၈၈
မျိုးဆက် ကျောင်းသား လူငယ်များပါတီ က ရွှေပြည်သာမြို့နယ်မှာ ပိုက်ဆံများ ကောက်ယူမူကြောင့်
ဒေသခံတွေက မရှင်းမရှင်း ဖြစ်နေကြပါတယ်။ အိမ်ခြံမြေ မရှိတဲ့ သူတွေကို မြေနေရာရအောင်
ဆောင်ရွက်ပေး မယ်လို့ပြောပြီး တအိမ်ထောင်ကို ကျပ် ၂,၇၀၀ ကောက်တယ် တဲ့။ “အိုးပိုင်အိမ်ပိုင်
မရှိတဲ့လူတွေကို အိမ်ပေးမယ်လို့ ပြောသွားတယ်။ သန်းခေါင်စာရင်း ရှိတဲ့သူက သန်းခေါင်းစာရင်း
၊ ဧည့်စာရင်းနဲ့ နေတဲ့သူက ဧည့်စာရင်းတွေ ပေးရတယ်”လို့ဘုံရှည်ကုန်း ကျေးရွာသား ကိုနိုင်လင်းစိုး ကပြောပြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များပါတီကို “ယုံတဲ့သူအနည်းငယ်သာရှိပြီး
မယုံကြည်တဲ့ သူများကြောင်းရှိတယ်“ လို့ အိမ်ငှားနေထိုင်သူတဦးက ပြောပြပါတယ်။
“ကျနော်ကတော့ အိမ်ငှားနေရတဲ့သူပါ။ တလကို နှစ်သောင်းပေးရပါတယ်။ စားဖို့သောက်ဖို့နဲ့
အိမ်လခ စရိတ်အတွက် ပိုက်ဆံကို ချွေတာ သုံးနေရတာ၊အခု ၈၈ ပါတီက ပိုက်ဆံလာကောက်တော့ ဘာမှန်းမသိထည့်ပေးလိုက်တာဘဲ“
လို့ ဦးတင်ဆွေ ဆိုသူက ပြောပြပါတယ်။လက်ရှိပိုက်ဆံပေးသွင်းသူဦးရေ ၅၀၀ ကျော်သွားပြီဖြစ်ကြောင်း
သိရှိရသည်။ ဒေသခံတွေ ဘက်ကလည်း အခုလို လုပ်ပေးတာကို တရားဝင် မဖြစ်နိုင်ကြောင်းသိရှိရသည်။
ပါတီကတော့ လာရောက်မေးမြန်းကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာ တို့ကိုလည်း ကြိုက်ပုံ မပေါ်ပါဘူး။
"ခင်ဗျားတို့ မီဒီယာတွေက သက်သက်မဲ့ အနှောက်အယှက် လာပေးနေတာ။ ခင်ဗျားတို့
သိချင်တယ် ဆိုရင် ဥက္ကဋ္ဌကို သွားမေးလိုက်ပါ။ ခင်ဗျားတို့ လုပ်လို့ လူတွေ လန့်ကုန်ပြီ။
ကျနော်တို့ အလုပ်ကိုလည်း ထိခိုက်နေတယ်နော် "၈၈မျိုးဆက်ပါတီ မှပါတီဝင်တစ်ဦးကပြောဆိုခဲ့သည်။
Myanmar Express
လာမည့် ၂ဝ၁၃ ခုနှစ်တွင်
မြန်မာ နိုင်ငံခရီးစဉ် အတွက် အမေရိကန်နိုင်ငံ သား ၂ဝဝဝ ခန့် လာရောက်
စာရင်းပေးသွင်း ထားကြောင်း အမေရိကန် ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီ Grand Circle မှ
ဥက္ကဋ္ဌ မစ္စတာ အလန်လူးဝစ်က ထုတ်ဖော် ပြောကြားကြောင်း
သိရသည်။
မြန်မာနိုင်ငံ
ခရီးစဉ်အတွက် အဆိုပါ ကုမ္ပဏီက အသေးစား ဇိမ်ခံသင်္ဘောဖြင့် ခရီးသည်များကို ပို့ဆောင်
ပေးမည်ဖြစ်ကြောင်း၊ ၁၅ ရက်ကြာမည့် ခရီးစဉ် အတွက် တစ်ရက် ဒေါ်လာ ၂၂ဝ ဖြင့် ဖြစ်စေ၊
ခရီးစဉ် တစ်ခုလုံး အတွက် ဒေါ် လာ ၃၂၉၅ ဒေါ်လာဖြစ်စေ သတ်မှတ် ထားကြောင်း၊
ခရီးသည်အများစုမှာ အသက် ၅ဝ နှစ် အထက် များကြောင်း၊ မြန်မာနိုင်ငံတွင်
အံ့ချီးဖွယ်ရာ စေတီပုထိုးများ၊ ခြေတစ်ဖက်တည်းနှင့် လှေလှော်သည့် အင်းသားများ၊
ရေပေါ်အိမ်၊ ရေပေါ်စိုက်ခင်းများ၊ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရှေးဟောင်း လူနေမှု
ဘဝများနှင့် ရိုးရာ ယဉ်ကျေးမှုများကို လေ့လာကြည့်ရှုရန် ယခုကဲ့သို့ လာရောက်
လည်ပတ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဥက္ကဋ္ဌက ဆက်လက် ပြောကြားသည်။
Myanmar Express
အမေရိကန် သမ္မတ
မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင် ခန်းမတွင်းဝယ် မိန့်ခွန်းပြောကြားရာတွင်
သူ၏ လက်ဝဲ လက်ယာ နှစ်ဖက်၌ Teleprompter ခေါ် ကိရိယာ နှစ်ခုကိုတပ်ဆင် ပေးထားကြောင်းတွေ့ရသည်။
ယင်း Teleprompter ကိရိယာ၏ ရုပ်မြင်မှန်ပြားဝယ် မိန့်ခွန်းစာသားများ ပေါ်လာခြင်းကို
မစ္စတာ အိုဘားမားက မြင်နေရသည်။ အဆိုပါ Teleprompter ကိရိယာမျိုးကို အမေရိကန်နိုင်ငံ၏
၃၆ ဦးမြောက် သမ္မတ လန်ဒန် ဘီ ဂျွန်ဆင် လက်ထက်ဖြစ်သော ၁၉၆၄ ခုနှစ်ကတည်းကပင်လျှင်
အသုံးပြုခဲ့ကြောင်းသိရသည်။
Myanmar Express
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ
သမ္မတရုံးဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဦးစိုးသိမ်း၊ ဦးအောင်မင်း တို့နဲ့ ပတ်သက်ပြီး
Social Network Facebook မှ ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတစ်ခုဖတ်ရပြီး ဒီစာကို
ရေးသားရခြင်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ နည်းနည်းတော့
လွဲနေပြီလို့ ထင်တယ်။ ဦးစိုးသိမ်း၊ ဦးအောင်မင်းတို့အနေနဲ့
သာမန်ဝန်ကြီးတွေ ထက်ပိုပြီး အာဏာပါဝါရှိ တယ်ဆိုတာ မှန်ကောင်း မှန်ပါ လိမ့်မယ်။
ကျွန်တော့်အနေနဲ့ အဲဒီဝန်ကြီးနှစ်ပါးဟာ သမ္မတကို ကြိုးကိုင်ညွှန်ကြားနေတဲ့လူတွေ၊
သမ္မတ ထက်ပိုပြီး အာဏာပါဝါရှိတဲ့ သူတွေလို့မမြင်ဘဲ သမ္မတကြီးအားကိုး လို့ရတဲ့သူ၊ သမ္မတကြီးကို
နောက်က ထောက်ပံ့ပေး နေတဲ့သူတွေလို့ မြင်စေချင်ပါတယ်။ ဒီနေရာမှာ
ပုဂ္ဂိုလ်ရေးအားနည်းချက် တွေကိုတော့ ထုတ် မပြောလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့
အရင်အစိုးရ လက်ထက်က ၀န်ကြီးအားလုံးလိုလိုဟာ ငွေကြေးကိစ္စတွေ နဲ့ဆက်နွယ်မှုတွေ အနည်းနဲ့အများ
ရှိခဲ့ကြလို့ပါပဲ။ လက်ရှိ နိုင်ငံတော်သမ္မတကြီး ကမ္ဘာ့အလယ်မှာ ပေါ်လွင်ထင်ရှားလာတာ၊
နိုင်ငံတကာက အာရုံစိုက် လာတာ၊ ဘယ်တုန်းကမှ မကြုံဖူးတဲ့အတိုင်း
နိုင်ငံခေါင်းဆောင်တွေ တဖွဲဖွဲနဲ့မြန်မာပြည်ကို လာလည်ကြတာ အခုနောက်ဆုံး
အမေရိကန်သမ္မတ အိုဘားမားရဲ့ အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ပထမဦးဆုံး
သမိုင်းဝင်မြန်မာနိုင်ငံ ခရီးဖြစ်လာတာတွေဟာ ဒီဝန်ကြီးနှစ်ပါးရဲ့
