Wednesday, November 21, 2012

အသက် ၇၀ ပြည့်ခါနီးမှ အနေ အထိုင် မတတ်သဖြင့် ဒေါ်အောင်ဆန်း စုကြည်အား တဏှာရူးမကြီး ဟု ထိုင်း လုထု ဝေဖန်

Posted by drmyochit Wednesday, November 21, 2012, under | No comments


အသက် ၇၀ ပြည့်ခါနီးမှ အနေအထိုင်မတတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တဏှာရူးမကြီးဟု ထိုင်း လုထု ဝေဖန်လျှက်ရှိကြောင်း http://www.manager.co.th/Daily/ViewNews.aspx?NewsID=9550000141400 တွင် ဖော်ပြထားသော စာများအရ သိရသည်။ မန္တလေးမှ ထိုင်းနိုင်ငံ AIT တွင် ပညာသင်ကြားပြီးနောက် ထိုင်းဘာသာ စကားတတ်ကျွမ်းသူ မြန်မာကျောင်းသူဟောင်း တစ်ဦးကတော့ ထိုင်းပြည်သူတွေရဲ့ ပြောဆိုမှုကို အခုလိုပြောပြပါတယ်
"သူတို့ ရေးထား ပြောထားတာတွေကတော့ အန်တီစုရဲ့ လုပ်ရပ်က အာဆီယံကို သိက္ခာကျစေတယ်.. အရှေ့တောင် အာရှက ယဉ်ကျေးမှု ကို တန်ဖိုးထားကြပြီး ဒေါ်အောင်ဆန်း စုကြည်က ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို တန်ဖိုးမထားဘူး.. ပေါ့... အဲလိုပြောကြတာပါ.. တချို့ပြောတာတွေကတော့ နဲနဲ ရိုင်းတယ်.. တဏှာရူးနေတယ်... အသက် ၇၀ ပြည့်ခါနီးတောင်း သိက္ခာမဆည်နိုင်ဘူး... လို့ပြောထားကြတယ်..."
လို့ဆိုပါတယ်။ 
အရှေ့အာရှတွင် အိုဘားမားနှင့် တွေ့ဆုံဖူးသူ အမျိုးသမီး အများအပြားရှိပြီး နမ်းသမျှ ခံသူ မှ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာ ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝက် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြိမ်ပေါင်းများစွာ တွေ့ပြီးသော်လည်း ဝန်ကြီးချုပ် ရင်လတ်က အနမ်းမခံခဲ့ပေ။
မြန်မာ့ယဉ်ကျေးမှုအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် နှုတ်ဆက်ရာတွင် စကားဖြင့်သာ နှုတ်ဆက်လေ့ရှိကြပြီး လက်ကိုင် နှုတ်ဆက်သူ အရေအတွက်ပင် အလွန်ရှားပါးလှသည်။ လက်ကို အနမ်းခံ နှုတ်ဆက်ခြင်း၊ ပါးထိုးကာ အနမ်းခံခြင်း တို့ကို ပြုလုပ်တတ်သူမှာ လူကွယ်ရာတွင်သာ ပြုလုပ်တတ်လေ့ရှိပြီး လူရှေ့သူရှေ့တွင် ပထမဆုံး အရှက်မဲ့စွာ လုပ်ဆောင်ပြသူမှာ အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကပထမဆုံးဖြစ်သည်။
မြန်မာ့ရိုးရာဝတ်စုံဝတ်ပြီး ပါးထိုးခံကာ ကျေနပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ပုံဟာ ကမ္ဘာအနှံ့ပျံ့နှံ့သွားပြီး အာရှနိုင်ငံအားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပျက်လျှက်ရှိကာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြကြောင်း သတင်းရရှိသည်။
   
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်