Friday, July 25, 2014

တရုတ်နိုင်ငံရောက် တရားမ၀င် အလုပ်သမားများကို လူငှား၍ ရိုက်နှက်မှုများရှိသည်ဟုဆို

Posted by drmyochit Friday, July 25, 2014, under | No comments

တရုတ်နိုင်ငံသို့ တရားမ၀င်အလုပ်လုပ်ရန် သွားရောက်ခဲ့သော မြန်မာအလုပ်သမားများကို လုပ်ငန်းခွင်အတွင်း ရိုက်နှက်နှိပ်စက်ခြင်း၊ လစာငွေအပြည့်အ၀ မပေးခြင်းတို့အပါအ၀င် အလုပ်ပျက်ပါက လုပ်ငန်းရှင်က လူငှား၍ ရိုက်နှက် နှိပ်စက်ခြင်းများ ရှိခဲ့သည်ဟု တရုတ်သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများက ပြောသည်။

“ပွဲစားက ပြောတာတော့ တရားဝင်သွားတာလို့ ပြောတယ်။ ဟိုရောက်မှသိတာက ကျွန်တော်တို့ အညာခံရပြီဆိုတာ သိရတယ်။ အလုပ်မှာ ခွင့်ယူလို့လည်း မရဘူး။ ခွင့်ယူရင် ထမင်းမကျွေးတော့ဘူး။ အဆိုးဆုံးကတော့ လူမိုက်တွေခေါ်ပြီး ရိုက်တာတွေရှိတယ်။ ဒါကြောင့် ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာ။ ပြန်ချင်ပေမဲ့ မပြန်နိုင်တဲ့ မြန်မာအလုပ်သမားတွေ ရှိနေသေးတယ်”ဟု တရုတ်နိုင်ငံ Chendai  မြို့တွင် အထည်ချုပ်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ခဲ့သော ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်မှ ကိုသန်းလင်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်းသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခ ကျပ်တစ်သိန်းပေးဆောင်ခဲ့ရသည်။ ပွဲစားက တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာတစ်လလျှင် မြန်မာငွေကျပ် နှစ်သိန်းရမည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် တစ်သိန်းခွဲသာရခဲ့ကြောင်း ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများသည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် နေပြည်တော်မှ သွားရောက်လုပ်ကိုင်ကြသော အလုပ်သမားများဖြစ်သည်ဟု ပန်းတနော်မြို့နယ်မှ သွားရောက်လုပ်ကိုင်သော ကိုရဲရင့်အောင်က ပြောသည်။

၎င်းတို့ နှစ်ဦးနှင့် တရုတ်နိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်ခဲ့သော အခြား လူ ၄၀ ဦးကို ဇူလိုင်လ ၁၃ ရက်က နိုင်ငံတကာ အလုပ်သမားများအဖွဲ ILO နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ခေါ်ယူခဲ့သည်။

နိုင်ငံခြားသို့ တရားမ၀င်သွားရောက် လုပ်ကိုင်ကြသော အလုပ်သမားများအား ILO က ပြန်လည်ခေါ်ဆောင်ပေးရန် လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးဘဲ အလုပ်သမားများ လုပ်ခလစာ အပြည့်မရခြင်း၊ နှိပ်စက်ခံရခြင်းတို့ကို နှစ်နိုင်ငံအစိုးရ သိရှိရန် အသိပေးတိုက်တွန်းသွားမည်ဟု ILOက ဆိုသည်။

Mizzima

Tuesday, June 24, 2014

JORDAN နိုင်ငံတွင်အလုပ်လုပ်ကိုင်နေသောမြန်မာအမျိုးသမီး တစ်ဦးအဓမ္မပြုကျင့်ခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ခံရ

Posted by drmyochit Tuesday, June 24, 2014, under | 1 comment

မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ ရှားပါးတော့ မြန်မာ အမျိုးကောင်းသမီးလေးတွေအများစုဟာ ပြည်ပ နိုင်ငံတွေမှာ အလုပ်အ ကိုင်တွေ ထွက်၍ လုပ်ကိုင်နေကြရပါတယ်
 ။ ဒီလို ပြည်ပ ထွက်ပြီ အလုပ်လုပ်နေကြတဲ့မြန်မာ့ အမျိုးသမီး တချို့ဟာ ရင်နာစရာအဖြစ်တွေနဲ့ ကြုံကြိုက်ခဲ့တာတွေကိုလဲ အားလုံးသိပါတယ်။

အခု ဖြစ်ရပ်ကလဲ ပြည်ပနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာ အမျိုးသမီးတစ်ဦးရဲ့ ရင်နာစရာဖြစ်ရပ်ပါ ဒီသတင်းကို အများသိဖို့ လိုအပ်လို့ ဒီနေရာ ထပ်ပြီတောင်းဆိုပါရစေ ..အများသိအောင် SHARE ပေးကြပါ။
ဂျော်ဒန်နိုင်ငံဆိုတာ မွတ်စလင်နိုင်ငံဖြစ်ပါတယ်။

အခု ဖြစ်ရပ်က ၁၈ ...၆ နေ့က ဖြစ်တာပါ ။ဖြစ်ပုံက အဲ့နေမှာ အရေးတကြီး ပိုက်ဆံလိုအပ်မှုကြောင့် အလုပ်မှ အဆောင်ကို အဌားကားစီးပြီပြန်သွားပါတယ်။ အဲ့လို အဌားကားစီးပြီ ပြန်အသွားမှာ အဌားကား သမားက ရောက်အောင်လိုက်မပို့ပဲ နောက်ထပ် လူတစ်ယောက်ဆီကို လွဲခဲ့တယ်လို သိပါတယ်။
မလည်မ၀ယ် ရိုးအ တဲ့ မြန်မာအမျိုးသမီးကို jordan နိုင်ငံသား အလွဲခံခဲ့ရတဲ့ လူယုတ်မာမှ ဆိုင်ကယ်ဖြင့် တက်ဆောင်သွားပြီ အဓမ္မအကြိမ်ကြိမ် ပြုကျင့်ခဲ့ပါတယ်။

ပြုကျင့်ပြီ လူယုတ်မာက မြန်မာအမျိုးသမီးကို ထားပစ်ခဲ့ပြီထွက်သွားပါတယ်။မြန်မာအမျိုးသမီးဟာ စုတ်ပြတ်ပေရေပြီ အလုပ်ရှိရာ အားယူလာခဲ့ပါတယ်။

အဲ့ဒီ အလုပ်မှာ ရှိတဲ့ မြန်မာတွေ ချက်ချင်း မသိကြပါဘူးနောက် တစ်ယောက်စ ပြောရင် အကုန်သိကုန်ပါတယ်။ဘယ်လို လုပ်ကြမယ်ဆိုတာကို မြန်မာ အများစုက မသိပါဘူး အဲ့ဒီ နိုင်ငံမှာ မြန်မာတွေ အတွက်ကာကွယ်ပေးမယ့် ဘာအဖွဲ့ အစည်းမှ မရှိပါဘူး။

မြန်မာ အလုပ်သမားတွေအုပ်ချုပ်တဲ့သူက မြန်မာနိုင်ငံသူရှမ်းတရုတ်မ တစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ တောမြို့တွေက အလုပ်သမားတွေကို ခေါ်ယူပေးပြီ စီးပွားရှာနေတဲ့ သူပါ။

အဓမ္မအပြုကျင့်ခံရတော့ မြန်မာအလုပ်သမားအရေးကိုဆောင်ရွှက်ပေးနေတဲ့ စေတနာရှင်ဂျော်ဒန်နိုင်ငံသူ ရှေ့နေမ တစ်ယောက်မှ အမှုဖွင့်ဖို့ပြောပါတယ်။ အဲ့ဒါကို ဘာအကြောင်းမှ မပြန်သေးပဲ မြန်မာတွေအုပ်ချုပ်တဲ့ ရှမ်းတရုတ်မ နဲ့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး နှစ်ယောက်ထဲတွေ့ဆုံစကားပြောပါတယ် ။

 ပြောပြီတော့ဂျော်ဒန်နိုင်ငံသူရှေ့နေကို အကြောင်းပြန်ပါတယ် ဘာအမှုမှ မဖွင့်တော့ဘူးဆိုပြီ ပြောလိုက်ကြပါတယ် ..နိုင်ငံသူရှေ့နေမက အရမ်းစိတ်ဆိုးပြီ နင့်တို့ မြန်မာတွေ လူလိမ်တွေ နောက်ကို နင့်တို့ကို ဘာမှကူညီမပေးဘူးဆိုပြောသွားတယ်လို့ ပြောပါတယ်။

နောက်မှ သိရတာက ရှမ်းတရုတ်မက အပြုကျင့်ခံရတဲ့အမျိုးသမီးကို ...နင့် ဒီမှာဆက်လုပ်ချင်ရင် ငါ့စကား နားထောင် နားမထောင်ရင် နင့်ကို ပြန်ပို့မယ်ဆိုပြီ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။


အဲ့လို သိရတော့ မြန်မာ တွေက မခံနိုင်တော့ပဲ ဆန္ဒပြပြီအရေးဆိုဖို့ လုပ်ကြပါတယ်။ အဲ့ဒါကို သိသွားတဲ့ ရှမ်းတရုတ်မက အပြုကျင့်ခံရတဲ့ အမျိုးသမီးဆီထပ်သွားပြီဘာတွေပြောလိုက်တယ်မသိဘူး အပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ ချက်ချင်းပြန်မယ်ဆိုပြီဖြစ်သွားပါတယ်။

ဘာတွေ ခြိမ်းခြောက်ပြောဆိုလိုက်တယ်ဆိုတာကို အားလုံး ၀ိုင်မေးသော်လည် အမျိုးသမီးက လုံးဝ မပြောပြပါဘူး။

အဲ့ဒါကြောင့် ယခုလ (၁၈) ရက်နေ့မှာ ဖြစ်ပြီ ၁၉ ရက်နေ့ည ၉ နာရီမှာ အမျိုးသမီးကို ချက်ချင်းပြန်ပို့လိုက်ပါတယ်။

ဘာအရေးယူမှုမှ မလုပ်ပေး ဘာကာကွယ်မှုမှမရပဲ မြန်မာပြည်ကို ပြန်သွားရပါတယ်။
အရမ်းရင်နာစရာကောင်းပါတယ်။

အလာတူ ဖြစ်ရပ်မျိုးကို မကြာသေခင်ကလဲ ဖြစ်ခဲ့ပါတယ်ဘာအရေးယူမှုမှ မလုပ် ပဲ ပြန်ပို့ခဲ့ပါတယ်။
အဲ့ဒီလို ဘာအရေးယူမှုမှ မလုပ်ပေးတဲ့ အတွက် လူယုတ်မာတွေဟာ မြန်မာအမျိုးသမီးတွေကို ရဲရဲတင်းတင်း စော်ကားမှုတွေပြု လာနိုင်ပါတယ်။


ဖြစ်တဲ့ စက်ရုံရဲ့ လိပ်စာနဲ့ အတူ မြန်မာတွေပေါ့ ရက်စက်တဲ့ ရှမ်းတရုတ်မပုံရော အပြုကျင့်ခံရတဲ့ အမျိုးသမီးပုံပါ တင်ပေးလိုက်ပါတယ်...။

ဒီအကြောင်းကို သက်ဆိုင်ရာကိုရော မြန်မာနိုင်ငံသားတွေကိုပါ သိစေချင်ပါတယ်
ဒါကြောင့် ရှယ်ပေးကြပါ ခင်ဗျ။။

မိုးသက်အောင် မေးဖြင့် ပို့  ပေးပါသည်။


CENTURY MIRACLE LTD
JORDAN. P.O HOX 5
RAMTHA 21468
AL-HASSAN INDUSTRIAL
ESTATE
RANTHA - JORDAN.. .......