ကြိုးပမ်းအားထုတ်မှုတွေကြောင့်ဆိုတာ မမှားပါဘူး။
ဝန်ကြီး နှစ်ယောက်အနေနဲ့ အနောက်အုပ်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ခဲ့တာတွေ ယခင်အစိုးရ
အဆက်ဆက်က ဖမ်းဆီးပြီးနှစ်ရှည်ထောင်ချထားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်
အပါအ၀င် ကျောင်းသားခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကော၊ ပြည်ပမှာ ရောက်ရှိနေတဲ့
ယခင်တုန်းက အစိုးရကို ဆန့်ကျင်သူများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ မိုးသီးဇွန်
စတဲ့ ကျောင်းသားခေါင်းဆောင်တွေကို ပြည်တွင်းမှာ ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပြီး ယုံကြည်မှုတည်ဆောက်ခဲ့တာဆိုရင်လည်း
ဒီဝန်ကြီးနှစ်ပါးရဲ့ လုပ်ကိုင်ဆောင်ရွက် မှုမကင်းပါဘူး။ သူတို့နှစ်ယောက်ရဲ့
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း အတိုင်း အတာတစ်ခုအထိ
အောင်မြင်နေတယ်ဆိုတာလည်း အားလုံးသိကြမှာပါ။ နောက်ဆုံးပြောရရင် နော်ဝေ
နိုင်ငံအထိလိုက်သွားပြီး သမ္မတကြီး ဦးသိန်းစိန် ငြိမ်းချမ်းရေးနို ဗယ်လ်ဆုရ ဖို့တောင်ကြိုးပမ်းခဲ့ကြပါသေးတယ်။
အခုအချိန်မှာ သူတို့နှစ်ယောက်ဟာ အမေရိကန်ကို အားကိုးတယ်၊ အနောက်ကို မျှော်နေတယ်
ဆိုပေမဲ့လည်း လက်ရှိကမ္ဘာကြီးရဲ့အခြေအနေကိုအားလုံးလဲသိကြမှာပါ။ အခုအချိန်အခါမှာက
အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ အခရာ အကျဆုံးပါပဲ။
အခုကမ္ဘာ့နိုင်ငံတွေအားလုံး သူနဲ့အဆင်ပြေရင် တိုးတက်မယ်။ အဆင်မပြေရင်
နိုင်ငံတွင်းဆင်းရဲတွင်း နက်ရင်နက် ဒါမှမဟုတ်ရင်လည်း စစ်ပွဲတွေ ဖြစ်ပွား
နေကြမယ်ဆိုတဲ့ သာဓကတွေလည်း တွေ့မြင်နေကြရမှာပါ။ စီးပွားရေးပညာရှင်တစ်ဦးက
နိုင်ငံတစ်နိုင်ငံမှာ အမေရိကန် ကုမ္ပဏီတွေတွေ့ လာရရင် အဲဒီနိုင်ငံက မကြာခင်
တိုးတက်ချမ်းသာ လာတော့မယ်လို့တောင် ဆိုထားပါတယ်။ ၎င်းဆိုထားတဲ့အတိုင်း
နိုင်ငံတိုးတက်ဖို့အတွက် အမေရိကန်ရဲ့ အကူအညီအထောက်အပံ့ နဲ့ ထောက်ခံမှုဟာ အရေးကြီးကြောင်းကို
သိကြမှာပါ။ ၀န်ကြီးနှစ်ပါးဟာ အမေရိကန်နဲ့ နီးစပ်ချင်တယ်ဆိုတဲ့
သမ္မတရဲ့လိုလားချက်ကို အကောင်အထည် ဖော်ပေးတဲ့သဘောပါပဲ။ ကျွန်တော်တို့ကိုတရုတ်က
ကူညီတယ်ဆို တာကလည်း သဘောရိုးမဟုတ်ဖို့များ ပါတယ်။ တရုတ်ရဲ့ကူညီမှု တွေကြည့်ရင်အသား လိုလို့အရိုးတောင်းတဲ့
ပုံစံမျိုးတွေ့ရမှာပါ။ အခုလည်း တရုတ် ခေါင်းဆောင်တွေ အပြောင်းအလဲဖြစ်ကုန်ပြီ။
နောက်တက်လာမဲ့ ခေါင်းဆောင်တွေက ကျွန်တော်တို့နိုင်ငံ အပေါ်ဘယ်လို သဘောထားမလဲ မသိသေးဘူး။
လက်ရှိအခြေအနေအရ ခင်ဗျားတို့ သိတဲ့အတိုင်း ကျွန်တော် တို့မြန်မာနိုင်ငံဟာ ကိုယ့်ခြေထောက်
ပေါ်ကိုယ်ရပ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။ ဒီလိုအခြေ
အနေမျိုးမှာကို နိုင်ငံကိုထောက်ခံ၊ ထောက်ပံ့ပေးမဲ့ အင်အားကြီးနိုင်ငံရဲ့ Back up
လိုပါတယ်။ ဒါကြောင့်လဲ ဒီဝန်ကြီးနှစ်ပါးဟာ အမေရိကန်နဲ့ဆက်ဆံရေး
ကောင်းမွန်လာအောင်ကြိုးပမ်းနေတာပါ။ သမ္မတကြီးက အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်ချင်တယ်
ဆိုတာလည်း တိုင်းပြည်ကို တိုးတက်စေချင်တဲ့ စေတနာနဲ့ပါ။
သမ္မတကြီး အမေရိကန်သွားတဲ့ ခရီးစဉ်မှာ ၀န်ကြီးနှစ်ပါး အတူတကွလိုက်ပါပြီး
သမ္မတကြီးရဲ့ ခရီးကို အရောင်တောက်ပအောင် အရောင်တင်ပေးခဲ့တာလည်း သူတို့ပါပဲ။
အမေရိကန်ခရီးစဉ်အတွင်း ရောက်ရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တာတွေ၊
ဆန္ဒပြနေတဲ့ ကချင်လူငယ်တွေနဲ့ တွေ့ဆုံခဲ့တာ တွေဟာ အရင်တုန်းက လုံးဝမမြင်ဘူးတဲ့
မြင်ကွင်းတွေပါ။ ဒါ့အပြင် ၀န်ကြီးနှစ်ပါးဟာ အမေရိကန် တက္ကသိုလ်ကနေ ပါရဂူဘွဲ့ရထားတဲ့
ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေ တို့နဲ့ ဖွဲ့စည်း ထားတဲ့ Egress
အဖွဲ့နဲ့အလွန်ပင်ရင်းနှီးကြပြီး သမ္မတကြီးရဲ့အမေရိကန်ခရီးစဉ်ကို
အ ဆင်ပြေချောမွေ့အောင်သူတို့နဲ့ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ
ဒေါက်တာကျော်ရင်လှိုင် တစ်ယောက် အမေရိကန်ခရီးစဉ်မှာ သမ္မတကြီးကို စကားပြန်တောင်
လုပ်ပေးခဲ့ပါသေးတယ်။ ဒါ့အပြင် ၀န်ကြီး ဦးစိုးသိန်းဟာ တပ်က စီးပွားရေးဦးပိုင်နဲ့
ပတ်သက်ပြီး နေပြည်တော် MCC ခန်းမမှာ ကျင်းပခဲ့တဲ့ စီးပွားရေးဆွေးနွေးပွဲတစ်ခုမှာ
လူအများရှေ့ ပြောဆိုဝေဖန်ခဲ့တဲ့ စကားတွေဟာလည်း သူတို့ကိုမြေတောင် မြှောက်ပေးခဲ့တဲ့
အရင်က စစ်တပ်ကလူကြီးတွေနဲ့ စစ်တပ်ကို သစ္စာဖောက်ရာ၊ ကျေးဇူးကန်းရာ ရောက်နေပေမဲ့လည်း
နိုင်ငံတော် အကျိုးရှိအောင် လုပ်နေတဲ့ကိစ္စလို့ပဲ ပြောပါရစေ။
အခုဆိုရင် Peace Centre တစ်ခုကို တည်ဆောက်နိုင်ပြီး နိုင်ငံတကာက အလှူငွေတွေလည်း
ရအောင် ယူပေးနိုင်ပါပြီ။ ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးရာမှ အစိုးရဘက်က
လုံးဝမသုံးခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ စကားကိုလည်း ဦးအောင်မင်းထံက
ကြားနေရပါပြီ။ ၀န်ကြီး ဦးစိုးသိမ်း ဆိုရင်လည်း နိုင်ငံတကာမှာ အပြောကောင်းကောင်း နဲ့ရဲရဲဝံ့ဝံ့
ပြောဆိုနိုင်လာသလို မိမိကိုယ်ကို နယ်စည်းမခြားဝန်ကြီး လို့ သတ်မှတ်ထားတဲ့
