Thursday, June 12, 2014

အမျိုးသမီး အကြမ်းဖက်မှုနဲ့ မြန်မာပြည်

Posted by drmyochit Thursday, June 12, 2014, under | No comments

လန်ဒန်မြို့မှာ စစ်ပွဲဒေသ အတွင်း အမျိုးသမီး တွေ အပေါ် လိင်ပိုင်း ဆိုင်ရာ မတရား ကျူးလွန်မှု ရပ်တန့်ရေး ထိပ်သီး ညီလာခံကြီး ကျင်းပ နေပါတယ်။

ဒီညီလာခံမှာ ကုလသမဂ္ဂ အထူးသံတမန် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီက ကျူးလွန် ခံရသူတွေ အရှက် ရစရာ မဟုတ်ဘူး၊ မတရား ကျူးလွန်သူ တွေကသာ သိက္ခာမဲ့ အရှက်ရ ရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ မတရား ပြုကျင့်ခံရတဲ့ အမျိုးသမီး တွေဟာ သူတို့ အဖြစ်ကို မတိုင်ကြားရဲ လူသိအောင် ထုတ်မပြောရဲတဲ့ အခြေ အနေ အများကြီး ရှိနေတဲ့ အတွက် အထူး သဖြင့် အာဏာရှိသူတွေ ဘက်က ကျူးလွန် တာကို အမျိုးသမီးတွေ တိုင်ရဲလာဖို့ လိုတယ်လို့ ညီလာခံ တက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် က အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က ပြောပါတယ်။

စစ်ဖြစ်နေတဲ့ ဒေသ တွေက အစိုးရ တပ်တွေရဲ့ ကျူးလွန် စော်ကားမှု တွေကို တိုင်ကြားသူ တွေကို ခြိမ်းခြောက် အန္တရာယ် ပေးတာတွေ ရှိခဲ့တဲ့ အတွက် ဒါတွေကို အစိုးရ တရားရေး မဏ္ဍဍိုင် က တည့်မတ် ဟန့်တား ကာကွယ် ပေးသွား ရမယ်လို့ ပြောကြား ခဲ့ပါတယ်။

ပါးစပ်က ကတိခံ တာမျိုးထက် ပိုတဲ့ လက်တွေ့ ပြုပြင်ရေး တွေ လုပ်ဖို့ လိုအပ် နေပြီလို့လဲ ပြောကြား သွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်