စိုးပြည့်မှူး

 ရွှေမြန်မာမီဒီယာ

Wednesday, June 18, 2014

ပြင်သစ်စစ်သုံး ရိုဘော့ယာဉ်ငယ်ကို အရပ်သုံးစာချုပ်ဖြင့် မြန်မာသို့ရောင်းချ

Posted by drmyochit Wednesday, June 18, 2014, under | No comments

ပြင်သစ်စစ်သုံးယာဉ်ငယ် Nerva LG ကို စမ်းသပ်မောင်းနှင်နေသော တပ်ဖွဲ့ဝင်တစ်ဦး (Nexter ESSC)

စစ်သုံးပစ္စည်း ထုတ်လုပ်သော ပြင်သစ်အခြေစိုက် Nexter Robotics ကုမ္ပဏီက လူစီးမဟုတ်သည့် Nerva Mini (UGVs) ယာဉ် အသေးစား နှစ်စီးကို မြန်မာနိုင်ငံသို့ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပနေသည့် Eurosatory 2014 အခမ်းအနား၌ ယင်းကုမ္ပဏီက အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

လေးကီလိုဂရမ်ရှိသည့် နယ်ဗာ (Nerva) ရိုဘော့အသေးစား ယာဉ်ငယ်ကို မြန်မာနိုင်ငံတွင် စမ်းသပ်မည်ဖြစ်ပြီး စုစုပေါင်း ရိုဘော့ ၅၀ ခန့် လိုအပ်သည်ဟု ဆိုသည်။ ယင်းရိုဘော့ကို မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မှာယူခဲ့ကြောင်း သတင်းရရှိသည်။

စစ်သုံးအတွက် တီထွင်ထားသော်လည်း နယ်ဗာကို မြန်မာ နိုင်ငံအား အရပ်သုံးပစ္စည်းစာချုပ် နှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ပြင်သစ်အစိုးရ ပြည်ပပို့ကုန်ကော်မရှင်၏ တားဆီးပိတ်ပင်မှုမှ ကင်းလွတ်ရန်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံသို့ စစ်လက်နက်နည်းပညာ တင်ပို့ ရောင်းချသည်ဆိုသည့် သတ်မှတ်ချက်အတွင်း မကျရောက်ရန် electro-optic infrared (EOIR) sensor ကို အဆင့်နှိမ့်လိုက်သည်ဟု ဆိုသည်။ သို့ရာတွင် ယင်းစက်ကို ၂၄ နာရီ ဆက်လက်အသုံးပြုနိုင်ရန် ဘက်ထရီအား အပိုထည့်ထားကြောင်း သိရသည်။

နယ်ဗာကို စစ်သုံးလိုအပ်ချက် ပြည့်မီအောင် တီထွင်ထားခြင်းဖြစ်ပြီး ရာသီတိုင်း၊ လမ်းတိုင်းတွင် အသုံးပြုနိုင်ပြီး ခိုင်ခံ့ကာ ကျောပိုးအိတ်တွင်ထည့်၍ သယ်ယူနိုင်သောပုံစံ တီထွင်ထားသည်ဟု သိရသည်။

နက်စ်တာ ရိုဘော့တစ်ကိုဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အား ၁၀ စီး ရောင်းချပေးရန် ညှိနှိုင်းနေသည်ဟု ကုမ္ပဏီဒါရိုက်တာ ဂျိုးမော်ရီလွန်က IHS Jane's Defense သို့ ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်က ပါရီမြို့တွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် Eurosatory ပြပွဲတွင် နယ်ဗာအတွက် ပထမဆုံးစာချုပ် ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းစက်ကို ပြင်သစ်စစ်တပ်တွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုမှုအတွက် အားလုံးက ကျေနပ်အားရဖြစ်ကြကြောင်း မစ္စတာ မော်ရီလွန်က ပြောဆိုသည်။ ပြင်သစ်အထူးတပ်က နယ်ဗာတွင် တပ်ဆင်နိုင်သည့် သေစေနိုင်သော လက်နက်မဟုတ်သည့် ပစ္စည်းဖြင့် မကြာမီစမ်းသပ်မည်ဟု သိရသည်။

နယ်ဗာကို Sensor အမျိုးမျိုး တပ်ဆင်အသုံးပြုနိုင်ရာတွင် နေ့သုံး EOIR ကင်မရာနှင့် ပေါက်ကွဲစေသည့် ပစ္စည်းကို ဖယ်ရှားနိုင်သည့် စနစ်ကိုလည်း တပ်ဆင်အသုံးပြုနိုင်သည်ဟု ဆိုသည်။

နယ်ဗာကို စစ်တပ်အသုံးပြု ရန် လက်နက်တပ်ဆင်အသုံးပြု နိုင်သလို ယင်းယာဉ် ရွေ့လျားနေချိန်တွင် တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်သည်ဟု နက်စ်တာဝက်ဘ် စာမျက်နှာတွင် ဖော်ပြထားသည်။

—Ref: IHS Jane's Defense Weekly, Nexter Robotics
7 Day

Tuesday, June 17, 2014

အထောက်အထားရှိ မြန်မာအလုပ်သမားများ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်

Posted by drmyochit Tuesday, June 17, 2014, under | No comments


ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပတ်စပို့ စာအုပ်နဲ့ work permit စတဲ့ အထောက်အထားတွေ ပြည့်စုံစွာ ရှိပါလျက် ဖမ်းဆီးခံရပါက အကြောင်းကြားနိုင်ကြောင်း အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံအစိုးရ ရဲ့ နိုင်ငံရေး အရ ဖြစ်ပေါ် ပြောင်း လဲနေတဲ့ အကြောင်း အမျိုး မျိုးကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးနေတဲ့အပေါ် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

“ကျနော်တို့က မြန်မာသံအမတ်ကြီးက ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့တဲ့အခါမှာ အထောက်အထား ပြည့်စုံတာတွေကို ဖမ်းဆီးခြင်းမပြုလုပ်ဖို့ ကန့်ကွက်တဲ့အနေအထားမျိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိပါတယ်။ ထိုင်းစစ်တပ်ဘက်ကလည်း အထောက်အထားပြည့်စုံရင် မဖမ်းဘူးဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့က အခုလို ထုတ်ပြန်တာ။ တကယ်လို့ ရှိခဲ့ရင်၊ ကျနော်တို့နဲ့လည်း နီးစပ်မယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် ဆင်းလာပြီး ဆောင်ရွက်ပေးပါ့မယ်။”

ရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ ဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၀၈၆ ၇၇၇ ၆၈၂၅

၀၈၃ ၉ ၈၁ ၂၁၇၅

၀၉ ၁ ၅၃၇ ၀၀၁၈

၀၈၃ ၅၄၄ ၆၄၄၂

ဒီဗွီဘီ

Thursday, June 12, 2014

အမျိုးသမီး အကြမ်းဖက်မှုနဲ့ မြန်မာပြည်

Posted by drmyochit Thursday, June 12, 2014, under | No comments

လန်ဒန်မြို့မှာ စစ်ပွဲဒေသ အတွင်း အမျိုးသမီး တွေ အပေါ် လိင်ပိုင်း ဆိုင်ရာ မတရား ကျူးလွန်မှု ရပ်တန့်ရေး ထိပ်သီး ညီလာခံကြီး ကျင်းပ နေပါတယ်။

ဒီညီလာခံမှာ ကုလသမဂ္ဂ အထူးသံတမန် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီက ကျူးလွန် ခံရသူတွေ အရှက် ရစရာ မဟုတ်ဘူး၊ မတရား ကျူးလွန်သူ တွေကသာ သိက္ခာမဲ့ အရှက်ရ ရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ မတရား ပြုကျင့်ခံရတဲ့ အမျိုးသမီး တွေဟာ သူတို့ အဖြစ်ကို မတိုင်ကြားရဲ လူသိအောင် ထုတ်မပြောရဲတဲ့ အခြေ အနေ အများကြီး ရှိနေတဲ့ အတွက် အထူး သဖြင့် အာဏာရှိသူတွေ ဘက်က ကျူးလွန် တာကို အမျိုးသမီးတွေ တိုင်ရဲလာဖို့ လိုတယ်လို့ ညီလာခံ တက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် က အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က ပြောပါတယ်။

စစ်ဖြစ်နေတဲ့ ဒေသ တွေက အစိုးရ တပ်တွေရဲ့ ကျူးလွန် စော်ကားမှု တွေကို တိုင်ကြားသူ တွေကို ခြိမ်းခြောက် အန္တရာယ် ပေးတာတွေ ရှိခဲ့တဲ့ အတွက် ဒါတွေကို အစိုးရ တရားရေး မဏ္ဍဍိုင် က တည့်မတ် ဟန့်တား ကာကွယ် ပေးသွား ရမယ်လို့ ပြောကြား ခဲ့ပါတယ်။

ပါးစပ်က ကတိခံ တာမျိုးထက် ပိုတဲ့ လက်တွေ့ ပြုပြင်ရေး တွေ လုပ်ဖို့ လိုအပ် နေပြီလို့လဲ ပြောကြား သွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Monday, February 17, 2014

“လူကုန်ကူးခံသည့် မြန်မာ၎ဦးအား MAT အဖွဲ့ကယ်တင်”

Posted by drmyochit Monday, February 17, 2014, under | No comments



ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာတွင်ရှိသော ခြုံဘူရီခရိုင် အချောင်ငါးဖမ်းလှေ ဆိပ်တွင် ၈လကြာရောင်း စားခံခဲ့ရသည့် မြန်မာ၎ဦးအား MAT အဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့က ကယ်တင်နိုင်ခဲ့ သည်။