ဝန်ကြီးဦးအောင်မင်းဆိုရင်လည်း ငြိမ်းချမ်းရေးအတွက် အိမ်ရှေ့ပေါက်ကတစ်မျိုး၊
နောက်ဖေးပေါက်ကတစ်ဖုံ ဆိုသလို ပြည်ပကိုထွက်ပြီး ဆောင်ရွက်နေတာကိုတွေ့ရမှာပါ။
ဒါကြောင့် ဒီဝန်ကြီးနှစ်ဦးအနေနဲ့ အတိတ်ကဘယ်လိုပဲ မကောင်းတဲ့သတင်းရှိနေပါစေ၊
၎င်းတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ မွေးသဖခင်ကို သစ္စာမရှိတဲ့သူ၊
ကျေးဇူးကန်းတဲ့သူတွေဖြစ်နေပါစေ၊ အမေရိကန် ရဲ့လူလို့ပဲဆိုဆို အခုအချိန်မှာတော့
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးသူရဲကောင်းတွေအနေနဲ့ တွေ့မြင်ရမှာပါ။ ဒါကြောင့်
သူတို့နှစ်ယောက်ကို သမ္မတကြီးကို နောက်ကွယ်ကကြိုးကိုင်နေတဲ့ လူတွေလို့မမြင်ဘဲ
သမ္မတကြီး အားကိုးအားထားရတဲ့လူ၊ သမ္မတကြီးကို အထောက်အကူပြုနေတဲ့ King Maker
ပရောဟိတ်ကြီး တွေလို့ ရှုမြင်စေချင်ပါတယ်။
Myanmar Express
မည်သည့် ဘာသာတရားကို
ယုံကြည်ကိုးကွယ်သည်ဖြစ်စေ မြန်မာ့ယဉ်ကျေးမှု ပတ်ဝန်း ကျင်မှာ ကြီးပြင်းကြသည့် မြန်မာအမျိုးမီး
စစ်စစ်များသည် အရှက်နှင့် အကြောက် (ဟီရိ၊ သြတ္တပ္ပ) တရားကို စောင့်စည်း၊ ထိန်းသိမ်း လိုက်နာကြပါသည်။
ထိုသို စောင့်စည်းလာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ရှိ ခဲ့ပြီဖြစ်ပါသည်။
မြန်မာ အမျိုးသမီးများ စောင့်စည်း ထိန်းသိမ်းလာခဲ့သည့် မြန်မာ့ဓလေ့
ယဉ်ကျေးမှု ကိုယ်ပိုင် လက္ခဏာများတွင် အကြင်လင်မယားများသည်ပင် လူမြင်ကွင်းမှာဖြစ်စေ၊
မိဘ၊ မောင်ဘွား၊ ဆရာ သမား၊ လူကြီး သူမများ၏ ရှေ့ မှာဖြစ်စေ၊ တစ်ယောက်ကို တစ်ယောက်
ဖက်ရမ်း နမ်းရှုပ်ခြင်း၊ လက် တွဲပြီး လမ်းလျှောက်ခြင်းစသည့် အပြု အမူများကို မပြုလုပ်ကြ၊
ရှောင်ကြဉ်ကြပါသည်။ ဤသည်မှာ မြန်မာစစ်သော၊ မြန်မာတို့ ၏ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုး
တန်ဖိုးထားသော မြန်မာအမျိုးသမီးတို့ ၏ ကိုယ်ပိုင် လက္ခဏာ ဂုဏ်သိက္ခာ တစ်ရပ်ဖြစ်ပါသည်။
ခေတ်စနစ်တွေ မည်မျှပင်ပြောင်းလဲ နေပါစေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊
ဓလေ့ထုံစံများကို စောင့် စည်း ထိန်းသိမ်းရမည်မှာ မြန်မာတိုင်း၊ မြန်မာအမျိုးသမီးတိုင်း၏
သမိုင်းပေးတာဝန် ပင် ဖြစ်ပါသည်။ "ခေတ်" ဟူသော စကားကို တလွဲအသုံးချသူများသည်
ကိုယ်ပိုင်ယဉ်ကျေးမှုကို ပြည်ဖုံးကားချနေသူ သာ ဖြစ် ပါလိမ့်မည်။ လမ်းဘေး ဟင်းရွက် ကဇွန်းသည်မှသည်
"တိုင်းပြည်ခေါင်းဆောင်" "လူထု ခေါင်းဆောင်" အမည်ခံထားသူ (များ)
အထိ၊ ကိုယ်ပိုင်မြန်မာ့ ယဉ်ကျေးမှုနှင့် လုံးဝဆန့် ကျင်ဘက်ဖြစ် သော၊ လူမြင် ကွင်းမှာ
အာဘွားပေးခြင်း၊ ဖက်ရမ်း၊ နမ်းရှုပ်ခြင်းစသည့် အနောက်တိုင်းဆန်သော အပြု အမူ၊ အကျင့်ဆိုးများကို
လုံးဝတားဆီး၊ ရှောင်ကြဉ်ကြရမည်ဖြစ်ပါသည်။
အထူးသဖြင့် "တိုင်းပြည်ခေါင်းဆောင်" "လူထုခေါင်းဆောင်"
ဆိုသော (စိတ်ကူးယဉ်) စကား လုံးများအောက်တွင် ရောက်နေသော အမျိုးသမီးဖြစ်နေလျင် လူမြင်ကွင်းမှာ
အာဘွားပေးခြင်း၊ ဖက် ရမ်း၊ နမ်း ရှုပ်ခြင်း စသည့် မြန်မာ့ယဉ်ကျေးမှုနှင့် အဆီအငေါ်မတည့်သော၊
မြန်မာအမျိုးသမီးများ အတွက် စံနမူနာကောင်း (လုံးဝ) မဟုတ်သော နှုတ်ဆက်ခြင်းများဖြင့်
တိုင်းတစ်ပါးသားနှင့် အမျိုး သားများကို လက်ခံ ကြိုဆိုခြင်း လုံးဝ မလုပ်သင့်ပါ၊ အနောက်တိုင်း၊
အနောက်ဟန်များနှင့် လက်ခံ နှုတ်ဆက်ခြင်း စသည်များကို ထိုကဲ့သို့ သော အမျိုးသမီးတစ်ဦးက
ပို၍ပင် ရှောင်ကြဉ်သင့်ပါသည်။ ပွင်းပွင့်လင်းလင်းပြောရလျင်၊ ဒေါ်စုကြည်ထံ
ဥဒဟို၊ တံခါးမရှိ၊ ဓားမရှိ ၀င်-ထွက် သွား-လာ နေကြသော နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားများကို
ဒေါ်စုကြည်က အနောက်တိုင်း၊ အနောက်ဟန် များဖြစ်သော ဖက်ခြင်း၊ နမ်းခြင်း၊ လက်တွဲခြင်းစသည်များဖြင့်
ကြိုဆို ဧည့်ခံ နေသည်များကို တွေ့နေ မြင်နေရသည်မှာ အော့နှလုံးနာစရာ၊ စက်ဆုပ်၊ ရွံရှာဖွယ်ဖြစ်ပါသည်။
အထူးသဖြင့် ဥရောပနှင့် ယူ-အက်စ်-အေမှ အမျိုးသားကို ဦးစားပေး ဖက်-ရမ်း-နမ်း-ရှုပ်နေသည်က
များပါသည်။ မှတ်မိသမျှ အ ကြမ်းပြင်း တင်ပြရလျင်၊ ဒေါ်စုကြည်သည်၊ ဗြိတိန်နိုင်ငံ အစိုးရအဖွ
ဲ့ဝင်အမျိုး သားတစ်ဦးကို အသဲ ချင်းထပ်၊ ရင်ချင်းအပ်၍ပင် နမ်းပြ၏။ကြိုဆို၏။ ဖိလစ်ပိုင်
နိုင်ငံခြားရေး ၀န်ကြီးးကိုတော့ "မောင် ရှေ့  က တည့်တည့် လျှောက်ရင်...စုလည်း
နောက်ကလိုက်မယ်" ဆိုသည့်အလား လက်ကလေးများကို ချိတ်-တွဲပြီး နှစ်ယောက်သား အပြုံးကိုယ်စီနဲ
့ လမ်းလျှောက်ပြခဲ့၏။ သမ္မတ အိုဘားမားကို ကြိုဆိုပုံကတော့ 
ပူပူနွေးနွေးဟုပင် ပြောရပါမည်။သမ္မတ အိုဘားမား နှင့် ဒေါ်စု ကြည်တို့ အနမ်းတွေခြွေနေပုံကို
တစ်ကမ္ဘာလုံး၏ ရှေ့ တွင် တွေ့  မြင်လိုက်ရ ပါ၏။ ဒေါ်စု ကြည်၏ ခေါင်းမှာလည်း ပန်းတွေနဲ
့ ဝေနေတာကို တွေ့ မြင်ရပါ၏။ ထိုဖြစ်စဉ် အားလုံးသည် မြန်မာ အမျိုးသမီး စစ်စစ်များ၊ မြန်မာ့ယဉ်ကျေးမှုကို
မြတ်နိုး တန်ဖိုးထားသူများ အထူး ရှောင်ရှား အပ်သည့် ဒေါ်စုကြည်၏ ကြိုဆို၊ ဧည့်ခံ၊ နှုတ်ဆက်ပုံများဖြစ်ပါသည်။
ဒေါ်စုကြည် ဦးခေါင်းမှာ ပန်းတွေဝေနေသော်လည်း၊ ဒေါ်စုကြည်၏ နှာခေါင်းက
အနမ်းတွေ ခြွေနေပုံကဖြင့်...ဒါ...မြန်မာအမျိုးသမီးတဲ့လား..ဟူ၍ပင်။ ယဉ်ကျေးသိမ်မွေ့ ၊
မြန်မာ့ဓလေ့၊ မမေ့အပ်ပေ၊ ဒို့  အမွေ.....
