
အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေက မြို့တွေကို တိုက်ခိုက် သိမ်းယူတာတွေ အလျင်အမြန် ဆက်လက် ဖြစ်ပွားနေရာမှာ အီရတ် ပါလီမန်ကတော့ အရေးပေါ် အခြေအနေ ကြေညာဖို့ကို မဆောင်ရွက် နိုင်ခဲ့ပါဘူး။
ဝန်ကြီးချုပ် နိုရီ အဲလ် မာလိကီက နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုခဲ့ပြီး ပါလီမန်မှာ ထောက်ခံသူ အမတ် အရေအတွက် မလုံလောက်ခဲ့လို့ အထမမြောက်ခဲ့တာ ဖြစ်ပါတယ်။
အီရတ် နိုင်ငံရေးမှာ အက်ကြောင်းကွဲနေပြီး ညီညွတ်မှု ပျက်ပြားနေပြီ ဆိုတာကို ပြသနေတာလို့ ဘီဘီစီ သတင်းထောက်က...