Wednesday, November 21, 2012

ဘီဘီစီ(BBC)အသံလွှင့်ဌာန ညွှန်ကြားရေးမှူးချုပ် နုတ်ထွက်သွားခဲ့ပြီး နောက်ဆက်တွဲ

Posted by drmyochit Wednesday, November 21, 2012, under | No comments


ဘီဘီစီအသံလွှင့် လုပ်ငန်း မီဒီယာကြီး၏ ညွှန်ကြားရေးမှူးချုပ် ဂျော့အင်ဝစ်စတိုင် (George Entwistle)သည် နိုဝင်ဘာ ၁ဝရက်နေ့က ရာထူးမှ နုတ်ထွက် သွားခဲ့သည် ဟု ကြေညာခဲ့သည်။ ဘီဘီစီ ပြည်တွင်း ရုပ်မြင်သံ ကြား အစီအစဉ် တစ်ခုဖြစ်သည့် Newslight က ဗြိတိသျှနိုင်ငံရေး သမားဟောင်းကြီး တစ်ဦးသည် ကလေးငယ်များကို မဖွယ်မရာ ပြု ကျင့်ခဲ့သည်ဟု မှားယွင်းစွာ ထုတ် လွှင့်ပြသခဲ့ပြီး မိမိတွင် တာဝန်ရှိ ကြောင်းဝန်ခံကာ ရာထူးမှနုတ်ထွက် သွားခဲ့ခြင်းဖြစ်သည်။  ၄င်း Newslight ရုပ်သံလွှင့် အစီအစဉ်သည် သတင်းနှင့် မျက် မှောက်ရေးရာများကို ထုတ်လွှင့် ပြသနေသော အစီအစဉ်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝေလနယ်ထဲရှိ က လေးငယ်များအား စောင့်ရှောက် ထားသည့် ဂေဟာ တစ်ခုတွင် ကလေးသူငယ်များကို မဖွယ်မရာ ပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံခဲ့ရသည့် ကလေးငယ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၄င်းက မိမိကို ပြုကျင့် ခဲ့သူမှာ ကွန်ဆာဗေးတစ်ပါတီမှ နိုင်ငံရေးသမားတစ်ဦး ဖြစ်ကြောင်း စွပ်စွဲပြောဆိုထားခြင်း ဖြစ်သည်။
သတင်းဌာနက မည်သူမည် ဝါဟုပြောဆိုဖော်ပြခြင်းမရှိခဲ့သော် လည်း အင်တာနက်ထဲတွင် Lord McAlpine ဆိုသူ နိုင်ငံရေးသမား ဟောင်းကြီးတစ်ဦးဆိုပြီး အင်တာ နက်ပေါ်တွင် ခန့်မှန်းပြောဆို သ တင်းများ ပျံ့နှံ့နေကြသည်။ ရက်မကြာမီမှာပင် ပြုကျင့်ခံရသူ ကလေးငယ်က သူ့ကိုပြုကျင့်ခဲ့ သူမှာ ၄င်း Lord McAlpine မဟုတ် ဟု တောင်းပန်ခဲ့သည်။ ၄င်းအဖြစ်အပျက်ပေါ်တွင် ဘီဘီစီသည် ပြင်း ထန်စွာဝေဖန်သံများ ထွက်ပေါ်လာ ခဲ့ပြီး ဘီဘီစီအပေါ်ထားရှိသော လူထု၏ယုံကြည်မှုများ လျော့ ကျ သွား မည်ဟုလည်း ဝေဖန်ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။ ဘီဘီစီ ၏စီမံအုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံကို ပြန်လည်ပြုပြင် မည်ဟု ဥက္ကဋ္ဌ Lord Pattern က ထုတ်ဖော်ကြေညာခဲ့သည်။
ဂျော့အင် ဝစ်စတိုင်သည် အသက် ၅ဝ ရှိပြီး ညွှန်ကြားရေးမှူး ချုပ် ရာထူးကို ၂ဝ၁၂ စက်တင် ဘာ ၁၇ ရက်နေ့မှ စတင်တာဝန် ယူခဲ့ပြီး နှစ်လခန့်သာ လုပ်သက်ရှိ သေး သူ ဖြစ်သည်။ သို့ရာတွင် BBC TVအစီအစဉ်သို့ ၁၉၈၉ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံ ရေးအစီအစဉ်နှင့်သတင်းထုတ်လုပ် ရေးမှူးတစ်ဦးအဖြစ် တာဝန်ယူခဲ့ သည်။ ထို့အပြင် BBC Vision ၏ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ တစ်ဦး ဖြစ်သည်။ နောက်ဆုံး သတင်းများအရ ဘီဘီစီအစီအစဉ် ထုတ်လုပ် ခဲ့သူ Wifred De’ath (၇၅နှစ်) ဆိုသူနှင့် Jimmy Savile ဆိုသူတို့က ကလေး ငယ်အား မဖွယ်မရာ ပြုကျင့်သည်ဟု လုပ်ကြံဖန်တီး၍ ရိုက်ကူးခဲ့ကြောင်း တွေ့ရှိရပြီး ကင်းဘရော့ ပြည်နယ် နေအိမ်တွင် ၄င်းတို့နှစ်ဦးအား ဖမ်း ဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဖော် ပြထားသည်။


Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်