Myanmar Express
ကာကွယ်ရေး
ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညိုစောနှင့်အတူ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက
သပိတ်ကျင်းမြို့ အောင်စင်္ကြာ ဓာတ်ပေါင်းစု ဆုတောင်းပြည့် ဘုရား၊ ဇေယျသုခကျောင်း
စံကျောင်းတော်၊ ဆိပ်ကမ်း ရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့်
မြို့နယ် ပညာရေး မှူးရုံးများသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော
အဆောက် အအုံများ ပြန်လည်ဆယ်တင် ရေးလုပ်ငန်းများကို နယ်မြေခံတပ်မ တော်သားများနှင့်
မိသားစု ဝင်များမှ ဆောင်ရွက်ပေး နေမှုများအား ကြည့်ရှု အားပေးပြီး အောင်စင်္ကြာ
ဓာတ်ပေါင်းစု ဆုတောင်း ပြည့်ကျောင်း ဆရာတော် ဦးဣဿရိယကို ဖူးမြော်ကြည်ညိုကာ
ကျောင်းအတွက် ရုပ်မြင်သံကြားဖမ်း စက်နှင့် လှူဖွယ်ပစ္စည်းများအားဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်သူ့ဆေးရုံ ယာယီ အဆောက်အအုံ၌ ကျန်းမာရေး ဝန်ထမ်းများနှင့်
တပ်မတော်နယ်လှည့် ဆေးကု သရေးအဖွဲ့တို့ ပူးပေါင်း၍ ငလျင်ဒဏ် သင့်ပြည်သူများအား
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးသည်။
ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် အညာတောရွာရှိ အညာသီဟတော
မြတ်စေတီ ရွှေထီးတော်နှင့် တံခွန်တိုင် တိမ်းစောင်းနေမှု၊ ဂန္ဓကုဋိ တိုက်၊ မုခ်ဝများ၊
ရင်ပြင်တော်များ ပျက် စီးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂေါပ ကအဖွဲ့ထံ အလှူငွေများ
လှူဒါန်းသည်။ ဆက်လက်၍ သပိတ်ကျင်း တပ်နယ်ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်း
စုပေါင်းခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် သင်တန်းသားများကို အမှာစကား
ပြောကြားပြီး ရုပ်မြင်သံကြား ဖမ်းစက်၊ စားသောက်ဖွယ်ရာ များနှင့် သုတ၊ ရသ စာအုပ်
စာစောင်များကို ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူ သည်။ ယင်းနောက် အရာရှိ၊ စစ်သည်၊
မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးနှုတ် ဆက်သည်။ ထို့နောက် သင်တန်းသား စားရိပ်သာ၌
သင်တန်းသားများ စားသုံးရန် ချက်ပြုတ် ပြင်ဆင်ထားမှု၊ ငလျင်ဒဏ် ခံရသော အဆောက်
အအုံများကို ပြန်လည်ပြင် ဆင်နေမှုနှင့် အိမ်ထောင်သည် လိုင်းခန်းများကို
ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express
မြန်မာနိုင်ငံအကြာင်းကို
တခြားအရာတွေမသိချင်နေပါ။ ဒါလေးတော့ မြန်မာနိုင်ငံသားတိုင်း သိသင့်ပါတယ်။
ဖတ်မိတာလေးပြန်ရှယ်လိုက်ပါသည်။
တည်နေရာ
မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာအကြား အာရှတိုက်၏အရှေ့ တောင်
ပိုင်းရှိ အင်ဒိုချိုင်းနားကျွန်းဆွယ်တွင် တည်ရှိသည်။ အရှေ့ မြောက်ဘက်တွင်
တရုပ်ပြည်သူ့ သမ္မတနိုင်ငံ (၁၃၈၄ မိုင်)၊ အရှေ့ဘက်တွင် လာအိုနိုင်ငံ (၁၄၆ မိုင်)၊
အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ(၁၃၀၄ မိုင်) ၊ အနောက်ဘက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ
(၁၆၉ မိုင်)နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ (၉၀၃ မိုင်) တို့နှင့် နယ်နမိတ်
ထိစပ်နေသည်။
အကျယ်အ၀န်း
မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၂၀၀၀ (၆၇၈ ၅၀၀ စတုရန်းကီလိုမီတာ
ကျယ်ဝန်းသည်။ အရှေ့ တောင် အာရှတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး
နိုင်ငံများထဲတွင် အမှတ်စဉ် ၄၀ မြောက် အကြီးဆုံးဖြစ်သည်။ အဓိကတောင်တန်းကြီး ၃
ခုရှိသည် ပဲခူးရိုမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်းနှင့်
ရုမ်းတောင်တန်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြစ်ချောင်းအင်းအိုင်များပေါ်များသည်
ထိုထဲမှ အထင်ကရမြစ်ကြီးများမှာ ဧရာဝတီမြစ်၊ ချင်းတွင်မြစ်နှင့် စစ်တောင်းမြစ်နှင့်
သံလွင်မြစ်တို့ဖြစ်သည်။
အမြင့်ဆုံးတောင်
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်သည် အမြင့် ၅၈၈၁ မီတာ
(ပေ ၁၉၂၉၀) ခန့် မြင့်မားသည်။
အရှည်ဆုံးမြစ်
ဧရာဝတီမြစ်သည် မိုင်ပေါင်း ၁၃၅၀ (၂၁၇၀ ကီလိုမီတာ) ရှည်လျားသည်။
လွတ်လပ်ရေးနေ့
ဇန္န၀ါရီလ ၄ ရက်၊ ၁၉၄၈ ခုနှစ် နံနက် ၄း၂၀ အချိန်တွင် ဗြိတိသျှ ကိုလိုနီ လက်အောက်မှ
လွတ်လပ်ရေး ရခဲ့သည်။
ရာသီဥတု
နွေ၊မိုး၊ဆောင်းဟူ၍သုံးမျိုးရှိပါသည်။
နွေရာသီ-ဖေဖေါ်ဝါရီမှမေလကုန်အထိဖြစ်သည်။
မိုးရာသီ-ဇွန်လမှစက်တင်ဘာလကုန်အထိဖြစ်သည်။
ဆောင်းရာသီ-အောက်တိုဘာလမှဇန္န၀ါရီလကုန်အထိဖြစ်သည်။
ကိုးကွယ်မှု
ထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံဖြစ်သည်။ အခြားဘာသာများကို ကိုးကွယ်သူများလည်း နေထိုင်သည်။
ဗုဒ္ဒဘာသာ ၈၉ %၊ ခရစ်ယန်ဘာသာ ၄ %၊ မူဆလင်ဘာသာ ၄ % နှင့် အခြား ကိုးကွယ်သည့်ဘာသာဝင်
၃ % ရှိသည်။( ၂၀၀၆ ခုနှစ်စာရင်းဖြစ်သည်။)
နိုင်ငံတော်အလံ
နိုင်ငံတော် အလံတွင် အ၀ါရောင် ၊ အစိမ်းရောင် နှင့် အနီရောင် တို့ အောက်ခံအဖြစ်
ပါရှိခြင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ထည်ဝါစွာ အသုံးပြုခဲ့သော
သုံးရောင်ခြယ် အလံကို အလေးအမြတ်ပြု ဖော်ညွန်းခြင်းဖြစ်သည်။ အလံတော်ရှိ အ၀ါရောင်သည်
စည်းလုံးခြင်း ၊ ညီညွတ်ခြင်း ၊ ဥာဏ်ပညာကြီးမားခြင်း ၊ ပျော်ရွင်ခြင်းနှင့်
တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံး ညီညွတ်မှုရှိခြင်း ဟူသော
အဓိပ္ပါယ်ကို ဆောင်ပါသည်။
အလံတော်ရှိ အစိမ်းရောင်သည် မြေဆီသြဇာ ကြွယ်ဝခြင်း ၊ ညီညွတ်မျှတခြင်းနှင့်
အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်သည်ဟူသော အဓိပ္ပါယ်ကို
ဆောင်ပါသည်။ အလံတော်ရှိ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းဟူသော
အဓိပ္ပါယ်ကို ဆောင်ပါသည်။ ကြယ်၏အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း ၊
ဖြောင့်မတ်မှန်ကန်ခြင်း ၊ ဂရုနာတရားပြည့်ဝခြင်းနှင့် စွမ်းအင်နှင့်ပြည့်စုံခြင်းဟူသော
အဓိပ္ပါယ်ကိုဆောင်ပါသည်။
နိုင်ငံတော်သီချင်း
ကမ္ဘာမကြေ သီချင်းဖြစ်သည်။ ၀ိုင်အမ်ဘီဆရာတင် ရေးစပ်ခဲ့ခြင်းဖြစ်သည်။
ရုံးသုံးစာ
