင်၊ ညီညီလွင်နဲ့...

ကျောက်မြောင်းတွင် ညသန်းခေါင်ယံ အနုကြမ်းစီး

Posted by drmyochit Monday, July 08, 2013, under | No comments

ရန်ကုန်၊ ဇူလိုင် ၇ ရန်ကုန်မြို့တော်တွင် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် တာမွေမြို့နယ်၊ ကျောက်မြောင်း အရှေ့ရပ် ကွက် အောင်မင်္ဂလာလမ်းရှိ လုံးချင်းနှစ်ထပ် အိမ်တစ်လုံးတွင် ဇူလိုင်လ ၆ရက် ည ၁၂ နာရီကျော်ခန့်က အနုကြမ်း စီးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါအိမ်မှ အိမ်ထောင်ဦးစီး အမျိုးသားက ပြောကြားသည်။ အနုကြမ်းစီးမှု ဖြစ်ပွားသောအိမ်တွင် ဖခင်ဖြစ်သူ အပြင်သို့ရောက်ရှိနေပြီး မိခင်ဖြစ်သူနှင့် အခြား သားသ မီးနှစ်ဦးက အပြင်သို့ ထမင်းကြော် သွားစားနေသဖြင့် ယင်းမိသားစုမှ အသက် ၂၂ နှစ်အရွယ် သမီး တစ်ဦးသာ ရှိချိန်၌ အိမ်ခြံဝင်းထဲသို့ လူငါးဦး ဝင်ရောက်ကြောင်း၊ ၎င်းတို့ထဲမှ တစ်ဦးက အဆိုပါ...

ဝတ်မှုန်ရွှေရည်ရဲ့ ဓါတ်ပုံတွေ

Posted by drmyochit Monday, July 08, 2013, under | No comments

...

မလေးရှားတွင် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရ

Posted by drmyochit Monday, July 08, 2013, under | No comments

မလေးရှား နိုင်ငံတွင် နောက်ထပ် မြန်မာ တစ်ဦး ထပ်မံ အသတ်ခံရသည်ဟု မလေးရှားမှ လာသော သတင်းများအရ သိရှိရသည်။ အသတ်ခံရသူမှာ မလေးရှားတွင် ကားပြင်ဆရာ အဖြစ် လုပ်ကိုင်နေသူ ရန်ကုန်မြို့မှ ကိုရဲဝင်းထွန်း အသက် (၃၃)နှစ် ဖြစ်သည်။ ကိုရဲဝင်းထွန်းသည် ကားပြင် ၊ ဆေးမူတ်စက်ရုံ ဆူဗန်းမေဝတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပြီး  ဇူလိုင်လ ၅ ရက်နေ့ ည ၁၁ နာရီကျော်တွင် အိမ်ပြန်မလာသဖြင့် ဇနီးဖြစ်သူမှ ဖုန်းဆက်သောအခါ ကိုရဲဝင်းထွန်းမှ မိမိမှာ ဆူဗန်းဂျာရာရှိ Summit Five Star Hotel...

လမ်းအခြေအနေ လိုက်လံကြည့်ရှုသည့် အငယ်တန်းအင်ဂျင်နီယာ တစ်ဦးအား KIA မှဖမ်းဆီး

Posted by drmyochit Monday, July 08, 2013, under | No comments

ဇူလိုင်လ (၆)ရက်နေ့က နမ့်တောင်း မုံးပေါ် လမ်းပိုင်း တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ ဦးညီညီခိုင် မှ ဒုံတူးရွာ နှင့် ပိန်းဆိုင် ကျောက်ခင်းလမ်းဆောင်ရွက်ရန်အတွက် လမ်းအခြေ အနေအား လိုက်လံ ကြည့်ရှုစဉ် KIA တပ်ရင်း (၃၆)နှင့် တွေ့ဆုံ၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ များ သတင်းပေးချက်အရ သိရပါသည်။သက်ဆိုင်ရာဒေသခံများနှင့်ဦးညီညီခိုင်အား ပြန်လည်စေ လွှတ်ပေး ရန်KIAအဖွဲ့သို့ တောင်းဆို ထားသော်လည်း ပြန်လည်စေ လွှတ်ပေးခြင်း မရှိကြောင်းသိရပါသည်။ ထို့ကဲ့သို့KIAအဖွဲ့မှ ဦးညီညီခိုင်အား...

