Wednesday, June 26, 2013

တိုင်းမ်မဂ္ဂဇင်းကို သံဃာ နှင့် ပြည်သူများ ဆန္ဒပြကြမည်

Posted by drmyochit Wednesday, June 26, 2013, under | No comments


ရန်ကုန် -  ဇွန် - ၂၅ ။            ။ ဦးဝီရသူအား တိုင်းမ်မဂ္ဂဇင်းမှ ဗုဒ္ဓဘာသာ အကြမ်းဖက် သမားဟု ရေးသား ချက် အပေါ် ကျေနပ်မှု မရှိ၍ သံဃာတော်များ  ဆန္ဒ ထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်သူ ဆရာတော် ဦးပါမောက္ခက မိန့်သည်။ ''တိုင်းမ်မဂ္ဂဇင်းက ဦးဝီရသူ ကို ဒီလို စွပ်စွဲပြီး ရေးတာက ဗုဒ္ဓ ဝါဒ တစ်ခုလုံးကို စွပ်စွဲ လိုက်သ လိုပဲ။ ဗုဒ္ဓဝါက အကြမ်းဖက် ဝါဒ ဆိုပြီး စွပ်စွဲချက် အပေါ် မခံနိုင်လို့ဆန္ဒ ထုတ်ဖော်မှာပါ''ဟု မိန့်သည်။ ထိုသို့ ဆန္ဒ ထုတ်ဖော် ရန်အတွက် ဗဟန်း ရဲစခန်းတွင် ခွင့် ပြုမိန့် တင်ရန် စီစဉ် ထားသော်လည်း  အမေရိကန် သံရုံးသည် ဗဟန်းမြို့နယ်တွင် မရှိသောကြောင့် ကမာရွတ် ရဲစခန်းတွင် တင်ရန် ကမာရွတ် မြို့နယ်မှူးနှင့် တွေ့ခဲ့ကြောင်းသိ ရသည်။

ကမာရွတ်မြို့နယ်မှူးက ယင်းကိစ္စသည် အမေရိကန် သံရုံး နှင့် သက်ဆိုင်မှု မရှိကြောင်း၊ တိုင်းမ်မဂ္ဂဇင်းသည် ပုဂ္ဂ လိကဖြစ် သောကြောင့် အမေရိကန် သံရုံး ရှေ့တွင် ဆန္ဒ ထုတ်ဖော်လို့မရ ကြောင်း ပြောခဲ့သည်ဟု သိရသည်။ ဆရာတော် ဦးပါမောက္ခက ''အမေရိကန် သံရုံးရှေ့မှာ ပြဖို့ စီစဉ် ထားပေမယ့် မြို့တော်ခန်းမ ရှေ့မှာဆို ပြမယ်ဆိုရင် ဖြစ်နိုင်ချေ ရှိတယ်လို့ မြို့နယ်မှူးက ပြော တော့ အဲဒီမှာပဲ ဆန္ဒ ပြဖြစ်မယ်'' ဟုမိန့်သည်။ ထိုသို့ ဆန္ဒ ထုတ်ဖော် ရန်အ တွက် ဇွန် ၂၅ ရက်၌ ကျောက်တံ တားရဲစခန်းတွင် ရှေ့နေဦးအေး ပိုင်၊ ဆရာတော် ဦးပါမောက္ခအ ပါအဝင် လူဦးရေ အယောက် ၁ဝဝဝဖြင့် ခွင့်ပြုမိန့်တင်လိုက် ပြီးဖြစ်ကြောင်း သိရသည်။ ဆရာတော် ဦးဝီရသူက ''တိုင်းမ် မဂ္ဂဇင်း က တကယ်တမ်း ကျတော့ ဦးဇင်းကို ပစ်မှတ်ထား ပြီး တိုက်ခိုက်တာ။ ဒါပေမဲ့ ဦးဝီ ရသူတစ်ပါးတည်းနဲ့ ပြီးမသွားဘဲ ဗုဒ္ဓဘာသာ တစ်ခုလုံးကို တိုက်ခိုက် မှုဖြစ်နေ တယ်။ ဒါကို သံဃာထု က စိတ်မချမ်း သာဘူး။ ပြည်သူ က မကျေနပ်ဘူး။ ဒီအပေါ်မှာ ဆန္ဒပြဖို့ လုပ်ကြတာ ဖြစ်မယ်။ဦးပဉ္ဇင်း အနေနဲ့ကတော့ တရား စွဲတယ်ဆိုတာထက် ဆန္ဒ ပြတာကို လက်ခံတယ်။ ဆန္ဒပြတယ်ဆိုတာ မမှန်ရင် မမှန်ဘူးဆိုတဲ့ အကြောင်း ကို ထုတ်ဖော်ခွင့် ရှိတယ်။ ပြော ခွင့် ရှိတယ်။ ဒီအပေါ်မှာ ဦးပဉ္ဇင်းက ကြိုဆိုပါ တယ်''ဟု မိန့်သည်။

ဇွန် ၃ဝရက် မြို့တော်ခန်းမ ရှေ့ညနေ ၆နာရီတွင် လူစုပြီး မဟာဗန္ဓုလပန်းခြံအား တစ်ပတ် ပတ်မည်ဖြစ်ပြီး ရှေ့နေဦး အေး ပိုင်၊ ဦးပါမောက္ခ၊ ထေရဝါဒ ဓမ္မ ကွန်ရက်မှ ဦးအေးမြိုင်တို့မှ ဆန္ဒ ထုတ်ဖော်မည့် အကြောင်းနှင့် ပတ်သက် ၍ ဟောပြောမည်ဖြစ် ကြောင်း ဆရာတော်က ပြောသည်။ ဆရာတော် ဦးပါမောက္ခက ''ဘုန်းဘုန်း ကတော့ ဗုဒ္ဓဝါဒ သည် အကြမ်းဖက် ဝါဒမဟုတ်  မေတ္တာတရားကို အခြေခံတဲ့ ငြိမ်း ချမ်းရေး ဝါဒဖြစ်တယ် ဆိုတာကို ဟောပြော မယ်''ဟု မိန့်သည်။ ထိုသို့ ဆန္ဒ ထုတ်ဖော်ရန် အတွက် ပါဝင်ချင်သူများအား မိဒီယာများ၊ အွန်လိုင်းက နေ တစ် ဆင့် ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန် ဦးဆောင်မည့် သူများက ပြောသည်။

ရွှေရည်မဉ္ဇူ
From: Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်