Tuesday, July 10, 2012

အိန္ဒိယကြည်းတပ်အနေဖြင့် ဂျမူးနှင့်ကတ်ရှ်မီးယားဒေသရှိ တပ်ဖွဲ့ဝင်များကို လျှော့ချမည်မဟုတ်ဟုဆို

Posted by Anonymous Tuesday, July 10, 2012, under | No comments


          အိန္ဒိယနိုင်ငံသည် ဂျမူးနှင့် ကတ်ရှ်မီးယား ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေများ တိုးတက် ကောင်းမွန်လာသော်လည်း အဆိုပါ ပြည်နယ်အတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် တပ်ဖြန့်ချထား ခဲ့သောလုံခြုံရေး တပ်ဖွဲ့ဝင်များကို လျှော့ချမည် မဟုတ်ကြောင်း အိန္ဒိယကြည်းတပ် အဆင့်မြင့်အရာရှိ တစ်ဦးက ဇူလိုင်လ ၉ ရက်နေ့တွင်ပြောကြားခဲ့သည်ဟု  Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း အဆိုပါ ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုနှင့် အကြမ်းဖက်ဝါဒနှင့် ဆက်စပ် လျက်ရှိသော မတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ သို့သော် အဆိုပါဒေသ အတွင်းငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် အဖွဲ့အစည်းများ လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါပြည်နယ်၏ အခိျု့ဒေသ များတွင် ပြဋ္ဌာန်းထားသော လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အထူးအခွင့် အာဏာအက်ဥပဒေ (AFSPA) အား ရုပ်သိမ်းပေးရန် အဖွဲ့အစည်းအသီးသီးကတောင်းဆိုမှုများ ရှိနေပြီး အိန္ဒိယကြည်းတပ်၏ အထက်ပါ ရပ်တည် ချက်သဘောထားသည် ၎င်းတောင်းဆိုမှုများကို ဆန့်ကျင်သကဲ့သို့ဖြစ်နေပါသည်။ ထို့အပြင် အိန္ဒိယ ကြည်းတပ်သည် မဏိပူရပြည်နယ်အတွင်း အလားတူ တပ်ဖွဲ့ဝင်များ လျှော့ချရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် မည်သည့် လှုပ်ရှားမှု များကိုမဆို ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်