Friday, August 30, 2013

မြန်ဆန်သော Firefox အဖြစ် လုပ်ဆောင်ခြင်းနည်းလမ်းများ

Posted by drmyochit Friday, August 30, 2013, under | No comments


မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။


(၁) FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။

(၂) network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

(၃) network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

(၄) network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။

(၅) network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။
CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာcontent.interrupt.parsing လို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE ထားပေးပါ။

(၆) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 2250000 လို့ထားလိုက်ပါ။

(၇) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ 750000 လို့ထားပါ။

(၈) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE ထားပေးပါ။

(၉) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။

(၁၀) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

(၁၁) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>

KIA အဖွဲ့မှ တာလောကြီးရွာသား ရှမ်းလူငယ်တစ်ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

Posted by drmyochit Friday, August 30, 2013, under | No comments

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနေ ရှမ်းလူငယ်နှစ် ဦးသည် သြဂုတ် ၂၈ ရက် မနက်ပိုင်းက မုန်ဆန်ယန်ကျေးရွာအနီးဝန်းကျင်၌ ကျွဲပျောက်၍ လိုက်ရှာစဉ် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့ တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တာလောကြီးရွာ သားများ ထံမှ သိရသည်။

“ အဲဒီနေ့က ကျွဲကျောင်း လွှတ်လိုက်တာပါ၊ ကိုယ့်ရွာအနီးတ၀ိုက်မှာ ပဲ ကျောင်းဖို့ မှာလိုက်သေးတယ်၊ ညနေ စောင်းလို့ ပြန်မလာတာနဲ့ လိုက်ရှာတော့ ကျွဲတွေပဲ တွေ့တယ်၊ သူနဲ့ ကျွဲအတူတူသွားကျောင်း တဲ့ မောင်ဌေး ကတော့ အဖမ်းမခံရဘဲပြန်ပြီး လွှတ်လာခဲ့တယ်၊ကျွန်တော့် သား မောင်ညီထွေးကို လူသစ်အဖြစ် အတင်းအဓမ္မ ခေါ်သွားတာပါဗျာ ” ဟုတာလောကြီးရွာမှ မောင်ညီထွေး၏ ဖခင်ဖြစ်သူ ကပြောပြသည်။

“ ကျွန်တော်နဲ့ ညီထွေးတို့ ကျွဲပျောက် လိုက်ရှာရင်း မုန်ဆန်ယန်ရွာ ဘက်ကို ရောက်သွားပါတယ်၊ အဲဒီရွာနားမှာ သေနတ်ကိုင်ထားတဲ့ ကချင်စစ်သားတွေနဲ့ တွေ့တယ်၊ ဘာမပြောညာမပြော ကျွန်တော်တို့ကို ဖမ်းပါတယ်၊ ညီထွေးက လူကောင်ကြီးတော့ လူသစ်လုပ်လို့ရတယ်၊ ကျွန်တော့် ကိုတော့ လူကောင်သေးလို့ လူသစ်လုပ်လို့ မရသေးဘူး လို့ပြောပြီး လွှတ်ပေးလိုက်တာပါ” ဟု ကိုယ့်တွေ့ကြုံခဲ့ရသော မောင်ဌေး က ပြောပြခဲ့သည်။

ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲအချိန်တွင် အတင်းအဓမ္မလူသစ်စုဆောင်းမှု များ ပြုလုပ်လျက်ရှိရာ ဒေသခံရှမ်းလူငယ်များအား အဓိကထား စုဆောင်းနေ ကြောင်း၊ တာလောကြီး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ KIA မှလူသစ်စုဆော င်း
နေမှုကြောင့် လူငယ် များမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေကြ ရကြောင်း၊ လူသစ်မပေးနိုင်ပါက ငွေဒဏ် ကောက်ခံခြင်းများလည်း ရှိနေရာ ဒေသခံတိုင်းရင်းသားများမှာ မိသားစုတကွဲတပြားနေထိုင်ကြရပြီး စားဝတ် နေရေးအဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း ဒေသခံ ရှမ်းတိုင်းရင်းသားများ၏ ပြောပြချက်အရ သိရှိရပါသည်။ KIA မှ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်လာရောက်စဉ်ကလည်း ရှမ်းလူမျိုးစုယဉ်ကျေးမှုကော်မတီမှ ဦးစိုင်းထိန်လင်းက တင်ပြခဲ့ကြောင်း သိရှိရပါသည်။

Shan News

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း

Posted by drmyochit Friday, August 30, 2013, under | No comments



MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင်သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေးခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေမှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲလာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏ သူငယ်ချင်းများကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။ လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

From: Planet Myanmar Network

လေးနှစ်သမီးကို အဓမ္မကျင့်ရန်ကြံစည်သည်ဟုဆိုကာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး အမှုဖွင့်ခံရ

Posted by drmyochit Friday, August 30, 2013, under | No comments

လေးနှစ်အရွယ်သာ ရှိသေးသည့် သူ့သမီးငယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ကလေး၏ မိခင်က အသက် ၃၀ ကျော်ရွယ် အမျိုးသားတစ်ဦးအား သင်္ဃန်းကျွန်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက်က တိုင်တန်း ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် ည ၈ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထိုနေ့က သူ့သမီးငယ်လေးကို တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦးက လမ်းကြားတစ်ခုအတွင်းသို့ ခေါ်ဆောင် သွားကြောင်း ရပ်ကွက်အတွင်းမှ ကလေးများက လာရောက်ပြောပြခဲ့ကြောင်း ကလေးမိခင် က ရဲစခန်းတွင် ထွက်ဆို ထားသည်။

ထို့ကြောင့် သူသမီးကို သွားရောက်ရှာဖွေရာ ကလေးငယ်မှာ ယင်းလမ်းအတွင်းမှ ငို၍ ပြေးထွက်လာသဖြင့် မိတ်ဆွေအမျိုးသမီးနှင့်အတူ ချော့မော့၍ မေးမြန်းရာ ကလေးကသူ့ကိုမဖွယ်မရာ ပြုလုပ်ရန် ကြံစည်ခံရကြောင်း ပြန်လည်ပြောပြခဲ့သည်ဟုလည်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားခဲ့သည်။

ကလေးကို လမ်းကြားအတွင်းသို့ ခေါ်ဆောင်သွားသူက ဘောင်းဘီချွတ်၍ မဖွယ်မရာပြုလုပ်ရန် ကြံစည်ခဲ့သည်ဟု ပြန်လည် ပြောကြားကြောင်း ကလေးမိခင်က ဆိုထားသည်။

ထို့ကြောင့် သူ့သမီးအား မဖွယ်မရာပြုလုပ်သူကို အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့သဖြင့် ရဲစခန်းက အမှုအမှတ် (ပ)၃၆၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသည့် အမျိုးသားအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်းနှင့် ထိုအမျိုးသားကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ တို့ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

မလေးရှားက တရားမဝင် အလုပ်သမားတွေ ပြန်ပို့မယ့် ကိစ္စကို ဝေဖန်ပြီ

Posted by drmyochit Friday, August 30, 2013, under | No comments

 မလေးရှားရောက် ဘင်္ဂလားဒေ့ရှ် အလုပ်သမား

မလေးရှား နိုင်ငံမှာ ပြည်ပကနေ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်သူ ငါးသိန်းကျော်ကို နေရပ်ပြန်ပို့မယ့် အစိုးရ အစီအစဉ်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

အခုလို ပြည်ပ လာရောက် အလုပ်လုပ်သူတွေထဲက အများစုဟာ လူကုန်ကူး သမားတွေရဲ့ ဖျားယောင်း ခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လိမ်ညာ ၊ အလွဲသုံးစား လုပ်ခံရတဲ့ လူတွေကို သူတို့ ကျူးလွန်မှု မရှိတဲ့ အခြေအနေမှာ ရမယ်ရှာ အပြစ်ပေးတာဟာ လက်ခံစရာ မရှိဘူး ၊ ရှက်ဖို့လည်း ကောင်းတယ်လို့ ရွေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့တခုရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

လာမယ့် တနဂနွေနေ့မှာ စစ်ဆင်ရေး မစခင် တရားမဝင် ရွေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မှတ်ပုံတင်ခွင့် ပေးထားကြောင်းလည်း သိရပါတယ်။

အာဏာပိုင်တွေဖက်က ထိုက်သင့်တဲ့ ဥပဒေရေးရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ဖို့ ပျက်ကွက်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှားမှာ ရွေ့ပြောင်း အလုပ်သမား အများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံက လာရောက် အလုပ်လုပ်ကိုင် ကြတာ ဖြစ်ပါတယ်။

BBC

မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်သားများမြေနေရာအငြင်းပွား

Posted by drmyochit Friday, August 30, 2013, under | No comments


မိုးညှင်း၊ သြဂုတ် ၃၀။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မြို့နယ် အရန်မီးသတ်ဟု ဆိုင်းဘုတ်တင်ထားသော မြေနေရာအား မြို့နယ်အရန်မီးသတ်နှင့် အောင်သပြေရပ်ကွက်သားများကြား မြေနေရာ အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။.

အောင်သပြေရပ်ကွက် အရန်မီးသတ်မြေနေရာကို မြို့နယ်မီးသတ်အဖွဲ့သို့ လွှဲပြောင်းပေးမည်ဆိုပါက တစ်ရပ်ကွက်လုံးက လက်ခံကြမည်မဟုတ်ကြောင်း၊ နောင်တွင်ပြဿနာများဖြစ်လာနိုင်ကြောင်း ဥက္ကဋ္ဌဟောင်း ဦးကျော်ဌေးက ပြောကြားသည်။

“ပြည်သူလူထု လှူဒါန်းကြခဲ့တဲ့ ကားကြီး(၂)စီးကို လာထားခဲ့တာလည်း(၁)နှစ်ကျော်နေပြီ။ မိုးညှင်းမြို့အတွက်ရော၊ အောင်သပြေရပ်ကွက်အတွက်ရော၊ မီးဘေးအန္တရာယ်ကင်းရှင်းဖို့ အရှေ့စုရပ်ကွက်က ရဲဘော်တွေနဲ့ မြို့မရပ်ကွက်က ရဲဘော်တွေကသာ ကင်းစောင့်ကြရတာ။ အောင်သပြေရပ်ကွက်သား မပါပါဘူး။ မီးသတ်ကားတွေ တစ်ခြားနေရာ ရောက်သွားရင် အောင်သပြေရပ်ကွက်မှာ အဖြစ်များတဲ့ မီးဘေးကို ဘယ်လို ကာကွယ်ကြမလဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အုပ်စုက အရန်မီးသတ် ဂရန်ကို ရပ်ကွက်ပိုင် ဖြစ်စေချင်ကြတာ။ သက်ဆိုင်ရာ လူကြီးတွေ သေသေချာချာစစ်ဆေးကြည့်ရှုပေးရင် ကောင်းမှာပါ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“အရှုပ်အရှင်းတွေ ပိုဆိုးလာရင် စေတနာ့ဝန်ထမ်း သက်သက်ဖြစ်တဲ့ မီးသတ်ရုံးကိုပြောင်းရွေ့ပေးသွားမှာပါ”ဟု မြို့နယ်အရန် မီးသတ်တပ်ဖွဲ့မှူးက ပြောကြားသည်။

ယခင်က ၁၉၈၄ ခုနှစ် ပါတီကောင်စီခေတ်တွင် ရပ်ကွက်လူကြီးဦးညွန့်သိန်းမှ ရပ်ကွက် အရန် မီးသတ်မြေနေရာအတွက် မြေကွက်လပ်ကို ဦးအူရာတန်ထံမှ ၁၃၀၀၀ ကျပ်ဖြင့် ၀ယ်ယူခဲ့ကြောင်း၊
၁၉၈၇ ခုနှစ်မှစပြီး ဆိုင်ခန်းများ ဆောက်ကာ မြေနေရာခိုင်မာစေရန် အောင်သပြေရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးအုန်းမောင်အမည်ဖြင့် ၁၅နှစ်ဂရန် ရရှိခဲ့ပြီးကြောင်း ရပ်မိရပ်ဖ ဦးနော်အောင်က ပြောကြားသည်။

