Thursday, June 12, 2014

အီရတ်စစ်သွေးကြွများ ဘဂ္ဂဒက်ကို ခြိမ်းခြောက်လာ

Posted by drmyochit Thursday, June 12, 2014, under | No comments


(၂)ရက်အတွင်း ဒုတိယမြောက် မြို့တစ်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် အီရတ်နိုင်ငံ၏ မြို့တော် ဘဂ္ဂဒက်သည် စစ်သွေးကြွများ၏ ကြီးကြီးမားမား ခြိမ်းခြောက်လာမှုနှင့် ကြုံနေရပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က အစ္စလာမ်မစ် စစ်သွေးကြွများသည် တစ်ကရစ်မြို့ကို သိမ်းပိုက်လိုက်ပြီး နိုင်ငံမြောက်ပိုင်းတွင် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှု အရှိန်အဟုန်ကို မြှင့်တင်လာခဲ့သည်။ ယင်းမတိုင်မီကလည်း မြောက်ပိုင်းဒေသတွင် တည်ရှိပြီး အီရတ်၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မိုဆူးလ်ကို စစ်သွေးကြွများက သိမ်းပိုက်ထားပြီးဖြစ်ရာ ယခုအခါ နိုင်ငံအလယ်ပိုင်းရှိ မြို့တော် ဘဂ္ဂဒက်၏ လုံခြုံရေးကို စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

အီရတ်အစိုးရသည် ယခုအခါ အမေရိကန်ထံမှ Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ F-16 တိုက်လေယာဉ်များ၊ ထောက်လှမ်းရေး ကိရိယာများ အပါအဝင် စစ်ဘက်အထောက်အပံ့များ တောင်းခံထားရသည်။ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဟော့ရှ်ယာ ဇီဘာရီက မိမိတို့၏ နိုင်ငံသည် ရှင်သန်ရပ်တည်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုမျိုး ကြုံနေရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညပိုင်းက ဆာမာရာမြို့ပြင်တွင် အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွများ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းနေရာသည် ဘဂ္ဂဒက်နှင့် မိုင်(၈၀)မျှပင် မကွာတော့ချေ။

ISIS စစ်သွေးကြွများ တစ်ကရစ်ကို သိမ်းပိုက်ပြီးနောက် မကြာမီမှာပင် အီရတ် အကြမ်းဖက် တိုက်ခိုက်ရေး တပ်ဖွဲ့များက မြို့ကို ပြန်လည်သိမ်းယူနိုင်ရန် စတင်ကြိုးစားလာပြီး လေကြောင်းမှ တိုက်ခိုက်မှုများလည်း ရှိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်