အချောင်ငါးဖမ်းလှေဆိပ် ဝေတာစင် တံတား၊ ငါးမန်းလှေအမှတ် (၅)ပေါ်တွင် ၈လကြာ ရောင်းစားခံနေ ခဲ့ရာမှ လွတ်မြောက်ာသူများမှာ တနင်္သာရီတိုင်း ရေးမြို့မှ အသက်၁၅နှစ်အရွယ် ကရင်လူငယ် အယ်မိုင်မိုင်၊ အသက် ၁၇ နှစ်အရွယ် မောင်မွန်ချမ်း နှင့် အသက် ၆၀ အရွယ် ဦးသံလုံး တို့နှင့် မော်လမြိုင်မြို့မှ အသက် ၁၅ နှစ်အရွယ် ကျော်ဝင်းထွန်း တို့ဖြစ်ကြသည်။ မော်လမြိုင်မြို့မှ အသက် ၁၇ နှစ်အရွယ် အောင်ကိုမင်း ကိုမူ ပိုက်ဆရာများ ရှောင်တစ်ခင် ဖျောက်ဖျက်နိုင် ခဲ့မှုကြောင့် မကယ်ထုတ်နိုင်ခဲ့ပေ။

ယမန်နေ့ညနေ ၅နာရီခန့်က ဘန်ကောက်မြို့ဖက်ခနုန် အရပ်မှ မသဲငယ် ဆိုသည့် အမျိုးသမီးက ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သို့ အကူညီတောင်းခံ ခဲ့သည်။ MAT အဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်နေကြသည့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး ထောက်လှမ်းရေးတပ်ဖွဲ့ DSI, ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED ဒါရိုက်တာ ဦးထူးချစ် တို့နှင့်တိုင်ပင်လျှင် အချိန်မီစီစဉ်ပြင်ဆင်ခဲ့ကြသည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “ထိုင်းမှာ လူကုန်ကူးမှုက လျှော့မသွားပါဘူး။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းက ထိုင်းနဲ့မြန်မာအစိုးရနဲ့ ကျနော်တို့ ပူးပေါင်း လုပ်ကိုင်မှ လုပ်လို့ရတဲ့အလုပ်ဖြစ် ပါတယ်။ နှစ်နိုင်ငံအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ဒီမူအတိုင်း လုပ်နေကြလို့ကတော့ ဒီထက်မက အခြေအနေဆိုးဝါးလာဖို့ပဲရှိပါတယ်၊ ထိုင်းငါးဖမ်းလှေတိုင်းမှာ ကျနော်တို့ မြန်မာအလုပ်သမားတွေ ရောင်း စားခံနေရတာပါ။

ဗမာတွေအတွက်တော့ ကျနော်တို့အလွန်ပဲစိတ်ထိခိုက်ရပါတယ်။ မြန်မာတွေ လူကုန်ကူး ခံနေရမှု ဟာစိုး ရိမ်မှတ် မှာရှိနေပါတယ်၊ အခြေအနေဆိုးနေပါတယ်” ဟုပြောသည်။

MAT အဖွဲ့သည် ဇန်န၀ါရီလ ၁၀ ရက်နေ့က အဆိုပါ လှေဆိပ်မှ မြန်မာနှစ်ဦးအား ကယ်တင်ခဲ့ပြီး ယမန်နေ့ က မြ၀တီလူကုန်တားအဖွဲ့သို့ လွှဲအပ်နိုင်ခဲ့သည်။ MAT အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၃ နှစ်က လူကုန် ကူး မှုပေါင်း ၄၁ကြိမ် နှိမ်နင်းခဲ့ရာ အလုပ်သမားပေါင်း ၂၆၁ ဦးတို့အား ကယ်ထုတ်နိုင်ခဲ့သည်။ ကယ်ဆယ်ရေး စခန်းများ ထဲတွင် အမှုရင်ဆိုင်နေရသည့် လူကုန်ကူးခံအလုပ်သမားပေါင်းဆယ်ချီ၍လည်း ရှိနေ ဆဲဖြစ်ကြောင်း သိရှိရသည်။

ကိုတီ
၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၈
ဗမာပြည်ဖွား ညီနောင်များ

Tuesday, February 11, 2014

မလေးရှားတွင် ရခိုင်ခေါင်းဆောင်များကိုလုပ်ကြံသူသည် အစ္စလာမ္မစ် အကြမ်းဖက်ဝါဒီအဖွဲ့ ဖြစ်လောက် သည်ဟု ဦးအေးသာအောင်ပြော

Posted by drmyochit Tuesday, February 11, 2014, under | No comments

[ မင်းအောင်ခိုင် ၊ ရန်ကုန် ]

ရခိုင်တိုင်းရင်း သားခေါင်းဆောင်များကို သေနတ်နှင့် ပစ် ခတ်လုပ်ကြံမှုကြီးတစ်ခု မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့ခြင်းတွင် လုပ်ကြံသူများသည် မြန်မာ စကားပြောပြီး မြန်မာနိုင်ငံမှ ၀င်ရောက်လာ သော အကြမ်းဖက်သမားများဖြစ်ကြောင်း လုပ်ကြံခံရသူများက ပြောသည်။
မလေးရှားနိုင်ငံမှ လုပ်ကြံခံရကာ အသက်မသေဘဲ မိမိတို့နိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော အဆိုပါ ရခိုင်တိုင်းရင်း သားခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန် မြို့ ရခိုင်ဓမ္မာရုံ၌ အဆိုပါဖြစ်စဉ်နှင့်ပတ် သက်ပြီး အထက်ပါအတိုင်း သတင်းစာရှင်း လင်းပွဲပြုလုပ်ကာ ပြောကြားခဲ့ခြင်းဖြစ်သည်။

““ပစ်တာကတော့ သုံးချက်တိတိ လိုက်ပစ်တယ်။ ဆိုင်ကယ်နဲ့ ရှေ့ကလူက မောင်းပြီး နောက်ကလူက သေနတ်ပစ်တာ။ “ပစ်” “ပစ်”ဆိုပြီး အော်ပြောသံကို ကြားလိုက် တယ်။ ဗမာစကားမပီဘူး၊၊ မုတ်ဆိတ်မွှေး ရှည်ရှည်နဲ့”ဟု လုပ်ကြံမှုကိုခံခဲ့ရသူ ဦးလှ မြင့်က ဆိုသည်။ ရခိုင်တိုင်းရင်းသားခေါင်းဆောင် များဖြစ်ကြသော ဦးအေးသာအောင်နှင့်ဒေါက်တာအေးမောင်တို့ ဦးဆောင်သော အဖွဲ့ဝင် ခြောက်ဦးသည် မလေးရှားနိုင်ငံ လုံးဆိုင်ရာ ရခိုင်လူမှုအဖွဲ့အစည်း၏ ဖိတ် ကြားချက်ဖြင့် ဇန်န၀ါရီ ၃၁ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် မိမိတို့ နိုင်ငံသားများအနေဖြင့် မည်သည့်နိုင်ငံ၊မည်သည့်နယ်နိမိတ်တွင် နေထိုင်စေကာမူ ထိုနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် တည်ဆဲဥပ ဒေများကို လေးစားလိုက်နာကြရန်နှင့် ၂၀၁၅ ခုနှစ်တွင်ဖြစ်လာမည့် ရခိုင်ပြည်နယ် အစိုး ရအဖွဲ့၏ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် တတ် နိုင်သည့်ဘက်က ပူးပေါင်းပါဝင်လုပ်ဆောင် ကြရန်အတွက် သွားရောက်တွေ့ဆုံခြင်းဖြစ် ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအေးမောင်က ဆိုသည်။

ယင်းသို့ မိမိတို့လူမျိုးများနှင့်တွေ့ ဆုံခဲ့ပြီး ခရီးစဉ် ၆ ရက်မြောက်နေ့ ဖေဖော် ၀ါရီ ၅ ရက် မလေးရှားနိုင်ငံ၏ ဒေသစံ တော်ချိန် ည၁၀နာရီအချိန်ခန့်တွင် ယင်းနိုင်ငံ ကွာလာလမ်ပူမြို့ လောယတ်လ် ဈေးဝယ် စင်တာမှဈေးဝယ်ပြီး၊ ကားနှစ်စီးဖြင့် ထွက် ခွာလာခဲ့ကြရာ လမ်းချိုးအကွေ့ တစ်ခုအ ရောက်တွင် ကားကိုချိုးလိုက်သည်နှင့် တစ် ပြိုက်နက် ဆိုင်ကယ်ပေါ်မှနေပြီး ဒေါက်တာ အေးမောင်နှင့် ဦးအေးသာအောင်အပါအ၀င် ၅ ဦး စီးလာသောကားကို လုပ်ကြံကာ သေ နတ်နှင့်ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ကျည် သည် ကားမှန်ကို ထိုးဖောက်ရန်ရည်ရွယ် ၍ ပစ်ခတ်ခဲ့သော်လည်း ကား၏အကွေ့နှင့် ဆိုင်ကယ်ပေါ်မှနေပြီး ပစ်ခတ်ရသည့်အ တွက် ယင်းကျည်မှာ ကားမှန်အောက် ဘေး လိုင်နာကိုသာ ထိမှန်သွားခဲ့ကြောင်း၊ နောက် နှစ်ချက် ပစ်ခတ်ခဲ့သော်လည်း BMW ကား အမျိုးအစားဖြစ်သောကြောင့် ယင်း ကျည်နှစ်ချက်မှာလည်း ကားမှန်ကိုမဖောက် ဘဲ အောက်စိုက်ကာ ကားဘော်ဒီကို ထိုး ဖောက် ၀င်ရောက်သွားကြောင်း၊ ကျည်ဖူးစ တစ်ခုကို ကားပေါ်တွင် တွေ့ရှိရကြောင်း၊ ယင်းကျည်အမျိုးအစားကို ကြည့်ခြင်းအား ဖြင့် ၉ မမ ကျည်အမျိုးအစားတစ်ခုဟု မလေးရဲအဖွဲ့ကပြောကြောင်း လုပ်ကြံခံခဲ့ ရသူများက ပြောသည်။

““သေချာမပြောနိုင်တာကလွဲရင် အချက်အလက်အားလုံးကို ခြုံငုံသုံးသပ် လိုက်ရင် အစ္စလာမ္မစ် အကြမ်းဖက်ဝါဒီအဖွဲ့ ဆိုတာလောက်တော့ ပြောလို့ရတယ်””ဟု ဦးအေးသာအောင်က ပြောသည်။