သီဟ(ကချင်)
မြန်မာ့ခေတ်

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး

Posted by drmyochit Friday, August 30, 2013, under | No comments


လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစား ရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက်ဝမ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါ လို့
တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်

မြို့နယ်အုပ်ချုပ်ရေးမှူး၏ စစ်ဆေးခြင်းခံနေရစဉ် သက်သေအစစ်ခံရသော စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်ကြပ်ကြီး အသက်ထွက်

Posted by drmyochit Friday, August 30, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၉

သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အပေါ်ထပ်၌ အပေါ်ထပ် အောက်ထပ် ရန်ဖြစ်သည့် ကိစ္စ ခေါ်ယူညှိနှိုင်း ဖြေရှင်းပေး ရာမှ သက်သေများ ခေါ်ယူ စစ်ဆေးစဉ် သက်သေအဖြစ် လိုက်ပါ ထွက်ဆိုသူ တာမွေမြို့နယ်၊ စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်မတော် ရေတပ် တပ်ကြပ်ကြီး (ငြိမ်း) ဖြစ်သူ အမှတ် ၂၁၈၊ ၄ လွှာ၊ ကျိုက္ကဆံလမ်း၊ ကျားကွက်သစ် ရပ်ကွက်နေ (ဦး—) ၆၉ နှစ်သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ရှေ့မှောက်၌ သက်သေ ထွက်ဆို စဉ် သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါဖြစ် စဉ်နှင့် ပတ်သက်၍ သေဆုံးသူနှင့် တစ်လမ်းတည်းနေ လမ်းသာယာရေး အဖွဲ့ဝင် တစ်ဦးက ပြောကြား ရာတွင် ““စဖြစ်တာက သေဆုံးသူ ဦးရဲမြင့်၏ အိမ်ရှေ့က တိုက်မှာ ရန်ဖြစ်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး သက်သေ လိုက်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က (ဦး—) ရုံး အပေါ်ထပ်မှာ ခေါ်စစ်ခြင်းဖြစ်ကြောင်း၊ ရှေ့တုန်းက ရန်ဖြစ်တဲ့ ကိစ္စ ဖြစ်စဉ်ကို ပြောကြားစဉ် ခင်ဗျား ယခင်က ဖြစ်ခဲ့တဲ့ အကြောင်း ပြောစရာမလိုဘူး။ … အခုဖြစ်တဲ့ ဟာကိုပဲပြော၊ ဆရာရှေ့တုန်းက ဖြစ်ခဲ့တဲ့ အကြောင်း မပြောလျှင် မပြည့်စုံဘူးဟု ပြောပြီး၊ အမှန်အကန် သက်သေထွက်ရာ ခင်ဗျား ဆက်ပြောစရာ မလိုဘူးဟု မြို့နယ် အုပ်ချုပ ရေးမှူးက ဟောက်လိုက်ရာ၊ သူက နှလုံးရောဂါကလည်း အခံရှိသည့်အတွက် မြို့နယ် အုပ်ချုပ် ရေးမှူး စစ်နေသည့် ခုံရှေ့မှာတင် ဇက်ကျိုးပြီး သေဆုံး သွားခြင်းဖြစ်ကြောင်း၊ ရန်ကုန် ဆေးရုံ ကြီးတွင် PR No,016 ဖြင့် လက်ခံထားကြောင်း၊ သေဆုံးသူနှင့် ပါသွားသည့် အမျိုးသမီးကြီးက ကျောက်မြောင်းဈေး မီးပွိုင့်မှာ အော်ဟစ်ပြီး ပြောဆိုနေကြောင်း နေ့လယ် ၂ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူစစ်ဆေးတာဖြစ်ပြီး၊ ၂ နာရီ ၅၅ မိနစ် လောက်မှာ ဆုံးသွားတာ ဖြစ်ကြောင်း၊ ကျွန်တော်တို့နေတဲ့ အိမ်ရှေ့ကို အဲဒီအလောင်းကြီး သယ်လာပြီး အဲဒီမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ဒု ဦးစီးမှူး ဦးမြမင်းကျော်က ““အဘိုးကြီးတစ်ယောက် ဆေးရုံမှာ ဆုံးသွားသည့် သတင်းလား၊ ဖြစ်စဉ်က ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာ တို့က တိုက်ခန်းနှစ်ခန်းမှာ အိမ်ငှားတင်မယ့်ကိစ္စနှင့် ပြဿနာ ဖြစ်ကြတာ။ ဒေါ်ခင်ဝှာက မေတ္တာညွှန့် ရပ်ကွက်က ရေသန့်စက်ရုံ အလုပ် သမားတွေ တင်မယ်၊ အောက်ထပ်က ဒေါ်ခင်ဝေက လက်မခံဘူး။ ဒီက လူမှုရေးအနေနဲ့ ညှိနှိုင်းဖို့ စာတင် လာတယ်။ ပထမတစ်ကြိမ် ဆွေးနွေးပေးတယ်။ ညှိနှိုင်းပေးတယ်။ နှစ်ဦးနှစ်ဖက်စလုံး လက်မ ခံဘူး၊ ဒေါ်ခင်ဝေက လူတွေဆူမယ်၊ အောက်ထပ်အနေနဲ့ လက်မခံဘူး။ အပေါ်ထပ်၊ အောက်ထပ် ဖြစ်ကြတာ ဖြစ်တဲ့တိုက်က အမှတ် ၂၁၉၊ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ဘယ်လိုမှ ညှိမရသည့်အဆုံး တိုက်နှင့် ပတ်သက်တဲ့ အပေါ်ထပ်၊ အောက်ထပ်မှာ ရှိတဲ့ လူအကုန်လုံး ခေါ်လာခဲ့ပြီး လာထွက်ဆိုခိုင်းမှ သိရမယ်ဆိုပြီး ပြောလိုက်တာ ဒေါ်ခင်ဝေတို့ ဘက်ကလည်း ခေါ်လာတာပေါ့။ အခု ဆုံးသွားတဲ့ အဘိုးကြီးက ဒေါ်ခင်ဝေတို့ တိုက်ရဲ့ မျက်နှာချင်းဆိုင် တိုက်မှဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတော့ အဲဒီလူက ထွက်ဆိုဖို့ဆိုပြီး ရုံးကို လိုက်လာတာ အခုဆုံးသွားတဲ့လူ အပါအ၀င် လူတွေ အများကြီးပါပဲ။ ၂၀ ယောက်၊ ၁၅ ယောက်လောက် ထိုင်နေကြတာ၊ သူတို့နှစ်ယောက် အပြန်အလှန် ဆွေးနွေးကြတာ ဒေါ်ခင်ဝေဘက်ကလည်းပြော၊ ဒေါ်ခင်ဝှာဘက်ကလည်း ပြောနေကြတဲ့
အခါမှာ အဲဒီအဘိုးကြီးက ထိုင်နေရတာ။ ကျွန်တော်တို့က ဒီဘက်ထောင့်က ထိုင်နေတာ အသံတော့ ကြားနေရတယ်။ (— နဲ့) ချောင်းဆိုးတဲ့အသံ အဲဒီမှာတင် အဘိုးကြီးက အသက်ရှူ ကျပ်လာသလိုဖြစ်တာ၊ ဖြစ်တော့ ရုံးဝန်ထမ်းတွေလည်း ၀ိုင်းမပြီး သူတို့ကား ပါလာတယ်။ အဲဒီကားပေါ်တင်ပြီး ရွှေဗဟိုဆေးခန်းကို ပို့တာပေါ့၊ ဆေးခန်းက လက်မခံဘူး ပြောတယ်။ ဆေးရုံကြီး ရောက်သွားတယ်။ နောက်သတင်း စုံစမ်းကြည့်တော့ ဆုံးသွားပြီးတဲ့။ အုပ်ချုပ်ရေးမှူးက မဟောက်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ဒီမှာ ဖြေရှင်း ညှိနှိုင်းလို့ မရရင် တရားရုံးသွားဖို့ ပြောခဲ့ကြောင်း ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာနေတာက ဗျိုင်းရွာမ ရပ်ကွက်၊ သေဆုံးသူ (ဦး–) နေတာက ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်း တစ်လမ်းတည်း မျက်နှာချင်းဆိုင်တိုက် ဖြစ်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

အဆိုပါ အမှတ် ၂၁၉ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ကန်ထရိုက်တိုက် နေအိမ်တွင် ဒေါ်ခင်ဝေက ညာဘက် တတိယထပ်၊ ဒေါ်ခင်ဝှာက ညာဘက် စတုတ္ထထပ်တွင် နေထိုင်လျက်ရှိပြီး အဆိုပါ အပေါ်ထပ်၊ အောက်ထပ် အခန်းနှစ်ခန်းမှာ ယခင်ကပင် မကြာခဏ အချင်းများမှုများ ရှိခဲ့ကြောင်း သိရသည်။

တာမွေအောင်ကို

ဓာတ်ပုံ – တာမွေအောင်ကို
From: Myanmartandawsint Newspaper

iOS Devicesတွေက Video,Mediaတွေကို TVမှာ ကြည့်မယ်

Posted by drmyochit Friday, August 30, 2013, under | No comments


မကြာခင်က Googleက Chromecastဆိုတဲ့ Gadgetကို 35$နဲ့ ရောင်းချခဲ့ ပါတယ်။ Chromecastက Android, iOS Deviceတွေက Online Video, Mediaတွေကို TVမှာ ကြည့်လို့ရအောင် ပြုလုပ် ပေးနိုင်ပါတယ်။ Chromecastကို TVရဲ့ HDMI Portမှာ တင်ဆင် အသုံးပြုရမှာပါ။ နောက်ပြီး Android, iOS, Mac, Windowsမှာ Chromecast Appကို အင်စတောလုပ်ပြီး အသုံးပြုရမှာပါ။ Android, iOS, Macအတွက်ကတော့ ထွက်ရှိပြီးဖြစ်ပြီး အခုမှ iOSအတွက် ထွက်ရှိလာတာပါ။ ဒီဆောင်းပါးမှာတော့ Chromecastနဲ့ iOSကို Setupလုပ်နည်း ရေးပါမယ်။

Plugging It In
Chromecastကို TVမှာ တပ်ဆင်ပါ။ Power ကြိုးကို ချိတ်ဆက်ပြီး TVကို ဖွင့်ပါ။ သင့်တော်တဲ့ HDMI Input Settingကို ပြောင်းပါ။ iOSအတွက် Chromecast Appကို အင်စတောလုပ်ပါ။ iOSရဲ့ Settingsထဲမှာ Wifiကိုဖွင့်ပြီး Chromecast Deviceနဲ့ ချိတ်ဆက်ပါ။

Connecting
Chromecast Appကို ဖွင့်လိုက်တာနဲ့ Chromecast Deviceနဲ့ အလိုလို ချိတ်ဆက်နေတာတွေ့  ရမှာပါ။ Device Nameကို ပြောင်းလဲနိုင်သလို Wifi Networkကိုလည်း ရွေးနိုင်ပါတယ်။iPhone or iPadနဲ့ Chromecast Deviceက တူညီတဲ့ Network တစ်ခုထဲမှာ ရှိရပါမယ်။

