Tuesday, July 10, 2012

အစ်ကိုကြီးအဖအရာ

Posted by Anonymous Tuesday, July 10, 2012, under | No comments


    ရခိုင်ဒေသပြဿနာနှင့်ပတ်သက်၍ မီဒီယာများအပါအဝင် နိုင်ငံရေးပါတီများသည် တစ်ဦးနှင့် တစ်ဦး အမြင်များမတူညီကြဟု ပြောလျှင်ရမည်ထင်သည်။ အခိျု့က လူမျိုးရေးပြဿနာဘက်မှ ဇောင်းပေးပြောသည်။ အခိျု့က ဘာသာရေးပြဿနာဘက်မှ ဇောင်းပေးပြောသည်။ အခိျု့ကနိုင်ငံရေးကစားကွက်တစ်ခုဟု မှတ်ချက်ပေး သည်။ အခိျု့ကစနစ်တကျကြိုးကိုင်ထားသော လုပ်ဇာတ်တစ်ခုဟု ယူဆသည်။ အခိျု့က နောက်ပြန်လှိုင်းကို စိုးရိမ်တကြီးပြောကြသည်။ အခိျု့က ပထဝီနိုင်ငံရေးရှုထောင့်မှ သုံးသပ်သည်။ အမျိုးမျိုးအဖုံဖုံ ကိုယ်မြင်မိသလို ခံစားမိသလို သုံးသပ်ကြသည်။ ဤဆောင်းပါးသည် ရခိုင်ဒေသပြဿနာနှင့် ပတ်သက်၍ စာရေးသူ၏အမြင်များ ကို တင်ပြထားခြင်းသာဖြစ်ပါသည်။
    ရခိုင်ဒေသပြဿနာသည် ရခိုင်ဗုဒ္ဓဘာသာဝင်တို့နှင့် အစ္စလာမ်ဘာသာဝင်တို့အကြားဖြစ်သော ဘာသာရေးပြဿနာမဟုတ်။ ဒေသခံရခိုင်တို့နှင့် နယ်မြေကျူး ဘင်္ဂါလီတို့အကြားဖြစ်သော ပြဿနာသက်သက် သာဖြစ်သည်။ စာရေးသူကိုယ်တိုင်ပင်လျှင် အစပိုင်းတွင် ဘာသာရေးပြဿနာဟုအမြင်ရှိခဲ့ပြီး ဇာတ်ရည်လည်ချိန် တွင် ယခုကဲ့သို့ပြဿနာအပေါ် ရှုမြင်ပုံပြောင်းလဲသွားခြင်းဖြစ်သည်။ ပြောရလျှင်သမိုင်းကြောင်းနှင့် ပတ်သက်နေ သည်။ 
သမိုင်းအထောက်အထားများအရ ဘင်္ဂါလီတို့သည် ကိုလိုနီခေတ်တွင် အင်္ဂလိပ်တို့နှင့်အတူ ရောက်လာ သော လူမျိုးများဖြစ်သည်။ သမိုင်းအစဉ်အလာအရ မြန်မာတိုင်းရင်းသားအနွယ်မဟုတ်ဟု အခိုင်အမာပြောဆို ကြသည်။ ခက်သည်မှာ ၎င်းတို့၏မျိုးရင်းနိုင်ငံများကပါ ၎င်းတို့ကိုလက်မခံသောကြောင့် ယင်းတို့မှာ နိုင်ငံမဲ့များ ပင်ဖြစ်ကြရာ ၎င်းပြဿနာသည် အခပ်မသင့်လျှင် နိုင်ငံတွင်းပြဿနာအဆင့်မှ ဒေသတွင်းပြဿနာအထိပင် ဖြစ်သွားနိုင်သည်။
    အကယ်၍ ဒေသတွင်းပြဿနာအဆင့်ထိဖြစ်ခဲ့ပါက ကုလသမဂ္ဂအပါအဝင် အင်အားကြီးနိုင်ငံများ ၏ ပတ်သက်စွက်ဖက်မှုများဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် ယင်းအခြေအနေဖြစ်ခဲ့လျှင် နိုင်ငံကြီးတခိျု့မှ ပြည်တွင်း ရေးကို စွက်ဖက်နိုင်ရန်အလို့ငှာ ဘင်္ဂါလီပြဿနာကို ပြဒါးရှင်လုံးတစ်ခုသဖွယ် အသုံးချသွားလေမလားဟု ပူပန် ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ယင်းပြဿနာသည် တိမ်မယောင်နှင့် နက်သည်ဟုဆိုနိုင်သည်။ ပြဿနာဖြေရှင်းမှု တွင် ညင်သာသိမ်မွေ့မှုအထူးလိုအပ်သည်။ အခပ်မသင့်လျှင် ရေတိုပြဿနာမှ ရေရှည်ပြဿနာအဆင့်အထိ ရောက်သွားနိုင်သည်။ လူ့အခွင့်အရေးသဘောအရ နိုင်ငံမဲ့လူမျိုးဟူ၍ မရှိအပ်သည်ဖြစ်ရာ ဘင်္ဂါလီပြဿနာသည် ကုလသမဂ္ဂမှ ဝင်ရောက်ရမည့်အရေးအထိဖြစ်သွားနိုင်ပါသည်။ ပူတတ်ရန်ကောဟု ပြောနိုင်ပါသည်။ မိုးမပြို၊ ပြိုခဲ့သော်အခြေအနေကို ဆိုလိုခြင်းဖြစ်ပါသည်။ ဤအခြေအနေများတွင် ဘင်္ဂါလီများ၏ မျိုးရင်းနိုင်ငံများနှင့်ပါ ပြောဆိုရမှုများရှိလာနိုင်ပါသည်။ ထိုအနေအထားမျိုးတွင် အင်အားကြီးနိုင်ငံများ၏ ကျင့်သုံးလေ့ကျင့်သုံးထရှိသော '' မျက်နှာကြီးရာ ဟင်းဖတ်ပါ '' သည့်ဆုံးဖြတ်ချက်များကိုလည်းကောင်း၊ '' အားကြီးရာသာအမှန် '' ဟုရပ်တည် ပေးတတ်မှုများကိုလည်းကောင်း၊ ကိုယ်ကျိုးစီးပွား ပဓာနအတွေးအခေါ်များကိုလည်းကောင်း တွေးပူမိပါသည်။
