Monday, July 08, 2013

ကျွဲဆည်ကန် ကားကြီးဝင်းရှိ ဟိုတယ်တွင် အမျိုးသားတစ်ဦး လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံး

Posted by drmyochit Monday, July 08, 2013, under | No comments


မန္တလေး၊ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် ကားကြီးဝင်း အတွင်း ရှိ ဟိုတယ် တစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ အချိန်၌ အမျိုးသား တစ်ဦး အိပ်ခန်း ခုတင်ပေါ်တွင် လက်ကောက် ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံးလျက် ရှိ ကြောင်း အ ဆိုပါ ဟိုတယ်ထံမှ စုံစမ်း သိရှိရသည်။

သေဆုံးသူ ဦးဘုန်းမြင့်သန်း(ခ)ဦးမိုးမြင့်သန်း (အသက် ၄၄နှစ်) သည် အောင်မြေသာစံမြို့နယ်၊ တပ်ဦးရွာ၊ ဘုန်းတော် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဟိုတယ် အိပ်ခန်း ခုတင်ပေါ်တွင် ယာ လက်ကောက် ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာများ ရရှိကာ ပက်လက်အနေအထားဖြင့် သွေးထွက်လွန် ၍ သေဆုံးနေ သည် ကို တွေ့ ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

“အမျိုးသား တစ်ယောက် လက်ကောက်ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာနဲ့ သေဆုံးနေတာ ဟုတ်ပါတယ်” ဟု အဆို ပါ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

၎င်းသေဆုံးနေသည့် ခုတင်ဘေးရှိ စားပွဲပေါ်တွင် အချိုရည်နှင့် အရက် ရောစပ်ထားသည်ဟု ယူဆရသော အဝါရောင် အရည် တစ်ဝက်ခန့်ပါ ရေသန့်ဘူး၊ Neurodopa စာတန်းပါ စိတ်သန်စွမ်း ဆေးဘူး အခွံ တစ် ဘူး၊ Neurogin စာတန်းပါ အာရုံကြောဆေး တစ်လုံးပါ ဆေးဘူး တစ်ဘူး၊ HbGlow စာတန်းပါ ဆေး ၁၃ လုံး ပါရှိသော ဆေးဘူး တစ်ဘူး၊ DOMPAN ဆေး ရှစ်လုံးပါရှိသော ဆေးကတ် တစ်ကတ်၊ သေဆုံးသူ၏ ယာ ဘက် လက်အောက်ဘက်ရှိ ခုတင်ဘေး အမှိုက်ပုံးအတွင်းရှိ သွေးများပေ နေသည့် LASER စာတန်းပါ အသုံးပြု ပြီးသော ဘရိတ်ဓား တစ်ချောင်းတို့အား စစ်ဆေးတွေ့ရှိကြောင်း၊ ခန္ဓာကိုယ်၏ အခြား အစိတ် အပိုင်း နေရာများတွင် ပြင်ပဒဏ်ရာ မတွေ့ရှိသဖြင့် သေဆုံးသူအား မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပြည်ကြီး တံခွန်မြို့နယ်၊ မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ် စဉ် ၂၁/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ဟိုတယ်တွင် သေဆုံးမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းတွင် တာဝန်ကျ ရဲအရာရှိ တစ်ဦးက “သေဆုံး သွားသူက ဇွန်လ ၂၈ ရက်နေ့ကတည်းက တစ်ယောက်တည်း အဲဒီ ဟိုတယ်မှာ တည်းနေ တာပါ။ အမှုကို ဆက်လက် စစ်ဆေးနေဆဲပါ” ဟု ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်