Compatible Apps
Mediaတွေကို TVကို လွှင့်ထုတ်ဖို့  Compatible Appတွေကနေ ပြုလုပ်ရမှာပါ။ Compatible App တွေကတော့ Androidအတွက် YouTube, Netflixအပြင် Google Play Music, Movies,TV တို့ကိုပါ အသုံးပြုနိုင်ပေမယ့် iOSအတွက် ဆော့ YouTube, Netflicတို့ကိုသာ အသုံးပြုနိုင်မှာပါ။ iOS Device က YouTube, Netflix Appကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်က Chromecast Iconကိုနှိပ်ပြီး Video တွေကို TVသို့စတင်ပြီး ထုတ်လွှင့်နိုင်ပါပြီ။

Factory Reset
Chromecastရဲ့  Android, Mac, Windows clientsတွေမှာ Factory Resetပြုလုပ်ဖို့  Function ပါရှိပါတယ်။ တကယ်လို့  iOS Appမှာ မပါခဲ့ရင် Chromecast Buttonကို (၂၅)စက္ကန့်  ကြာအောင်ဖိထားပြီး Factory Reset ပြုလုပ်နိုင်ပါတယ်။

Myanmar ICT

ကမ္ဘာဂြိုဟ်မှသက်ရှိများ၏အစသည် အင်္ဂါဂြိုဟ်မှဖြစ်ကြောင်း သိပ္ပံပညာရှင်များပြော

Posted by drmyochit Friday, August 30, 2013, under | No comments

ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။

ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။

တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။

RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။

သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။

သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။

Mizzima - News in Burmese

မျောက်သောင်းကျန်းများကထိုင်းရွာတစ်ရွာကို ဗိုလ်ကျ

Posted by drmyochit Friday, August 30, 2013, under | No comments


ဥပဒေမဲ့ရမ်းကားသောဂိုဏ်း များက ထိုင်းရွာတစ်ရွာရှိ အိမ်များ ကို ဝင်ရောက်စီးနင်းကာ ပစ္စည်း ပစ္စယများအား အလစ်သုတ်ခြင်း တို့အပြင် ရွာသားများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကျူးလွန်သူမှာ လူမဟုတ်ဘဲ မျောက် များဖြစ်နေသည်။

''သူတို့က ကျွန်တော်အိပ် နေတာမြင်ရင် ကျွန်တော့်အိမ်ထဲ ဝင်လာတယ်။ မီးဖိုထဲကိုသွားပြီး ဟင်းချက်ဆီ၊ သကြားတွေအပြင် ဗီရိုထဲမှာ ဝှက်ထားတဲ့ဆေးတွေကို တောင်ယူတယ်''ဟု ရွာသူတစ်ဦး ဖြစ်သူ ချာလူ ယေးခမ်ကာဂျစ်က ပြောကြားခဲ့သည်။

၎င်းမျောက်များသည် စား ကျက်ဆုံးရှုံးမှုကြောင့် ခလောင် ချာရိုအင်ဝေးရွာထဲသို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ယင်းရွာသည် မျောက်များ၏ဆိုးသွမ်းမှုကို နှစ်အ တော်ကြာ ကြုံတွေ့နေရသည်ဟု သိရသည်။
''သူတို့က ကျွန်မရဲ့အဆာ ပြေ စားစရာတွေယူတယ်။ ကျွန်မ နောက်ထပ်အသစ်ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးဝါးတွေက ကျွန်မအ တွက်အရေးကြီးပါတယ်''ဟု ၇၂ နှစ်အရွယ် အမျိုးသမီးကြီးက ပြောကြားခဲ့သည်။ ၎င်းနှင့် ၎င်းခင် ပွန်းတို့က လက်လုပ်ရေခဲသေတ္တာ သော့အိမ်နှင့် လေးခွအပါအဝင် မျောက်နှိမ်နင်းရေးကိရိယာမျိုးစုံ ကို ပြသခဲ့သည်။

ဘန်ကောက်မှ ကီလိုမီတာ ၈၀(မိုင်၅၀)အကွာ အရှေ့ဘက်ကမ်း ရိုးတန်းပေါ် ချာချိုအင်ဆောင် ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ် ကိုင်သူ အိမ်ထောင်စု ၁၅ဝရှိ ရွာ လေးမှာ ပင်လယ်မျောက်ဟုခေါ်ဆို သော အမြီးရှည်မျောက်များ၏နှောင့်ယှက်မှုကို ခံနေရသည်မှာ ဆယ်စုနှစ်တစ်စုနီးပါးရှိနေပြီဟု ဆိုသည်။

Ref-AFP ၊ သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး နောင်တရ

Posted by drmyochit Friday, August 30, 2013, under | No comments

ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး
မသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကားထုတ်လုပ်ရေးလုပ်ငန်း
တွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်
ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ရက်နေ့
တွင် ပြောကြားသည်။

အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်
ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံးအပြာကားဖြစ်သော Weiner & Me
ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံးမသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။

သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်းတစ်ခု၌
ကွန်ဒုံးမသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာအိပ်ခ်ျအိုင်ဗီပိုးကူးစက်
ခံရပြီဖြစ်ကြောင်း ဩဂုတ်လလယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ
လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်
ရေးလုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်းရပ်ဆိုင်းလိုက်သည်။

အဆင့်မြင့်ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုးကူးစက်ခံ ထားရခြင်းရှိမရှိအပူ
တပြင်းသွားရောက်စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ
လယ်သာမှာ သက်ပြင်းချနိုင်ခဲ့သည်။လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို
စွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှရိုက်ကူး
တော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများတွင် အပြာကားထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်
ဝင်ခန်းများ ကို ကွန်ဒုံးသုံးရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း ထုတ်
လုပ်သူနှင့်မင်းသားမင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှုခံယူသူများဖြစ်သဖြင့် ထိုသို
့ညွှန်ကြားရန်မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါကရုပ်ရှင်ကြည့်ပရိသတ်ကို ကျေနပ်မှုအပြည့်
ပေးနိုင်လိမ့်မည်မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။

အင်ဝိုင်ဒေးလီး
OPP

မြောက်ကိုရီးယားသူလျှိုများ တောင်ကိုရီးယားပေါ့(ပ်)ဂီတနှင့် အကများသင်ယူနေရ

Posted by drmyochit Friday, August 30, 2013, under | No comments

မြောက်ကိုရီးယားနိုင်ငံ၏ သူလျှိုတစ်ဦးဖြစ်သော ကင်ဒုန် ဆစ်သည် ထင်ရှားသော ဗုံးပြု လုပ်သောသင်တန်းများကဲ့သို့ပင် တောင်ကိုရီးယားပေါ့(ပ်)တေးသီ ချင်းအပုဒ် ၁၀ဝနှင့် အကလှုပ်ရှား မှုများကို သင်တန်းတွင်အပြင်း အထန်ကျက်မှတ်လေ့ကျင့်ခဲ့ရ ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ အထူး ထောက်လှမ်းရေးသူလျှိုဖြစ်သော ကင်ဒုန်ဆစ်သည် ယခုအခါ သူ၏ ဘဝမှတ်တမ်းစာအုပ်ထဲတွင် မြောက်ကိုရီးယားစပိုင်အေဂျင်စီ လုပ်ငန်းတချို့ကို မကွယ်မဝှက် ဖွင့်ဟလာခဲ့ကြောင်း သိရသည်။

ယခုအခါ အသက် ၅၁နှစ် ရှိပြီဖြစ်သော ကင်ဒုန်ဆစ်ကို ၁၉၉၅ခုနှစ်က တောင်ကိုရီးယား တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ကင်ကို နှစ်ကာလအတန်ကြာစစ် ကြောမေးမြန်းမှုပြုခဲ့ပြီးနောက် ကွန်မြူနစ်ဝါဒကိုစွန့်ပယ်စေခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ထောက် လှမ်းရေးအာဏာပိုင်တို့နှင့် ပူး ပေါင်းစေခဲ့သည်ဟု သိရသည်။

ကင်၏ကိုယ်တွေ့ဘဝမှတ် တမ်းထဲတွင် ဖော်ပြရာ၌အသက် ၁ရနှစ်အရွယ်တွင် ကင်သည် ပြုံယမ်းမြို့ရှိ ကမ်ဆောင်နိုင်ငံရေး စစ်တက္ကသိုလ်တက်ရောက်ခွင့် ရခဲ့ပြီး တောင်ကိုရီးယားတွင် လျှို့ဝှက်ထောက်လှမ်းရေးတာဝန် များကိုထမ်းဆောင်ရန် လျှို့ဝှက် သူလျှိုတစ်ဦးအဖြစ် ပြုစုပျိုးထောင် ခဲ့ကြောင်း သိရသည် ကင်တို့သင်တန်းသားများ သည် သူတို့တာဝန်ထမ်းဆောင် ရာတွင် စွန့်လွှတ်စွန့်စားတာဝန် ထမ်းဆောင်ရန် အမြဲတမ်းပြင်ဆင် ထားစေခဲ့သည်ဟုဆိုသည်။ အ ကယ်၍ ရန်သူကဖမ်းဆီးမိပါက အရှင်ဖမ်းခံရခြင်းထက် ဆိုင်ယာ နိုက်အဆိပ်ပါသောဆေးလုံးများ ကိုမျိုချစေရန်အထိ ပေးဆပ်စေ ခဲ့သည်ဟုဆိုသည်။ ထိုအကြောင်း နှင့်ပတ်သက်၍ ကင်က ''ကျွန်တော် တို့ကို သေခြင်းတရားက အမြဲတမ်း ဖိစီးထားသလို ရှိနေတယ်။ ဒါဟာ အသက် ၂ဝအရွယ်လူတစ်ဦးအ တွက် အလွန်ကြီးလေးတဲ့ ဝန်ထုပ် ဝန်ပိုးပဲဖြစ်တယ်''ဟူ၍ ပြန်လည် ပြောပြခဲ့သည်။

ထို့ပြင် သူတို့အဖွဲ့အား မြောက်ကိုရီးယားနိုင်ငံသို့ ဖမ်းဆီး ခေါ်ဆောင်လာသော တောင်ကို ရီးယားနိုင်ငံသားတို့က တောင်ကို ရီးယားဒေသခံတို့၏ လူမှုရေးနှင့် နိုင်ငံရေးယဉ်ကျေးမှုများကို နား လည်သဘောပေါက်စေရန်နှင့် တောင်ကိုရီးယားဒေသခံတို့၏ အပြောအဆို၊ လေယူလေသိမ်းက အစ ကျွမ်းကျင်အောင်ညွှန်ကြား ပြသစေခဲ့သည်ဟု သိရသည်။ ကင် တို့သင်တန်းသားများအတွက် နေ့စဉ်လိုပင် တောင်ကိုရီးယားရုပ် မြင်သံကြားရှိုးပွဲများ၊ ရုပ်ရှင်များ၊ မဂ္ဂဇင်းများနှင့် သတင်းစာနှင့် စာ အုပ်များမှာ မရှိမဖြစ်ကြည့်ရှုမှတ် သားရသည့် ဓာတ်စာများလိုပင် ဖြစ်သည်ဟုဆိုသည်။

သင်တန်းတွင် ၁ဝနှစ်နီးပါး မျှသင်ကြားလေ့ကျင့်ပြီးနောက် ၁၉၉ဝပြည့်နှစ်တွင် ကင်ကို တောင် ကိုရီးယားသို့စေလွှတ်ကာ ပထမ ဦးဆုံးတာဝန်ကို ထမ်းရွက်စေခဲ့ ကြောင်း သိရသည်။

၁၉၉၅ခုနှစ်တွင် ကင်နှင့် တခြားသူလျှိုတစ်ဦးကို တောင် ကိုရီးယားသို့ ပြန်လည်စေလွှတ် ခဲ့ကာ တောင်ကိုရီးယားတွင် နှစ် ဖက်ခွသူလျှိုအဖြစ် လုပ်ဆောင်နေ သည်ဟု သံသယရှိသူနှင့်ပတ်သက် ၍ ဆောင်ရွက်ရန်ဖြစ်သည်။ ထို အချိန်တွင်မူ တောင်ကိုရီးယားလုံခြုံရေးတပ်ဖွဲ့နှင့် ရင်ဆိုင်တိုးမိ ကာ ကင်ကိုဒဏ်ရာများနှင့် ဖမ်း ဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