Yangon Media Group 

Friday, January 24, 2014

ဒူချီရာတန်း ပဋိပက္ခမှာ သေဆုံးသူ ၄၀ ထက်မနည်း ရှိတယ်လို့ ဆို

Posted by drmyochit Friday, January 24, 2014, under | No comments

ပဋိပက္ခ ဖြစ်ခဲ့တဲ့နေရာဒေသတွေကို လူမှု
ကူညီ ကယ် ဆယ်ရေး အဖွဲ့တွေ ဝင်ခွင့်ပြုဖို့
ကုလသမဂ္ဂက မြန်မာ အစိုး ရကို တောင်းဆို
ရခိုင်ပြည်နယ် မောင်တော မြို့နယ်က ဒူချီရာတန်း ရွာမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ဖြစ်ပွားခဲ့တဲ့ ရဲနဲ့ ဒေသခံ ရွာသား တွေရဲ့ ပဋိပက္ခမှာ လူ ၄၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ ယုံကြည်ရတဲ့ ခိုင်မာတဲ့ သတင်းတွေရရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေးက ပြောလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ လူအသေအပျောက်တွေ ရှိခဲ့တာကို စိုးရိမ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်သင့်ကြောင်းလည်း သူက ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်း တခု ဖြစ်တဲ့ Fortify Rights အဖွဲ့ကလည်း အဲဒီ ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့ အကြောင်း ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ဒူချီရာတန်း ကျေးရွာမှာ ရဲနဲ့ ရွာခံတွေ ပြဿနာ ဖြစ်ခဲ့ရာက ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံး ခဲ့တဲ့နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာလို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အစိုးရဘက်ကတော့ ဒီလို သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတာကို အစောပိုင်း ကတည်းက အခိုင်အမာ ငြင်းဆို ထားပါတယ်။

အဲဒီ ဒူချီရာတန်း ကျေးရွာမှာ ရဲနဲ့ ရွာသားတွေ ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တုန်းက ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံး ခဲ့တာက လွဲလို့ လူအသေအပျောက် မရှိဘူးလို့ အစိုးရက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွာသား ၁၆ ဦးကို ခေါ်ယူ စစ်ဆေး နေကြောင်းကိုလည်း အစိုးရ သတင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ ပါဝင် ခဲ့တဲ့ ရွာသားတွေဟာ ( Rohingya Solidarity Organization ) RSO အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပတ်သက်မှုတွေ ရှိတယ်လို့လည်း အစိုးရဘက်က ထုတ်ပြန် ကြေညာခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်ကတော့ သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေတဲ့ ရွာသား အယောက် ၈၀ လောက်ရှိတဲ့ အကြောင်း ဘီဘီစီကို စောစောပိုင်းက ပြောခဲ့ပါတယ်။

အခုလို ရခိုင်ပြည်နယ် အတွင်းမှာ တိုက်ခိုက်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ကြာသပတေးနေ့က ကြေညာချက် တခု ထုတ်ပြန် ခဲ့ရာမှာ အဲဒီ အဖြစ်အပျက် တွေနဲ့ ပတ်သက်လို့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်သွားဖို့ နဲ့ အဲဒီ ဒေသတွေကိုလည်း လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေကို ဝင်ရောက် ခွင့် ပြုဖို့ မြန်မာအစိုးရကို တောင်းဆို လိုက်ပါတယ်။

From: BBC

Thursday, December 12, 2013

ဆီးဂိမ်းမကျင်းပမီ အစည်းအဝေး တစ်ခုတွင် မြန်မာက အိမ်ရှင်အဖြစ် နိုင်ငံတကာ အဆင့်မီ မလုပ်နိုင်ဟု ဆိုကာ အထင်သေးခဲ့ကြသော အာဆီယံဝန်ကြီးများ ယခုအခါ မြန်မာ၏ အဆင့်အတန်း မြင့်မားမှုကို ချီးကျူး၍ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံပေးရန် ကမ်းလှမ်း

Posted by drmyochit Thursday, December 12, 2013, under | 1 comment


စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များစွာရှိသဖြင့် ဝေဖန်ခံနေရသော ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ အိမ်ရှင်မြန်မာနိုင်ငံမှာ အာရှအဆင့် အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည့် အနေအထားရှိနေပြီဟု အာဆီယံနိုင်ငံများမှ အားကစားဝန်ကြီးများက မှတ်ချက်ပြုခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။

SEA Games ပြိုင်ပွဲကျင်းပရန် တည်ဆောက်ထားသည့် အားကစားကွင်း၊ အားကစားရုံများမှာ နိုင်ငံတကာ အဆင့်ရှိပြီး အာရှအဆင့် ပြိုင်ပွဲများပင် လက်ခံကျင်းပနိုင်ပြီ ဖြစ်ရာ ယင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် ကမ်းလှမ်းမှုများရှိကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်း သည် နိုင်ငံဂုဏ်ကို မြင့်တက်စေကြောင်း၊ SEA Games ပြိုင်ပွဲ မကျင်းပမီ အစောပိုင်းကာလက ပြိုင်ပွဲဝင် နိုင်ငံများ၏ အားကစားဝန်ကြီးများအဆင့် တွေ့ဆုံပွဲတွင် အာဆီယံ နိုင်ငံများက အထင်အမြင် သေးခဲ့ကြ သော်လည်း နောက်ဆုံးအကြိမ် တွေ့ဆုံပွဲတွင်မူ ၎င်းတို့၏ သဘောထား ပြောင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 မြားပစ်အားကစားနည်းတွင်ကမ္ဘာ့အဆင့်ရှိသည့် တောင်ကိုရီးယား နိုင်ငံသည်ပင်  မြန်မာနိုင်ငံ၏ မြားပစ် ကွင်းကို အံ့သြခဲ့ရပြီး ကမ္ဘာ့မြားပစ်ပြိုင်ပွဲ ကျင်းပရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲကျင်းပနိုင်ရန် ညှိနှိုင်းမှု များ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။ ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရန် ဝဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားရုံများကို နေပြည်တော်တွင် အသစ်တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။

By The Voice

Thursday, December 05, 2013

မြန်မာ ဖိလစ်ပိုင် သဘောတူညီချက်အချို့ လက်မှတ်ထိုး

Posted by drmyochit Thursday, December 05, 2013, under | No comments

မနီလာမြို့က သမ္မတ အိမ်တော်မှာ တွေ့
ဆုံစဉ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိလစ်ပိုင် ခရီးစဉ် ဒုတိယနေ့မှာ မြန်မာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေး ဆိုင်ရာ သဘော တူညီချက် နှစ်ခု လက်မှတ် ရေးထိုးခဲ့တယ်လို့ ဖိလစ်ပိုင် သမ္မတရုံး ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

သူ့ ခရီးစဉ် အတွင်း ဖိလစ်ပိုင် နိုင်ငံသားတွေ ဗီဇာ မလိုဘဲ မြန်မာ နိုင်ငံကို သွားရောက်နိုင်ခွင့် အပါအဝင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ စိုက်ပျိုးရေးနဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ထိုးဖို့လည်း ရှိပါတယ်။

နှစ်ပေါင်း ၂၀ နီးပါး ပြည်ပရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ခံခဲ့ရတဲ့ မြန်မာ နိုင်ငံဟာ ကျန်တဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ အမီ လိုက်နိုင်စေဖို့ ရင်းနှီး မြှုပ်နှံမှုတွေ ပိုလာကြဖို့နဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးကြဖို့ကိုလည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့ တယ်လို့ အေပီ သတင်းမှာ ဖော်ပြထားပါတယ်။

From: BBC

Friday, November 01, 2013

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

Posted by drmyochit Friday, November 01, 2013, under | No comments

Miss International Queen ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာမှ လိင်ပြောင်းသူ သညာမောင် ကိုတွေ့ရစဉ်။ Photo - EPA

ပတ္တရား ၊ အောက်တိုဘာ ၃၁


နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်း သူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ ၂၀၀၄ခုနှစ်ကစခဲ့သော ယင်းကဲ့သို့ပြိုင် ပွဲမှာ ကိုးကြိမ် မြောက်ဖြစ်ကြောင်း စီစဉ်သူများ က ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲသို့ဝင်ရောက်လာ သည်။

''လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းကဆိုရင် ကျွန်မယှဉ်ပြိုင်ရဲ မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရှိနေ ပြီဆိုတော့ ပြိုင်ပွဲဝင်ရတာ စိတ်ထဲ မှာ လွတ်လွတ်လပ်လပ်ရှိပါတယ်'' ဟု အသက်၂၈နှစ် အရွယ် ရှိ သ ညာမောင်က ပြောကြား ခဲ့သည်။

သူမသည် Ramkham haeng University တွင် ပညာ သင်ကြားနေသူဖြစ်သည်။ ''ဆုကြေးက ဘတ်သုံးသိန်း၊ ရတနာအစစ်တွေနဲ့ လုပ်ထား တဲ့သရဖူတစ်ခု၊ နောက်ပြီးတော့ ဘန်ကောက်မှာရှိတဲ့ ကျော်ကြား တဲ့ ပလတ်စတစ်ဆာဂျရီဆေးခန်း မှာ အခမဲ့ ခွဲစိတ်ကုသမှုခွင့်တို့ဖြစ် ပါတယ်''ဟု ပတ္တရားရှိသက်တမ်း အရင့်ဆုံး လိင်ပြောင်းသူ ကလပ်Tiffany's ၏ ယာယီမန်နေဂျာ နှင့် ပြိုင်ပွဲစီစဉ်သူအရီဆာဖန်သူ ဆက်က ပြောကြားခဲ့သည်။

Tiffany's ပြပွဲကို မစ္စအရီ ဆာ၏ဖခင်နှင့် စီးပွား ရေး ပါတနာတစ်ဦးက လွန်ခဲ့သည့်နှစ်၄၀ ကတည်းက စတင်ခဲ့သည်။ ရည် ရွယ်ချက်မှာ ပတ္တရားကမ်းခြေအ ပန်းဖြေစခန်းကို ဆန်းစစ်သည့် ဖျော်ဖြေမှုပုံစံဖြင့် ပံ့ပိုးရန်ဖြစ်ပြီး လိင်ပြောင်း သူများကို တရားဝင် အလုပ် အကိုင် အခွင့် အလမ်း ပေး ရန်လည်း ဖြစ်ကြောင်း သိရသည်။

Yangon Media Group

Monday, October 28, 2013

နယူးဒေလီတွင် မြန်မာနိုင်ငံသား ဒုက္ခသည် တစ်သောင်းကျော် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေ

Posted by drmyochit Monday, October 28, 2013, under | No comments


ရန်ကုန် ၊ အောက်တိုဘာ ၂၇

အိန္ဒိ ယနိုင်ငံ နယူးဒေလီမြို့တွင် မြန်မာ နိုင်ငံသား ဒုက္ခသည် တစ်သောင်း ကျော်ခန့် စားဝတ်နေရေး အခက် အခဲ များ ကြုံတွေ့နေရကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် Pann Nu ဖောင်ဒေးရှင်း ၏ အကြံပေး  Ko Kim ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။ ''အဓိက က မြန်မာနိုင်ငံက လာတဲ့ ဒုက္ခသည် အများစု က ပညာ မတတ်ကြဘူး။ လက်မှုပညာလဲ မတတ်တော့ အလုပ်ရုံတွေမှာ အလုပ်လုပ် တဲ့အ ခါမှာ အနည်း ဆုံး လစာဖြစ် တဲ့ ရူပီး ၃ဝဝဝပဲရ တယ်။ အများဆုံးက ၄၅ဝဝ ပေါ့။ အိမ်ငှားခက ၂၅၀၀ အနည်း ဆုံး ပေးရတယ်ဆိုတော့ စားဝတ်နေ ရေးအတွက် ခက်ခဲလာကြတာပါ။ စားဝတ်နေ ရေးခက်ခဲ လာတော့ ညဈေးတွေ မှာ ဟင်းသီးဟင်းရွက် အကြွင်း အကျန် တွေ ကိုလိုက်ရှာပြီး စား သောက် နေကြ ရတာ တွေ တောင် ရှိနေပါပြီ''ဟု ပြောသည်။

ချင်းပြည်နယ် နှင့် ကဘော် ချိုင့်ဝှမ်း ဒေသမှပြည်သူများ ၁၉၈၈ ခုနှစ်မှစပြီး စားဝတ်နေရေးခက် ခဲလာ မှုကြောင့် အိန္ဒိယနိုင်ငံသို့ သွားရောက်ခုံလှုံမှုများ များပြား လာကြောင်း ဒေသခံများပြော ကြားချက်အရ သိရ သည်။ ထန်တလန်မြို့မှ မကင်းပီး က ''၁၉၈၈ကစပြီး ကျွန်မတို့ချင်း ပြည်နယ်က လူငယ်အများစုက ဒေလီကို သွားပြီး အလုပ်လုပ်လာ တာများလာပါတယ်။ အဓိကက တော့ ချင်းပြည်နယ်မှာ စားဝတ် နေရေး တော်တော်ခက် ခဲလာကြ တဲ့အတွက်ပါပဲ''ဟု ပြောသည်။

Pann Nu  ဖောင်ဒေးရှင်း သည် အောက်တိုဘာ၁၄ရက်တွင် လည်း နယူးဒေလီတွင်ခိုလှုံနေကြ ရသော ချင်း အမျိုး သမီးများ၏ ဘဝဒုက္ခအခြေအနေများကို တင် ပြထားသော အစီရင်ခံစာတစ် စောင်ကို နယူးဒေလီ တွင်ဖြန့်ဝေ ခဲ့ကြောင်း သိရ သည်။ ''ဒုက္ခသည် တွေ ထဲမှာ အမျိုး သမီးတွေက ပိုပြီးလူ့ အခွင့် အရေး ချိုးဖောက်ခံရတာများတယ်။ အ လုပ်ခွင်တွေမှာရော၊ နေအိမ်တွေ မှာရော လိင်ပိုင်းဆိုင်ရာ စော် ကားမှုတွေ ရှိ လာတယ်။ ဒီလိုလူ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကို UN  နဲ့ နိုင်ငံ တကာက သိပြီး ကာကွယ် မှု များများလုပ်ပေးနိုင်ဖို့ ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ပါ''ဟု Ko Kim ကပြောသည်။

Pann Nu  ဖောင်ဒေးရှင်း အဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေ လီမြို့တွင် တရားဝင်မှတ်ပုံတင် ထားသည့် အဖွဲ့ဖြစ်ပြီး အိန္ဒိယအ ရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံ မှ အမျိုးသမီးများ၏အခွင့်အရေး ကာကွယ်ရေးနှင့် အမျိုးသမီးဖွံ့ ဖြိုးရေး လုပ်ငန်း များ ကို တက်ကြွ စွာလုပ်ဆောင်နေသည့် အဖွဲ့အ စည်းတစ်ခုဖြစ်သည်။

ငယ်ထွေး (ကလေး)
Yangon Media Gruop

Saturday, October 26, 2013

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်

Posted by drmyochit Saturday, October 26, 2013, under | 2 comments


ရန်ကုန် ၊ အောက်တိုဘာ ၂၅

မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ မလေးရှား ၌ အောက်တိုဘာ ၁၈ရက်က တိုက်ခိုက်ခံရပြီး ဒဏ် ရာရကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက်အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာနိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသမီး အမည်မှာ မဝေမာလင်းဖြစ်ပြီး အောက်တို ဘာ၁၈ရက်က ၎င်း၏အမျိုးသား နှင့်အတူ အလုပ်မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မလေး ရှားနိုင်ငံရှိ အမ်းဘန်းမြို့ဆေးရုံ ၌ ဆေးကုသခံနေရသည်။ အဆိုပါအမျိုးသမီးနှင့်ပတ် သက်၍ သီတဂူအထောက်အကူ ပြုအဖွဲ့မှ ဦးအောင်မြင့်က ''အခု ပြန်လာတဲ့သူတွေကို သွားကြိုရင်း ဓားခုတ်ခံရတဲ့ ကောင်မလေးတက် နေတဲ့ ဆေးရုံကို သွားကြည့်ဖြစ် တယ်။ ယောက်ျားဖြစ်သူကပြန် လာဖို့ အခက်အခဲရှိတယ်လို့ပြော တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ဘက်က လေယာဉ်စီးလို့ ရမယ့်အနေအထားရတာနဲ့ မြန်မာ နိုင်ငံ ပြန်ခေါ်လာလို့ရအောင် ကူ ညီပေးမှာဖြစ်တယ်''ဟု ပြောသည်။

ယင်းကဆက်လက်၍ အ ဆိုပါအမျိုးသမီး၏ အခြေအနေ စိုးရိမ်ရဖွယ်ရှိကြောင်း၊ ပြင်းထန် စွာ တိုက်ခိုက်ခံရသည့်အတွက် လက်နှစ်ဖက်နှင့်ဦးခေါင်းမှာ ဓား ဒဏ်ရာရရှိပြီး လက်တစ်ဖက်မှာ ပြန်ဆက်၍ရကြောင်း၊ ဆေးဝါး ကုသရန် လိုအပ် နေပြီး လေယာဉ် စီးနိုင်သည့်အနေအထားကို ရောက် ရှိပါက မြန်မာနိုင်ငံတွင် ပြန်လည် ကုသနိုင်ရန် ကူညီမည်ဖြစ်ကြောင်း ထပ်မံပြောသည်။

သီတဂူအထောက်အကူပြု အဖွဲ့မှ ဦးပီဂျေစန်းမောင်က ''ဆရာ တော်က မလေးရှားမှာ ဒုက္ခရောက် နေသူတွေကို ကူညီပေးချင်နေ တာဖြစ်တယ်။ အခုလဲ မလေးက ကမ့်ထဲမှာရှိတဲ့ မြန်မာတွေထဲက ပြန်လာချင်တဲ့သူတွေ မလေးရှား လူဝင်မှုကြီး ကြပ်ရေး ကို ပေးဆောင် ရမှာတွေကို ရရှိထားတဲ့အလှူငွေ တွေထဲကနေ ဆက်လက်ကူညီ ပေးဖို့ရှိပါတယ်''ဟုပြောသည်။

မဝေမာလင်းမှာ ပါးနှစ်ဖက် တွင် ဓားဒဏ်ရာရရှိသောကြောင့် မေးရိုးအစားထိုးရမည်ဖြစ်ပြီး ဆေး ကုသစရိတ် ရင်းဂစ်၎ဝဝဝခန့် ကုန် ကျရန် အလှူငွေလိုအပ်နေပြီး ဓားဖြင့်ခုတ်ရန်စေခိုင်းသူ အမျိုး သမီးနှင့် ဓားဖြင့်ခုတ်သူ သုံးဦးကို မလေးရှား နိုင်ငံ အမ်းဘန်းမြို့ရဲ တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာများ၏ ပြောပြချက်အရ သိရသည်။

စိုင်းဟန်
Yangon Media Group

Wednesday, October 23, 2013

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာ၌ရှိ

Posted by drmyochit Wednesday, October 23, 2013, under | No comments



အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာတွင် ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။

သဘာဝ ဘေးအန္တရာယ်ဟု သတ်မှတ်ထားချက်တွင် ရေကြီးမှုများ၊ မုန်တိုင်းဝင်ရောက်မှုများ၊ မီးလောင်မှု ဖြစ်စဉ်များနှင့် ငလျင်ဒဏ် ခံစားရမှုများ အဓိကပါဝင်ပြီး ယင်းအခြေအနေတွင် အရှေ့တောင်အာရှ နိုင်ငံများထဲမှ အင်ဒိုနီးရှားနိုင်ငံမှာ ပထမနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံမှာ ဒုတိယနေရာသို့ ရောက်ရှိနေ သည်။

"သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ကမ္ဘာနဲ့ ချီပြီးတော့ စာရင်းပြုစု ထားတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံ အင်ဒိုနီးရှားနောက်မှာ ဒုတိယနေရာ ရောက်ရှိနေ ပါတယ်"ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ကိုးနှစ်တာ ကာလအတွင်း သဘာဝ ဘေးအန္တရာယ် များကြောင့် သေဆုံးသူ ၁၄၀၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း၊ ၂၀၁၂- ၂၀၁၃ ခုနှစ်တွင်လည်း သဘာဝ ဘေးအန္တ ရာယ် ၄၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးသင့်သူ ၂၃၁၄၅၈၄ ဦး ရှိခဲ့သည်။

ယင်းအတွက် မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေတွင် ပါရှိချက်အရ ဘေးအန္တရာယ် အများဆုံး ခံစားရသည့် ကလေးသူငယ်၊ သက်ကြီး ရွယ်အို၊ မသန်စွမ်းသူနှင့် အမျိုးသမီးများကို ဦးစားပေး ကူညီစောင့်ရှောက်သွားရမည်ဟု ထည့်သွင်း ထားကြောင်း သိရသည်။ ယင်းအပြင် ကြိုတင်ခန့်မှန်းနိုင်သော သဘာဝ ဘေးအန္တရာယ်များတွင်
ဒေသခံအစိုး ရမှာ စီမံတုံ့ပြန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကြီးမားသော သဘာဝ ဘေးအန္တရာယ်များ အတွက် နိုင်ငံတော်အဆင့်မှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနမှ သိရ သည်။

"အဓိကဖြစ်လာတဲ့ သဘာဝဘေး အန္တရာယ်ပေါ်မှာမူတည်ပြီး ဒေသခံအစိုးရနဲ့နို င်ငံတော် အဆင့်က လုပ်ဆောင် မှုတွေ ပြုလုပ်သွားမှာပါ။ ရခိုင်မှာဖြစ်မယ့် အနေအထား သဘာဝ ဘေးအန္တရာယ်ဆိုရင် နိုင်ငံတော် အဆင့်ခေါ်ပြီးဆွေးနွေးတယ်။ ပြီးတော့ ဒုတိယသမ္မတက သွားပြီး ဆောင်ရွက်တယ်။ ဒါပေမဲ့ အသေး အဖွဲ့ ဖြစ်စဉ်တွေဆိုရင် ဒေသခံ အစိုးရက ၀င်ဆောင်ရွက်တယ်" ဟု ဦးသန်းထွဋ်ဆွေက ဆိုသည်။

