Tuesday, July 10, 2012

မြန်မာနိုင်ငံပိုင်နက် နယ်မြေအတွင်းသို့တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ်ရော်ဘာခြံလုပ်ငန်းကို လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများဖမ်းဆီးရမိ၊ ၄င်းတို့အားကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားပြီး သက်ဆိုင်ရာနိုင်ငံသို့ သံတမန်နည်းအရ အသိပေးအကြောင်းကြားထားပြီးဖြစ် တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်

Posted by drmyochit Tuesday, July 10, 2012, under | No comments


မိမိတပ်မတော်စစ်ကြောင်းများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အမြဲမပြတ်စိုးမိုး လှုပ်ရှား လျက်ရှိရာ ဇူလိုင်လ ၄ရက်နေ့ ညနေပိုင်းက တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီး မြို့နယ်ခွဲ နန့်တွန်နှင့် ရွာဟေ့လူ နယ်စပ် စစ်ဆင်ရေးခြေကုတ်စခန်း အကြား နယ်မြေရှင်း လင်းစဉ်ထိုင်းနိုင်ငံနှင့်ဆက်သွယ်ထား သောမြေသားလမ်းကြောင်းနှင့် ရော်ဘာပင်ဧက(၁၀၀၀)ခန့်စိုက်ခင်းနှင့်အတူ တဲပေါင်း ၂၀ ကျော်တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကျူးကျော်ကာ တရားမ၀င်လုပ်ငန်း များဆောင်ရွက်လျက်ရှိကြသည့် ထိုင်းနိုင်ငံ သားများအား လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


 ထို့ပြင် ဇူလိုင် ၅ ရက်ကဆက်လက်ရှင်းလင်းရှာဖွေရာထိုင်းနိုင်ငံမှကျူးကျော်ဝင်ရောက်ပြီး ရော်ဘာခြံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်နေကြသူများအား တဲ(၃)လုံး၊ ရော်ဘာပင်(၅၀၀)ခန့်လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့်အတူ ထပ်မံဖမ်းးဆီးရမိခဲ့ကြောင်းသိရသည်။
 ဇူလိုင်(၇)ရက်နေ့အထိ ထိုင်းနိုင်ငံသား ကျား(၅၂)ဦး၊ မ(၉)ဦး စုစုပေါင်း (၆၁)ဦး ၊ M-12သေ နတ်(၅)လက်၊ AR-15 သေနတ်(၂)လက်၊ AK-47 သေနတ်(၂)လက်၊ ၀င်ချက်စ တာသေနတ်(၅)လက်၊ ပွိုင့်-၃၅၇ ခြောက်လုံးပြူး သေနတ်(၁)လက်၊ လုပ်သေနတ်ရှည်(၉)လက်၊ လုပ်သေ နတ်တို(၂)လက် ၊ ရှေ့ထွက်မိုင်း (၁)လုံး၊ လက်ပစ်ဗုံး(၁)လုံး၊ ၅ဒသမ၅၆ကျည်(၄၂)တောင့်၊ AK-47 ကျည်(၁၁)တောင့်၊ ပွိုင့် ၃၈ကျည်(၃၆)တောင့်၊ လုပ်သေနတ်ကျည်(၁၂၅) တောင့်၊ ကျည်အိမ်မျိုးစုံ (၃၂)ခု၊ မြေထိုးစက်(၃)စီး၊ ယာဉ်ငယ်မျိုးစုံ(၁၇)စီး၊ ဘက်ဟိုးယာဉ် (၅)စီး၊ မော်တော် ဆိုင်ကယ်အစီး (၂၀)၊  ရော်ဘာပင် (၁၅၀၀) ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 
 အဆိုပါဖြစ်စဉ်တွင် ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ  အတွင်းသို့ တရားမ၀င် ၀င်ေ ရာက်ပြီး စီးပွားဖြစ်ရော်ဘာခြံလုပ်ငန်းကို လာရောက်လုပ်ကိုင်နေ ကြခြင်းဖြစ်ကြောင်း၊ ထို့ပြင်လုံခြုံရေး အတွက် လက်နက် ခဲယမ်းများကို ကိုင်ဆောင် အသုံးပြုလျက်ရှိကြောင်း၊ မိမိတပ်မတော် စစ်ကြောင်းများမှ ရှင်းလင်းဖမ်းဆီးထိမ်း သိမ်းစဉ် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိ သည့် ထိုင်းနိုင်ငံသားများအား ကောင်းမွန် လုံခြုံစွာစောင့်ရှောက်ထာပြီး ထိုင်းနိုင်ငံသို့ သံတမန်နည်းအရ အသိပေးအကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ၄င်းတို့ အား တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများနှင့်စပ်လျဉ်း မြန်မာနိုင်ငံသားများသည် တဖက် အိမ်နီး ချင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မှုများရှိသကဲ့သို့ တဖက်နိုင်ငံသားများက လည်း မြန် မာနိုင်ငံ သို့ လာရောက်လုပ်ကိုင်နေမှု များရှိနေမည်သာဖြစ်သည်။ ထိုသို့ အလုပ်လုပ်ကိုင်ကြရာ တွင် လည်း တရားဝင် နည်းလမ်းဖြင့် သွားရောက်အလုပ်လုပ်ကိုင်မှုများရှိသည့်နည်းတူ ယခုကဲ့သို့တရား မ၀င် ၀င်ရောက်အလုပ် လုပ်ကိုင်မှုများလည်းရှိနေ မည်ဖြစ်သည်။ မြန်မာနိုင်ငံသား များတစ်ဖက်အိမ်နီး ချင်းနိုင် ငံတွင် တရားမ၀င်သွားရောက် လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ အရေး ယူခံရခြင်းများရှိခဲ့ရာ နိုင်ငံတော်အပိုင်းက မိမိနိုင်ငံသားများဘက်မှရပ်တည်ကာ ဥပဒေနှင့်အညီကာ ကွယ်စောင့် မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

                                                                           မြ၀တီသတင်းစာ 10.7.2012

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်