တောင်ဥက္ကလာက အမျိုးသမီး၏ပါး လှီးခဲ့သူများမှာ ငွေပေးခိုင်းခြင်းခံရသော ထောင်ထွက်များဖြစ်

Posted by drmyochit Friday, August 30, 2013, under | No comments

သြဂုတ်လ(၂၆)ရက်နေ့က တောင်ဥက္ကလာတွင် သားအား ကျောင်းကြိုရန် ဆိုက်ကားဖြင့်သွားသည့် အမျိုးသမီးအား ဆိုက်ကားတားပြီး သံပြားဝိုင်းဖြင့် အမျိုးသမီး၏ပါးလှီးခဲ့သော ဖြစ်ရပ်အား အခင်းဖြစ်ပြီး သုံးရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သည့် လှဌေး ၊ လှတိုး ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်၊ မိုးသူ နှင့် ဇော်ကြီးတို့ ငါးဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ရဲတပ်ဖွဲ့ဝင်များက ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ်ဖြစ်ကာ ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက် ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့မှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်း မပြုဘဲ မိုး သူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့် အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှ ပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ လှဌေးမှ ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးမှ ငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စ နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက် သိရှိမှုမရှိဘဲ  တရားခံ(၂)ဦးမှာ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်း သာဖြစ်ကြောင်း သိရသည်။

From: ပုံရိပ်

ကားရှိသူတိုင်းဆောင်ထားသင့်တဲ့ ကားပြုပြင်ထိန်းသိမ်းခြင်း Apk (5.3MB)

Posted by drmyochit Friday, August 30, 2013, under | No comments




Andriod ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


              Download=>> Link 1, Link 2

Credit:  ittharlayblog

အသက် (၈၀)ကျော် အဘွားအိုအား အသက်(၂၀)အရွယ် လူငယ်တစ်ဦးမှ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်အားထုတ်

Posted by drmyochit Friday, August 30, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊အောင်မြင်သာကျေးရွာတွင် ယခုလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က အသက်(၈၀)ကျော် အဘွားအိုတစ်ဦးအား အလိုမတူဘဲ သားမယား အဖြစ်ပြု ကျင့်ရန် ကြံစည်အားထုတ်နေသူ အသက် (၂၀)နှစ် အရွယ်လူငယ်တစ်ဦးအား သက်ဆိုင်ရာ ရဲဌာနမှ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံး၏ မှတ်တမ်းများ၌ ဖော်ပြထားသည်ဟု သိရသည်။

အဆိုပါ မှတ်တမ်းများတွင် အသက်(၈၀)ကျော်အရွယ်ရှိ အဘွားအိုနှင့် တူမတော်စပ်သူသည် ၎င်း၏ ဦးလေးဖြစ်သူ၏ နေအိမ်မှ အိမ်သို့ပြန်လာစဉ် အိမ်ရှေ့၌ မသင်္ကာဖွယ်ရာ စက်ဘီး တစ်စီး ရပ်ထား သည်ကို မြင်တွေ့ရသဖြင့် နေအိမ်အိပ်ခန်းအ တွင်းသို့ ချောင်းမြှောင်းကြည့်ခဲ့ရာ အိပ်ခန်းအတွင်း၌ တစ်ရွာ တည်းနေ အသက်(၂၀)နှစ်အရွယ် မောင်အံ့ကျော် ဆိုသူမှ အဘွားအိုအား သမားယားအဖြစ်ပြုကျင့်ရန် ကြံစည်နေ သည်ကို အဘွားအို၏ တူမတော်စပ်သူ မအေးအေးမော်မှ မြင်တွေ့ခဲ့ရ သည်ဟုလည်း ဆက်လက်၍ ဖော်ပြထားသည်။

ထို့နောက် မအေးအေးမော်မှ နေအိမ်ပေါ်သို့တက်၍ မောင်အံ့ကျော်ဆိုသူအား အိမ်းတွင်းမှ ထွက်သွား ရန် ပြောဆိုခဲ့စဉ် မောင်အံ့ကျော်မှ လက်သီးဖြင့် မအေးအေးမော်အား ထိုးမည်ဟု ပြုလုပ် ခဲ့သေးသည်။ ယင်းအချိန်၌ မအေးအေးမော်၏ ခင်ပွန်း ဖြစ်သူ ကိုတင်မျိုးဝင်း ရောက်ရှိ လာသည့် အ တွက် မောင် အံ့ကျော်မှာ နေအိမ်ထဲမှ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း မှတ်တမ်း များ၌ ဖော်ပြထားချက်များ အရ သိရ သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ အလိုမတူဘဲ သားမယား အဖြစ်ပြု့ကျင့်ရန် ကြံစည်ခြင်းခံရသူက အသက်(၈၁)အရွယ် အဘွားကြီးဖြစ်ပါတယ်။ စိတ်ဝေဒနာရှင် တစ်ဦး လို့လည်း ယေဘူယျ ခန့်မှန်းသိရှိရပါတယ်..” ဟု ကလေး ရဲစခန်း၌ တာဝန်ထမ်းဆောင် လျက်ရှိသော ရဲအရာရှိ တစ်ဦးမှ တုန့်ပြန်ပြောကြားသည်။

အသက်(၈၀)ကျော် စိတ်ဝေဒနာရှင် အဘွားအိုအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည် အားထုတ်ခဲ့သူ ဟု စွပ်စွဲခြင်းခံရသူ မောင်အံ့ကျော်အား တရားဥပဒေအရ အရေး ယူဆောင်ရွက် နိုင်ရန် အတွက် ကလေးမြို့မရဲစခန်း (ပ) ၃၇၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၅/၅၁၁ အရ အမှုရေးဖွင့်ကာ ဒုရဲအုပ် သီဟ ဆိုသူမှ မောင်အံ့ကျော်ဆိုသူအား အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သတင်း၊ ကိုတိုးကြီး
ref: သစ်ထူးလွင်

Keyboard Pro Crack Version ( Android Application )

Posted by drmyochit Friday, August 30, 2013, under | No comments



Frozen Zawgyi KeyPro Crack Version
ဘယ်တော့မှ experia date မဖြစ်တော့ဘူး
လိုချင်ရင် အောက်မှာ ဒေါင်းလိုက် . .  :)

Download => Link 1 / Link 2

"အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်၏ ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းခြင်း"

Posted by drmyochit Friday, August 30, 2013, under | No comments


ဩဂုတ် ၂၉ ၂၀၁၃

၂၇-၈-၂ဝ၁၃ နေ့ထုတ် စံတော်ချိန်သတင်းစာတွင် ''အလယ်တန်းပြဆရာမရာထူးမှ ထုတ်ပယ်ခဲ့မှု တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ကန့်ကွက်ရှုတ်ချ'' ခေါင်းစဉ်ပါ သတင်းအပါအဝင် ပုဂ္ဂလိကသတင်းစာနှင့် စာစောင်အချို့တွ င် ဖော်ပြပါရှိခဲ့သော အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ၏ကိစ္စနှင့် ပတ်သက်၍ပညာရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

ရှင်းလင်းချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အထက(၅)နေပြည်တော်မှ ဒေါ်စိုးစိုးခိုင် (အလယ်တန်းပြ) သည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက် ရှိခဲ့ပြီး ခွင့်ယူရက် လေးရက် ရှိခဲ့ပါသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ဇွန်လ ၃ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ပါသည်။ ဒေါ်စိုးစိုးခိုင်သည် ၁ဝ-၆-၂ဝ၁၃ ရက်နေ့၊ ကျောင်းချိန်တွင်အတန်းမှူး ဦးတင်မောင်ဆွေ(အလယ်တန်းပြ)ထံသို့ တယ်လီဖုန်းဖြင့် ခွင့်တိုင်ပါသည်။ အတန်းမှူးမှ မည်သို့မျှပြန်မပြောနိုင်မီ ဖုန်းချသွားပါသည်။

ကျောင်းအုပ်ကြီးနှင့် အတန်းမှူးတို့က ဒေါ်စိုးစိုးခိုင်၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမပြုခဲ့ပါ။ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင်ကျောင်းအုပ်ကြီးက ထပ်မံဆက်သွယ်ရာ ဒေါ်စိုးစိုးခိုင်၏ မိခင်မှ ဖုန်းကိုင်ပါသည်။ ဒေါ်စိုးစိုးခိုင် အား ကျောင်းအုပ်ကြီးထံ အဆက်အသွယ်ပြုလုပ်ရန် ပြောကြား သော်လည်း ပြန်လည်ဆက်သွယ်ခြင်းမရှိခဲ့ပါ။

ဒေါ်စိုးစိုးခိုင်သည် ၁၇-၆-၂ဝ၁၃ ရက်နေ့တွင်မှ ကျောင်းပြန်တက်ခဲ့ပါသည်။ ခွင့်မဲ့ပျက်ကွက်ရက်မှာ ၈-၆-၂ဝ၁၃ ရက်မှ ၁၆-၆-၂ဝ၁၃ ရက်နေ့အထိ ကိုးရက်ရှိပါသည်။ အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့်ကိစ်စနှင့် ပတ်သက်၍ခရိုင်ပညာရေးမှူးရုံးမှ ၂၄-၆-၂ဝ၁၃ တွင် ဌာနတွင်း စစ်ဆေးခဲ့ပါသည်။

ဒေါ်စိုးစိုးခိုင်သည် စစ်ဆေးဆဲ ၂၇-၆-၂ဝ၁၃ တွင်ခွင့်တင်ခဲ့ပြီး ၂၉-၆-၂ဝ၁၃ မှ ၁-၇-၂ဝ၁၃ အထိ သုံးရက်ထပ်မံ ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ ၂-၇-၂ဝ၁၃ တစ်ရက်၊ ကျောင်းချိန်နောက်ကျ ကျောင်းပြန်တက်ပြီး ၃-၇-၂ဝ၁၃ နှင့် ၄-၇-၂ဝ၁၃ နေ့များတွင် ခွင့်မဲ့ပျက်ကွက်ခဲ့ပါသည်။ အထက်ပါဖြစ်စဉ်များတွင်ဌာနတွင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် ခရိုင်ပညာရေး မှူးရုံးသို့ ၂၈-၇-၂ဝ၁၃မှစ၍ တွဲဖက်အမိန့်ထုတ်ပြန်ခဲ့သော်လည်း လာရောက်ခြင်း၊ ဆက်သွယ်ခြင်းမရှိတော့ပါ။ ခရိုင်ပညာ ရေးမှူးရုံးမှ ဒေါ်စိုးစိုးခိုင်၏ အိမ်သို့ စာဖြင့်လေးကြိမ် သွားရောက်၍ ခရိုင်ရုံးသို့ ရုံးတက်ရန် အကြောင်းကြား ခဲ့သော်လည်း မလာရောက်ဘဲ အကြောင်းမဲ့(ခွင့်မဲ့) ပျက်ကွက်ခဲ့ပါသည်။

၁-၈-၂ဝ၁၃ ရက်နေ့တွင် ဒေါ်စိုးစိုးခိုင်မှာ အမှန်တကယ် ဆက်သွယ်ရမည့် ခရိုင်ပညာရေးရုံးသို့ မဆက်သွယ်ဘဲ အမှတ် (၂) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးသို့ Fax ဖြင့် လစာမဲ့ခွင့် တင်ခဲ့ပါသည်။

