Tuesday, July 10, 2012

အီရန်အပေါ် အရေးယူပိတ်ဆို့မှုထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ ဟော်မုဇ်ရေလက်ကြားတွင် သွားလာမှုကိုပိတ်ပင်ရန် ဥပဒေရေးဆွဲ

Posted by Anonymous Tuesday, July 10, 2012, under | No comments


အီရန်နိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့မှုများအား ထောက်ခံသည့်နိုင်ငံများမှ ရေနံတင်သင်္ဘောများ ဖြတ်သန်း သွားလာလျက်ရှိသည့်ဟော်မုဇ်ရေလက်ကြားကို ပိတ်ပင်ရေးနှင့် ပတ်သက်သည့် ဥပဒေမူကြမ်းအား ဆွေးနွေး တိုင်ပင်ရန်အတွက် အမျိုးသားလုံခြုံရေး ဦးသျှောင်ကောင်စီ (Secretary of the Supreme National Security Council-SNSC)  အတွင်းဝန်Saeed Jalili နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများအား ဖိတ်ခေါ်ရန် အီရန်ပါလီမန်မှစီစဉ်လျက်ရှိကြောင်း အီရန် အဆင့်မြင့် ဥပဒေပြု အမတ်တစ်ဦးမှ ဇူလိုင်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဟော်မုဇ်ရေလက်ကြားအား ပိုမိုတိတိကျကျ ပိတ်ပင်နိုင်ရေး အတွက် ဥပဒေမူကြမ်းအား လေ့လာသုံးသပ်ရန် အမျိုးသား လုံခြုံရေးဦးသျှောင် ကောင်စီအတွင်းဝန်၊ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများနှင့် စစ်ဦးစီးအရာရှိချုပ်တို့အား ပါလီမန်မှ ဖိတ်ကြားသွားမည်ဖြစ်ပြီး ၎င်းတို့၏ အမြင်များနှင့် အကြံပြုချက်များအား အသုံးပြုသွားမည်ဖြစ်ကြောင်း ဥပဒေမူကြမ်းအား လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေအမတ် တစ်ဦးဖြစ်သူ Seyed Mehdi Moussavinejad က ဇူလိုင်လ ၈ ရက်နေ့တွင် FNA သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ အဆိုပါ ဥပဒေမူကြမ်းအား အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ကော်မရှင်မှ ဇူလိုင်လ ၂ ရက်နေ့တွင် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။
Fars News.com;July-8(Sun)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်