Tuesday, July 10, 2012

မြန်မာဘက်သို့ ကျူးကျော်နေထိုင်သူ ထိုင်းလူမျိုး ၈၀ မြန်မာအစိုးရ ထိန်းသိမ်း

Posted by drmyochit Tuesday, July 10, 2012, under | No comments



နေပြည်တော် ဇူလိုင် ၉
 မိမိတပ်မတော်စစ်ကြောင်းများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အမြဲမပြတ်စိုးမိုးလှုပ်ရှားလျက်ရှိရာ ဇူလိုင် ၄ ရက် ညနေပိုင်းက တနင်္သာရီ တိုင်းဒေသကြီး  ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ  နန်တွန်နှင့်  ရွာဟေ့လူ နယ်စပ် စစ်ဆင်ရေးခြေကုတ် စခန်းအကြား နယ်မြေရှင်းလင်းစဉ် ထိုင်း နိုင်ငံနှင့် ဆက်သွယ်သောမြေသားလမ်း ကြောင်းနှင့် ရော်ဘာပင် ဧက(၁ဝဝဝ)ခန့် စိုက်ခင်းနှင့်အတူ တဲပေါင်း ၂ဝ ကျော် တွေ့ရှိရပြီး မြန်မာနိုင်ငံ အတွင်းသို့ဝင် ရောက်ကျူးကျော်ကာ တရားမဝင်လုပ် ငန်းများ  ဆောင်ရွက် လျက်ရှိကြသည့် ထိုင်းနိုင်ငံသားများအား  လက်နက် ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင်ဇူလိုင် ၅ ရက်က  ဆက်လက် ရှင်းလင်းရှာဖွေရာ ထိုင်းနိုင်ငံမှကျူးကျော် ဝင်ရောက်ပြီး ရော်ဘာခြံ စိုက်ပျိုးရေး လုပ်ငန်း လုပ်ဆောင်နေကြသူများအား တဲ(၃) လုံး၊ရော်ဘာပင်ဧက(၅ဝဝ)ခန့်၊ လက်နက် ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်(၇)ရက်အထိ ထိုင်းနိုင်ငံသား ကျား(၅၂)ဦး၊ မ(၉)ဦး စုစုပေါင်း(၆၁)ဦး၊ြ-၁၆ သေနတ်(၅)လက်၊ ဗျွ-၁၅ သေနတ်(၂)လက်၊ ဗု-၄၇ သေနတ် (၂)လက်၊ ဝင်ချက်စတာ သေနတ် (၅) လက်၊ ပွိုင့်-၃၈ ခြောက်လုံးပြူးသေနတ် (၃)လက်၊ ပွိုင့်-၃၅၇ ခြောက်လုံးပြူး သေနတ် (၁)လက်၊ လုပ်သေနတ်ရှည် (၉)လက်၊ လုပ်သေနတ်တို(၂)လက်၊ ရှေ့ထွက်မိုင်း(၁)လုံး၊ လက်ပစ်ဗုံး (၁) လုံး၊  ၅ ဒသမ ၅၆ ကျည် (၄၂)တောင့်၊ ဗု-၄၇ ကျည် (၁၁)တောင့်၊ ပွိုင့်-၃၈ ကျည်(၃၆)တောင့်၊ လုပ်သေနတ်ကျည် (၁၂၅)တောင့်၊ ကျည်အိမ်မျိုးစုံ (၃၂)ခု၊ မြေထိုးစက် (၃)စီး၊ ယာဉ်ငယ်မျိုးစုံ (၁၇) စီး၊ ဘက်ဟိုးယာဉ်(၅)စီး၊မော်တော်ဆိုင် ကယ်အစီး(၂ဝ)၊ရော်ဘာပင်ဧက(၁၅ဝဝ) ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်