စစ်ဆေးချိန်တွင် ခွင့်မဲ့ပျက်ကွက်ရက်များ၌ နေပြည်တော်တွင် အထွထွေသွေေးအားနည်း ရောဂါဖြင့် ဆေးကုသနေ ကြောင်း ပြင်ပဆရာဝန်၏ ဆေးလက်မှတ် တင်ပြလိမ်ညာခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့မှ သေချာစစ်ဆေး မေးမြန်း သောအခါ ရန်ကုန်သို့ ၁၃-၆-၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး ၁၅-၆-၂ဝ၁၃ နေ့မှသာ ပြန်လည်ရောက်ရှိခဲ့ကြောင်း ၎င်းမှဝန်ခံခဲ့ပါသည်။ ဝန်ထမ်းစည်းမျဉ်းအရ နယ်မြေကျော် လွန်သွားလာခွင့် တင်ပြရမည် ဖြစ်သော်လည်း ခွင့်မတောင်းဘဲ မိမိသဘောဖြင့် ခွင့်မဲ့ပျက်ကွက်၍ သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်စိုးစိုးခိုင်သည် ဝန်ထမ်းစည်းကမ်းကို အကြိမ်ကြိမ် လိုက်နာမှု မရှိခြင်းကြောင့် အမှတ်(၂) အခြေခံ ပညာဦးစီးဌာန၏ (၄/၂ဝ၁၃) EC ဆုံးဖြတ်ချက်အရ ၁၅-၈-၂ဝ၁၃ ရက်နေ့တွင် မယူမနေရ အငြိမ်းစားပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများတွင် အလားတူ ခွင့်မဲ့ ပျက်ကွက်ခြင်းနှင့် အမိန့်မနာခံခြင်းများကို ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက removal (သို့မဟုတ်) Dismiss ပြစ်ဒဏ်များချမှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ၁၇-၈-၂ဝ၁၃ နေ့တွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ EC ဆုံးဖြတ်ချက်အရ removal အမိန့်ထုတ်ပြန်ခဲ့ ခြင်း ဖြစ်ပါကြောင်းနှင့် ရှင်းလင်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက် http://www.moi.gov.mm/news/30/08/2013/id-796 မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်
From > Popular Myanmar News Journal

ငြိမ်းချမ်း ပြီးလျှင်လည်း စည်းလုံး ကြရမည် ….

Posted by drmyochit Friday, August 30, 2013, under | 1 comment


ငြိမ်းချမ်း ပြီးလျှင်လည်း စည်းလုံး ကြရမည် ….

နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုနှင့် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှုသည် အရေးကြီးကိစ္စ တစ်ရပ် ဖြစ်သည်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီတွင် နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဥက္ကဌအဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည် ကိုလည်း တွေ့ရှိ နေရပါတယ်။
ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ဖွဲ့နှင့် ပြည်ထောင်စု အစိုးရ အဆင့်မှာ ထိတွေ့ဆွေးနွေး နိုင်ခဲ့ပြီး မကြာမီ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်တော့မှာ ဖြစ်တယ် လို့ နိုင်ငံတော် သမ္မတက ၁၄- ၈- ၂၀၁၃ ရက်နေ့မှာ အသစ် ခန့် အပ် တဲ့ ပြည်ထောင်စု အဆင့် ဒုတိယ ဝန်ကြီးများ ကတိ သစ္စာ ခံယူပွဲ အခမ်းအနားမှာ ပြောကြားသွားတာ ဟာဖြင့် နိုင်ငံသားတိုင်း မျှော်လင့်တောင့်တ နေတဲ့ အချိန်အခါ ရောက်တော့မှာ ဖြစ်လို့ လွန်စွာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။

နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးသည် နှင့်အညီ နိုင်ငံ အချင်းချင်း အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်ကို လက်ကိုင်ထား ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံ အပေါ် မလိုမုန်းထား ရန်ငြိုးပွားသော နိုင်ငံများမရှိ သလောက် ဖြစ်ပါတယ်။ သို့သော်လည်း  ကမ္ဘာလုံး ဆိုင်ရာ သြဇာ လွှမ်းမိုးလိုတဲ့ အင်အားကြီး နိုင်ငံများ၏ ရေတပ်စွမ်းရည်များ ယှဉ်ပြိုင် တပ်ဖြန့်မှုများ ပြုလုပ်ရာတွင် အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာတို့သည် အဓိကကျလျက်ရှိရာ ထိုသမုဒ္ဒရာ ၂ခု၏ ဆက်စပ်နေသည့် အရှေ့တောင် အာရှ ဒေသ အတွင်းတွင် မဟာဗျူဟာမြောက် တည်ရှိနေသည့်အပြင် မြန်မာနိုင်ငံဟာ ဒေသတွင်းအင်အားကြီး နိုင်ငံများ ဖြစ်သော တရုတ် နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ အကြားတွင် တည်ရှိနေခြင်း၊ ကုန်းပထဝီဝင် အနေအထားအရ အရှေ့ တောင် အာရှနိုင်ငံများနှင့် တောင်အာရှ နိုင်ငံများကို ဆက်သွယ်ပေးနိုင်သော Land Bridge နိုင်ငံဖြစ်နေခြင်း တွေ ကြောင့် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ ဒေသတွင်းလုံခြုံရေး ဘယ်ရှုထောင့်က ကြည့်ကြည့် ကမ္ဘာ့နိုင်ငံများအတွက် အလွန် အချက်အခြာကျသော နေရာဖြစ်လို့ မြန်မာနိုင်ငံကို ချုပ်ကိုင်လိုမှုများ ရှိနေကြောင်း သမိုင်းအထောက် အထား များနှင့် လက်ရှိဖြစ်ပေါ် နေမှုများက သက်သေပြ နေပါတယ်။

ထာဝရအကျိုးစီးပွားကိုသာ ဖော်ဆောင် နိုင်ရေး အယူအဆကို ခိုင်မြဲစွာဆက်လက်ကျင့်သုံးလျက်ရှိနေတဲ့ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် အင်အားကြီး နိုင်ငံအချို့ဟာ မိမိတို့ အကျိုးစီးပွားကို ဖော်ဆောင်ရာမှာ နိုင်ငံငယ်များ အပေါ် ဘက်စုံစစ်ပွဲ ဆင်နွှဲ နေကြတာကိုလည်း လက်တွေ့မြင်တွေ့နေရမှာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်သက်မှု မရှိစေရန် ဖန်တီးပြီး အခွင့် သာသည်နှင့် နိုင်ငံတော်ကို အပိုင်းလိုက် လက်ဝါးကြီးအုပ် သိမ်းပိုက်ဖို့ ကြိုးစားခဲ့သည့် ဖြစ်စဉ်များ ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ရှိခဲ့တာဖြစ်ပြီး ၁၉၈၈ခုနှစ် အရေးအခင်း ဖြစ်ပွားစဉ် အင်အားကြီး နိုင်ငံတစ်ခု၏ စစ်သင်္ဘောကြီးများ မြန်မာ့ပင်လယ်ပြင် အတွင်းသို့ ရောက်ရှိခဲ့သည့် အထူးစိုးရိမ် ဖွယ်ရာ ဖြစ်ရပ်များကို ပြန်လည် အမှတ်ရ နေသင့်ပါတယ်။ 

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထောက်အကူပြုရန်မှာ ခိုင်မာသော အချက် ဖြစ်တာနဲ့အညီ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံစွာရှင်သန် နေထိုင်ရေးအတွက် မြန်မာ့ တပ်မတော်မှာလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ မည်သည့် စစ်ရေးစွန့်စားမှု၊ ရန်စ ကျူးကျော်မှု၊ စစ်ရေးစွက်ဖက်မှုတို့ကို စတင်ရန် ရည်ရွယ်မှု မရှိသော်လည်း နိုင်ငံ၏အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားပြည်သူတို့၏ အကျိုးစီးပွားကို ထိပါးလာလျှင်မူ လိုအပ်သလို တုံ့ပြန်ကာကွယ်သွားရန် ခေတ်မီပြီး စွမ်းရည်မြင့်မားသော မျိုးချစ်တပ်မတော် တစ်ရပ် မရှိမဖြစ် လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံရေး စွမ်းအား၊ စီးပွားရေးစွမ်းအား၊ လူမှုရေးစွမ်းအားနှင့်အတူ စစ်ရေးစွမ်းအား အချိုးညီဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ် ပါတယ်။ နိုင်ငံတော်၏ ပုံရိပ်နှင့်ညီမျှသော အဆင့်မီတပ်မတော်ရှိနေမှသာ ရန်စကျူးကျော်လိုသူများ အတွက် အဟန့်အတားတစ်ရပ် ဖြစ်ပေါ်စေသလို ကျရောက်လာသည့်ရန်ကို ထိရောက်စွာ ကာကွယ် တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာဖြစ်စဉ်များအရ တပ်မတော်ပြိုကွဲသည်နှင့် နိုင်ငံရေးစီးပွားရေး လူမှုရေးပါ ယိမ်းယိုင်သွားကြပြီး ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်အချုပ်အခြာအာဏာ နှင့် နယ်မြေတည်တံ့ရေးတို့မှာလည်း လုံခြုံမှုမရှိတော့သည်ကို ခံစားကြရမှာဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတော် အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် အခြေအနေ အတွင်းမှာ အချို့ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် အားရဖွယ်ရာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသော်လည်း အချို့မှာမူ ငြိမ်းချမ်းရေး ရည်မှန်းချက် ထားပြီး ငြိမ်းချမ်းရေး စကား ပြော ကြားနေသော်လည်း လူသစ်များ တိုးမြှင့်စုဆောင်းခြင်း၊ မှောင်ခို နည်းလမ်းများဖြင့် လက်နက်အင်အား ဖြည့်တင်းခြင်းတို့ ဆောင်ရွက် နေခြင်းကိုကြားရသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး အစီအစဉ်များ အတွက် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုကို ထိခိုက် စေ သည်ဟု မြင်မိပါတယ်။

များစွာသော တိုင်းရင်းသား လူမျိုးများ နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံ တော်ကြီးမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်ဖွဲ့စည်း ထားပြီးဖြစ်သည့် မြန်မာ့ တပ်မတော်၏ ကွပ်ကဲမှုနဲ့ နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာလည်း စုစည်း ရပ်တည်သွားဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားပြီး ဖြစ်တဲ့အတိုင်း နေထိုင်သွားကြခြင်းဖြင့် ပြည်သူလူထု အားကိုး အားထားပြုနိုင်မည့် နိုင်ငံတော် အတွက် ကြီးမားသော အင်အားထုကြီး တစ်ခု ဖြစ်လာမှာပါ။ သို့ဖြစ်၍ နိုင်ငံသားတိုင်း ထာဝရ ငြိမ်းချမ်းရေးအတွက် မိမိတို့ တတ်စွမ်းသမျှ စိတ်ထားမှန်စွာ ပွင့်လင်းမြင်သာ စွာ ဖြင့် ဆောင်ရွက်နိုင်ကြဖို့ လိုမှာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိပြီးလျှင်လည်း မိမိတို့ နိုင်ငံတော်ကို စည်းလုံး ညီညွှတ်စွာဖြင့် ကာကွယ်စောင့်ရှောက် ကြရန်မှာ နို်င်ငံသားတိုင်း၏ တာဝန်ပင် ဖြစ်ကြောင်း နှိုးဆော် လိုက်ရပါတယ်။

ဆောင်းပါးရှင် (စောမိုးဇက်)

ပေါ်ပြူလာ ဂျာနယ်မှ ထုတ်နှုတ်ဖော်ပြ အပ်ပါသည်- (မြ၀တီ)

