Monday, July 08, 2013

နိုင်ဂျီးရီးယားစာသင်ကျောင်းကိုအစ္စလာမ္မစ် စစ်သွေးကြွများ တိုက်ခိုက်၊ကျောင်းသားများအား အရှင် လတ်လတ် မီးရှို့

Posted by drmyochit Monday, July 08, 2013, under | No comments


ဇူလိုင်လ၈ ရက်၂၀၁၃

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ယိုဘေပြည်နယ်ရှိစာသင်ကျောင်းတစ်ခုကို အစ္စလာမ္မစ် စစ်သွေးကြွ များဟု ယူဆရ သူများ အရုဏ်တက်ချိန်တွင်ဝင်ရောက် တိုက်ခိုက်သွားပြီးအရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှုများ၊ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းသား ၂၉ ဦးနှင့် ဆရာ တစ်ဦး သေဆုံး သွားကြောင်း BBC တွင် ဖော်ပြထားသည်။

အချို့သော ကျောင်းသားများက စစ်သွေးကြွများက အရှင်လတ်လတ်မီးရှို့ သတ်ခဲ့ကြောင်းမျက်မြင်တွေ့ ရှိသူများ က ပြောကြား သွားသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ အရပ်အနီးရှိ ဆေးရုံတွင် ထိတ်လန့် တုန်လှုပ်နေသော မိဘများက မီးလောင် ဒဏ်ရာဖြင့် သေဆုံးသွားသော သားသမီးများ၏အလောင်းများကို ခွဲခြား သိရှိနိုင်ရန် ကြိုးပမ်းနေကြောင်းAP သတင်းတွင်ဖော်ပြထားသည်။

လက်နက်ကိုင် စစ်သွေးကြွများက ဆီအပြည့် ဖြည့်ထားသော ပုံးများဖြင့်စာသင်ကျောင်းသို ရောက်ရှိ လာပြီးကျောင်း ကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း အသက်ရှင် ကျန်ရစ်သူများက ပြောကြားသွားသည်။

ကျောင်းသား များကိုစစ်သွေးကြွများက အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး ထွက်ပြေးသော ကျောင်းသား များက သေနတ်ဖြင့်ပစ် သတ်ခဲ့ကြောင်းသတင်းတွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်မှစတင်၍နိုင်ဂျီးရီးယား နိုင်ငံတွင်းရှိ စာသင်ကျောင်းဒါဇင်ပေါင်းများ စွာကို အစ္စလာမ္မစ် စစ်သွေးကြွ များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း အစ္စလာမ္မစ် စစ်သွေးကြွများ၏ ပုန်ကန်မှု ပေါ်ပေါက်လာ ခြင်းကြောင့် နိုင်ဂျီးရီး ယားပြည်နယ်သုံးခု၌ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး တပ်ဖွဲ့ဝင်ထောင်ပေါင်း များစွာ စေလွှတ် ခဲ့ရသည်။

စာသင်ကျောင်းတိုက်ခိုက်မှုဖြစ်ပွားရာ ယိုဘေ ပြည်နယ်သည်အရေးပေါ် အခြေအနေ ကြေညာ ထားသည့် ပြည်နယ်သုံးခုအနက် တစ်ခု ဖြစ်သည်။

အဆိုပါ ဒေသတွင်း ကိုဘိုဟာရမ်စစ်သွေးကြွ အုပ်စု၏ တိုက်ခိုက်မှုများမကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဘီဘီစီ သတင်းထောက် ဝီလီယံရို့ကပြောကြားသည်။

မွတ်ဆလင်အများစုနေထိုင်ရာ နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းတွင်အစ္စလာမ္မစ်နိုင်င တည်ထောင်နိုင်ရန်ရည်ရွယ်ပြီးဘိုကိုယာရမ် အဖွဲ့က လက်နက်ကိုင်တော်လှန်နေခြင်း ကြောင့် ၂၀၁၂ ခုနှစ်မှ စ၍ လူပေါင်း၆၀၀ ကျော် သေဆုံးခဲ့ရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်