Monday, July 08, 2013

ဗုဒ္ဓဂါယာ ဘာသာရေးအဆောက်အုံဗုံးခွဲသူကို အိန္ဒိယရဲများ ဖမ်းဆီး

Posted by drmyochit Monday, July 08, 2013, under | No comments



ပတ္တနာ၊ ဇူလိုင် ၈။

အိန္ဒိယရဲတပ်ဖွဲ့သည် တနင်္ဂနွေနေ့က ဖြစ်ပွားသည့် ဗုဒ္ဒဂါယာရှိ သမိုင်းဝင် ဘာသာရေး အဆောက်အအုံကို ဗုံးခွဲ ခဲ့ခြင်းကြောင့် လူတစ်ဦးအား ဖမ်းဆီးထားပြီး ဗုံးများလာရောက် ထောင်ဖွယ်ရှိသည့် လူနှစ်ဦးကိုလည်း စီစီတီဗီ မှတ်တမ်းများတွင် လေ့လာနေသည်။

အိန္ဒိယ အစိုးရသည် ဗုဒ္ဒဘာသာဝင်များ၏ မြင့်မြတ်နေရာဖြစ်သည့် ဗုဒ္ဒဂါယာတွင် တနင်္ဂနွေနေ့က ဘုန်း ကြီးနှစ်ပါး ဒဏ်ရာရရှိစေခဲ့သော ဗုံးငယ်ကိုးလုံး ပေါက်ကွဲခဲ့ခြင်းကို အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ရှုတ်ချ ပြောဆို လိုက်သည်။

“ရဲတွေဟာ စီစီတီဗီမှတ်တမ်းအရ တွေ့ရတဲ့ လူနှစ်ဦးကို ခြေရာခံနိုင်ဖို့ အကုန်လုံး လုပ်ဆောင်နေကြပါ တယ်” ဟု ပြည်နယ် ရဲအရာရှိ ဘာရတ်ဝါက ပြောကြားသည်။ ဗုံးပေါက်ကွဲမှု ကိုမည်သူလုပ်ဆောင်ကြောင်း မသိရှိကြသေးသော် လည်း ရဲများက ဗုံးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ ဒေသခံလူတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေ သည်။

“ဗုဒ္ဒဂါယာမှာ ဗုံးတွေခွဲခဲ့တာနဲ့ စပ်လျဉ်းပြီး ဗီနော့ မစ်စ်ထရီဆိုသူကို ခေါ်စစ်နေတယ်” ဟု ဘာရတ်ဝါ ကပြောကြားသည်။

ဗီနော့ကို ပြည်နယ်မြို့တော် ပတ္တနာတောင်ဘက် မိုင်ရှစ်ဆယ်ခန့်အကွာရှိ မော်ဝါဒီ ထကြွသူများ အခြေ တည်ရာ ဘာရာချက်တီနယ်တွင် ရဲများဖမ်းဆီးခဲ့ကြောင်း ဘာရတ်ဝါက ပြောကြားသည်။
ဒေလီရဲ တပ်ဖွဲ့က မြန်မာနိုင်ငံတွင်း ဗုဒ္ဒဘာသာနှင့် မွတ်ဆလင်များကြား ဖြစ်ပွားနေသော ပြဿနာများ အတွက် လက်တုံ့ပြန်မှုအနေနှင့် ဘာသာရေး အဆောက်အအုံများကို အစ္စလာမ်စစ်သွေးကြွများ ပစ်မှတ်ထား လာနိုင်ကြောင်း အစိုးရအား ၎င်းတို့ အစောပိုင်းကပင် သတိပေးထားကြောင်း ပြောကြားသည်။

အိန္ဒိယတွင် ဗုဒ္ဒဘာသာကို တိုက်ခိုက်မှုနည်းပါးသော်လည်း မကြာမီက မြန်မာနိုင်ငံတွင်း အုပ်စုနှစ်ခု ပဋိပ က္ခဖြစ် ပွားပြီး သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်လည်းဖြစ်ပွားခဲ့ရာ တင်းမာမှုများ ရှိလာသည်။
မပေါက် ကွဲသေး သည့် ဗုံးနှစ်လုံးကို ထပ်မံတွေ့ရှိပြီး တစ်လုံးသည် ပေရှစ်ဆယ်မြင့် ဗုဒ္ဒရုပ် ပွားတော်ထားရှိရာ ဘုရားကျောင်းဆောင် အနီးတွင် ဖြစ်သည်။

ဘုရားကျောင်းဆောင်များအပြင် ကမ္ဘာတဝှမ်းမှ ဘုန်းတော်ကြီးများစွာ လာရောက်သီတင်းသုံးသည့် ဘုန်းကြီးကျောင်းများသည်လည်း အနီးပတ်ဝန်းကျင်တွင်ရှိပြီး ဗုဒ္ဒဘုရားရှင် ဥာဏ်အလင်းရရှိရာ မဟာဗောဓိပင်လည်း ဗုဒ္ဒဂါယာတွင် ရှိသည်။

ဗုဒ္ဒဂါယာသည် ပတ္တနာတောင်ဘက် မိုင် ၇၀ခန့်အကွာတွင်ရှိပြီး ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားသည် ဗုဒ္ဒဂါယာသို့ မကြာခဏ လာရောက်လေ့ရှိပြီး အောက်တိုဘာလနှင့် မတ်လကြားကာလသည် ဘုရားဖူးခရီးသည် လာရောက်မှုအများဆုံး အချိန်ဖြစ်သည်။

Ref:AFP
http://www.channelnewsasia.com/news/asiapacific/india-police-make-arrest/737308.html
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်