Floating Youtube Player

Posted by drmyochit Friday, August 30, 2013, under | No comments


အခုနောက်ပိုင်း Android မှာ Floating App တွေ တော်တော်များများ
တွေ့လာရပါတယ်။ Floating App ဆိုတာကတော့ ကွန်ပျူတာမှာ ..
window များသုံးသလို ချုံ့ ၊ ချဲ့ လုပ်နိုင်တဲ့ Android App တွေဖြစ်ပါတယ်။
ချုံ့၊ချဲ့ လုပ်နိုင်လို့ multiwindow ပုံစံမျိုး အသုံးပြုလာနိုင်ပါတယ်။
Floating App တွေကို အသုံးပြုရင်း တစ်ခြား ကိစ္စများကိုလဲ လုပ်ဆောင်နိုင်လို့ အသုံးဝင်ပြီး လူကြိုက်များလာပါတယ်။ ကျွန်တော် Floating တွေ တွေ့တိုင်း အမြဲတင်ပေးလေ့ရှိပါတယ်။ Facebook Multiwindow , Super Player , Tiny Apps .. စတာတွေ တင်ပေးခဲ့ဖူးပါတယ်။ အခု Youtube Player ကို Floating အနေဖြင့်
အသုံးပြုနိုင်မယ့် Floating Youtube Player လေးတွေ့လို့
တင်ပေးလိုက်ပါတယ်။ Youtube ကို ကိုယ့်စိတ်ကြိုက် window အရွယ်ချိန်ပြီး
ဖုန်း screen ပေါ်မှာ အဆင်ပြေတဲ့နေရာတစ်ခုခုမှာ ရွေ့ထားပြီး ကြည့်နိုင်ပါတယ်။

နည်းလမ်းနှစ်မျိုးပါဝင်ပါတယ်။ မူရင်း Youtube Player မှာ Share ကို နှိပ်ပြီး
Floating Youtube ကို ရွေးချယ်ပြီး ကြည့်နိုင်သလို .. Popup Player အနေဖြင့် တစ်ခါတည်း တန်းကြည့်နိုင်ပါတယ်။ Streaming လုပ်တာ မြန်တယ်ဗျာ။ လုံးဝ အလန်းလေးပါ။ သုံးကြည့်ပါ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox - https://www.dropbox.com/s/uezgkbo1eqprp64/Mr.AD%20-%20Floating%20Youtube%20Player.apk

copy - https://copy.com/BFugdfcvH74D

ပျော်ရွှင်ပါစေ။
Mr.AD
Credit:  ပျော်ရွှင်စရာ Android ကမ္ဘာ

လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)

Posted by drmyochit Friday, August 30, 2013, under | No comments


လမ်းလျှောက်တတ်သော သစ်ပင် တကယ့်အပြင်မှာ ရှိပါတယ်။ သူ့ကို Socratea exorrhiza လို့ခေါ်ပြီး Walking Palm လို့လည်း လူသိများပါတယ်။

အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် လမ်းလျှောက်နိုင်ပါ တယ်။ လမ်းလျှေ
...
ာက်တတ်သော သစ်ပင်ဆိုတာထက် အသက်ရှိသော သစ်ပင်လို့ဆိုရင် ပိုမှန်ပါတယ်။ အမြစ်ရဲ့  ကြီးထွားမှုနှုန်း၊ မြေထဲ စိုက်ဝင် မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်။ သစ်ပင်တစ်ပင်ပင်က သူ့အပေါ် လဲကျရင် အလိုအလျောက် ပြန်ထနိုင်ပါတယ်။ မြေဇီမြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြား နေရာတစ်နေရာကို အလို အလျောက် ပြောင်းရွေ့ ပါတယ်။

အပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြားမြင့်နိုင်ပြီး ပတ်လည် လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ ဒါကြောင့် အမြစ်ကို လည်း မြေထဲမှာပဲ အားလုံး မြှုပ်မနေစေပဲ ခြေထောက်များပမာ ထုတ်ထား တာမျိုးကိုလည်း ယခုလို မြင်တွေ့ရပါတယ်။ ဒါကြောင့် သူ့ကို လမ်းလျှောက် တတ်သော သစ်ပင် လို့ အများက အသိမှတ်ပြု ထားကြပါတယ်။

From: http://www.facebook.com/mwdmedia

အသေးစိတ်ဝင်ရောက်လေ့လာရန် http://en.wikipedia.org/wiki/Socratea_exorrhiza

အသက် ၁၆ နှစ်အရွယ် အပျိုစင်လေးအား လိမ်ညာ၍ ပြည့်တန်ဆာလုပ်ခိုင်းသူ အရေးယူခံရ

Posted by drmyochit Friday, August 30, 2013, under | No comments


မုံရွာမြို့ နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ် အမျိုးသမီး ငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ပြောကြား သည်။

“ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊ ဒီအလုပ်ကို မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ ကအဲ့ဒီ ကောင်မလေး အပေါ်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာ တွေရှိတယ်လို့ အသက် ၁၆ နှစ်အရွယ် မမေသူဇော် က အမှုစစ် ရဲအရာရှိထံ ထွက်ဆို ခဲ့တယ် ..” ဟု ၎င်းရဲအရာရှိက ဆက်လက်၍ ပြောပြသည်။

အမှုစစ်ရဲအရာရှိ ရဲအုပ် မောင်မောင်မြင့် ၏ ပြောပြချက်များ အရအဆိုပါ မိန်းကလေး ငယ်သည် မုံရွာခရိုင် ကနီမြို့နယ် ၊ ကဲတောင်ကျေးရွာ မှဖြစ်ကြောင်း ၊ လွန်ခဲ့သော တစ်လ ၀န်းကျင်ခန့်က အမည်မသိ ဆိုင်ကယ် အငှား လိုက်သူ လူတစ်ဦးမှ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နေ ကိုအရှည်ကြီး (ခေါ်) ကိုဇော်မင်းလွင် ၎င်း၏ ဇနီး မထား (ခေါ်) မစန်းစန်းနွယ် ဆိုသူတို့၏ နေအိမ်၌ ထမင်းချက် အလုပ်အား လုပ်ကိုင် နေထိုင်ရန် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း နေအိမ်သို့ မမေသူဇော် စတင် ရောက်ရှိသည့် ညတွင် ထမင်းချက် အလုပ်အား စေခိုင်ခြင်း မရှိဘဲ အိမ်၏ နောက်ဖေး အခန်းအတွင်း ၌ အမည်မသိ အမျိုးသား တစ်ဦးနှင့် မတရား သဖြင့် ကာမစပ်ယှက် ခိုင်းခဲ့သည်ဟု မမေသူဇော်မှ အမှုစစ် ရဲအရာရှိထံ ထွက်ဆိုခဲ့သည် ဟုသိရသည်။

အိမ်ရှင် လင်မယားတို့က လည်း နောက်ရက်များတွင် ယင်းကဲသို့ မပြုလုပ်ခဲ့ပါက ရိုက်နှက်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည့် အတွက် ၎င်းနေအိမ် သို့ရောက်ရှိ လာသော အမျိုးသား များဖြင့် နေ့စဉ်လိုလို ပြည့်တန်ဆာ လုပ်ငန်းအဖြစ် ကာမစပ်ယှက် ပေးခဲ့ရန် အိမ်ရှင် လင်မယားမှ အတင်းအဓမ္မ စေခိုင်းခဲ့သဖြင့် အဆိုပါ အမျိုးသမီးငယ်မှ ပြုလုပ်ပေး ခဲ့ရသည်ဟု ဆိုသည်။

ယခုလ ၂၆ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အိမ်ရှင် လင်မယား နေအိမ်၌ အလုပ်ရှုပ် နေစဉ် အဆိုပါ မိန်းကလေး ငယ်သည် အိမ်နောက်ဖေး၌ အပေါ့စွန့်ရန် သွားဦးမည်ဟု ဆိုကာ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး နောက် မုံရွာအမှတ် (၂) ရဲစခန်း သို့ လာရောက်၍ သူမ၏ ဖြစ်စဉ်အား ဖွင့်ဟပြောဆို ၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထိုအမှုဖြင့် ပတ်သက်၍ မမေသူဇော်၏ တိုင်တန်းချက် အပေါ် ရဲစခန်းက (ပ)၃၇၉/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၃ အရ ရေးဖွင့် လက်ခံခဲ့ပြီး အိမ်ရှင် လင်မယား နှစ်ဦးအပေါ် အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

တောင်ဥက္ကလာက ဓားနဲ့ပါးကို ခြစ်တဲ့အမှုပေါ်ပြီ

Posted by drmyochit Friday, August 30, 2013, under | No comments


Breaking News / ကြားဖြတ်သတင်း
=====================
တောင်ဥက္ကလာက ဓားနဲ့ပါးကို ခြစ်တဲ့အမှုပေါ်ပြီ
===========================
ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။

ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်ဟာ ကျောင်းကြိုဖို့ အာဿက(၂၂) လမ်း အအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ မျက်နှာပြင် အား ဓားဖြင့်လှီးခံရ၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရတယ်။

အိမ်နီးချင်း ရန်ငြိုးထားပြီး ဒေါ်ချိုချိုဝင်း နှင့် အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင် မလုပ် ဘဲ လူငှားပြီး လုပ်ခိုင်းတာကြောင့် ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။

အဆိုပါ တရားခံတွေကတော့ ရာကွတ် (၃၅)နှစ် ၊ ဟိန်းမင်းထက် (၃၂)နှစ်၊ လှတိုး(၅၃)နှစ် ၊ မိုးသူ (၂၇)နှစ် (မျက်နှာအား ဓားဖြင့်လှီးခဲ့သူ) နှင့် လှဌေး (၅၉)နှစ် (ငှားရမ်းစေခိုင်းသူ) တွေ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

by Myanmar News Now

ကင်ညာတွင် အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်

Posted by drmyochit Friday, August 30, 2013, under | No comments


ကင်ညာနိုင်ငံတွင် အမျိုးသမီး (၁)ဦးကို အမျိုးသား (၂)ဦးက ခွဲဝေ လက်ထပ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ အမျိုးသမီးသည် အမျိုးသား (၂)ဦးလုံးနှင့် (၄)နှစ်ကျော်ကြာအောင် ချစ်ကြိုက်နေခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အနက်မှ တစ်ဦးဦးကို အရွေးခက်နေကြောင်း ဖွင့်ဟခဲ့သည်။ နောက်ဆုံးတွင်မူ အမျိုးသား (၂)ဦးဖြစ်သော ဆီလ်ဗက်စတာ အမ်ဝမ်ဝါနှင့် အီလီဂျာ ကီမာနီတို့ နှစ်ဦး သဘောတူ ညှိနှိုင်းကာ အမျိုးသမီးနှင့် တစ်အိမ်တည်း အတူနေထိုင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် အမျိုးသမီး၏ ကလေးများကိုလည်း နှစ်ဦးအတူ ပျိုးထောင်သွားရန် ၎င်းတို့ချင်း သဘောတူညီမှု ရရှိသွားခဲ့သည်။

ရှေ့နေများက အဆိုပါ လက်ထပ် ထိမ်းမြားမှုသည် ပါဝင်ပတ်သက်သူ အားလုံးက ဥပဒေကြောင်းအရ အသိအမှတ်ပြု လက်ခံလျှင် တရားဝင်ကြောင်း ပြောကြားခဲ့သည်။ သတင်းများက အမည်ဖော်မပြသော အမျိုးသမီးသည် အီလီဂျာရော၊ ဆီလ်ဗက်စတာနှင့်ပါ (၄)နှစ်ကျော်ကြာ ချစ်သူအဖြစ် နေထိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး အမျိုးသမီးအတွက် ရန်ဖြစ် သတ်ပုတ်ခဲ့ကြသည့်နောက် မွမ်ဘာဆာခရိုင် ရဲမှူးဖြစ်သူ အက်ဒ်ဟာလာ အက်ဘ်ဒူရာမန်က နှစ်ဦးအတူ လက်ထပ်ကြရန် အကြံပြုခဲ့ပြီး ယင်းကိစ္စက လက်တွေ့ ဖြစ်မြောက်သွားခြင်းဟု သိရသည်။

