Tuesday, July 10, 2012

နေတိုးထောက်ပံ့ရေးလမ်းကြောင်းဖွင့်လှစ်ပေးရန် ဆုံးဖြတ်မှုအား ပြည်သူမှကန့်ကွက်ဆန္ဒပြ

Posted by Anonymous Tuesday, July 10, 2012, under | No comments

အာဖဂန်နစ္စတန်ရှိ နေတိုးတပ်ဖွဲ့များအတွက် ထောက်ပံ့ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ် ပေးသည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သောအားဖြင့် ပါကစ္စတန်ရှိ ဒါဇင်ပေါင်း များစွာသော ဘာသာရေး-နိုင်ငံရေးဆိုင်ရာ မဟာမိတ်ပါတီ များသည် ဇူလိုင်လ ၈ ရက်နေ့တွင် ချီတက်ဆန္ဒပြမှုများ စတင်ပြုလုပ်ခဲ့ပါသည်။ အဓိက အစ္စလာမ္မစ်ပါတီများမှ လှုပ်ရှားတက်ြွကသူ ရာပေါင်းများစွာနှင့် နိုင်ငံရေး ပါတီများမှ လှုပ်ရှားတက်ြွကသူ အခိျု့သည် ချီတက်ဆန္ဒပြမှုတွင်ပါဝင်ခဲ့ကြပြီး၊ ၎င်းတို့၏ ဆန္ဒပြမှုသည် အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ အဓိကမြို့တော်များစွာကိုဖြတ်သန်း ချီတက်ပြီးနောက် ဇူလိုင်လ ၉ ရက်နေ့တွင်ပြီး ဆုံးမည်ဖြစ်ပါသည်။ ဘာသာရေးနှင့် နိုင်ငံရေးအုပ်စုများ ရောနှော ပေါင်းစပ်ထားသည့် ပါကစ္စတန် ကာကွယ်ရေးကောင်စီ (DPC) ၏ အဓိက ခေါင်းဆောင်များက အဆိုပါ ခရီးရှည်ယာဉ်တန်းဖြင့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ပါကစ္စတန် ကာကွယ်ရေးကောင်စီအနေဖြင့် ၎င်းအုပ်စု၏ခေါင်းဆောင်များမှထောက်ခံသူများကိုဟောပြောမှုများပြုလုပ်ခဲ့ပြီး ချီတက်ဆန္ဒပြမှုကို ပန်ဂျပ်ခရိုင်၏မြို့တော် Lahoreမြို့ရှိ ဗလီတစ်ခုမှ စတင်ခဲ့သည်။နေတိုးထောက်ပံ့ရေးလမ်းကြောင်းကိုပြန်လည်ဖွင့်လှစ်ပေးသည့်ဆုံးဖြတ်ချက်အား ဆန့်ကျင်သောဆန္ဒပြမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ခေါင်းဆောင်များက ပြောကြား ခဲ့ပါသည်။
Xinhuanet.com;July-8(Sun)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်