Wednesday, June 26, 2013

The Face of Buddhist Terror ဆောင်းပါးပါ တိုင်းမ်မဂ္ဂဇင်းကို အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ပိတ်ပင်

Posted by drmyochit Wednesday, June 26, 2013, under | No comments


The Face of Buddhist Terror ဆောင်းပါးပါဝင်သော ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ကို ထုတ်ဝေဖြန့်ချိခြင်း မပြုရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက် နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုင်းမ်မဂ္ဂဇင်းတွင် သံဃာတော် ဥူးဝီရသူအား မျက်နှာဖုံးတင်၍ The Face of Buddhist Terror ဆောင်းပါးကို ဖော်ပြခဲ့ကြောင်း၊ အဆိုပါ ဖော်ပြချက်သည် ဗုဒ္ဓဘာသာ သာသနာအပေါ် အထင်အမြင် လွဲမှားစေပြီး နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သည်ကို တွေ့ရှိရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့်အညီ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ပါ The Face of Buddhist Terror ဆောင်းပါးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်းစာစောင်အတိုင်း ဖြစ်စေ၊ မိတ္တူပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အဆိုပါ ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်သည်ကို တွေ့ရှိရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထား . . . . .

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကာကွယ် ဆောင်ရွက်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၁၃ ခုနှစ် မတ် ၃၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အချက်ခြောက်ချက် ပါဝင်ပြီး အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်၊ လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးကာကွယ် နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် စသည့်အချက်များ ပါဝင်သည်။

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပြည်ထဲရေး ဒုတိယ၀န်ကြီး ရဲချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အတွင်းရေးမှူးအဖြစ် ပါဝင်သည်။

From: Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်