Tuesday, July 10, 2012

အိန္ဒိယနိုင်ငံ မိုးရေကြီးမှုကြောင့် လူ ၁၂ဝ ကျော် သေဆုံး

Posted by Anonymous Tuesday, July 10, 2012, under | No comments



          အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၌ မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုအတွင်း လူပေါင်း ၁၂ဝ ဦးကျော်သေဆုံးခဲ့ပြီး ၆ သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အရာရှိများမှဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မိုးရွာသွန်းမှုကြောင့် Brahmaputra မြစ်ရေလွှမ်းမိုးမှုသည် Assam ပြည်နယ်၌ အကြီးမားဆုံး ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ Arunachal Pradesh  Manipur နှင့် Meghabaya ပြည်နယ်တို့၌လည်း ရေလွှမ်းမိုးမှု များဖြစ်ပွားခဲ့ပါသည်။ အဆိုပါသေဆုံးသူ ၁၂၁ ဦးအနက် ၁ဝ၅ ဦးမှာ ရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၁၆ ဦးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း Assam ပြည်နယ် အစိုးရမှထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ဖော်ပြခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ လယ်ယာမြေများအတွက် လိုအပ်လျက်ရှိသောရေပမာဏ၏ ၆ဝ ရာခိုင်နှုန်းမှာ မိုးရေမှရရှိလျက်ရှိပြီး အိန္ဒိယနိုင်ငံရှိလယ်သမား သန်းပေါင်းများစွာသည် မုတ်သုံမိုးအားမှီခိုလျက်ရှိကြောင်း သိရှိရပါသည်။

CNA.com;July-8(Sun)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်