ယင်းအပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကို ချက်ချင်း ဖြေရှင်းနိုင် ရန်အတွက် မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် လေ့ကျင့် မှု အစီအစဉ်များ၊ သင်တန်းများ ပြုလုပ် ပူးပေါင်းလုပ်ဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း လူမှုဝန် ထမ်း ကယ်ဆယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

Friday, October 18, 2013

စင်ကာပူတွင် ရေပန်း စားနေသော မြန်မာအိမ်ဖော် သုံးသောင်းခန့် မည်သို့ ရောက်လာကြ မြန်မာအစိုးရ အလုပ်သမားဌာနက အိမ်ဖော် အဖြစ် တရားဝင် ခွင့်ပြုထားခြင်း မရှိဟုဆို

Posted by drmyochit Friday, October 18, 2013, under | No comments

စင်ကာပူတွင်ဒုက္ခရောက်နေသော နိုင်ငံခြားသား အိမ်ဖော်တစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ
ရန်ကုန် ၊ အောက်တိုဘာ ၁၇

တရားဝင်အိမ်အကူလုပ်ငန်းလုပ် ကိုင်ခွင့်ကို အစိုးရမှတရားဝင်သွား ရောက်ခွင့်မပြုသည့်အတွက် မြန်မာနိုင်ငံမှ အိမ်အကူလုပ်ကိုင်လိုသူ များသည် စင်ကာပူသို့ တရားမ ဝင်သွားရောက်လုပ်ကိုင်မှု ပိုမို များပြား လာကြောင်း အေဂျင်စီ အချို့၏ပြောကြားချက်အရ သိ ရသည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မှ အိမ်အကူစေလွှတ်မှုကို စတင် ပိတ်လိုက်ပြီးနောက် ကျန်ရှိသော နိုင်ငံများထဲတွင် မြန်မာနိုင်ငံ သည် အလုပ်အကြိုးစားနိုင်ဆုံးနှင့် အလုပ်ရှင် စိတ် ကျေနပ် မှုကို ပေး နိုင်သည့်အတွက် စင်ကာပူနိုင်ငံ က  ယင်းကဲ့သို့စိတ်ဝင်တစား ခေါ် ယူလိုမှုများလာခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူတွင် မြန်မာအိမ်အ ကူလုပ်သား ၂၇ဝဝဝကျော်ခန့် လုပ်ကိုင်နေကြောင်း သိရသည်။ ယခုအခါ အဆိုပါအိမ်အ ကူလုပ်ကိုင်ခွင့်ကိုရရှိရန်အတွက် လိုအပ်သည့်ခွင့်ပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနထံ တင် ပြထားသည့်အခါတွင် ခွင့်ပြုချက် ကျရန် အလွန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်ရသဖြင့် ယင်းကဲ့သို့တရား မဝင်သွားရောက်မှုမြင့်တက်လာ ရခြင်းဖြစ်သည်ဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လင်း ဟိုက်ပါဝါ ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီမှ ဒေါ်ပေါ်လင်း က ''သွားလုပ်မယ့်သူတွေက ချက် ချင်းသွားချင်ကြတယ်။

တရားဝင်သွားရောက်လုပ်ကိုင် ဖို့အတွက် ခွင့်ပြုမိန့်စောင့်ရမယ် ဆိုတော့ အမြန်ရောက်မယ့်နည်း လမ်းဖြစ်တဲ့ တရားမဝင်သွားဖို့ ကိုပဲ ရွေးချယ်လာကြတယ်။ ဒီလို တရားမဝင်သွားရောက်တာ ကြာ လာရင် လူကုန်ကူးမှုလမ်းကြောင်း ကို ရောက် သွား နိုင်တယ်''ဟု ပြော သည်။ယင်းကဲ့သို့ တရားမဝင်သွား လာသည့်အတွက် လုပ်သားများ အတွက် လုံခြုံစိတ်ချမှုများအပါ အဝင်၊ အလုပ်သမားအခွင့်အ ရေးတန်းတူမရရှိနိုင်ကြောင်း၊ သွားရောက်လုပ်ကိုင်ခွင့်ကို မြန် ဆန်စွာလုပ် ကိုင်ခွင့် ပေး မည်ဆိုပါ က နိုင်ငံတော်အနေဖြင့် နိုင်ငံခြား ငွေဝင်ရနိုင်ကြောင်း ပြောသည်။

ပြည်တွင်းအေဂျင်စီတစ် ခုမှ တာဝန်ရှိသူတစ်ဦးက ''အစိုးရ ခွင့်ပြုချက်နဲ့သွားလို့ရရင် အလုပ် သမားအတွက်လည်း ထိုက်တန် တဲ့လုပ်ခလစာရမယ်။ နောက် တရားဝင်လွှတ်ရင် သေချာစစစ် လွှတ်နိုင်တယ်။ ဘာသာစကား သင်တန်းနဲ့ လုပ်ငန်း ခွင်သင်တန်း တွေပေးပြီးလွှတ်ရင် အလုပ်ရှင် နဲ့ ပြဿနာဖြစ်မှုတွေ ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါတယ်''ဟု ပြောသည်။

စင်ကာပူနိုင်ငံတွင် မြန်မာအိမ် အကူလုပ်သားများအရေအတွက် မှာ စင်ကာပူနိုင်ငံအေဂျင်စီအသင်း ချုပ်၏စစ်တမ်းအရ ယင်းကဲ့သို့ ၂ရဝဝဝခန့်ရှိနေကြောင်း၊ ယင်း ထဲမှလုပ်သားအချို့မှာ သတ်မှတ် ထားသည့်အသက် ၂၁နှစ်အောက် လျော့နည်း သူများ ပါဝင်လာ ကြောင်းနှင့် တစ်လလျှင် စင်ကာ ပူဒေါ်လာ ၃၅ဝနှင့် ၄၅ဝကြား ရရှိကြောင်း စင်ကာပူနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားကူညီရေး အသင်း(HOME) မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောသည်။

ယင်းက ''တရားမဝင်လာ ရောက်လုပ်ကိုင်ပြီး အလုပ်ရှင်နဲ့ အဆင်မပြေလို့ ကျွန်တော်တို့ဆီ ရောက်လာလို့ စစ်လိုက်ရင် မြန် မာနိုင်ငံအနှံ့အပြားက နယ်စွန် နယ်ဖျားက ရောက်လာတာတွေ့ ရတယ်။ ဒီလိုတရားမဝင်လာ ရောက်မှု တွေများ လာတာ ဟာ မကောင်းဘူး။ အလုပ်သမားတွေ အတွက်လဲ အခွင့်အရေးဆုံးရှုံး တယ်''ဟုပြောသည်။ မြန်မာနိုင်ငံ ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီအ သင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ''နိုင်ငံတော်က မလေးမှာဖြစ်ပေါ် နေတဲ့ကိစ္စ တွေကြောင့် အမျိုးသမီး လုပ်သားတွေလွှတ်တဲ့အခါ ထိန်း ထိန်းသိမ်းသိမ်း လွှတ်နေရတယ်။ အိမ်အကူစေလွှတ်တာက အဆင့် နိမ့်တဲ့အတွက် မလွှတ်တာလဲဖြစ် တယ်။ စက်ရုံအလုပ်ရုံပိုင်းလွှတ် တာတောင် သေချာစိစစ်ပြီးလွှတ် နေရ တယ်''ဟု ပြောသည်။

စိုင်းဟန်
Yangon Media Group

မြန်မာတွင် လူလေးသိန်းခန့် ခေတ်သစ်ကျေးကျွန်ဘဝ ရောက်နေဟု Walk Free ဆို

Posted by drmyochit Friday, October 18, 2013, under | No comments



ရန်ကုန်၊ အောက်တိုဘာ ၁၇

မြန်မာနိုင်ငံတွင် လူပေါင်းသုံးသိန်း ခြောက်သောင်းကျော် မှာ ခေတ်သစ်ကျေးကျွန် ဘဝကို ရောက် ရှိနေကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Walk Free Foundation ၏ ၂၀၁၃ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန် ညွှန်းကိန်း တွင် ဖော်ပြလိုက်သည်။

ခေတ်သစ်ကျေးကျွန် ပြုရာတွင် အတင်းအကျပ် ခိုင်းစေမှု (forced labour) နှင့် လူကုန်ကူးမှု (human trafficking)၊ လိင်ကျွန်၊ အကြွေးကြောင့် သိမ်းယူမှု၊ ကလေးများကို ရောင်းမှုနှင့် မတရား ခိုင်စေမှုတို့ ပါဝင်ပြီး မြန်မာနိုင်ငံတွင် ခေတ်သစ်ကျေးကျွန်အဖြစ် ကျွန်ပြုခံရသူ ၃ ဒသမ ၅ သိန်းမှ ၄ သိန်းအထိ ရှိနေကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်း ထားသော်လည်း လက်တွေ့ကျင့်သုံးမှု အားနည်းနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော်တွင် ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။

ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံ၏ စာရင်းများကို ထည့်သွင်းကာ တွက်ချက်ထားသည့် ယင်းအစီရင်ခံစာ၌ ကမ္ဘာ တစ်ဝန်းလုံးတွင် ခေတ်သစ်ကျေးကျွန်အဖြစ် ခိုင်းစေခံနေရသူ ၂၉ ဒသမ ၈ သန်းကျော်ရှိပြီး ခေတ်သစ် ကျွန်ပြုမှု အဆိုးဆုံး စာရင်းတွင် မော်ရီတေးနီယား၊ ဟေတီ၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါတို့ ရပ်တည်နေပြီး မြန်မာနိုင်ငံက အဆင့် ၄၂ တွင် ရှိသည်။

The Voice Weekly

Thursday, October 17, 2013

မြန်မာပြည်က လိင်တူချစ်သူတွေဘာလဲ ဘယ်လဲ

Posted by drmyochit Thursday, October 17, 2013, under | 1 comment


ကမ္ဘာပေါ်မှာ Gay Marriage / Same Sex Marriage လို့ခေါ်တဲ့ လိင်တူ လက်ထပ်ခြင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံက တရားဝင် သဘောတူခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန် လည်းပါဝင်ပါတယ်။ Gay marriage စတင် အတည်ပြုပေးခဲ့တဲ့ နိုင်ငံကတော့ နယ်သာလန် ဖြစ်ပြီး ၂၀၀၁ ခုနှစ် ဧပြီလက ဖြစ်ပါတယ်။ အမေရိက တိုက်မှာ ကနေဒါ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ဘရာဇီး၊ အမေရိကန်နဲ့ မက္ကဆီကိုတို့လို နိုင်ငံကြီးများက အတည်ပြု ကုန်ပါတယ်။