အင်ဒိုမှာ ကျားလိုက်လို့ သစ်ပင်ပေါ်တက်နေရ

Posted by drmyochit Monday, July 08, 2013, under | No comments

ကျားပေါက်လေးကို သတ်မိ သွားရ ကနေ တခြား ကျားကြီးတွေက လိုက်ပြီး တိုက်ခိုက် ခဲ့ အင်ဒိုနီးရှား နိုင်ငံ ဆူမားထရားကျွန်း တောတခု မှာ သစ်မွှေး ရှာသူတွေကို ကျားတွေ လိုက်လို့ အဲဒီသူတွေဟာ သစ်ပင်ပေါ် တက်နေ ခဲ့ကြရ ပါတယ်။ အဲဒီ ထဲက ၅ ဦး ဟာ သစ်ပင်ပေါ်မှာ နေနေ ရတာ ၃ ရက်ကြာ သွားပြီ ဖြစ်ပြီး တခြား တဦး ကတော့ ကျားကိုက်လို့ သေဆုံး သွားခဲ့ ပါတယ်။ အဲဒီ သစ်မွှေး ရှာသူတွေဟာ ကျားပေါက်လေး တကောင်ကို မတော် တဆ သတ်မိ သွားရ ကနေ တခြား ကျားကြီးတွေက သူတို့ကို လိုက်ပြီး တိုက်ခိုက်...

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် သာသနာရေး လ/ထညွှန်မှူးကို ဝန်ကြီးရုံးစစ်ဆေး

Posted by drmyochit Monday, July 08, 2013, under | No comments

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေးဦးစီးရုံးမှ လက်ထောက်ညွှန်မှူးကိုေ နပြည်တော်ရှိ ပြည်ထောင်စု အဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်း စစ်ဆေးရေး အဖွဲ့က လာရောက် စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံ ရသည့် ကာယကံရှင်က ပြောကြားသည်။ ရန်ကုန်မြို့ရှိ M 3 စားသောက်ဆိုင်တွင် ဇူလိုင် ၇ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ခရိုင်သာသနာရေး လက်ထောက်ညွှန်မှူး ဦးသန်းထွန်းက သတင်းထောက်များကို ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။ ဦးသန်းထွန်းကိုသူ၏ အိမ်မှအိမ်ဖော်အား အဓမ္မကျင့်သည်ဟု စွပ်စွဲကာ အိမ်ဖော်၏ ဝမ်းကွဲအမက သာသနာရေးဝန်ကြီးဌာနသို့ ပြီးခဲ့သည့် မေလက စာရေးသား...

ဗုဒ္ဓဂါယာ မှာဗုံးကွဲမှုတွေ ဖြစ်ပွားတဲ့ ဓါတ်ပုံတွေ

Posted by drmyochit Monday, July 08, 2013, under | No comments

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာက မဟာဗောဓိ စေတီနဲ့ အနီး တဝိုက်မှာ တနင်္ဂနွေ မနက် ၆ နာရီ လောက်က ဗုံး ပါက်ကွဲမှု အသေးစား ၄ ခု လောက် ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် အနီး ဝန်းကျင်နေရာတွေမှာလည်း နောက်ထပ် ဗုံး ၅ လုံးလောက် ထပ်ပေါက်ခဲ့ မဟာဗောဓိ ညောင်ပင် ရှေ့က ခြေတော်ရာ နေရာမှာလည်း ပေါက်ကွဲခဲ့။ ဗုံးတွေဟာ ချိန်ကိုက်ဗုံးတွေ ဖြစ်ပြီး တလုံးနဲ့ တလုံး ၅ မိနစ်လောက်ခြား ပြီး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ် ဂျပန် ဗုဒ္ဓရုပ်ပွားတော်ကြီး နားကလည်း မပေါက်သေးတဲ့ ဗုံးတလုံးကို...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်