Saturday, October 26, 2013

3D ပရင်တာနှင့်ထုတ်ထားသော သေနတ်၏ ရှေ့ပြေးပုံစံကို ဗြိတိန်ရဲက ဖမ်းဆီး

Posted by drmyochit Saturday, October 26, 2013, under | No comments



အောက်တိုဘာ ၂၆။

အောက်တိုဘာ ၂၅ရက်က ဗြိတိန်ရဲတပ်ဖွဲ့သည် 3D ပရင်တာနှင့် ထုတ်ထားသော ပလပ်စတစ် သေနတ်၏ ရှေ့ပြေးပုံစံ တူကို ဖမ်းဆီးခဲ့ကြောင်းနှင့် နိုင်ငံအတွင်း ပထမဆုံးအကြိမ် ဖမ်းဆီးသည့် ရာဇ၀တ်မှုနှင့် သတ်ဆိုင်သည့် ပစ္စည်းအသစ် တစ်မျိုး ဖြစ်ကြောင်း ဆိုသည်။

ဖမ်းမိသည့် ပလပ်စတစ် သေနတ်ပုံစံတူသည် စီးပွားဖြစ် ထုတ်လုပ်နိုင်သော ရှေ့ပြေးပုံစံငယ် တစ်ခုဖြစ်ဖွယ် ရှိသည်။ ယခုနှစ် ဆန်းပိုင်းတွင် တက္ကဆက် ကုမ္ပဏီတစ်ခုက 3D ပရင်တာနှင့်ထုတ်သော သေနတ်အသေးစား တစ်မျိုးကို စမ်းသပ် ပစ်ခတ်ခဲ့ရာ အောင်မြင်မှု ရခဲ့သည်ဟု ကြေညာပြီး ထုတ်လုပ်မှု အသေးစိတ် ပုံစံတူကိုလည်း အွန်လိုင်းမှ တစ်ဆင့် ဖော်ပြခဲ့ဖူးသည်။ 3D ပရင်တာသည် သိပ်သည်းဆမြင့်သော ပလပ်စတစ် ကုန်ကြမ်းကို အခြေခံကာ အိမ်သုံးကွန်ပျူတာနှင့် ချိတ်ဆက်ရုံနှင့် အလွယ်တကူ ထုတ်လုပ်နိုင်သည့် အရာဖြစ်သည်။ ယခုဖမ်းဆီမှုနှင့် ပတ်သတ်သော မသင်္ကာဖွယ် လူတစ်ယောက်ကို ဗြိတိန်ရဲများက စစ်ဆေးလျှက်ရှိသည်။

အကယ်၍ 3D ပရင်တာဖြင့် တကယ်ပစ်ခတ်နိုင်သော ပလပ်စတစ်သေနတ်များ ထွက်လာခဲ့လျှင် သတ္တုရှာဖွေထောက်လှမ်း ပေးမည့်စက်များကို အလွန်တကူ ကျော်လွှားသွားနိုင်သဖြင့် အာဏာပိုင်များက စိုးရိမ်လျှက်ရှိသည်။ ခေတ်မီနည်းပညာနှင့် ထုတ်လုပ်မှု ကျွမ်းကျင်မှုများပေါ် မူတည်ပြီး နောက်လာမည့် မျိုးဆက်သစ်တွင် ရာဇ၀တ်မှုများ အလွယ်တကူ ထူပြော လာမည့် အရေးမှာ ခြောက်ခြားစရာ ကောင်းလှပေသည်။

Ref: AP
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်