လစ်လပ်လျက်ရှိသော ဒုတိယသမ္မတ နေရာအတွက် ခုနှစ်ရက်အတွင်း
အမည်စာရင်း တင်သွင်းရန် ပြည်ထောင်စု လွှတ် တော်နာယကက တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ကို
ပြောကြား ထားသည့် ခုနှစ် ရက်မြောက်နေ့ ဖြစ်သော ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်
ခေါ်ယူရန် မရှိဟု ကြားသိရေ ကြာင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များကပြောကြားသည်။
ဒုတိယသမ္မတ တစ်ဦး ရွေးချယ်ရန် ပြောကြားထားသော
ခြောက်ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင် ၉ ရက် တွင်လည်း ပြည်ထောင်စု လွှတ်တော် မရှိသဖြင့်
ဒုတိယသမ္မတ အတည်ပြုရေးမှာ အစောဆုံး ဇူလိုင်လ ၁၂ ရက်နေ့မှသာ ဖြစ်နိုင်ခြေ ရှိကြောင်း၊
ယင်းနေ့တွင် ပြည်ထောင်စု ဝန်ကြီး အပြောင်းအရွှေ့ စာရင်း ကို နိုင် ငံတော်သမ္မတက ပြည်ထောင်စု
လွှတ်တော်သို့ တင်သွင်းဖွယ် ရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှ သိရသည်။
ယခု ကျင်းပနေသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများတွင် လစ် လပ်နေသည့် ဒုတိယသမ္မတ ရွေးချယ် ခန့်အပ်ခြင်း အပါအဝင် အစိုးရအဖွဲ့ တစ်ရပ်လုံးကို ပိုမို ကျစ်လျစ်ပြီး အားကောင်း လာစေရန် ပြုပြင် ပြောင်းလဲမှုများလည်း ဆောင်ရွက်သွားရန် ရှိကြောင်း အစိုးရ အုပ်ချုပ်ရေး ပိုင်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောကြားသည်။
ယင်းသို့ ပြုပြင် ပြောင်းလဲရာတွင် အစိုးရ ဝန်ကြီးဌာနများ လျှော့ချခြင်း၊ အစိုးရ၏ သွားနေသည့် မူဝါဒ များနှင့် အံမဝင်သော ပြည်ထောင်စုဝန်ကြီးများကို အနားပေးခြင်း၊ ထက်မြက်သည့် ပြည်ထောင်စု ဝန်ကြီး များကို ပိုမို အရေးကြီးသော ဝန်ကြီးဌာနများကို ပြောင်းရွှေ့ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
Myanmar Express

Time in Rangoon

0 comments:
Post a Comment