    ရခိုင်ဒေသပြဿနာသည် မီဒီယာများ၏ကျင့်ဝတ်နှင့် ပတ်သက်၍ စာမေးပွဲတစ်ခုဟုလည်း သိလိုက်ရ ပါသည်။ အခိျု့စာမေးပွဲကျသည်။ စာနယ်ဇင်းကျင့်ဝတ်၊ မီဒီယာကျင့်ဝတ် နှင့်ပတ်သက်၍ အသံခပ်ကျယ်ကျယ် ထွက်လာသည်။ မှားသည်/မှန်သည် အပြစ်စကားထက် ရင့်ကျက်မှုသို့ ခြေလှမ်းတစ်လှမ်းဟုခံယူနိုင်ကြလျှင် အားလုံးအတွက်အဆင်ပြေမည်ထင်သည်။ စနက်တံကိုယ်စီကိုင်ထားချိန်တွင် မိမိအရေးအသား/တင်ပြမှုသည် ဆေးလိပ်မီးပွားမျှပင် မဖြစ်အပ်ဆိုသည်မှာတော့မမှားနိုင်ချေ။ အထူးသဖြင့် ပုံနှိပ်မီဒီယာထက် အင်တာနက် မီဒီယာတွင် စည်းဘောင်တစ်ခု၊ သို့မဟုတ် ဖြည့်စွက်ချက်တစ်ခုလိုနေသည်ကို ရခိုင်ဒေသပြဿနာမှ ကောင်းကောင်း မီးမောင်းထိုးပြခဲ့သည်။ သင့်ကြောင့် အမှိုက်ကစ ပြသာဒ်မီးမလောင်ပါစေနှင့်ဟုပင် ပြောရန်ဖြစ်လာသည်။ သင်၏ သတင်းမှန်ကန်ခြင်းသည် လူအများ အတိဒုက္ခရခြင်းလောက် အရေးမပါဟုပြောလျှင်လွန်မည်မထင်။
    ရခိုင်ဒေသပြဿနာတွင် ကောလာဟလအကြောင်းကို ကျောချမ်းအောင်သိလိုက်ရသည်။ စာရေးသူ သည် ရန်ကုန်နှင့် အလှမ်းဝေးသောနယ်မြို့တစ်မြို့တွင် နေထိုင်သူဖြစ်သည်။ ရန်ကုန်မှာ ဘာတွေဖြစ်ကုန်ပြီတဲ့.. ဟိုပြောဒီပြောတွေကြားရသည်။ လှည်းတန်းမှာ ဘာတွေဖြစ်ကုန်ပြီတဲ့။ ဆူးလေမှာ ဘာတွေဖြစ်ကုန်ပြီတဲ့။ စုံအောင် ကြားခဲ့ရသည်။ တခိျု့လည်း တစ်ဆင့်စကားတစ်ဆင့် ပြန်ပြောကြခြင်းသာဖြစ်သည်။ ဘာရယ်မဟုတ်။ ဘယ်လိုမှ တော့သဘောမရှိ။ ကိုယ့်စကား တခြားလူစိတ်ဝင်စားရင်ပြီးရောဆိုတဲ့ပုံစံ။ ဂဃနဏသိလို၍ ဖုန်းဆက်မေးကြည့် လျှင် ဘာရယ်မဟုတ်။ ဘာတစ်ခုမှ မမှန်။ သို့သော် တော်တော်လေးတော့စိတ်မောစရာ၊ စိုးရိမ်စရာဖြစ်သည်။ ပေါလိုက်တဲ့စနက်တံတွေ... ဝိုင်း ငြိမ်းနေတာလား .. ဝိုင်းရှို့နေတာလား.. ဟုပင်မေးချင်စရာဖြစ်နေပါတော့ သည်။
    အီးယူ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံအသီးသီးမှ မြန်မာအစိုးရ၏ကိုင်တွယ်ပုံများကို ချီးကျူး လိုက်သည်မှာ မြန်မာ့အရေးလေ့လာသူများအားလုံးအတွက် ဝမ်းမြောက်စရာတစ်ခုဖြစ်ခဲ့သည်။ နောက်ပြန်လှိုင်းကို တဖွဖွအော်နေသူများ ပါးစပ်ပိတ်သွားသည်။ နိုင်ငံတကာမှ မြန်မာအစိုးရအပေါ် ယုံကြည်မှုအဆင့် တက်သွားခဲ့ သည်။ ထိုနည်းတူပင် ထပ်မံ၍ဝမ်းမြောက်ဂုဏ်ယူဖွယ်ကောင်းသည့်အချက်မှာ အမျိုးသားအရေး ကြုံတွေ့လာသည့် အခါတွင် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားညီအစ်ကိုအားလုံးသည် မိမိတို့ရခိုင်တိုင်းရင်းသားများဘက်မှ အစ်ကိုကြီး အဖအရာကဲ့သို့ မိမိတို့၏အသိစိတ်ဓာတ်ဖြင့် အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြခြင်းသည် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ခြင်းပင်ဖြစ်ပေသည်။
                                                                                                                                      ပေါ်ထွန်းဦး
                                                                                                                 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်