Wednesday, May 22, 2013

အရေးပေါ် အခြေအနေ ကြေညာချက်အား ရက်ပေါင်း ၆၀ထပ်တိုး

Posted by drmyochit Wednesday, May 22, 2013, under | No comments


နေပြည်တော်၊ မေ၂၂။

မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော သမ္မတအမိန့် (၁/၂၀၁၃) အား နောက်ထပ် ရက်ပေါင်း ၆၀ သက် တမ်း တိုးမြှင့်လိုက်ကြောင်း ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အထူး အစည်းဝေးပွဲ နောက်ဆုံးနေ့ ဆုံးဖြတ်ချက်အရ သိရသည်။

ယင်းအဆိုအား နိုင်ငံတော်သမ္မတကိုယ်စား ခေတ္တ ပြည်ထောင်စုဝန်ကြီး၊ သာသနာရေး ဝန်ကြီး ဌာန ပြည်ထောင် စုဝန်ကြီး ဦးဆန်းဆင့် က ပြည်ထောင်စုလွှတ်တော် အထူးအစည်းဝေး ပထမနေ့တွင် အဆိုတင် သွင်းခဲ့ပြီး နောက်ဆုံးနေ့တွင် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ ကို ပြန် လည် ရှင်းပြပြီးနောက် ဆန္ဒ မဲပေးခွင့်ရှိသူ ၅၅၈ဦးအနက် ထောက်ခံမဲ ၄၉၉မဲဖြင့် လွှတ်တော်က ဆုံးဖြတ် ခဲ့ခြင်းဖြစ် သည်။

“ကျွန်တော်တို့ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၂ ပုဒ်မခွဲ (က)အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် အမှတ် (၁/၂၀၁၃)ကို ကျွန် တော်တို့ အတည်ပြုပေးနိုင်ရေးအတွက်ကို တင်ပြဆွေးနွေးသွားသော တင်ပြချက် အပေးမှာ လည်း အားလုံးက ထောက်ခံဆွေးနွေးသွားတဲ့ အတွက် ကျွန်တော်တို့ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာအနေနဲ့လည်း အထူးတင်ပြစရာ မရှိပါဘူး။ နောက်နံပါတ်နှစ်အချက်ကတော့လွှတ်တော်အမတ် ကိုယ်စား လှယ် ၁၃ဦးက တင်ပြဆွေးနွေးသွားတာ တွေ့ရပါတယ်။ ဒီတင်ပြဆွေးနွေး ချက်တွေ မှာ ဝေဖန်ဆွေးနွေးထောက်ပြ တာတွေအပြင် အကြံပေးဆွေးနွေးတာတွေ တွေ့ရှိရပါတယ်။

 ဒီလိုအ ကြံပေးထောက်ပြတာတွေ သည် မမြင်တာတွေကို မြင်အောင်၊ မတွေ့တာတွေကို တွေ့ အောင်၊ မပြည့် တတွေ ပြည့်အောင်၊ မစုံလင်သေးတာတွေကိ စုံလင်အောင်၊ မှားနေတာတွေကို မှန်အောင်၊ လိုအပ် ချက်တွေ ကို ဖြည့်စွပ်ပေး တယ်လို့ ကျွန်တော်တို့ ခံယူပါတယ်”ဟု ဦးဆန်းဆင့်က ပြောကြားသည်။
ယင်း အရေးပေါ် အခြေအနေ ဆက်လက်ကြေညာခြင်းအား ကိုယ်စား လှယ်များ က ထောက် ခံခဲ့ကြသော် လည်း ထိုသို့ကြေညာရခြင်းသည် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ၏ လိုအပ် ချက်များကြောင့် ရက်ပေါင်း၆၀ ဆက် လက် တိုးမြင့်လိုက်ရခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဝေ ဖန်ထောက်ပြခဲ့သည်။ မလို အပ်တော့လျှင် ဆက်လက် မကြေညာရန်ကိုလည်း လွှတ်တော်ကိုယ်စားလှယ် အချို့က အဆိုတင်သွင်းမှုများ လည်း ရှိခဲ့ သည်။

အောင်သိုက်
@ မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်