Tuesday, July 10, 2012

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် UH-60M Black Hawk ရဟတ်ယာဉ်များအား ပထမဆုံး အသုံးပြုဖွယ်ရှိသည်ဟုဆို

Posted by Anonymous Tuesday, July 10, 2012, under | No comments


          ထိုင်းကြည်းတပ်သည် အမေရိကန်အစိုးရ၏ ပြည်ပစစ်လက်နက် ပစ္စည်းရောင်းချရေး အစီအစဉ်မှ တစ်ဆင့် Sikorsky ကုမ္ပဏီထုတ် UH-60M Black Hawk ရဟတ်ယာဉ် ၂ စင်း ဝယ်ယူရေး စာချွန်လွှာ တစ်ရပ်အား လက်မှတ်ရေး ထိုးခဲ့ကြောင်း ဇူလိုင်လ ၉ ရက်နေ့ Newsnow သတင်းတစ်ရပ် အရသိရှိရပါသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် အမေရိကန်ကြည်းတပ်တွင် အသုံးပြုလျက်ရှိသော နောက်ဆုံးပေါ် Black Hawk ရဟတ်ယာဉ် အမျိုးအစားအား ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာမည် ဖြစ်ပါသည်။ အဆိုပါ ရဟတ်ယာဉ်ရှိ ရှေ့မှန်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့်ဖော်ပြသည့်လေယာဉ်မောင်းအခန်း၊ခေတ်မီပျံသန်းမှု ထိန်းချုပ်ရေးစနစ်၊ နောက်ဆုံးပေါ် ဆက်သွယ်ရေး စနစ်၊ ညကြည့်ကိရိယာနှင့် အခြားသော ဘက်စုံ အဆင့်မြှင့်တင်မှုများ ပါဝင်ကြောင်းနှင့် Sikorsky ကုမ္ပဏီ အနေဖြင့် အမေရိကန်ကြည်းတပ်အား ယခုနှစ်နွေရာသီတွင် အစင်း ၅ဝဝမြောက် UH-60M ရဟတ်ယာဉ်အား လွှဲပြောင်းပေးအပ်ရန်မျှော်မှန်းထားကြောင်း သိရှိရပါသည်။ ၂ဝ၁၁ ခုနှစ်သြဂုတ်လတွင် ထိုင်းနိုင်ငံအနေဖြင့်ရေတပ်သုံး Sierra Black Hawk ရဟတ်ယာဉ် ၂ စင်းရရှိခဲ့ကြောင်းနှင့် ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃ဝ ကျော်တွင် Black Hawk အမျိုးအစားရဟတ်ယာဉ် အစင်း ၃ဝဝဝ ကျော် အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်