အီရတ်နိုင်ငံ Mosul မြို့ကို ၀င်ရောက် သိမ်းပိုက်ခဲ့တဲ့ အစွန်းရောက် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ (ISIS) ခေါ် (ISIL) ဟာ နောက်ထပ် တောင်ဘက်ပိုင်းမှာရှိတဲ့ မြို့တွေ ကိုဆက်လက် သိမ်းပိုက်ဖို့ ကြိုးစားနေကြပါတယ်။
အခုဆိုရင် တောင်ဘက်ပိုင်း မြို့ဖြစ်တဲ့ Tikrit မြို့ကိုလည်း စစ်သွေး ကြွအဖွဲ့က သိမ်းပိုက် လိုက်သလို နောက်ထပ် မြို့တွေဖြစ်တဲ့ Kirkuk နဲ့ Baiji မြို့တွေ မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်သွေးကြွ အဖွဲ့က လူပေါင်း ၂ သန်းလောက် ရှိတဲ့ မိုဆူးလ်မြို့ကို မနေ့က ၀င်ရောက်သိမ်းခဲ့တဲ့အတွက် အဲဒီမြို့က လူပေါင်း ၅ သိန်းလောက် ထွက်ပြေး တိမ်းရှောင် ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်သွေးကြွ အဖွဲ့က မိုဆူးလ်မြို့မှာ အခြေစိုက်တဲ့ တူရကီ ကောင်စစ်ဝန် တစ်ဦး အပါအ၀င် ဒါဇင်နဲ့ချီတဲ့ သံတမန်တွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အခုလို အီရတ်နိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးနိုင်ဖို့ အတွက် တူရကီအစိုးရကလည်း မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့ နေတိုးတပ်ကိုလည်း အရေးအပေါ် အစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုလိုက်ပါတယ်။
ABC Radio Australia
![]() |
ISIS စစ်သွေးကြွအဖွဲ့တွေရဲ့ အမြောက်ပစ်သေနတ်တွေ တင်ဆောင်ထားတဲ့ကားတစ်စီးကို Tikrit မြို့မှာ တွေ့ရစဉ် (Credit: Reuters) |
0 comments:
Post a Comment