Wednesday, May 22, 2013

ကွမ်းခြံကုန်းမြို့နယ်တွင်အသက် ၅၀ ကျော် အမျိုးသမီးအား သားမယားပြုကျင့် ရန်ကြံစည်

Posted by drmyochit Wednesday, May 22, 2013, under | No comments

၂၁.၅.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ကမာကလွန်းရွာနေ တရားလို ဒေါ် ---- ၊ (၅၄) နှစ် သည် ကမာကလွန်းရွာရှိ ဦးပေါ်ဦးဘုရားဇရပ်နားသို့ ရောက်ရှိစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ ဘယ်သွား မှာလဲဟုမေးပြီး ခါးအားသိုင်းဖက်ပြီးနောက် လမ်းဘေးသို့တွန်းလှဲ၍ ထဘီချွတ်ကာ သားမ ယားပြုကျင့် ရန် ကြံစည်စဉ် အော်ဟစ်အကူအညီ တောင်းခံခဲ့သည့် အတွက် အနီးပတ်ဝန်းကျင်ရှိလူများမှ ၀ိုင်းဝန်း ဖမ်း ဆီးပေး ခဲ့ကြပါသည်။ အဆိုပါအမျိုးသားမှာ ဒရယ်လူး ကျေးရွာနေ ကျော်သူဖြစ်ကြောင်း သိရှိ ရသဖြင့် အရေးယူပေးရန် ကွမ်းခြံကုန်းရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သတင်းရရှိပါသည်။


https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်