ဥရောပ တိုက်မှာဆိုရင် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ နော်ဝေ၊ ဆွီဒင်၊ ပေါ်တူဂီ၊ အိုင်စ်လန်၊ ဒိန်းမိတ်၊ ပြင်သစ်၊ ဗြိတိန် တို့ ပါဝင်ပြီး နယူးဇီလန်နဲ့ အာဖရိကက တောင်အာဖရိကတို့တောင် ပါဝင်လာပါတယ်။ အသင်းအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး အပြုသဘော ဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် အစိုးရတို့လည်း မငြင်းဆန် နိုင်ပါဘူး။ သို့ပေမယ့် ရုရှား တစ်နိုင်ငံကတော့ ဥရောပမှာ Same Sex နဲ့ ပက်သက်လို့ အပြင်းအထန် ကန့်ကွက်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားပါတယ်။
နောက်ပြီးတော့ အရှေ့ အလယ်အပိုင်းက ပါရှန်း နိုင်ငံများကလည်း Same Sex Marriage ခွင့်မပြုထားပါဘူး။ ၎င်းတို့ ဘာသာရေးအရကို တားမြစ်ထားပြီး Gay ဖြစ်ရင်တောင် ထောင်ချတဲ့အထိ တရားဥပဒေ ပြင်းထန်တဲ့ နိုင်ငံတွေ ရှိပါတယ်။

မြန်မာပြည်မှာဆိုရင်ရော - မြန်မာပြည်မှာလည်း အဖွဲ့အစည်းလိုက် လှုပ်ရှားမှုများ ရှိနေပါတယ်။ မြန်မာပြည် မှာလည်း မိန်းမချာ ရာဇဝင် ကြီးမားကြောင်း ဂေးတစ်ဦးက ပြောပြဖူးပါတယ်။ တောင်ပြုံးပွဲက မြန်မာဂေး များ စုဝေးရာ ပွဲတစ်ခု အဖြစ်လည်း လူသိများပါတယ်။ Same Sex မှာဆိုရင် အမျိုသားအချင်းချင်း လိင်တူ ချစ်ကြိုက်ခြင်း၊ အမျိုးသမီးအချင်းချင်း လိင်တူ ချစ်ကြိုက်ချင်းနဲ့ ၊ အမျိုးသမီး စိတ်ဝင် အမျိုးသား နှင့် အမျိုးသား ချစ်ကြိုက်ခြင်း၊ အမျိုးသား စိတ်ဝင် အမျိုးသမီး နဲ့ အမျိုးသမီး ချစ်ကြိုက်ခြင်း အစရှိသဖြင့် အမျိုးမျိုး ကွဲပါသေးတယ်။
သဘာဝအားဖြင့် အမျိုးသားနဲ့ အမျိုးသမီးပဲ ချစ်ကြိုက်၊ ပေါင်းဖက်မှ မိသားစုတစ်ခု ဖန်တီးလို့ရတယ် ဆိုတာ Biological ပေါင်းစပ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ Emotional အရ ပေါင်းစပ်မှု သဘော ရှိပါတယ်။ အဲ့လိုမဟုတ်ပဲ လိင်တူချစ်ကြိုက်မှုကျတော့ Emotion ပိုဆန်တဲ့ ခံစားချက် ဖြစ်ပြီး မိသားစု တစ်ခု ဖန်တီးမှုကျတော့ Biological ရှုထောင့်အရ ကွဲလွဲနေမှု ရှိပါတယ်။ ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင်လည်း Same Sex က ဆိုးကျိုး ပိုဖြစ်နိုင်တဲ့အတွက် နိုင်ငံတကာ Same Sex အဖွဲ့အစည်းများက Health Program ကို သီးသန့် ပြုလုပ် ပေးပါတယ်။

ဘာသာရေးရှုထောင့်အားဖြင့် (အထူးသဖြင့် ဗုဒ္ဓဘာသာ ရှုထောင့်အရ ကြည့်ရင်) Same Sex ရယ်လို့မှ မဟုတ်ပဲ Sex လို့ ခေါင်းစဉ် တပ်လိုက်ရင်ကို အပြစ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ Same Sex ကိုမှ ကွက်ပြီးတော့ အပြစ်ရှိသော ကာမ အကုသိုလ်လို့ ဟော့ခဲ့ခြင်း မဟုတ်ပါ။ တာကြောင့်လဲ။ ဘာသာရေး အရ တားမြစ်ဖို့ကျ မစွမ်းသာပြန်ပါဘူး။ ဒီအတွက် ဆရာတော်များရဲ့  အမြင်သြဝါဒ ဘယ်လိုရှိမယ်ဆိုတာ ကိုလည်း သိချင်ပါသေးတယ်။

ဒီတော့ မြန်မာပြည်မှာ Same Sex နဲ့ ပက်သက်လို့ အမြင်ကွဲပြားမှု များလာပြီး ယနေ့အထိ တိုက်ခိုက်နေ ကြဆဲ ပါပဲ။ အဖွဲ့ ၃ ဖွဲ့ပါ။ Same Sex ကိုထောက်ခံ သူ၊ Same Sex ကို ဆန့်ကျင်သူနဲ့ ကြားနေ အဖွဲ့ဆိုပြီး ဖြစ်နေပါတယ်။ စာရေးသူကတော့ ကြားနေ အဖွဲ့ထဲ ပါဖြစ်မယ် ထင်ပါတယ်။ လူအခွင့်အရေး နဲ့ ပက်သက်ပြီးလို့ရော၊ Same Sex နဲ့ ပက်သက်ပြီးလို့ရော ထင်မြင်ယူဆချက်များကို ဒီ Post မှာ Comment ပေးစေချင်ပါတယ်။
By အောင်ခမ်း ( ရိုးရာလေး )

Saturday, October 12, 2013

လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ

Posted by drmyochit Saturday, October 12, 2013, under | No comments


အောက်တိုဘာ ၁၁ ရက်
မင်းဘခက်

ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ကဆင် ၆၃လမ်းတွင်ရှိသောစက္ကူသေတ္တာအလုပ်ရုံတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသော မြန်မာအလုပ် သမား တစ်ဦး  အလုပ်သမားအရေးကူညီသူများ၏ ကူညီ မှုကြောင့် နစ်နာ ကြေးဘတ်  လေးသိန်းကျော် ယမန်နေ့ကရရှိသွားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မကျည်း ကျွန်းကျေးရွာမှ ဦးအောင်တင်+ဒေါ်သန် တို့၏  သား အသက် ၂၇ နှစ်အရွယ် ကိုမင်းစိုးသည်၂၀၁၃ခု ဇန်န၀ါရီလ ၈ ရက်နေ့ည ၇နာရီခွဲအချိန် အလုပ် လုပ်နေ စဉ် မမျှော်လင့်ပဲ ဘယ်ဘက်လက်ဝါးပြင် အလယ်မှ ပြတ်ထွက်သွားခဲ့သည်။

ကိုမင်းစိုး က “ကျနော်  ဆေးရုံက ဆင်လာပြီးတော့ ဘယ်မှာ အကူညီတောင်းလို့တောင်းရမှန်း မသိဖြစ် နေတာ။ ဖေဖေါ်ဝါရီလ မှာ ကူညီရေးဆရာတော် ဦးဇောတိက  က MATအဖွဲ့ ဖုန်းနံပါတ်ကိုပေး တယ်။ စုစုပေါင်း ဘတ်ငွေ လေးသိန်းတိတိ တစ်ခါတည်းရရှိခဲ့ပါတယ်။ ကူညီပေးကြတဲ့သူတွေ အားလုံး ကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်FED မှ ရှေ့နေအဖွဲ့နှင့် ဘန်ကောက်မြို့ အခြေစိုက်ထိုင်း နိုင်ငံရောက်မြန် မာနိုင်ငံ သားများအဖွဲ့MAT တို့ပူးပေါင်းဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။


MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း  က “ ကျနော်တို့  ရှေ့နေရှေ့ရပ်တွေနဲ့ အလုပ်လုပ် လာနိုင်တာ အလုပ်သမားတွေအတွက် ကံကောင်ြး ခင်းပေါ့နှော။ ဒီကိစ္စက အလုပ်သမားရုံးမှာရှင်းတာ သူဌေးက တစ်ပြားမှ မပေးဘူး။ တရားရုံးကြီးအထိရောက်သွားတာ။ ဒါကြောင့်လည်း အချိန်တွေ အများကြီးကြာ သွားခဲ့တယ်။  ဒီအလုပ်သမားမှာ  ပတ်စပို့နဲ့ ၀တ်ပါမစ်ရှိတယ်။ ပကာစာခွန်းလုပ်ထားတာမရှိသလို  ဘဏ့် အကောင့်လုပ်ထားတာမရှိလို့ ဒီလောက်ပဲရတာပါ” ဟုပြောသည်။

တရားရုံးကို အောက်တိုဘလ ၁ ရက်နေ့က ၀မ်းလန်းဖုန်း လိုင်းငန်ကင်း တရားရုံးကြီးမှာ ဆုံးဖြတ်ချက် ချခဲ့ကြခြင်းဖြစ်သည်။


ရွှေလုပ်သား      

ကိုးလအတွင်း တရုတ်သို့ ဇနီးမယား အဖြစ် လူကုန်ကူးမှု ၄၂ ခုဖြစ်ပွား

Posted by drmyochit Saturday, October 12, 2013, under | No comments

တရုတ်နိုင်ငံသို့ ဇနီးမယား
အဖြစ် ရောင်းစား လူကုန် ကူးမှု များ
 မဖြစ်ပွားစေရန် အသိ ပညာပေး
မှု များရှိ သော်လည်း
ဆင်းရဲမွဲတေ မှုနှင့် စီးပွားရေး
အဆင်မပြေမှုများကြောင့်
ထွက်ပေါက် ရှာကြသော
 မြန်မာအမျိုးသမီးငယ်
များမှာ ဇနီးမယား
အဖြစ် ရောင်းစားခံရ
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလ အထိ  ၉ လအတွင်း လူကုန်ကူးမှု စုစုပေါင်း  ၆၉ မှု ဖြစ်ပွား ခဲ့ပြီး ယင်းအမှုများ အနက် လူကုန်ကူးမှု ၄၂ မှုမှာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အဓမ္မ ထိပ်မြား လက်ထပ်ရန် ရောင်း စားမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရှိရသည်။

ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ၉ လ အတွင်း ဖြစ်ပွားသော လူကုန်ကူးမှုများ အနက်  ၆၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံ သို့ တရုတ်အမျိုးသားများ၏ ဇနီးမယား အဖြစ် ရောင်းစားမှုများနှင့် ရောင်းစားရန် ကြံစည်ကြိုးပမ်းမှုများ ဖြစ်နေပြီး  လူကုန်ကူးသူများသည် ယခင်က ကဲ့သို့ လိမ်လှည့်ဖြား လူကုန်ကူးခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ် သွားရောက်လျှင် ငွေကြေး အမြောက် အမြား ရရှိမည်ဟု ပေါ်တင် ပြောဆို စည်းရုံး လူကုန်ကူးခြင်းဖြစ်ကြောင်း သိရှိရသည်။

“အရင်တုန်းကတော့ လူကုန်ကူးတဲ့ ပွဲစားတွေက လိမ်လည်ပြီးတော့ လူစုဆောင်းတယ်။ ဥပမာအားဖြင့် မူဆယ်ဘက်က အထည်ချုပ်စက်ရုံမှာအလုပ်ရမယ်။ ဆေးဆိုးပန်းရိုက် အလုပ်ရမယ်ဆိုပြီး ခေါ်သွားပြီးတော့မှ တရုတ်ဘက် ရောင်းစားတာ ပေါ့နော်။  အခုနောက်ပိုင်းကျတော့ ပွဲစားတွေက ပေါ်တင် စည်းရုံးတာ။ တရုတ် မယား လုပ်ရမယ်။ ၆ လ ပြည့်ရင် ပြန်လာ လို့ရတယ်။ ရွှေတွေ ဘယ်လောက်ဆင်ပေးမယ်။ အိမ်အတွက်ဘယ်လောက် ပေးမယ်ဆိုပြီးတော့ ဒါမျိုးတွေနဲ့ စည်းရုံး လာတယ်။ တကယ်တမ်းကျတော့ အဲဒါတွေက ဖြစ်မလာဘူး။ သွေးဆောင်ပြီးစည်းရုံးတာပေါ့”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

လူကုန်ကူးသူများသည် တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသများအပြင်  မြို့ပြ ဒေသကြီး များဖြစ်သည့် စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းကဲ့သို့သော  ဒေသများမှ အမျိုးသမီးငယ်များကို ပစ်မှတ် ထား သွေးဆောင် စည်းရုံးကြကြောင်း၊ မြန်မာအမျိုးသမီးများကို လူကုန်ကူးသူများတွင် တရုတ်နိုင်ငံမှ  တရုတ်အမျိုးသားနှင့် အိမ်ထောင် ကျနေသော  မြန်မာ အမျိုးသမီးများ ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိကြောင်း သိရှိရသည်။

ယခု အောက်တိုဘာလ အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသမီးငယ် ၄ ဦးကို တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ်ရောင်းစားရန် ကြိုးပမ်းသည့် လူကုန်ကူးမှု ဖြစ်စဉ်  ၂ ခု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ် ၂ ခုစလုံးတွင် တရုတ်နိုင်ငံမှ တရုတ် အမျိုးသား နှင့်အိမ်ထောင်ကျနေသူ မြန်မာ အမျိုးသမီး ၂ ဦး ပါဝင်ပတ်သက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ထံမှ သိရှိရသည်။

အောက်တိုဘာလဆန်းပိုင်းဖြစ်ပွားခဲ့သော လူကုန်ကူးမှုဖြစ်စဉ်တွင်  ရန်ကုန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီး ၃ ဦးကို ဒေါ်စောဥမ္မာ(ခ) မဥမ္မာဆိုသူက တရုတ်ပြည်တွင် အလုပ် ပေါ ကြောင်း၊ တရုတ်အမျိုးသားကို လက်ထပ်ယူလျှင် ကောင်းကောင်း မွန်မွန်နေရပြီး အပျိုဖြစ်စေ၊ အအိုဖြစ်စေ ကလေး ၁ ယောက် မွေးပေးပြီးလျှင် ရန်ကုန်ပြန်လာနိုင်ကြောင်း ပြောဆိုစည်းရုံးပြီး ခေါ်ဆောင်လာစဉ် မူဆယ်မြို့တွင် သက်ဆိုင်ရာက လူကုန်ကူးသူ မဥမ္မာကို  အောက်တိုဘာလ ၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ လူကုန်ကူးသူ မဥမ္မာသည် တရုတ် နိုင်ငံတွင်  တရုတ်နိုင်ငံသား ၀မ်ဝေဆိုသူနှင့် အိမ်ထောင်ကျထားသူဖြစ်ပြီး သား ၁ ဦး ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အလားတူ တရုတ်နိုင်ငံသား အမျိုးသားတဦးနှင့် အိမ်ထောင်ကျနေသူ မမြတ်စုမွန် (ခ) ပုံ့ပုံ့သည် မှော်ဘီမြို့နယ်မှ
မြန်မာ အမျိုးသမီးငယ်တဦးကို  ယွမ်ငွေ ၃ သောင်းဖြင့် တရုတ်ဇနီးမယား အဖြစ် ရောင်းစားရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး  သက်ဆိုင်ရာက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း၊ နမ္မတူမြို့နယ် ဆိုင်ဂျာရွာတွင်လည်း မြန်မာအမျိုးသမီးတဦးကို တရုတ် နိုင်ငံသား တဦးနှင့် အိမ်ထောင်ပြုထားသူ မြန်မာအမျိုးသမီးက ယွမ် ၃၆၀၀၀ ဖြင့် လူကုန်ကူး ရောင်းစားမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင်  လူကုန်ကူးခံထားရသော မြန်မာအမျိုးသမီးကို ကယ်ဆယ်နိုင်ရေး ရဲတပ်ဖွဲ့က ကြိုးစားဆောင်ရွက်နေ သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူး ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်အမျိုးသားက တရားမ၀င် ဇနီးမယားအဖြစ် ပေါင်းသင်းသော်လည်း  တရုတ်အမျိုးသမီးတဦး နှင့်တရားဝင်လက်ထပ်နိုင်သည့်အခါ ငွေဖြင့် ၀ယ်ထားသည့် မြန်မာ အမျိုးသမီး ကို  ဇနီးမယားလိုအပ်နေသော တခြား တရုတ်အမျိုးသားထံသို့  လက်ဆင့်ကမ်းရောင်းချမှုများရှိကြောင်း သိရှိ ရသည်။

“တရုတ်အမျိုးသားတွေက အများအားဖြင့်ကတော့ မြန်မာအမျိုးသမီးတွေကို သူတို့က ၀ယ်ထားတာလေ။ တရုတ် အမျိုးသမီးနဲ့ လက်မထပ်နိုင်သေးခင်မှာ  မြန်မာနိုင်ငံနဲ့နီးတဲ့ တရုတ်ပြည်နယ်စပ်က(သို့မဟုတ်) လာအိုနဲ့ နီးရင် လာအို ဘက်က အမျိုးသမီးတွေကို ပွဲစားတွေကနေ တဆင့်ဝယ်တယ်။ ၀ယ်ပြီးတော့ မယားအဖြစ်နဲ့ပေါင်းတယ်။ တကယ်လို့ သူတို့ တရုတ်အမျိုးသီး ဇနီး မယား ရပြီဆိုတာနဲ့ နောက် တရုတ်တယောက်ဆီကို  ထပ်ပြီးတော့ ရောင်းစားတာမျိုး တွေရှိ တယ်။ နေ့ခင်းဘက်မှာ သူတို့ တောင်ယာ လုပ်ငန်းခွင်တွေမှာ စေခိုင်းတာတွေရှိတယ်။ ညဘက်မှာ မယားအဖြစ်နဲ့ ပေါင်းတယ်။ လူကိုကျေးကျွန်သဖွယ် စေခိုင်းတာမျိုးဖြစ်နေတာပေါ့”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေး အဖွဲ့မှ အရာရှိတဦးက ဆိုသည်။

ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ ဒေါ်စူဇန်နာလှလှစိုးက တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ရောင်းစား လူကုန် ကူးမှု များ မဖြစ်ပွားစေရန် အသိပညာပေးမှု များရှိသော်လည်း ဆင်းရဲမွဲတေမှုနှင့် စီးပွားရေး အဆင်မပြေမှုများကြောင့်  ထွက်ပေါက်ရှာကြသော မြန်မာအမျိုးသမီးငယ်များမှာ ဇနီးမယား အဖြစ် ရောင်းစားခံရသော လူကုန်ကူးမှုများကို ကြုံတွေ့ရ ကြောင်း ပြောသည်။

“တရုတ်မှာ အမျိုးသမီးလိုအပ်ချက်က သန်း ၃၀ လောက်လိုတယ်လို့ သိရတယ်။ လိုအပ်ချက်များနေတော့ လူကုန် ကူးမှု တွေဖြစ်နေတာပဲ။ ကျမတို့ မြန်မာနိုင်ငံတခုတည်းမှမဟုတ်ဘူး။ လာအိုနဲ့ ထိုင်းနိုင်ငံနဲ့ တ ရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတွေ အားလုံးမှာ အမျိုးသမီးငယ်တွေကို တရုတ်ဇနီးမယားအဖြစ် ရောင်းစား ခံနေရတဲ့ လူကုန်ကူးမှုတွေ ဖြစ်နေတာပဲ´´ဟု ဒေါ်စူဇန်နာလှလှစိုးက ဧရာဝတီသို့ပြောဆိုသည်။

ဆလိုင်းသန့်စင်| ဧရာဝတီ

Sunday, October 06, 2013

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး ထပ်မံအုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

Posted by drmyochit Sunday, October 06, 2013, under | No comments

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အလုပ်မှ ပြန် လာသော မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့် ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်ခန့် က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ် ပြီးနောက် ရေစင်ဟု ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန် ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက အမည်မဖော်လိုသူ ၎င်းက ဆိုသည်။
“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့ တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ ကလေးဓာတ်ပုံ ပါလာတယ်။ အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က ပြန်လည် ပြောကြားသည်။

အဆိုပါ အမျိုးသမီးကို လူသွားလူလာ မရှိသည့် နေရာတစ်ခုတွင် ပစ်ချခဲ့ပြီး မလေးရှား အမျိုးသမီးတစ်ဦး၏ ကူညီမှုဖြင့် နေအိမ်ကို ပြန်လည် ရောက်ရှိ လာကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ စီနိုင်း ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး မြန်မာသံရုံးကို အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။

ပြစ်မှု ကျူးလွန်ခံခဲ့ရသည့် အဆိုပါ အမျိုးသမီးကို ဆေးစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်ကြောင်း စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦးက ထပ်မံပြောဆိုသည်။

အဆိုပါ အမျိုးသမီးသည် ၎င်း၏ ခင်ပွန်းနှင့်အတူ နေထိုင်ပြီး ကလေးတစ်ဦး ရှိကြောင်း ၎င်းကဆိုသည်။

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင်လည်း ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို ည ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။

၂၀၁၂ ခုနှစ်ကလည်း ယင်းပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသမီးများ၏ ဣနြေ္ဒ အရှက်တရားနှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်း၊ NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့် ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်