အဓိကမြန်မာစာကိုသုံးသည်။နိုင်ငံခြားဘာသာစကားအတွက့် အင်္ဂလိပ်စာကို အသုံးပြုသည်။
ငွေကြေး
ကျပ်ငွေကို အသုံးပြုသည်။ ၁ ကျပ်တွင် ပြား ၁၀၀ ပါရှိသည်။ ယနေ့ အမြင့်ဆုံး
ငွေစက္ကူမှာ ကျပ် ၁၀,၀၀၀ တန် ဖြစ်သည်။
စံတော်ချိန်
ကမ္ဘာ့စံတော်ချိန်နှင့်(+၆.၃၀)နာရီကွာသည်။
နိုင်ငံတကာCode
နိုင်ငံတကာCodeမှာ၉၅(95)ဖြစ်သည်။
ကမ္ဘာ့အသင်းဝင်
၁၉၄၈ ခုနှစ် ဧပြီလ တွင် ၅၈ နိုင်ငံမြောက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ
ဖြစ်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင် နိုင်ငံဖြစ်လာသည်။
Myanmar Express
အသက်
၇၀ ပြည့်ခါနီးမှ အနေအထိုင်မတတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တဏှာရူးမကြီးဟု ထိုင်း
လုထု ဝေဖန်လျှက်ရှိကြောင်း
http://www.manager.co.th/Daily/ViewNews.aspx?NewsID=9550000141400 တွင် ဖော်ပြထားသော
စာများအရ သိရသည်။ မန္တလေးမှ ထိုင်းနိုင်ငံ AIT တွင် ပညာသင်ကြားပြီးနောက် ထိုင်းဘာသာ
စကားတတ်ကျွမ်းသူ မြန်မာကျောင်းသူဟောင်း တစ်ဦးကတော့ ထိုင်းပြည်သူတွေရဲ့ ပြောဆိုမှုကို
အခုလိုပြောပြပါတယ်
"သူတို့ ရေးထား ပြောထားတာတွေကတော့
အန်တီစုရဲ့ လုပ်ရပ်က အာဆီယံကို သိက္ခာကျစေတယ်.. အရှေ့တောင် အာရှက ယဉ်ကျေးမှု ကို တန်ဖိုးထားကြပြီး
ဒေါ်အောင်ဆန်း စုကြည်က ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို တန်ဖိုးမထားဘူး.. ပေါ့... အဲလိုပြောကြတာပါ..
တချို့ပြောတာတွေကတော့ နဲနဲ ရိုင်းတယ်.. တဏှာရူးနေတယ်... အသက် ၇၀ ပြည့်ခါနီးတောင်း သိက္ခာမဆည်နိုင်ဘူး...
လို့ပြောထားကြတယ်..."
လို့ဆိုပါတယ်။
အရှေ့အာရှတွင် အိုဘားမားနှင့် တွေ့ဆုံဖူးသူ
အမျိုးသမီး အများအပြားရှိပြီး နမ်းသမျှ ခံသူ မှ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာ ရှိကြောင်း
သိရသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝက် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့
အကြိမ်ပေါင်းများစွာ တွေ့ပြီးသော်လည်း ဝန်ကြီးချုပ် ရင်လတ်က အနမ်းမခံခဲ့ပေ။
မြန်မာ့ယဉ်ကျေးမှုအရ မြန်မာအမျိုးသမီးများသည်
အမျိုးသားများနှင့် နှုတ်ဆက်ရာတွင် စကားဖြင့်သာ နှုတ်ဆက်လေ့ရှိကြပြီး လက်ကိုင် နှုတ်ဆက်သူ
အရေအတွက်ပင် အလွန်ရှားပါးလှသည်။ လက်ကို အနမ်းခံ နှုတ်ဆက်ခြင်း၊ ပါးထိုးကာ အနမ်းခံခြင်း
တို့ကို ပြုလုပ်တတ်သူမှာ လူကွယ်ရာတွင်သာ ပြုလုပ်တတ်လေ့ရှိပြီး လူရှေ့သူရှေ့တွင် ပထမဆုံး
အရှက်မဲ့စွာ လုပ်ဆောင်ပြသူမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကပထမဆုံးဖြစ်သည်။
မြန်မာ့ရိုးရာဝတ်စုံဝတ်ပြီး ပါးထိုးခံကာ
ကျေနပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ပုံဟာ ကမ္ဘာအနှံ့ပျံ့နှံ့သွားပြီး အာရှနိုင်ငံအားလုံးက
ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်လျှက်ရှိကာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြကြောင်း သတင်းရရှိသည်။
Myanmar Express
တရုတ်နိုင်ငံ၏အဓိကကုန်သွယ်ဖက်အကြီးဆုံးနိုင်ငံဖြစ်သည့်
အီးယူနိုင်ငံများအနေဖြင့် ကြွေးမြီကိစ္စရပ် များကြောင့် စီးပွားရေး ကျဆင်းနေချိန်တွင်
အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံနှင့် ပို့ကုန်ဈေးကွက်တွင် ဦးဆောင် သွားပြီဖြစ်ကြောင်း
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ပုဂိုလ် Shen Danyang မှ သတင်းထောက် များအား
ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ မှ အမေရိကန်နိုင်ငံသို့
တင်ပို့ကုန် အမေရိကန်ဒေါ်လာ ၂၈၃.၃ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး အီးယူုနိုင်ငံများသို့
အမေရိကန်ဒေါ်လာ ၂၇၆.၈ ဘီလီယံတန်ဖိုးအထိသာ သင်္ဘောတင်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်ဆန်းစမှ စက်တင်ဘာလအထိ အမေရိကန်နိုင်ငံရော၊
အီးယူနိုင်ငံများမှပါ ကုန်မှာစာများ လျော့ကျခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးကို
များစွာထိခိုက်စေခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ရည်မှန်းချက်ဖြစ်သည့် ပို့ကုန်
၁၀% မြင့်တက်ရေးရည်မှန်းချက်ကို မပြည့်မီနိုင်ခဲ့ဘဲ လွန်ခဲ့သည့် ၁၀ လကျော် ကာလအတွင်း
၆.၃ % သာ ကုန်တင်ပို့နိုင်ကြောင်း သိရသည်။ ယခုနှစ်အတွင်း နိုင်ငံတကာကုန်သွယ်ရေးသည်
ကမောက်ကမဖြစ်ခဲ့ပြီး နိုင်ငံရေးအခြေအနေများကြောင့်လည်း ထိခိုက်မှုများရှိခဲ့ကြောင်း
Shen Danyang မှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ တတိယမြောက် ကုန်သွယ်ဖက်နိုင်ငံ ဂျပန်နိုင်ငံမှလည်း
နှစ်နိုင်ငံကြား ပဋိပက္ခများကြောင့် အာဆီယံနိုင်ငံများထံ ကုန်သွယ်ရေး ကျားကွက်ရွှေ့သွားခဲ့သည်။
Myanmar
Express
နိုင်ငံအတွင်း
ပုံနှိပ်နဲ့ ထုတ်ဝေရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး လျှောက်ထားမှု များကို အွန်လိုင်းမှ
စတင် လျှောက်ထား နိုင်တော့မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ
သိရပါတယ်။ အဆိုပါ ထုတ်ပြန်ချက် အရ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်
ထုတ်ဝေရေး လုပ်ငန်းဟာ နိုင်ငံ အတွင်း ပုံနှိပ်နဲ့ ထုတ်ဝေ လုပ်ငန်း လုပ်ဆောင် လိုတဲ့
ပုဂ္ဂိုလ်များ အတွက် လုပ်ငန်း မှတ်ပုံတင် လျှောက်ထားမှု ပိုမိုလျင်မြန် ချောမွေ့ လာအောင်
မှတ်ပုံတင် လျှောက်ထားမှုကို အွန်လိုင်း ကနေ လျှောက်ထား နိုင်ဖို့ ခွင့်ပြု လိုက်တာ
ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းမှ လျှောက်ထားမှု ကိုတော့ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ပြီး
စီစဉ် ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အွန်လိုင်းမှ လျှောက်ထားဖို့
အတွက် ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် ဖြစ်တဲ့www.ministryofinformation.gov.mm မှာ ပုံနှိပ်နှင့် ထုတ်ဝေ လုပ်ငန်း လုပ်ကိုင်
လူသူများ အတွက် လျှောက်လွှာ ပုံစံနဲ့ လိုအပ်မယ့် အချက်တွေကို ကြေညာထား ပေးမှာ ဖြစ်တယ်လို့
သိရပါတယ်။ အဲ့ဒီ အတွက် လျှောက်ထား လိုသူတွေ အနေနဲ့ အဆိုပါ ၀က်ဘ်ဆိုက် ကတစ်ဆင့်