"ကျွန်တော်တို့ ဇနီးနဲ့ ပတ်သက်ပြီး အပြန်အလှန် ခြိမ်းခြောက်တာမျိုး မပြုလုပ်ဖို့၊ သဝန်မတိုဖို့ အချင်းချင်း သဘောတူညီမှု ယူခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဇနီးကလည်း တစ်ယောက်ယောက်ကို အတည်တကျ ရွေးဖို့အတွက် သူအဆင်သင့် မဖြစ်နိုင်ဘူးလို့ ဝန်ခံထားခဲ့ပါတယ်"ဟု ၎င်းတို့ နှစ်ဦးက ကင်ညာ၏ NTV သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဆီလ်ဗက်စတာက "ကျွန်တော်တို့ချင်း တစ်ယောက်ရဲ့ အခွင့်အရေးကို တစ်ယောက် လေးစားရပါမယ်။ ချစ်ချင်ခင်ခင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ရပါမယ်။ ဒီသဘောတူညီမှုအတွက် ဘယ်သူကမှ ကျွန်တော်တို့ကို အတင်းအကျပ် ဖိအားပေးခဲ့တာ မဟုတ်ပါဘူး"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

မုဆိုးမ တစ်ဦးဖြစ်ပြီး ကလေးနှစ်ဦး မွေးဖွားထားသည်။ သူမ၏ ဆန္ဒအရ သတင်းများက အမျိုးသမီး၏ အမည်ကို ဖော်ပြမှု မပြုခဲ့ချေ။ ကင်ညာမိသားစုရေးရာ ဥပဒေ အကြံပေး ဂျူဒီသွန်ဂိုရီက ဥပဒေ သတ်မှတ်ချက်တွင် အမျိုးသမီး တစ်ဦးကို ခင်ပွန်းတစ်ဦးထက် အပြိုင်ယူထားရန် တိတိကျကျ တားမြစ်ထားမှု မရှိကြောင်း ပြောကြားခဲ့သည်။ "ဒီကဏ္ဍကို ကင်ညာ ဥပဒေမှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ မရှိပါဘူး။ ဒါဟာ သီးခြား သဘောတူညီမှုနဲ့ လက်ထပ်တဲ့ အခြေအနေအဖြစ် မှတ်ယူနိုင်ပါတယ်။ ခုချိန်မှာ တကယ့်မေးခွန်းက ဒီအမျိုးသား နှစ်ယောက်ဟာ အမျိုးသမီးရဲ့ အပြိုင်ခင်ပွန်းလင် ဘဝကို ဘယ်လို အသားတကျ ဖြတ်သန်းမလဲ ဆိုတာပါပဲ"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ကင်ညာတွင် ယောက်ျားတစ်ဦးက အမျိုးသမီးများကို အပြိုင်လက်ထပ်သည့် ကိစ္စမျိုးမှာ ရှားပါးသော အခြေအနေ မဟုတ်သော်လည်း အမျိုးသမီး တစ်ဦးက ယောက်ျားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်ခြင်းသည် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် သတင်းမျိုး ဖြစ်လာကြောင်း သိရှိရသည်။

From: Planet Myanmar Network

Miss Supranational Myanmar 2013ခင်ဝင့်ဝါရဲ့ “အပျိုတော်အက”

Posted by drmyochit Friday, August 30, 2013, under | No comments

 Miss Supranational Myanmar 2013ခင်ဝင့်ဝါကMiss Supranational 2013 pageantပြိုင်ပွဲကျင်းပရာBelarusနိုင်ငံမှာ သြဂုတ်၂၉ရက်နေ့ ကတင်ဆက် တဲ့Talent Show နဲ့ National Costumes Show တို့ မှာTalent Show အတွက် အပျိုတော်အကဖြင့်တင်ဆက်ပီးNational Costume တွင် ပျူခေတ်ဝတ်စုံဖြင့်၎င်းဝတ်ဆင်ကပြတင်ဆက်ယှဉ်ပြိုင်သွားကြောင်းသိရသည်။


(“အပျိုတော်အက”ပုံ Talent Show ဖြစ်ပြီး၊အခြားပုံများမှာSwimsuit competition မှပုံနဲ့ Official Swimsuit Photos ofMiss Supranational Myanmar 2013များ)

Popular Journal




မုံရွာ -ရွှေဘို ကားလမ်းတွင် ယာဉ်တိမ်းမှောက်၍ ကျော်ရဲအောင် သေဆုံး

Posted by drmyochit Friday, August 30, 2013, under | No comments

ရွှေဘို၊ သြဂုတ် ၂၉ ရက်နေ့

ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ သမရိုးကျေးရွာအနီး မုံရွာ - ရွှေဘို အဝေးပြေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၃၇/၄နှင့် ၃၇/၅ အကြားတွင် ယခုလ ၂၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ၌ ကျော်ရဲအောင် ဆိုသူ သည် အခင်းဖြစ်အရပ်တွင် သေဆုံးလျက်ရှိကြောင်း ရွှေပန်းကုံး ရဲစခန်း၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။

၎င်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာသို့ ရွှေပန်းကုံး ရဲစခန်းမှူး ရဲအုပ် မြင့်စိုးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာတွင် ဒရင် အစိမ်းရောင် 110 အမျိုးအစား ဆိုင်ကယ်တစ်စီးသည် စက်အင်ဂျင်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်း မှောက်နေသည်ကို စီစစ်တွေ့ရှိရကြောင်း ရဲဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ခဲ့ရခြင်းကြောင့် အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာနေ မောင်ကျော်ရဲအောင် အသက်(၁၉)နှစ်ဆိုသူ မှာ ယာဉ်တိမ်းမှောက်ရာတွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် ၎င်းနေရာတွင် သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိရသဖြင့် ရွှေပန်း ကုံးရဲစခန်း ယာဉ်(ပ) ၂၁/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄(က) အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး
Myanmar News Now

အမေရိကန်-မြန်မာ ကာကွယ်ရေးဝန်ကြီး သီးခြားတွေ့ဆုံ

Posted by drmyochit Friday, August 30, 2013, under | No comments

အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ၀န်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ သြဂုတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြတာပါ။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌတာဝန် ရယူမယ့်အပေါ် သူ့အနေနဲ့ ထောက်ခံတဲ့အကြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ အတွက် ပြင်ဆင် လုပ်ဆောင်တာတွေမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးကူညီသွားဖို့ မျှော်လင့်ထားကြောင်း မစ္စတာဟေဂဲလ်က ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ပြောခဲ့တယ် လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးအကြား သီးခြားတွေ့ဆုံတာမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း မရှိခဲ့ဖူး ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ပြောင်းလဲမှု တွေရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အိုဘားမားအစိုးရရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဖြစ်သလို မြန်မာနိုင်ငံ မှာ ဖော်ဆောင်နေတဲ့ အပြောင်းအလဲတွေနဲ့ လူ့အခွင့်အရေးပိုင်း တိုးတက်မှုတွေကို အသိအမှတ်ပြုတာလည်းဖြစ်တယ်လို့ အဲဒီ အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဆက်ပြီးရသွားဖို့ အရေးကြီးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အရေးကြီးတယ်ဆိုတာတွေကို မစ္စတာဟေဂဲလ်က ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့တယ်လို့လည်း ပန်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ  ဂျော့ဂ်ျ လစ်တဲလ် (George Little) ကပြောပါ တယ်။

အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို မြန်မာ စစ်ဘက်က ထောက်ခံအားပေးတဲ့အပေါ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်က ချီးကျူးပြောဆိုသလို ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ကိုလည်း အားပေး တိုက်တွန်းခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေလေ့လာရေး အင်စတီကျူ (DIILS) နဲ့ မြန်မာ့ တပ်မတော်တို့ ပူးတွဲပြီး ဥပဒေရေးရာဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရေတပ်က ရေတပ် ဗိုလ်မှူးကြီး Captain ရောဘတ်တ် ဆန်းဒါးစ် (Robert Sanders) က ဦးဆောင်ပြီး စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာစစ်ဘက်က အရာရှိ ၂၀ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်ရဲ့ တာဝန်ဝတ္တရား စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ကာကွယ်ရေး ၀န်ကြီးများ DMM-PLUS အစည်းအဝေးပွဲ၊ ဘရုနိုင်း၊ (သြဂုတ် ၂၉၊ ၂၀၁၃။)

ဆံကေသာ ကျန်းမာရေး အတွက် သင်သိထား သင့်သည်များ

Posted by drmyochit Friday, August 30, 2013, under | No comments


ဆံကေသာ ကျန်းမာရေး အတွက် သင်သိထား သင့်သည်များ ဆံကေသာ လှပကျန်းမာဖို့ရာ အတွက် သင်သိထား သင့်သော အကြောင်း ရင်းတွေကို ရေးသားလိုက်ရပါတယ်။

တစ်နေ့ပျမ်းမျှ ကျွန်သော ဆံပင်အသားအရေ အတွက်

ကျွတ်တဲ့ ဆံပင်အရေ အတွက်ဟာ အခြေအနေအကြောင်း ရင်း အမျိုးမျိုးအပေါ် မူတည်နေ ပါတယ်။ ဒါပေမဲ့ ပျမ်းမျှအား ဖြင့် တစ်နေ့မှာ ဆံပင်အရေ အတွက် ၁၀ဝခန့် ကျွတ်နေတယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထား ပါတယ်။ သင့်ခေါင်းမှာ ရှိတဲ့ ဆံပင်အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းခန့်ဟာ ကျွတ်တော့ မယ့် အနေအထားမျိုး ရှိနေကာ ခေါင်းလျှော်တဲ့အခါ ပါလာ တတ်ပါတယ်။

ဗီတာမင် များလွန်းခြင်းနှင့် ဆံကေသာ ကျန်းမာရေး

တချို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အလွန်အမင်း သုံးစွဲ တဲ့အခါ ဆံပင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ ပြောရရင် ဗီတာမင်အေ ဖြစ်ပါတယ်။ ဗီတာမင်အေက ဆံပင် သားကျန်းမာဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပေမယ့် ဖြည့်စွက်ဆေးအနေနဲ့ သောက်တဲ့ပမာဏ အလွန်များ လွန်းရင် အဆိပ်အတောက်ဖြစ်စေပြီး ဆံပင်ကျွတ် စေနိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင်အေအားဆေးကို ပမာဏ အများကြီး မှီဝဲတဲ့အခါမှာ ဖြစ်တတ် ပါတယ်။ မုန်လာဥနီ၊ ကိုက် လန်၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ငရုတ်သီးနဲ့ မက်မွန်သီးတွေမှာ ဘီတာ ကယ်ရိုတင်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲရောက်ရင် ဗီတာ မင်အေအဖြစ် ကူး ပြောင်းပေးမယ့် ဒါက အန္တရာယ် ကင်းတဲ့ ပမာဏပဲ ဖြစ်ပါတယ်။

ဆံကေသာ ကျန်းမာစေသော အစာ

ဆံကေသာ ကျန်းမာစေတဲ့ အစားအသောက်ကို စား တာကြောင့် သီတင်းပတ်အနည်းငယ်အတွင်း ဆံပင်သားတွေ ကျန်းမာသန်စွမ်းလာနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဆံပင်သား ကျန်းမာစေတဲ့ အစာကို စားတာကြောင့် ထွက်လာမယ့် ဆံပင် သားအပေါ်မှာသာ သက်ရောက်မှုရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆံကေသာ ကျန်းမာစေတဲ့ အစားအသောက်တွေကို စားပြီး ခြောက်လ-တစ်နှစ်ခန့်ကြာမှ ဆံပင်သားကျန်းမာတာက သိသာ လာမှာပါ။ ဒါကြောင့် ဆံပင်သားကျန်းမာစေမယ့် အစာတွေ ကို စိတ်ရှည်ရှည်စားပေးဖို့ မမေ့ပါနဲ့။ ကဖင်းဓာတ်က ဆံပင်သားကြီးထွားမှုကို လှုံ့ဆော်ပေးနိုင် တာကြောင့် ကော်ဖီအသင့်အတင့် သောက်ပေးသင့်ပါတယ်။

