
ရန်ကုန် ၊ အောက်တိုဘာ ၂၅
မလေး ရှားနိုင်ငံတွင်ဒဏ်ရာအပြင်းအထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။ မလေးရှား ၌ အောက်တိုဘာ ၁၈ရက်က တိုက်ခိုက်ခံရပြီး ဒဏ် ရာရကာ ဆေးရုံတက်နေရသော မြန်မာအမျိုးသမီးကို သီတဂူအ ထောက်အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာနိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။
ယင်းအမျိုးသမီး အမည်မှာ မဝေမာလင်းဖြစ်ပြီး အောက်တို ဘာ၁၈ရက်က ၎င်း၏အမျိုးသား နှင့်အတူ အလုပ်မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မလေး ရှားနိုင်ငံရှိ အမ်းဘန်းမြို့ဆေးရုံ ၌ ဆေးကုသခံနေရသည်။ အဆိုပါအမျိုးသမီးနှင့်ပတ် သက်၍ သီတဂူအထောက်အကူ ပြုအဖွဲ့မှ ဦးအောင်မြင့်က ''အခု ပြန်လာတဲ့သူတွေကို သွားကြိုရင်း ဓားခုတ်ခံရတဲ့ ကောင်မလေးတက် နေတဲ့ ဆေးရုံကို သွားကြည့်ဖြစ် တယ်။ ယောက်ျားဖြစ်သူကပြန် လာဖို့ အခက်အခဲရှိတယ်လို့ပြော တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန် တော်တို့ဘက်က လေယာဉ်စီးလို့ ရမယ့်အနေအထားရတာနဲ့ မြန်မာ နိုင်ငံ ပြန်ခေါ်လာလို့ရအောင် ကူ ညီပေးမှာဖြစ်တယ်''ဟု ပြောသည်။
ယင်းကဆက်လက်၍ အ ဆိုပါအမျိုးသမီး၏ အခြေအနေ စိုးရိမ်ရဖွယ်ရှိကြောင်း၊ ပြင်းထန် စွာ တိုက်ခိုက်ခံရသည့်အတွက် လက်နှစ်ဖက်နှင့်ဦးခေါင်းမှာ ဓား ဒဏ်ရာရရှိပြီး လက်တစ်ဖက်မှာ ပြန်ဆက်၍ရကြောင်း၊ ဆေးဝါး ကုသရန် လိုအပ် နေပြီး လေယာဉ် စီးနိုင်သည့်အနေအထားကို ရောက် ရှိပါက မြန်မာနိုင်ငံတွင် ပြန်လည် ကုသနိုင်ရန် ကူညီမည်ဖြစ်ကြောင်း ထပ်မံပြောသည်။
သီတဂူအထောက်အကူပြု အဖွဲ့မှ ဦးပီဂျေစန်းမောင်က ''ဆရာ တော်က မလေးရှားမှာ ဒုက္ခရောက် နေသူတွေကို ကူညီပေးချင်နေ တာဖြစ်တယ်။ အခုလဲ မလေးက ကမ့်ထဲမှာရှိတဲ့ မြန်မာတွေထဲက ပြန်လာချင်တဲ့သူတွေ မလေးရှား လူဝင်မှုကြီး ကြပ်ရေး ကို ပေးဆောင် ရမှာတွေကို ရရှိထားတဲ့အလှူငွေ တွေထဲကနေ ဆက်လက်ကူညီ ပေးဖို့ရှိပါတယ်''ဟုပြောသည်။
မဝေမာလင်းမှာ ပါးနှစ်ဖက် တွင် ဓားဒဏ်ရာရရှိသောကြောင့် မေးရိုးအစားထိုးရမည်ဖြစ်ပြီး ဆေး ကုသစရိတ် ရင်းဂစ်၎ဝဝဝခန့် ကုန် ကျရန် အလှူငွေလိုအပ်နေပြီး ဓားဖြင့်ခုတ်ရန်စေခိုင်းသူ အမျိုး သမီးနှင့် ဓားဖြင့်ခုတ်သူ သုံးဦးကို မလေးရှား နိုင်ငံ အမ်းဘန်းမြို့ရဲ တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း မလေးရှားရောက်မြန်မာများ၏ ပြောပြချက်အရ သိရသည်။
စိုင်းဟန်
Yangon Media Group
Saturday, October 26, 2013
မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်
Posted by drmyochit
Saturday, October 26, 2013, under မြန်မာသတင်းများ | 2 comments
Time in Rangoon

2 comments:
သူမခံရခင်က သူကဘယ်သူ့ကိုဘယ်လို စိတ်ခံစားရ အောင် ကိုယ်နာကျင်အောင် နှိပ်စက်ခဲ့ လဲ။
ပရက်စီကိုစက်ရုံမှာလုပ်တဲ့မြန်မာမိန်းကလေးတွေအချင်းချင်းအနိုင်ယူနှိပ်စက်တာတွေသတိပေးလိုက်သလိုပါပဲ။
Post a Comment