Download ပြုလုပ်ကာ သတ်မှတ်ပုံစံများ ဖြည့်စွက်ပြီး လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။
လျှောက်ထားမှု ကိုတော့ epprmyanmar@gmail. com ကို ပီဒီအက်ဖ်ဖိုင် ပူးတွဲကာ ပေးပို့
လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။
Myanmar Express
၁၉၉၆
ခုနှစ် နောက်ပိုင်း ၁၇ နှစ်ကြာ ဂုဏ်ထူးတန်း တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင်
လာမည့်ပညာသင်နှစ်မှ စတင်ပြီး ဦးရေသတ်မှတ်၍ ပြန်လည်လက်ခံ သင်ကြားပေးသွားရန် ပညာရေးဝန်ကြီးဌာနမှ
ညွှန်ကြားထားကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားစာဖြင့် ဂုဏ်ထူးတန်း
ကျောင်းသားတို့ကို အထူးပြုဘာသာ တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးအား လက်ခံသင်ကြားပေးရန်
ညွှန်ကြားခဲ့ပြီး လက်ရှိတွင် သင်ကြားမှုအတွက် ဌာနအသီးသီးမှ ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဟုလည်း
ရန်ကုန်တက္ကသိုလ် တွဲဖက်ပါမောက္ခများနှင့် လက်ထောက်ကထိက အချို့တို့က ပြောဆိုသည်။ အဆင့်မြင့်ပညာ
ဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်မှု
ဆောင်ရွက်ခြင်း၏ လုပ်ဆောင်မှုများထဲမှ တစ်ခုဟု အတည်ပြုပြောကာ အသေးစိတ်ကို မပြောဆိုခဲ့ပေ။
ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဦးစိုးဝင်းက “ဒီဇင်ဘာလမှာ ကျောင်းဖွင့်မယ်။ ဝင်ခွင့်က ဘယ်လိုပုံစံလဲတော့
မသိဘူး။ သင်ကြားပေးဖို့ ပြင်ဆင်နေပါပြီ။ ကျောင်းရဲ့သဘောက ကျောင်းသားတွေနဲ့ ရှိရမယ်။
ကျောင်းသားများမှလည်း သုတေသနပြုမှုတွေက ပိုများလာမှာပေါ့” ဟု ပြောသည်။ ရန်ကုန်တက္ကသိုလ်မှ
လက်ထောက်ကထိက ဒေါက်တာကျော်သန်းမိုးက ဝင်ခွင့်စာမေးပွဲဖြင့် စစ်ဆေး၍ တက်ရောက်ခွင့် ရွေးချယ်သည့်
ရန်ကုန်တက္ကသိုလ် သမိုင်းအစဉ် အလာအတိုင်း ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းပြောဆိုမှု ပြုခဲ့သည်။
မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုအပေါ် စောင့်ကြည့်လေ့လာနေသူ ဒေါက်တာဘိုးလှိုင်ကမူ ယခုကဲ့သို့
ဂုဏ်ထူးတန်း ကျောင်းသား လက်ခံမှုကို ယေဘုယျအားဖြင့် ကြိုဆိုကြောင်း ပြောဆိုခဲ့သော်လည်း
သင်ကြားမှုအပိုင်း၊ ကျောင်းသားအဆောင် ထားရှိမှုရှိ၊ မရှိ ဆိုသည်မျိုးကို စောင့်ကြည့်သွားရမည်ဟု
ပြောသည်။ လတ်တလောတွင် ရန်ကုန်တက္ကသိုလ်အား မူလအဆင့်အတန်း ပြန်ဖြစ်စေရန် နိုင်ငံတော်သမ္မတ
အကြံပေးအချို့ အပါအဝင် NLD လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့်
၈၈ မျိုးဆက် ကျောင်းသားတို့၏ တောင်းဆိုမှုတို့ အရှိန်ပြင်းလာနေ သည်ဟုသိရှိရသည်။
Myanmar Express
ဂြိုဟ်သား အလောင်းအစစ်ကို ရှာဖွေတွေ့ရှိ
ထားကြပြီးလား ဟူသော မေးခွန်းတစ်ခု ပေါ်ပေါက်နေကြောင်း သိရသည်။ ရုရှား အမျိုးသမီးကြီးတစ်ဦးက
အမှန်ပင် သူမ တွေ့ရှိထားခဲ့ပြီဟု ဆိုသည်။ ရုရှားအမျိုးသမီးတစ်ဦး ဖြစ်သူ
မာတာ (Marta Yegorovnam) က ၂ဝဝ၉ ခုနှစ်တွင် အမည်မသိ ယာဉ် ပျံတစ်စင်းပျက်ကျ ခဲ့သော
နေရာမှ ဂြိုဟ်သားအလောင်းတစ်ခု ကယ် တင်ရရှိလာခဲ့ပြီး ရေခဲသေတ္တာ အထဲတွင် ၂ နှစ်ကြာသိမ်းဆည်း
ထားခဲ့သည် ဟု ပြောကြားခဲ့သည်။ အလောင်း အရွယ်မှာ ၂ ပေခန့် သာရှည်ပြီး ကြီးမားသော
ဦးခေါင်း ရှိကာ ပိန်သွယ်နေပြီး မျက်လုံးများမှာ ဖောင်း၍စူထွက်နေသည်။ ထို့အပြင် လက်မောင်းများမှာသစ်ပင်အကိုင်းကဲ့
သို့ သေး သွယ်နေကြောင်း ၄င်းက ပြောသည်။ မိမိထံသို့ လူနှစ်ဦး ရောက်ရှိလာပြီး ၄င်းတို့သည်
ကရင်မလင်သုတေသနဌာနမှ ဖြစ် ကြောင်းပြောပြပြီး အလောင်းကို စစ်ဆေးရန် ယူသွားကြသည်ဟု ဆိုသည်။
၂ဝ၁၁ ခုနှစ်ဧပြီလကလည်း ဆိုက်ဘေးရီယားရှိ နှင်းထုပြင်ထဲ တွင်ဂြိုဟ်သားအလောင်းတွေ့ရှိသည်
ဟု အသက် ၁၈ နှစ်နှင့် ၁၉ နှစ် ခန့်ရှိသော လူငယ်နှစ်ဦးကအင်တာ နက်ပေါ်တင်၍ ပြသခဲ့သည်။
ရဲအဖွဲ့ မှ စုံစမ်းခဲ့ရာ ပေါင်မုန့်နှင့်ကြက်အတု ပြားတို့ဖြင့် ပြုလုပ်ထားသော အရုပ်
တစ်ခုဖြစ် ကြောင်း ဝန်ခံခဲ့ကြသည့် ဖြစ်ရပ်တစ်ခုကြုံခဲ့ကြရသည်။ UFO ကျွမ်းကျင်သူ
Alex Komanov က ၃ နှစ်အတွင်း UFO မြင်ကွင်းများသည် ၆၇ ရာခိုင်နှုန်း တိုးလာနေပြီး
Mutual UFO Network ၏ ပြောပြချက်အရ ၂ဝ၁၁ ခုနှစ်တွင်လစဉ် UFO အမည်မသိ ယာဉ် ပျံတွေ့ရှိခဲ့မှု
၅ဝဝ ခန့်ကို လက်ခံရခဲ့သည်ဟု ဖော်ပြထား သည်။ ၂ဝဝ၈ တွင် ၃ဝဝ ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။
Myanmar Express
နည်းမျိုးစုံနဲ့အကြမ်းဖက်ခံခဲ့ရလို့ သေဆုံးသွားရတဲ့
နိုင်ငံတကာက လိင်တူချစ်သူတွေအတွက် ဆုတောင်းပွဲကို ဒီနေ့ မြန်မာပြည် မြို့ကြီး ၆ မြို့မှာ
တပြိုင်နက်တည်း ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။
ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ လုပ်မယ့် မြို့တွေကတော့ ရန်ကုန်၊ ပြည်၊ ကျောက်ပန်းတောင်း၊
မုံရွာ၊ ပုသိမ်၊ မန္တလေး တို့ ဖြစ်ပါတယ်။ရန်ကုန်မှာဆိုရင် မြို့လယ်က Central ဟိုတယ်မှာ
ည ၇ နာရီကနေ ၉ နာရီအထိ ပြုလုပ်မှာပါ။ ရန်ကုန်က ဆုတောင်းပွဲ အစီအစဉ်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်
ဆီမီးထွန်းခြင်း အစီအစဉ်သာ ပါဝင်ပြီး၊ နယ်မြို့တွေမှာကတော့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေက
သေဆုံးသွားသူတွေအတွက် အမျှအတန်း ပေးဝေခြင်း ဆိုတဲ့ အစီအစဉ်ပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ဆုတောင်းပွဲမှာပါဝင်မယ့်အဖွဲ့အစည်းများ
- Human Rights Education Institute of Burma (HREIB)
-KingnQueen
- လင်းလက် လို့ ခေါ်တဲ့ အမျိုးသမီးချင်းချစ်ကြိုက်သူ(လက်စဘီယန်)အဖွဲ့
- Myanmar MSM Network
- Equality Myanmar
ဆုတောင်းပွဲ ကျင်းပမယ့် ပုံစံတွေက ဒေသအလိုက် ကွာခြားသွားနိင်တယ်၊ တချို့က လိင်တူအဖွဲ့
တခုတည်းက သီးသန့်ကျင်းပမယ်၊ တချို့ဒေသမှာတော့ ၎င်းတို့ရဲ့ မိဘ၊ သူငယ်ချင်းတွေပါ တက်ရောက်ကြမယ်၊
ဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင် စီစဉ်မယ့် ဒေသလည်း ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီလိုလိင်တူချစ်သူများရဲ့ လှုပ်ရှားမှုတွေကို မကြာခဏ
