Tuesday, July 10, 2012

အမေစု အတွက် မေးခွန်းတခိျု့

Posted by Anonymous Tuesday, July 10, 2012, under | No comments


          အခုတော့ အမေစုလွှတ်တော်ထဲရောက်ပြီ၊ မြန်မာနိုင်ငံရဲ့ ကောင်းရာကောင်းကျိုးတွေကို လုပ်မယ် လို့ လည်း ကတိသစ္စာတွေဆိုပြီးပြီ။ ဒီတော့ အမေစုအနေနဲ့ နိုင်ငံအတွက် ကောင်းရာကောင်းကျိုးတွေကိုပဲ ပြောစေလိုပါတယ်။ အမေစုနဲ့ NLDက လက်ရှိအစိုးရဟာ စစ်တပ်က ကြီးစိုးထားတာပဲလို့ ပြောတာကြားခဲ့ ဖူးပါတယ်။ အခု အမေစုရဲ့ဥရောပခရီးစဉ်မှာ ပြောနေတဲ့ပုံစံကလည်း အဲသည်လိုပုံစံပါပဲ။ အမေစုရဲ့ ရန်သူတော်ဟောင်းကြီးတွေဖြစ်တဲ့ အခုအုပ်ချုပ်နေတဲ့ စစ်အစိုးရပိုင်းလူကြီးဟောင်းတွေက  အမေစုကို လွှတ်တော်ထဲဝင်ခွင့်ပြုတာ၊ နိုင်ငံခြားတွေသွားခွင့်ပြုနေတာ အမေစုအပြောအဆို ဆင်ခြင်ဖို့ကောင်းပါတယ်။ ILO ဆွေးနွေးပွဲမှာ  '' ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပါသလား ''လို့ အမေစုကို မေးခဲ့တယ်။ အမေစုရဲ့အဖြေက '' နိုင်ငံသားဖြစ်ဖို့ဆိုရင် တိကျရှင်းလင်းပြတ်သားတဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေစပြီး လိုအပ်ပါမယ်၊ ရခိုင်နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေရှိနေတယ်ဆိုတာ သေချာပါတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ်လူဝင်မှုထိန်းသိမ်းရေးလိုအပ်နေပါတယ်'' ဘာညာဆိုပြီးဖြေသွားတာ ကြားလိုက်ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှသေချာရေရာမသိပဲ ထင်ရာမြင်ရာ ဖြေထည့်လိုက်ပုံရတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတဲ့ဥပဒေ တိတိကျကျ ပြဋ္ဌာန်းထားပြီးသားဆိုတာ အမေစုမသိလို့လား။ ဒီဘင်ဂါလီတွေကို နောက်ထပ်ဥပဒေထပ်ပြုပြီး အသိအမှတ်ပြုပေးရမယ်လို့ အမေစု ဆိုလိုချင်နေတာလား။ 

          ဒီဘင်ဂါလီကိစ္စဟာ အမေစုခင်ပွန်းအမျိုးတွေ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တုန်း က ကျန်ခဲ့တဲ့အမွေဆိုး တွေဆိုတာ အမေစု မသိလို့လား။ ဘာဖြစ်လို့ အခုမှဒီခေတ်က လူတွေကို ပုံချပြီး တာဝန်ယူခိုင်းနေရတာလဲ။ နောက်တစ်ခုက ILO မှာ ပြောခဲ့တာပါပဲ။ '' စစ်တပ်အနေနဲ့ အာဏာအလွန်အကျွံ ကျင့်သုံးခဲ့ခြင်းကြောင့် မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုဟာ ထင်သာမြင်သာမဖြစ်သေးကြောင်း၊ ဒီမိုကရေစီဖြစ်စဉ်မှာ စစ်တပ်အနေနဲ့ အဟန့်အတားလိုမျိုးမဖြစ်သင့်ဘူး'' လို့ပြောခဲ့တယ်။ ဒီတော့ စစ်တပ်က ဘာတွေများဟန့်တား နေလဲလို့ မေးချင်တယ်။ ဒေါ်စုနဲ့ဦးဝင်းတင်တို့ပြောခဲ့တဲ့ ဒုတိယပင်လုံညီလာခံဆိုတာ မှတ်မိဦးမှာပေါ့။ အဲဒါကြီးကို သာတွန်းပြီးဆက်လုပ်မယ်ဆိုရင် ဘာဖြစ်လာမယ်လို့ ထင်သလဲ။ အမေစု ဥရောပရောက်တုန်း ဘော့စနီးယားဟာဇီဂိုဘီးနား၊ ခရိုအေးရှားတို့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သွားလေ့လာသင့်တယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ ပင်လုံညီလာခံမှာ ကချင်တိုင်းရင်းသားတွေနဲ့လုပ်ခဲ့တဲ့ တခိျု့ဆွေးနွေးပွဲတွေမှာ ကချင် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တရားလက်လွတ်တောင်းဆိုမှုတွေကြောင့် မတက်ခဲ့ဘူးဆိုတာ အမေစု လေ့လာကြည့်လိုက်ပါဦး။
          နောက်တစ်ချက်က ''ပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်မှရေရှည်ခံမယ်လို့''အမေစု ပြောခဲ့တယ်နော်။ ဒါဆိုရင် မြန်မာနိုင်ငံမှာ စနစ်တကျအဖွဲ့အစည်းကြီးဖြစ်တဲ့ စစ်တပ်ကို ဘာဖြစ်လို့ ချန်ထားခဲ့ချင်ရတာလဲ။ ဦးနုတို့ရဲ့ ပါလီမန်ခေတ်ကလို တရုတ်၊ မြန်မာနယ်စပ်သတ်မှတ်တဲ့ကိစ္စ၊ ဘင်္ဂလားဒေ့ရှ်ကို ကျွန်းကြီးတစ်ကျွန်း ပေးလိုက်တဲ့ကိစ္စ၊ အဲဒီ ဥပမာတွေကိုယူပြီး ဘင်ဂါလီတွေကို လွှတ်တော်ထဲမှာ ဥပဒေပြုပေးပြီးတော့လုပ်ချင်ရာ လုပ်မလို့လား။ ပြုပြင်ပြောင်းလဲရေးမှာ တွေ့ကြုံလာရမယ့် ပြဿနာပေါင်းစုံကို စစ်တပ်မပါဘဲ ထိန်းသိမ်းလို့ ဘယ်လိုမှမရနိုင်ဘူးဆိုတာ အပေါ်ယံလေးတွေးရင် တောင်ရနိုင်ပါတယ်။ အမေစု အခု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်နေတယ်မဟုတ်လား။ စစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခဲ့တာလို့ အမေစုပြောခဲ့ တဲ့စကားရှိတယ်။ စစ်တပ်မပါဘဲနဲ့တော့ အမေစုရိုက်မယ့်ဇာတ်ကားကြီးဟာ ဘာမှပီပီပြင်ပြင်ဖြစ်လာမှာ မဟုတ်ဘဲ အခုခေတ် ပေါ်နေတဲ့ရုပ်ရှင် ဇာတ်ကားတွေလို ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဟီးဟီးဟားဟား ဇာတ်လမ်းဖြစ် နေဦးမယ်နော်..

                                                                                      မောင်မောင်မြင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်