Tuesday, July 10, 2012

လူရာဝင်ဖို့အတွက် တိုက်ပွဲဝင်ကြစို့

Posted by Anonymous Tuesday, July 10, 2012, under | No comments

     ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နိုင်ငံရေး ဈေးကွက်ကြီး (Political Super Market) တစ်ခုဖြစ်ပေါ်လာခဲ့ ပါသည်။ပြုပြင်ပြောင်းလဲရေးဟု ခေါ်ကြသည့် ယနေ့နိုင်ငံရေး ဈေးကွက်ကြီးခေတ်တွင် လူရာဝင်သွား သူများကို အလွန် အားကျမိပါသည်။ အခိျု့မှာ အာဏာကြီး ၃ ရပ်ကို ကိုင်လှုပ်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြလေပြီး ထင်ရာမြင်ရာ စကားစစ် ထိုးကြလေ၏။ အခိျု့မှာလည်း တရားဝင် နိုင်ငံရေး ပါတီများဖြစ်ကြကုန်ပြီးမြို့ရွာ အနှံ့လှည့်လည်၍ လျက်ဆားကြော်ငြာရောင်းကြလေ၏။ အခိျု့မှာလည်းအောက်လမ်းနည်းသုံး၍  anti government organization ဖြစ်ကြကုန်ပြီး ဒေါ်လာစားကြလေ၏။ အခိျု့မှာလည်း လေလှိုင်းထဲက ဥပဒေမဲ့ လောကထဲ ဝင်ရောက်ပြီး website များ၊ Blog များ၊ Facebook များတင်၍ ထင်ရာရေးပြီး တစ်ဖက်နားဖြင့်ကြားသည့် တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ဖော်ပြကြကုန်၏။ အခိျု့မှာလည်း ပြည်ပထွက်၍ Antigovernmen လုပ်ပြီးမျောက်ပြ ဆန်တောင်းကြလေ၏။ အသင်လူသားတို့ လူရာဝင်ကုန်ကြ၏။ ခေတ်မီ သူများဖြစ်ကြကုန်၏။
     ကျွန်ုပ်  ခေတ်နောက် ကျန်ခဲ့၍တော့ မဟုတ်ပါ။ ကျွန်ုပ်လည်းခေတ်မီသူ တစ်ယောက်ဖြစ်သည်။ အင်တာနက်နေ့တိုင်းကြည့်ပြီး ချစ်သူများနှင့်နေ့တိုင်း Chat သည်။ ကျွန်ုပ်စိုးရိမ်ခြင်းမှာ ယခုဖြစ်ပေါ်နေသည့် နိုင်ငံရေးဈေးကွက်ကြီးကြောင့် တိုင်းပြည် ပျက်မည်ကို ပူပန်မိခြင်းဖြစ်၏။ တစ်ခိျု့မှာလည်း ၈၈ အရေးအခင်းဖြစ်ပွားစဉ်တွင် ဒုစရိုက်မျိုးစုံ ကမ်းကုန်အောင် လုပ်ပြီး တာဇံတို့မြိုင်ကြီးဂနိုင်ကြီးတွေဆီကိုပြေးလာ၊သေနတ်အားကိုးနဲ့ ထင်ရာမြင်ရာလုပ်၊ စားစရာမရှိရင် ဓားပြတိုက်၊ မထင်ရင်မထင်သလို လူသတ်သည့် အကြမ်းဖက်သမားများဖြစ်ကြသည်။ အဲ့ဒီထဲက တစ်ခိျု့လည်း တစ်ဖက်နိုင်ငံရောက်၊ တစ်ခိျု့လည်း မနေနိုင်လို့ ကိုယ့်မြို့ကိုပြန်လာသဖြင့် အဖမ်းခံရပြီး ထောင်ကျကုန်သည်။ တစ်ခိျု့လည်း အရေးအခင်း ကာလမှာတင် လူမဆန်လို့ အဖမ်းခံရပြီး ထောင်ကျကြသည်။ ဟော... အခုတော့လည်း ပြုပြင်ပြောင်းလဲရေး လှိုင်းကြီးနဲ့ပါလာပြီး အစိုးရအသိအမှတ်ပြု ပါတီဝင်တွေ၊ အဖွဲ့အစည်းတွေဖြစ်လာကြကုန်၏။ လူရှေ့ထွက်ကာ ကယ်တင်ရှင်ကြီးများအဖြစ် သရုပ်ဆောင်၍ လွှတ်တော်လူကြီးများနှင့်ပင် တွေ့ဆုံပွဲများ လုပ်ကြကုန်၏။ 
     တာဇံတို့မြို့လေးတွင် ၎င်းကိစ္စလုပ်စားပြီး တခြားဒုစရိုက် လုပ်ငန်းများဖြင့်ပါ နာမည်ကြီးသူ တစ်ဦးရှိ၏။ ၎င်းမှာ တိုင်းရင်းသားပါတီ တစ်ခုသို့ ဝင်ရောက်ခဲ့ပြီး ရွေးကောက်ပွဲတွင် ကြံ့/ဖွံ့နှင့် ယှဉ်ပြိုင်ရာမှ ပုဂ္ဂိုလ်ရေးအရကြည်ညိုမှု လုံးဝမရှိသော်လည်း တိုင်းရင်းသားရေးအရ မဲပေးရာမှ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့၏။ ယခင်က အမျိုးသမီးများ ဈေးကွက်တွင် ဆရာကြီးဖြစ်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုကို အခွင့်ကောင်း ယူခဲ့သူဖြစ်၏။ပြုပြင်ပြောင်းလဲရေးကြောင့် ပွင့်လင်းမြင်သာလာပြီး ကယ်တင်ရှင်ကြီးဖြစ်သွားလေ၏။ပြောပုံဆိုပုံကပင် '' ကျွန်တော်ကတော့ပည်သူ့ ကိုယ်စားပြုတဲ့ ပြည်သူ့အစေခံပါခင်ဗျာ '' (လူလိမ်) '' ကျွန်တော်တို့ ဒေသဖွံ့ဖြိုး အောင်လုပ်ပေးမယ်၊ လူ့အခွင့်အရေး အပြည့်အဝရစေရမယ် ''  (ဥုံဖွဆရာကြီး) '' အစိုးရဝန်ထမ်းတွေ မဟုတ်တာ လုပ်ရင်ပြော '' (အစိုးရဆန့်ကျင်သူ) အော် .... ကောင်းလေစွ။
