Wednesday, May 22, 2013

(၅) လ၀န်းကျင်လမ်းစပျောက်နေခဲ့သောတောအုပ်သတ်သည့်တရားခံတယ်လီဖုန်းဆက်သွယ်မှုမှဖမ်းဆီးရမိ

Posted by drmyochit Wednesday, May 22, 2013, under | No comments


(၂၀၁၃) ခုနှစ် ဇန်န၀ါရီလ တွင် တောခေါင်းဇော်မင်းထွန်းခေါ် ဖိုးဇော်သည်နေအိမ်မှ ပျောက်ဆုံး  သွားခဲ့ ရာမှ ကလေး-သဖန်းအိုင်ရွာ  သွားကားလမ်းဘေးတောထဲတွင်  ဖိုးဇော်၏ အလောင်း ကိုပြန်လည်  တွေ့ရှိ ခဲ့သောအ မှုတွင် တရားခံ  ဖော်ထုတ်နိုင်ရေးကိုအပူတပြင်း ကြိုးစားဆောင်ရွက်ဖော်ထုတ်ခဲ့ပါ သော်လည်း ယခုဧပြီလ ကုန်ရောက် သည့်တိုင်တရားခံမပေါ်ခဲ့ပဲ ဆက်စက်သဲလွန်စများပါပျောက် ဆုံးနေခဲ့ရာမှ ယခုအ ခါတယ် လီဖုန်း  ဆက်သွယ်မှုမှတဆင့်တရားခံကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“အမှုစစ်ဆေးတဲ့ရဲအုပ်တွေ တောင်အပြောင်းအလဲတွေဖြစ်ကုန်  ပြီ အမှုကမပေါ်ဖြစ်နေတာသေဆုံး  သူ ဖိုးဇော်မှာ တယ်လီ ဖုန်း ဆိုင်ကယ်  ပါသွားတယ်။ ပစ္စည်းတွေအားလုံး   ပါပျောက်နေတာ သေဆုံးသူရဲ့ အိမ်က လည်း ဆက်သွယ်ရေးဌာနက နေဖုန်းအဆက်အသွယ်တွေကိုစုံစမ်း တာ ဖုန်းဆက်သွယ် မှုဖြတ်တောက်  ထား တာတွေဆောင်ရွက် ခဲ့တယ်။

ပြီးခဲ့တဲ့မေလဆန်းတုန်းကတော့ သေဆုံးသူရဲ့ညီမကတယ်လီဖုန်း နံပါတ်ပြန်လျှောက်ပြီး တယ်လီဖုန်း  ကို ပြန်အ သုံးပြုခဲ့တယ်။ အဲဒီမှာ  သေဆုံးသူရဲ့ဖုန်းနံပါတ်နှင့်သာစည် ရွာဦးအောင်ဝင်းကကိုးမိုင်ရွာဦးအေး လွင်ကို အဆက်အသွယ်လုပ်ရာမှ  သေဆုံးသူရဲ့ ညီမ၊ မသိတာဝင်း ဆီကိုဖုန်းဝင်လာတာဖြစ်ပါတယ်။   အမှန် ကေ သဆုံးသူရဲ့ဖုန်းကိုလူ တတ်တရားခံကသာစည်ဦးအောင် ၀င်းဆီမှာ (၁၅၀၀၀၀)နှင့် ပေါင် ထားခဲ့တာ လို့ပြောတယ်။  အဲဒီ သဲလွန်စကနေတရားခံကိုဖမ်းဆီး နိုင်ခဲ့တာဖြစ်ပါတယ်”ဟု သက်ဆိုင်  ရာတာဝန်ရှိတစ်ဦးမှ ကလေးမြို့  တောခေါင်းအသတ်ခံရမှုနှင့် ပတ်သက်၍ပြောသည်။
ယခုလူသတ် မှုသည်အဝေး မှ လာရောက်ကြံစည်သတ်ဖြတ်  ခြင်းမဟုတ်ပဲသေဆုံးသူဖိုးဇော်နှင့် အတူတွဲနေသူကလေးမြို့အောင် မင်္ဂလာရပ်ကွက်၊ တစ်ရက်ကွက် တည်းအတူနေပန်းရံလုပ်ကိုင်သူဦး သိန်းထိုက်ဝင်းမှလက်တောက်ခုံမှ ငြင်းခုံမှုကိုအခြေတည်ပြီးလူသတ် မှုဖြစ်ရကြောင်း သိရသည်။ ယခု အခါကလေးမြို့ရဲတပ်ဖွဲ့မှလိုအပ်   သလိုအရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ကောင်းမြတ်သူ
The Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်