ထိုင်းကြည်းတပ်သည် အမေရိကန်အစိုးရ၏ ပြည်ပစစ်လက်နက်
ပစ္စည်းရောင်းချရေး အစီအစဉ်မှ တစ်ဆင့် Sikorsky ကုမ္ပဏီထုတ်
UH-60M Black Hawk ရဟတ်ယာဉ် ၂ စင်း ဝယ်ယူရေး စာချွန်လွှာ
တစ်ရပ်အား လက်မှတ်ရေး ထိုးခဲ့ကြောင်း ဇူလိုင်လ ၉ ရက်နေ့ Newsnow သတင်းတစ်ရပ်
အရသိရှိရပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် အမေရိကန်ကြည်းတပ်တွင်
အသုံးပြုလျက်ရှိသော နောက်ဆုံးပေါ် Black Hawk ရဟတ်ယာဉ်
အမျိုးအစားအား ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာမည် ဖြစ်ပါသည်။ အဆိုပါ ရဟတ်ယာဉ်ရှိ
ရှေ့မှန်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့်ဖော်ပြသည့်လေယာဉ်မောင်းအခန်း၊ခေတ်မီပျံသန်းမှု ထိန်းချုပ်ရေးစနစ်၊
နောက်ဆုံးပေါ် ဆက်သွယ်ရေး စနစ်၊ ညကြည့်ကိရိယာနှင့် အခြားသော ဘက်စုံ အဆင့်မြှင့်တင်မှုများ
ပါဝင်ကြောင်းနှင့် Sikorsky ကုမ္ပဏီ
အနေဖြင့် အမေရိကန်ကြည်းတပ်အား ယခုနှစ်နွေရာသီတွင် အစင်း ၅ဝဝမြောက် UH-60M ရဟတ်ယာဉ်အား
လွှဲပြောင်းပေးအပ်ရန်မျှော်မှန်းထားကြောင်း သိရှိရပါသည်။ ၂ဝ၁၁ ခုနှစ်သြဂုတ်လတွင်
ထိုင်းနိုင်ငံအနေဖြင့်ရေတပ်သုံး Sierra Black Hawk ရဟတ်ယာဉ်
၂ စင်းရရှိခဲ့ကြောင်းနှင့် ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃ဝ ကျော်တွင်
Black Hawk အမျိုးအစားရဟတ်ယာဉ် အစင်း ၃ဝဝဝ ကျော်
အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။