    လူရာဝင်လိုသူအခိျု့ အငြိမ့်သမား လူပျက်များလည်း ရှိပါသေးသည်။ ပုဂ္ဂိုလ်ရေး ကျော်ကြားမှုအတွက် ဟာဒယ ရွှင်ဆေးအသုံးပြုပြီး အစိုးရအား အတိုက်အခံ လုပ်တတ်ကြသည်။ ဒလိုင်းလားမားကဲ့သို့ အခြားဘာသာဝင် နိုင်ငံများမှ ချီးမြှင့်သည့် နိုဘယ်ဆုအား မျှော်ကိုး၍ လောကုတ္တရာထက် လောကီရေးကို စိတ်နှလုံးသွင်းပြီး ကျင့်ကြံအားထုတ်သည ပုဂ္ဂိုလ်ထူး ၁ ပါးစ ၂ ပါးစလည်း တွေ့ရတတ်သည်။ လွှတ်တော်အတွင်း၊ အပြင် ၊ ဘေး၊ ဘယ်၊ ညာမကျန် အစိုးရနှင့် စစ်တပ်ကို ဝိုင်းတိုက်နေကြသည်။ နိုင်ငံပျက်စီးရာ ပျက်စီးကြောင်း ကြံရွယ် နေကြသည်။ နွံနစ် တော့မည်ကိုမြင်ယောင်မိပါ၏။ 
မည်သို့ပင် ဆိုစေကာမူ အများစုမှာ မိမိနေရာရရှိရေးနှင့်ပေါ်ပြူလာဖြစ်ရေးတို့အတွက် အစိုးရနှင့် တပ်မတော်အပေါ်တွင် အတိုက်အခံပြု၍ လူစွမ်းကောင်းအဖြစ် ရုပ်လုံးဖော်လျက်ရှိကြောင်း တွေ့ရသည်။ ဆရာကြီးများပြောဆိုလျက်ရှိသည့် လွှတ်တော်အတွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးသမားများနှင့် ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေသည့် ကာလတွင် အပြုသဘောဆောင်သည့်ပံ့ပိုးမှုများဖြင့် တစ်ဖက်တစ်လှမ်းမှ လိုက်ပါရမည့်အစား နိုင်ငံတော် အစိုးရအား အကျပ်အတည်းဖြစ်စေရန် ဆူပူအြွုံကမှုများ ဖန်တီးခြင်း၊ နိုင်ငံတော် အခြေခံ အဆောက်အဦများ၏ ဖြည့်ဆည်း ဆောင်ရွက်ပေးမှု (Supply) ထက် သုံးစွဲမှု (Demand) များပြားလာခြင်းကြောင့် မညီမျှမှုဖြစ်ပေါ်ခြင်းကို အခွင့်ကောင်းယူ၍ အြွုံကမှုဖြစ်အောင် လှုံ့ဆော်ခြင်းများနှင့် ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသား အရေးတို့အား လက်နက်သဖွယ် အသုံးချခြင်းတို့ကို တွေ့မြင်နေရသည်။ အစိုးရ၊ တပ်မတော်၊ပြည်သူနှင့် နိုင်ငံရေးသမားများ စုပေါင်းညီညွတ်စွာဖြင့် လမ်းကြောင်း တစ်ခုတည်းပေါ်တွင် အရှိန်အဟုန်ဖြင့်လျှောက်လှမ်းရမည့်အစား ဖယ်ခွာ၍နည်းမျိုးစုံဖြင့်  ခလုတ်ကန်သင်းဖြစ်အောင် ဖန်တီးနေကြပါသည်။ ယုံကြည်ချက် ခံယူချက်လွှဲမှား နေကြခြင်းသာဖြစ်သည်။
    လွှတ်တော် တက်ရောက်နေသည့် ကိုယ်စား လှယ်များတွင် နိုင်ငံအတွက် ပို၍တာဝန်ရှိသည်။ အသေးအမွှား ကိစ္စများ၊ လိုအပ်ချက်များကို ပုံကြီးချဲ့၍ လွှတ်တော်တွင် အချိန်ကုန်ခံပြီး ပုဇွန်ဆိတ်ဦးနှောက်ဖြင့် ဆွေးနွေးနေမည့်အစား တိုးတက်ရာ တိုးတက်ကြောင်းကို အများပြည်သူ ကိုယ်စား အကြံဥာဏ်ပေး၍ ဝိုင်းဝန်းလုပ်ဆောင်သင့်သည်။
     နိုင်ငံအရေးသည် ကျွန်ုပ်တာဇံအပါအဝင် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။ ဆင်းရဲနွမ်းပါးမှု ပပျောက် ရေးနှင့် နိုင်ငံတကာမှာ လူရာဝင်စေရေးအတွက် ဒို့မြန်မာတွေ မယိုင်မလဲ၊ နောက်ပြန်မလှည့်ဘဲ အစိုးရနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ကြစို့လား .. အသင်လူသားတို့....


                                                                                                                   တာဇံ



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်