Tuesday, July 10, 2012

ရိုဟင်ဂျာမဟုတ်-ဘင်ဂါလီ ဘားမားမဟုတ်-မြန်မာ

Posted by Anonymous Tuesday, July 10, 2012, under | No comments




          အခုတစ်လော နိုင်ငံခြားသတင်းမီဒီယာတွေ၊ အခိျု့သော ပြည်တွင်းမီဒီယာတွေနဲ့ အင်တာနက်ပေါ်က ဘလော့တွေမှာ ရိုဟင်ဂျာဆိုပြီး အသုံးအနှုန်းကို တွေ့နေရပါတယ်။  မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေထဲမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး။ အစိုးရအဆက်ဆက်နဲ့ ပြည်သူလူထုများက အသိအမှတ်မပြုခဲ့ကြပါ။ ဖိုးရှင်းတို့ အမျိုးလည်းမဟုတ်ပါ။ အဲဒါကို ဒီဘင်ဂါလီတွေကပဲ အခွင့်အရေးရှိသယောင်ယောင် ပြည်ပသတင်းမီဒီယာ တွေက ဘေးတီးပေးနေကြတယ်။  ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ စာရွက်ပေါ်မှာတောင် မဖော်ပြသင့်ဘူးလို့ ထင်တယ်။ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ လုံးဝမတွေ့ရပါ။ နိုင်ငံတော်သမ္မတကြီး ပြောသွားတဲ့ မိန့်ခွန်းထဲမှာလည်း ရိုဟင်ဂျာဆိုတာ တစ်လုံးမှ မပါပါဘူး။ ဒီတော့ သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်းပဲ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လိုတယ်။ ဒီအသုံးအနှုန်းကို သုံးလိုက်မယ်ဆိုရင် သူတို့ကို အသိအမှတ် ပြုနေတယ်လို့ ထင်သွားစရာဖြစ်နိုင်တယ်။
          လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က ဘင်ဂါလီကိစ္စဟာ  မြန်မာပြည်မှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးရဲ့ အရေးကိစ္စလို့ပဲ ထင်တယ်။ ဒီဘင်ဂါလီတွေကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်း တွေကစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေတာဟာ ဘင်ဂါလီတွေအတွက် အကွက်ဖြစ်နေတယ်။ ဒီဘင်ဂါလီ တွေနဲ့ပတ်သက်လို့

 ဖိုးရှင်းတို့ တစ်နိုင်ငံတည်းမှာပြဿနာရှိနေတာ မဟုတ်ပါဘူး။ မလေးရှားတို့၊ ထိုင်းတို့ မှာလည်း ဘင်ဂါလီပြဿနာတွေ ဖြေရှင်းနေရတာပဲ။
          လက်ရှိ အခြေအနေမှာတော့ စစ်တပ်အနေနဲ့လည်း အမိန့်နာခံပြီး တစ်ဆင့်ချင်းဖြေရှင်းနေတာတွေ့ရ တယ်။ ကပ်လျက်နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သံဆူးကြိုးတွေနဲ့ အထပ်ထပ်ကာ ထားတာ လေ့လာခဲ့ဖူးတယ်။ အိန္ဒိယနယ်ခြားစောင့်တပ်များဟာ ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံ ထဲဝင်လာတဲ့ ဘင်ဂါလီတွေကို အပြတ်ရှင်းတာပါပဲ။ ဖိုးရှင်းတို့နိုင်ငံက လူသားချင်းစာနာထောက်ထားလို့ လက်ခံထားတာကို အိမ်ပေါ်တက်ပြီး စော်ကားတဲ့ ဒီဘင်ဂါလီတွေကို အကြမ်းနည်းနဲ့မဖြေရှင်းပဲ အစိုးရရဲ့ ဦးဆောင်မှုနဲ့ တစ်မျိုးသားလုံးဝိုင်းပြီး ဖြေရှင်းရမယ်လို့ ပြောပါရစေ။
          နောက်တစ်ခုကအမေစုILO  မှာ ပြောခဲ့တဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီး ဘားမားဆိုပြီး အတော်များများ ထည့်သုံးသွားတာတွေ့ရတယ်။ အခုဆိုရင် အမေစုဟာ လွှတ်တော်ထဲမှာ တရားဝင်ပြောခွင့်၊ဆိုခွင့်ရှိတဲ့ အမတ်တစ်ယောက် ဖြစ်နေပြီလေ။  နောက်ပြီး ILO Governing Body သတင်းကြေညာသူအကုန်လုံးက မြန်မာလို့သုံးနှုန်းနေတာ အမေစုမကြားလို့လား။ အခြေခံဥပဒေထဲမှာ မြန်မာလို့ပဲပါတယ်။ ဗမာနဲ့ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံချင်တာလား။ ဘာလို့မပြောင်းနိုင်တာလဲ။ ဒါကိုပြန်သုံးသပ်ဖို့ လိုတယ်လို့ ထင်တယ်။ အပေါ်ယံပဲကြည့်ကြည့် သေချာပဲ ကြည့်ကြည့် အမေစုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းလို့ရ ပါတယ်။ လွှတ်တော်အမတ်တစ်ယောက်ဟာ ဥပဒေကို အထူး လေးစားလိုက်နာဖို့တော့ လိုမယ်လို့ ဖိုးရှင်း ထင်တယ်။ အမေစု နိုင်ငံခြားသွားတာနဲ့ ဒီမိုသမားတွေရဲ့ ဘလော့တွေမှာ ပလူပျံနေအောင် အမေစုပုံတွေ တွေ့ရတော့ တာပါပဲ။ တခိျု့ပုံတွေဆိုရင် တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ နိုင်ငံခြားသားကို ကိုးကွယ်တာ အရမ်းသိသာပါတယ်။ ဒါ့ကြောင့်လည်း ဒီမိုတွေရဲ့ ဘလော့ အတော်များများမှာ အမေစုကို ဝေဖန်တိုက်ခိုက်တဲ့ စကားလုံးတွေ ပေါ်လာတာပဲဖြစ်ပါတယ်။
          ဒါ့ကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေအနေနဲ့ ရိုဟင်ဂျာလို့ မသုံးပါနဲ့။ ဘင်ဂါလီလို့ဘဲ သုံးပါလို့  တိုက်တွန်းပါရစေ။ အမေစုကိုလည်း အမေစုကိုလည်း ဘားမားလို့ပြောပြီး တိုင်းရင်းသားအချင်းချင်း  သွေးမခွဲဖို့ပြောလိုက်ပါရစေ။


                                                                             ဖိုးရှင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်