Wednesday, June 26, 2013

တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်သည့် အရေးကြီးအဆို လွှတ်တော်တွင် တင်သွင်းဖွယ်ရှိ

Posted by drmyochit Wednesday, June 26, 2013, under | No comments



ရန်ကုန်  -  ဇွန် - ၂၅ ။                ။ယနေ့ကျင်းပမည့် သတ္တမ ပုံမှန် လွှတ်တော် အစည်း အဝေး များတွင် အရှင် ဦးဝီရသူအား ''ဗုဒ္ဓ ဘာသာ အကြမ်းဖက် သမား''ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာ ကျော် တိုင်းမ်မဂ္ဂဇင်းမှ ရေးသား ဖော်ပြချက် အပေါ် အရေးကြီး အဆို အဖြစ် တင်သွင်းလာ နိုင်ဖွယ် ရှိကြောင်း  လွှတ်တော် ကိုယ်စားလှယ် အသိုင်း  အဝိုင်းမှ သိရသည်။

ပထမ အကြိမ် သတ္တမ ပုံမှန် အစည်း အဝေး များကို ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင် ဒီကနေ့ ဇွန်လ (၂၅)ရက် နေ့တွင် စတင် ကျင်းပခြင်း ဖြစ်ပြီး အဆိုပါ အရှင် ဦးဝီ ရသူကိစ္စနှင့်ပတ် သက်၍လည်း အမျိုး သားရေးကို ထိပါးလာခြင်း အတွက် လွှတ်တော် ကဏ္ဍ မှလည်း သဘောထား တစ် ရပ် ထုတ်ဖော်ပြသရန် လိုအပ်ပြီး  ဖြစ်သည့် အတွက် လွှတ်တော်တွင် အရေးကြီး အဆို တစ်ရပ် တင်သွင်း ပြီး လွှတ်တော်၏ သဘော ထား ကို ပြည်သူ များ သိရှိရန် ပြတ်သားစွာ ထုတ်ဖော် သင့်ကြောင်း လည်း  လွှတ်တော် ကိုယ်စားလှယ် များက ပြောကြသည်။

ယင်းနှင့် ပတ်သက်၍ လသာ မြို့ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်ဦးကြည်မြင့်က ''ဒီကိစ္စက အမျိုး သားရေး ကိစ္စ ဖြစ်တော့ ဩဇာ ရှိတဲ့ လူပုဂ္ဂိုလ်တွေ နိုင်ငံရေး ပါတီ တွေက အစပြုပြီး အဆို တင်သွင်း လာမယ် ဆိုရင် ဝိုင်းဝန်းပြီး ဆွေးနွေး ကြမှာပါ။ မနက်ဖြန် အစည်းအဝေး အာဂျင် ဒါမှာတော့ မတွေ့ ရသေး ဘူး''ဟု ပြောသည်။ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဒေါက်တာ အေးမောင် က ''ဒီလို အရေး အသား မျိုးက အမျိုးသားရေးကို ထိပါး လာတယ်။ ဘာသာတစ်ခု ရဲ့ကျင့် ဝတ်သိက္ခာကို ထိပါးသလို ပဋိပက္ခ တွေကိုလည်း ဖြစ်လာ နိုင်စေတယ်။ ကျွန်တော်တို့ ပါတီ အနေနဲ့လည်း ဒီကိစ္စနဲ့ပတ် သက်ပြီး လွှတ်တော်မှာ တင်သင့်၊ မသင့်ကို ဆွေးနွေး သွားဖို့ ရှိပါ တယ်။ ပါတီ အနေနဲ့ ကတော့ ရှုံ့ချ ကန့်ကွက် တဲ့ ကြေညာချက် ထုတ်ပါမယ်။ အကယ်၍ လွှတ်တော်မှာ ဒါနဲ့ပတ် သက်ပြီး တင်လာ ရင်လည်း ဆွေးနွေးသွားမယ်''ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''လွှတ်တော် အစီ အစဉ် မှာတော့ မပါ ပေမယ့် လွှတ်တော်က အဖြေ ပေးရမယ့် အချိန် ရောက်လာရင် သံဃာတော် တွေရဲ့ ခံစား ချက်ကို နားလည်ပြီး ဆွေးနွေးသွားမယ်။ တိုင်းမ်မဂ္ဂဇင်း က စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီ တာကိုတော့ ကျွန်တော်တို့ ကန့်ကွက် တယ်။ လွှတ်တော်မှာ တင်လာ ရင်ဆွေးနွေးမယ်''ဟုပြောသည်။

ဝေမာသိမ့်
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်