Saturday, October 26, 2013

တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်၌ အသက် ၁၈ နှစ်အရွယ် တန့်ယန်းသူပျောက်ဆုံး

Posted by drmyochit Saturday, October 26, 2013, under | No comments

ပျောက်ဆုံးသွားသည့်
တန့်ယန်းသူ နန်းပီး
တာချီလိတ် - မယ်ဆိုင် (မြန်မာ - ထိုင်း) နယ်စပ် တံတားပေါ် ၌ အစ် ကိုဖြစ် သူနှင့်တွေ့ဆုံရန် စောင့် ဆိုင်းနေစဉ် အသက် ၁၈ နှစ်အရွယ် တန့်ယန်းသူတဦး ပျောက်ဆုံး သွားသောကြောင့် မိသားစုများ ပူပင်သောက ရောက်နေသည်ဟု အစ်ကိုဖြစ်သူက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ၆ ရပ်ကွက် ပါလျန်ရွာသစ်နေ စိုင်းလျဲန် နှင့် နန်းလှ တို့၏ သမီး နန်းပီး အသက် ၁၈ နှစ် သည် အောက်တိုဘာ ၂၃ ရက်နေ့ က တာချီလိတ် - မယ်ဆိုင်တံတား၌ ၇ ရက် သက်တမ်း နယ်ခြား ကူးလက်မှတ် လုပ်ပြီး တံတားအကူး အစ်ကိုဖြစ်သူနှင့်တွေ့ဆုံရန် စောင့်ဆိုင်း စဉ် ပျောက်ဆုံး သွားခြင်းဖြစ်သည်။

“ကျနော်တို့ တံတားမှာရှိတဲ့ နှစ်နိုင်ငံအာဏာပိုင်တွေကို တိုင်တန်းထားပြီးပြီ။ ထိုင်းဘက် လုံခြုံရေးကင် မရာကို ကျနော်တို့ သွားတောင်းကြည့်တော့ သူထိုင်းဘက်ဝင်သွားတဲ့အချိန်  အင်္ကျီဖြူ နဲ့ အမျိုးသမီး တယောက်က သူ့ကိုခေါ်သွားတယ်။ လုံခြုံရေးကင်မ ရာမှတ်တမ်းအရ  မနက် ၇ နာရီ ၄၆ မိနစ် ၃၈ စက္ကန့် မှာပါ” - ဟု အစ်ကိုဖြစ်သူ စိုင်းခမ်းလ က ပြောသည်။

ရဲအရာရှိတဦးက လူပျောက်သတင်းများ လက်ခံရရှိထားကြောင်း၊ သို့သော် နန်းပီး ပျောက်ဆုံးမှု နှင့်ပတ်သက်၍ တရားဝင်တိုင်တန်းမှု မရသေးကြောင်း ပြောပါသည်။

နန်းပီး၏ အစ်မ ဝမ်းကွဲတဦးကလည်း “ တဘက်ကလဲ တွေ့အောင်ရှာမယ်။ အာဏာပိုင်တွေကို လဲ တိုင်ထားတယ်။ ယုံကြည်မှုအရ အကြားအမြင်ဆရာတွေကို သွားမေးတော့ နန်းပီးက ထိုင်းဘက်ကမ်း မှာမရှိဘူး။ ဗမာဘက်ကမ်းမှာဘဲရှိနေတယ်လို့ဟောတယ်။ တန့်ယန်းက ဆရာကော၊ ချင်းမိုင်က ဆရာကော ဒီလိုဟောတယ်။ ကျမတို့ညီမလေး မိသားစုဆီအမြန်ဆုံးပြန်ရောက်ဖို့ ကူညီပေးကြပါရှင် ” ဟု သျှမ်းသံတော်ဆင့်သို့ပြော၏။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် မြို့ နှင့် ထိုင်းနိုင်ငံမြောက်ဘက်စွန်း မယ်ဆိုင်မြို့တို့ သည် ဆက်စပ် နေသည့် နှစ်နိုင်ငံနယ်ခြားမြို့ဖြစ်သည့်အတွက် မှောင်ခိုမှု၊ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှု လူကုန်ကူးမှု မကြာခဏ ဖြစ်ပေါ်သည့် မြို့များဖြစ်သည်။

သျှမ်းသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်