ရန်ကုန်၊ မေ-၂၀ပြည်တွင်း၌ လေယာဉ်ခရီးသွားလာမှု များပြားလာပြီး လက်ရှိဖြစ်ပေါ်နေသော လေ ယာဉ်မတော် တဆဖြစ်မှု များကြောင့် ခရီး သည်များက အသက်အန္တရာယ်လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်လျက်ရှိသည်။ပြည်တွင်းလေကြောင်း ခရီးစဉ်များတွင် ခြောက်လအတွင်း မတော်တဆမှုနှစ်မှုဖြစ်ခဲ့သည်။၂၀၁၂ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင် ဟဲဟိုးလေဆိပ်အနီး၌ အဲပုဂံလေယာဉ်ပျက်ကျခဲ့ပြီး လူနှစ်ဦးသေ ဆုံးခဲ့ သည်။ မေ ၁၆ ရက်တွင် မြန်မာ့လေကြောင်းမှ MA-60 လေယာဉ်သည် မိုင်းဆတ်လေယာဉ်ကွင်းသို့ ဆင်းသက် စဉ် ဘရိတ်စနစ်ချို့ယွင်းမှုကြောင့် ပြေးလမ်းကျော်ဆင်းခဲ့၍ လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။“အခုဆို လေယာဉ်စီးရမှာ ကြောက်တယ်။ MA-60...