စီစဉ်ကျင်းပလေ့ရှိတယ် လို့ HREIB ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ ရန်ကုန်မှာက
အခြားနိုင်ငံတွေမှာ လူသေဆုံးသွားအောင်အထိ အကြမ်းဖက်ခံရမှုတွေ မရှိသေးပေမယ့် အခြားနည်းတွေနဲ့
လိင်တူချစ်သူတွေ အစော်ကားခံရတာတွေ ရှိတော့ သူတို့ကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူက
ဆက်ပြောပါတယ်။
Myanmar Express
ကမ္ဘောဒီးယားနိုင်ငံ
ဖနောင်ပင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလို ဘန်ဘန်း
ယူဒိုရိုနိုအား ယနေ့နံနက်(၁ဝ)နာရီမိနစ်(၄ဝ)တွင် ဖနောင်ပင်မြို့ရှိ
Peace Palace စတုတ္ထထပ်ရှိ Call Room ၌
လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှု
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ
မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်နှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ
တက်ရောက်ကြပြီး အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတနှင့်အတူနိုင်ငံခြားရေးဝန်ကြီး၊
နိုင်ငံရေး၊ ဥပဒေနှင့်လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊
ကုန်သွယ်ရေးဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
Myanmar Express
ဘီဘီစီအသံလွှင့်
လုပ်ငန်း မီဒီယာကြီး၏ ညွှန်ကြားရေးမှူးချုပ် ဂျော့အင်ဝစ်စတိုင် (George Entwistle)သည်
နိုဝင်ဘာ ၁ဝရက်နေ့က ရာထူးမှ နုတ်ထွက် သွားခဲ့သည် ဟု ကြေညာခဲ့သည်။ ဘီဘီစီ ပြည်တွင်း
ရုပ်မြင်သံ ကြား အစီအစဉ် တစ်ခုဖြစ်သည့် Newslight က ဗြိတိသျှနိုင်ငံရေး သမားဟောင်းကြီး
တစ်ဦးသည် ကလေးငယ်များကို မဖွယ်မရာ ပြု ကျင့်ခဲ့သည်ဟု မှားယွင်းစွာ ထုတ် လွှင့်ပြသခဲ့ပြီး
မိမိတွင် တာဝန်ရှိ ကြောင်းဝန်ခံကာ ရာထူးမှနုတ်ထွက် သွားခဲ့ခြင်းဖြစ်သည်။ ၄င်း
Newslight ရုပ်သံလွှင့် အစီအစဉ်သည် သတင်းနှင့် မျက် မှောက်ရေးရာများကို ထုတ်လွှင့် ပြသနေသော
အစီအစဉ်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝေလနယ်ထဲရှိ က လေးငယ်များအား စောင့်ရှောက် ထားသည့် ဂေဟာ
တစ်ခုတွင် ကလေးသူငယ်များကို မဖွယ်မရာ ပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံခဲ့ရသည့် ကလေးငယ်က
ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၄င်းက မိမိကို ပြုကျင့် ခဲ့သူမှာ ကွန်ဆာဗေးတစ်ပါတီမှ နိုင်ငံရေးသမားတစ်ဦး
ဖြစ်ကြောင်း စွပ်စွဲပြောဆိုထားခြင်း ဖြစ်သည်။
သတင်းဌာနက မည်သူမည် ဝါဟုပြောဆိုဖော်ပြခြင်းမရှိခဲ့သော် လည်း အင်တာနက်ထဲတွင် Lord
McAlpine ဆိုသူ နိုင်ငံရေးသမား ဟောင်းကြီးတစ်ဦးဆိုပြီး အင်တာ နက်ပေါ်တွင် ခန့်မှန်းပြောဆို
သ တင်းများ ပျံ့နှံ့နေကြသည်။ ရက်မကြာမီမှာပင် ပြုကျင့်ခံရသူ ကလေးငယ်က သူ့ကိုပြုကျင့်ခဲ့
သူမှာ ၄င်း Lord McAlpine မဟုတ် ဟု တောင်းပန်ခဲ့သည်။ ၄င်းအဖြစ်အပျက်ပေါ်တွင် ဘီဘီစီသည်
ပြင်း ထန်စွာဝေဖန်သံများ ထွက်ပေါ်လာ ခဲ့ပြီး ဘီဘီစီအပေါ်ထားရှိသော လူထု၏ယုံကြည်မှုများ
လျော့ ကျ သွား မည်ဟုလည်း ဝေဖန်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ရာထူးမှ နုတ်ထွက်သွားခြင်း
ဖြစ်သည်။ ဘီဘီစီ ၏စီမံအုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံကို ပြန်လည်ပြုပြင် မည်ဟု ဥက္ကဋ္ဌ Lord
Pattern က ထုတ်ဖော်ကြေညာခဲ့သည်။
ဂျော့အင် ဝစ်စတိုင်သည် အသက် ၅ဝ ရှိပြီး ညွှန်ကြားရေးမှူး ချုပ် ရာထူးကို ၂ဝ၁၂ စက်တင်
ဘာ ၁၇ ရက်နေ့မှ စတင်တာဝန် ယူခဲ့ပြီး နှစ်လခန့်သာ လုပ်သက်ရှိ သေး သူ ဖြစ်သည်။ သို့ရာတွင်
BBC TVအစီအစဉ်သို့ ၁၉၈၉ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံ ရေးအစီအစဉ်နှင့်သတင်းထုတ်လုပ်
ရေးမှူးတစ်ဦးအဖြစ် တာဝန်ယူခဲ့ သည်။ ထို့အပြင် BBC Vision ၏ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ပြီး
ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ တစ်ဦး ဖြစ်သည်။ နောက်ဆုံး သတင်းများအရ ဘီဘီစီအစီအစဉ်
ထုတ်လုပ် ခဲ့သူ Wifred De’ath (၇၅နှစ်) ဆိုသူနှင့် Jimmy Savile ဆိုသူတို့က
ကလေး ငယ်အား မဖွယ်မရာ ပြုကျင့်သည်ဟု လုပ်ကြံဖန်တီး၍ ရိုက်ကူးခဲ့ကြောင်း တွေ့ရှိရပြီး
ကင်းဘရော့ ပြည်နယ် နေအိမ်တွင် ၄င်းတို့နှစ်ဦးအား ဖမ်း ဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဖော်
ပြထားသည်။
Myanmar Express
ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၁၉)ရက် ညနေ(၆)နာရီ မိနစ်(၂ဝ)တွင်
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace Palace တတိယထပ် Champa Room ၌
ကျင်းပသည့် စတုတ္တအကြိမ်မြောက် အာဆီယံ-အမေရိကန် ခေါင်းဆောင်များ
ထိပ်သီးအစည်းအဝေးသို့ တက်ရောက် သည်။
အဆိုပါ အစည်းအဝေးသို့
နိုင်ငံတော်သမ္မတနှင့်အတူ ဘရူနိုင်းဒါရုဆလမ်နိုင်ငံဘုရင် ဆူလ် တန်ဟာဂျီဟာဆာနာလ်
ဘိုကီးယားမူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊
အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလို ဘန်ဘန်းယူဒိုရိုနို၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်
သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာသွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်
ဒါတိုဆရီမိုဟာမက်နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ
မစ္စတာ ဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
ဝန်ကြီးချုပ်မစ္စတာငုယင်တန်ဇွန်း၊ အမေရိကန်ပြည်ထောင်စုနိုင်ငံ သမ္မတ ဘားရက်
အိုဘားမား၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီကလင်တန် အပါအဝင်
အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင်ပစ်ဆူဝမ်
နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။ ရှေးဦးစွာ အာဆီယံနိုင်ငံများမှ
ခေါင်းဆောင်များနှင့် အမေရိကန် ပြည်ထောင်စုသမ္မတ နိုင်ငံ သမ္မတ တို့သည် စုပေါင်း၍
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ထိပ်သီးအစည်းအဝေးကို ကျင်းပရာ
အာဆီယံနိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံ
သမ္မတတို့သည် အာဆီယံ-အမေရိကန် ဆက်ဆံရေးအပေါ် နိုင်ငံအလိုက် ခေါင်းဆောင်များက
ပြန်လည်သုံးသပ်ကာ အနာဂတ် အလားအလာများအပေါ် ဆွေးနွေးခဲ့ကြသည်။
Myanmar Express
မြန်မာနိုင်ငံကိုတရက်
လာရောက် လည်ပတ်ခဲ့သော အမေရိကန်သမ္မတ ဘားရတ်စ် အိုဘားမားသည် ရန်ကုန် တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌
ရခိုင် အရေးအား ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ RNDP ပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ၀န်ကြီး ဦးဇော်အေးမောင် နှင့်
အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ပြီး တခြား ရန်ကုန်ရှိ ရခိုင်အဖွဲ့အစည်းများမှ
၅ဦး တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဖေါ်ဆောင်နေချိန်တွင် ပထမဆုံးသော အမေရိကန်
သမ္မတ တစ်ဦး၏ မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက်
ကောင်းသော လက္ခဏာ ဖြစ်ကြောင်း မိန့်ခွန်းပြောကြားရာ အခမ်းအနားကို တက်ရောက်သူ RNDP ပါတီ
အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကပြောသည်။
“ မိန့်ခွန်း တခုလုံးကို ယေဘုယအားဖြင့် ကျနော်ပြောချင်ပါတယ်။ အမေရိကန်သမ္မတ တယောက် အနေနဲ့
ဒီမိုကရေစီ အကြောင်းတွေကို ပြောတာတွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ယေဘုယအားဖြင့်
သွားနေတဲ့ လမ်းကြောင်း ကောင်းမွန်စေဖို့၊ နောက်ပြန် မလှည့်စေဖို့ ပြောတာတွေ ကို တွေ့ရပါတယ်။
အမေရိကန် အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး အကူအညီပေးသွားမယ် လို့ ပြောသွား တာတွေဟာ
ကောင်းတဲ့ လက္ခဏာတွေပါ။ တိုင်းရင်းသား အရေးတွေကို ပြောသွားတာဟာလည်း ကောင်းတဲ့ကိစ္စပါ”
ဟု ပြောသည်။ သမ္မတ အိုဘားမားသည် နေ့လည် ၂နာရီ ၄၀ မိနစ် အချိန်မှ ၃နာရီ ၁၀မိနစ်အထိ နာရီခွဲကြာကြာ
ရန်ကုန် တက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင် မိန့်ခွန်း ပြောကြားခဲ့သည်။ ရခိုင်အရေးနှင့်
ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောကြားသည့် မိန့်ခွန်းအပေါ် ဦးဦးလှစောက သူ့အမြင်ကို ယခုလို
နိရဉ္စရာသို့ ပြောသည်။
“ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တခြား ကိစ္စတွေကိုတော့ ပုံမှန်အားဖြင့် ပြောသွားပေမယ့်
ရခိုင်အရေး ကိုတော့ သူ့အနေနဲ့ သီးခြားတခုလို ပြောသွားတာ တွေ့ရပါတယ်။ ပြီးတော့ “ရိုဟင်ဂျာ”
ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်း သွားတာကို တွေ့ရပါတယ်။ အခု ရခိုင်အရေးကိစ္စဟာ မြန်မာပြည်မှာ
တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ကိစ္စတခုလို သူက နားလည်ပြီး ပြောသွားတာကို တွေ့ရပါတယ်။
ဒီနေရာမှာ သမ္မတ အိုဘားမားနဲ့ ကျနော်တို့က အယူအဆမတူပါ။ ဥပမာ ကချင်နဲ့ မြန်မာ့တပ်မတော်နဲ့
ဖြစ်နေသလို၊ ကရင်မှာ ဖြစ်နေသလို မျိုး ဒီရခိုင်ပြဿနာဟာ မဟုတ်ပါ။ အခုက ပြည်ထောင်စုက
ခွဲထွက်မယ့် ပြဿနာလည်း မဟုတ် တိုင်းရင်းသား အချင်းချင်း ဖြစ်နေတဲ့ ပြဿနာလည်း မဟုတ်။
သို့သော် အခု ဒီရိုဟင်ဂျာလို့ ပြောတဲ့ သူတွေနဲ့ ဖြစ်နေတဲ့ ပြဿနာက တဖက်က နယ်စပ်ဖြတ်ကျော်ပြီး
ခိုးဝင်လာတဲ့ လူတွေနဲ့ ဒေသခံတွေ အကြားမှာ ဖြစ်နေတာ ဖြစ်တယ်။ ဒါကြောင့် အနှစ်သာရချင်းမတူပါ။
သမ္မတ အိုဘားမား အနေနဲ့ ရခိုင်ပြည်နယ်၏ တကယ့် အရှိ တရားနဲ့ နည်းနည်း ဝေးနေသလို ကျနော်တို့
ခံစားရတယ်။ သူမိန့်ခွန်းထဲက တခြား တင်ပြမှုတွေကို လက်ခံ၊ ကြိုက်ပေမယ့် ဒီကိစ္စမှာတော့
အိုဘားမားရဲ့ ချည်းကပ်ပုံ ချည်းကပ်နည်းဟာ ကျနော်တို့နဲ့ လက်ခံ နိုင်စရာ အကြောင်းမရှိပါ။
သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာတိုင်းရင်းသားထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ပြောထားသလို
ရခိုင်ပြည်သူတရပ်လုံးကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းမဟုတ်သလို မရှိဘူးလို့ သဘောထားဟာ
ပြတ်ပြတ်သားသား ရှိနေပြီးသားဖြစ်လို့ အိုဘားမား ပြောတာနဲ့ နည်းနည်းလွဲနေပါတယ်။ စကားကို
ပြတ်ပြတ်သားသား မပြောသလို ဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ ဘ၀င်မကျပါ။ မကြိုက်ပါ” ဟု ဆိုသည်။
အမေရိကန် သမ္မတအိုဘားမားသည် နံနက် ၉နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာပြီး
သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး
ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမျှော်ခဲ့သည်။ ယခု အိုဘားမား ခရီးစဉ်သည် မြန်မာနိုင်ငံ
အတွက် အကျိုးရှိသော ခရီးစဉ် တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဥပမာ များအားလည်း မိန့်ခွန်းတွင်
ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရကြောင်း ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က
ပြောသည်။ “ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ ခရီးစဉ်တခုပါ။ သူ့ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ
ပြုပြင်ပြောင်းလဲမှု တွေလုပ်နေတဲ့အပေါ်မှာ သူ့အနေနဲ့ ကြိုဆိုလက်ခံပြီးတော့ အမေရိကန်အနေနဲ့လည်း
နောက်ကနေ ပံ့ပိုး အကူ အညီ ပေးသွားမယ်လို့ ပြောသွားတာဟာ တော်တော့ကို ကောင်းပါတယ်။ နောက်ပြီးတော့
တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ပိုမိုလုပ်ဆောင်ရမယ်လို့လည်း ပြောသွားပါတယ်။
ထိရောက်တဲ့ စကား တခုကတော့ အာဏာ ပါဝါဆိုတာ ပြည်သူတွေဆီမှာပဲရှိတယ်လို့ ပြောပါတယ်။ သမ္မတဆိုတာဟာလည်း
ပြည်သူတွေက ရွေးချယ်ပြီး ပေါက်ဖွားလာတာလို့ သူက ပြောပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံမှာ
အင်မတန်မှ အင်းအားကောင်းတဲ့ စစ်တပ်ရှိတယ်။ အဲဒီ စစ်တပ်ဟာ ပြည်သူတွေက ရွေးချယ်ထားတဲ့
သမ္မတရဲ့ အောက်မှာပဲ ရှိတယ်လို့ ဥပမာတွေ ပေးပြီး ပြောသွားတာကို တွေ့ရပါတယ်။” အိုဘားမားနှင့်အတူ
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်လည်း လိုက်ပါလာပြီး ၎င်းတို့ အဖွဲ့သည် ညနေ
၃နာရီ ၃၅မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကမ္ဘောဒီယားနိုင်ငံသို့ ထွက်ခွာ
သွားခဲ့သည်။
Myanmar Express