ဆံပင်ကျွတ်ခြင်းနှင့် စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ်စေနိုင်တဲ့ အဖြစ်များ ဆုံး အကြောင်းတစ်ခုပါ။ စိတ်ဖိစီးမှုကို တုံ့ပြန်တဲ့အခါ ဆံပင် သားရဲ့ ပုံမှန်ကြီးထွားမှုစက်ဝန်းကို အဟန့်အတားဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ ဆံပင်ကျွတ် ပြီး ဆံပင်ကျဲပါးမှု အဖြစ်များရတာပါ။ ဆံကေသာ ကျန်းမာစေ ချင်ရင် စိတ်ဖိစီးမှုများတဲ့ အခြေအနေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဖိစီးမှုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းနဲ့ ထိန်းချုပ် တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော ဆံကေသာကျန်း မာလှပဖို့အတွက်ပါ အကောင်းဆုံး ဖြစ်ပါတယ်။

ဆံပင်စည်းခြင်း၊ ကျစ်ဆံမြီး ကျစ်ခြင်းနှင့် ဆံကေသာ ကျန်းမာရေး

ဆံပင်စည်းတာ၊ ကျစ်ဆံမြီးကျစ်တာနဲ့ ဆံပင်ကို ခပ်တင်း တင်းဆွဲတာတို့က ဆံပင်သားကို ကျိုးပြတ်တာ၊ ဆံပင်သား ထိခိုက်တာနဲ့ ဆံပင်ကျွတ်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

ကြယ်စင်
By Good Health

ပိုမို လှပ ကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

Posted by drmyochit Friday, August 30, 2013, under | No comments


လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှု လျော့စေခြင်း၊
နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နှုန်းကို လျှော့ချ ပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါ နည်းလမ်း လေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်း ပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။

၁။ရာသီဥတု အခြေအနေကို ကြည့်ပြီး အဝတ်အစားကို ဝတ်ဆင်ပါ။ သင့်အတွက် မလိုအပ်တော့တဲ့ အဝတ်အစား တွေကို ရွေးချယ်ပြီး သီးသန့်ခွဲလိုက်ပါ။ ဒါမှမဟုတ် လက်ဆောင် ပေးလိုက်ပါ။

၂။ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် အဝတ်အစား မျိုးကို ဝတ်ဆင်ပေးပါ။ ဒါမှ သင့်ခန္ဓာကိုယ်ရဲ့ ပုံစံကို သင်သတိ ထားမိနိုင်မှာပါ။

၃။ဈေးဝယ် ထွက်ချိန်မျိုးနဲ့ အလည်အပတ် သွားချိန်မျိုးမှာ ပေါ့ပါး လွတ်လပ်တဲ့ အဝတ်အစားမျိုး တွေကိုသာ ဝတ်ဆင်ပါ။

၎။ကလေးငယ်တွေနဲ့ အတူ နာရီဝက်လောက် ကစားပါ။ စက်ဘီးအတူ စီးတာမျိုး၊ ဘောလုံး ကစားတာမျိုးပါ။

၅။အလုပ်အသွား အလုပ်ပြန် ငါးမိနစ်လောက်တော့ လမ်းလျှောက် သွားပါ။ လှေကားထစ် တွေကို လမ်းလျှောက် တက်ပါ။ အလျင်မလိုရင် ဓာတ်လှေကား မသုံးပါနဲ့။

၆။ သုံးလက်မလောက် ဒေါက်မြင့်ကိုသာ စီးပါ။ အရမ်းမြင့်တဲ့ ဖိနပ်ကို ရံဖန်ရံခါ မှသာ စီးပါ။

၇။ကမ်းခြေလို နေရာမျိုးကို ခရီးထွက်ပါ။ ဒါမှမဟုတ် လယ်ကွင်းလို နေရာမျိုး တွေမှာ လေရှူပါ။

၈။လေးလံတဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တွေကို လက်နဲ့ ဆွဲမယ့်အစား လက်နှစ်ဖက်နဲ့ ရှေ့မှာပိုက်ပြီး သယ်ပါ။

၉။ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်ရင်တောင် အလေးမရာမှာ သုံးတဲ့ ဝိတ်တုံး တစ်တုံးလောက် ဝယ်ထားပါ။ အနည်းဆုံးတော့ အလေးမ ပစ္စည်းသုံး လေ့ကျင့်တာဟာ ကြွက်သားကို အထောက်အကူ ဖြစ်စေတာကြောင့်ပါ။

၁၀။အိမ်မွေး တိရစ္ဆာန်လေးတွေ မွေးမြူပေးပါ။ စိတ်ဖိစီးမှုနဲ့ အထီးကျန်ဆန်မှု တွေကို ပြေပျောက် စေပါတယ်။

၁၁။ မိတ်ဆွေ၊ အပေါင်းအသင်း တွေဆီ ဖုန်းဆက်ပြီး ဖြစ်စေ၊ တွေ့ဆုံပြီး ဖြစ်စေ စကားပြောပါ။ ရယ်စရာ ဟာသလေးတွေ ပြောတာမျိုး၊ ရင်ဖွင့် ပြောဆိုတာမျိုး ပြုလုပ်ပါ။

၁၂။တစ်ကိုယ်ရေ သန့်ရှင်းမှု ပုံမှန် ပြုလုပ်တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေပါတယ်။ အထူးသဖြင့် လက်သည်း၊ ခြေသည်းတွေကို ပုံမှန် သန့်စင်ပေးပါ။

Myawady News

မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ

Posted by drmyochit Friday, August 30, 2013, under | No comments

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယားဟာ ဒီကနေ့ မြစ်ကြီးနားမြို့ကနေ ထွက်ခွာပြီး မန္တလေးတိုင်း မိတ္ထီလာမြို့ကို ရောက်ရှိနေပါတယ်။ မိတီလာမြို့မှာတော့ မတ်လက ဖြစ်ပွားခဲ့တဲံ ဘာသာရေး ပဋိပက္ခနောက်ပိုင်း ဖွင့်လှစ်ခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ပြီးတော့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ် လို့ အုပ်ချုပ်ရေး အရာရှိတဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကချင်ပြည်နယ်မြစ်ကြီးနားကနေ မနက် ၁၀နာရီလောက်ကနေ ထွက်ခွာခဲ့ပြီး မန္တလေးကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ညနေ ၃နာရီလောက်မှာတော့ မိတ္ထီလာမြို့ကို ရောက်ရှိခဲ့ပါတယ်။ မိတ္ထီလာမြို့မှာတော့  ကယ်ဆယ်ရေးစခန်းတွေကိုသွားရောက်ကြည့်ရှုခဲ့တယ်လို့ မိတ္ထီလာခရိုင်အုပ်ချုပ်မှုး ဦးတင်မောင်စိုးက ပြောပါတယ်။

"ရတနာမောင်ရပ်ကွက်ထဲက ဘင်္ဂလီဗလီရှိတယ်။ နောက် ရန်လင်းအောင်နဲ့ မင်္ဂလာဇေရုံနားက မီးလောင်သွားတဲ့ အာရဗီကျောင်း ရှိတယ်။ နောက် ချမ်းအေးဗလီရှိတယ်။ နောက်ကျနော်တို့ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း၊ အင်ကုန်း အဲ့တာရှိတယ်။ နောက် ဆက်သွယ်ရေးရိပ်သာမှာ ဘာသာပေါင်းစုံနဲ့ တွေ့ဆုံ တယ်။ ဆွေးနွေးတာကတော့ အားလုံး အတူတကွနေတာမြင်ရတာ သူလည်းဝမ်းသာတယ်လို့ပြောတယ်။ "

မိထ္ထီလာမြို့မှာ ဗုဒ္ဓဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုနဲ့ အစ္စလာမ်ဘာသာ ကယ်ဆယ်ရေးစခန်း သုံးခုရှိတာ ဖြစ်ပြီး ဗုဒ္ဓဘာသာစခန်းတွေမှာ လူငါးရာလောက်နဲ့ အစ္စလာမ်ဘာသာ စခန်းတွေမှာတော့ လူသုံးထောင်လောက်ရှိနေတာဖြစ်ပါတယ်။

မစ္စတာနမ်ဘီးယားမှာ ဒီကနေ့ညနေငါးနာရီခွဲမှာတော့ မိတ္ထီလာမြို့ကနေ နေပြည်တော်ကို ခရီးဆက်လက်ထွက်ခွာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို ရောက်ရှိပြီး ပြည်နယ်အစိုးရ အပါအ၀င် ဘာသာရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့သလို   မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့က ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာကိုလည်း သွားရောက်ပြီး လိုင်ဇာဒေသက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
KIO ဌာနချုပ်လိုင်ဇာကိုလာရောက်တာကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေနဲ့ IDPလို့ ခေါ်ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေ အခြေအနေကို လာရောက်လေ့လာတဲ့သဘောလို့ KIO နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးက ပြောပါတယ်။

"မေလ ၂၈၊ ၃၀က ယူအန်ကိုယ်စားလှယ်ပါပြီးတော့ ကျနော်တို့ ခုနှစ်ချက် သဘောတူညီချက်ပေါ့နော်။ သဘောတူညီထားတဲ့ဆိုတော့ အဲ့ဒီ့နောက်ဆက်တွဲအနေနဲ့ ဘယ်အဆင့်အထိ ပြင်ဆင်မှုတွေရှိပြီလဲပေါ့။ တိုးတက်မှု ဘယ်လောက်အထိ ရှိပြီလဲဆိုတာ သူလည်း သိချင်တဲ့ သဘောပေါ့။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို အခုညှိနှိုင်းဆွေးနွေးရေးခြေလှမ်း ကို ရှေ့ကို ပိုပြီးတော့ သွားစေချင်တယ်။ ဆိုတော့ သူတို့ရဲ့ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍကိုလည်း ပိုပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်စေချင်တယ်။ ပြီးတော့ ရှေ့ဆက်သွားမယ့်ဟာတွေကိုလည်း ကြားအနှောင့်အယှက်တွေကြောင့် မရပ်သွားစေချင်ဘူး။ ပြီးတော့ ဒုက္ခသည်တွေကို စိုးရိမ်ပူပင်မိတဲ့အတွက် ကူညီထောက်ပံ့မှုတွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကူညီထောက်ပံ့နိုင်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေပေါ့။ ဆိုတော့ အားလုံးခြုံငုံလာတဲ့သဘောပါ။"

မစ္စတာနမ်ဘီယားဟာ မေလ ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ အစိုးရရဲ့ငြိမ်းချမ်းရေး တည်ဆောက်ရေးအဖွဲ့ ဆွေးနွေးပွဲ ကိုလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ဖူးသူဖြစ်ပါတယ်။

သူ့ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဟုတ်ကဲ့။ ကျနော်တို့သုံးသပ်တာကတော့ ဘာပဲဖြစ်ဖြစ်လေ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အခုလို လာတွေ့တယ်ဆိုတော့ ကျနော်တို့ အများကြီး ရှေ့ဆက်ပြီးတော့ နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ။ အဲ့တာနဲ့ပတ်သက်ပြီးတော့မှ အလားအလာကောင်းတယ်လို့ ဒီလိုပဲ သုံးသပ်မိပါတယ်။"

မစ္စတာနမ်ဘီးယားရဲ့ မိတ္ထီလာ ခရီးစဉ်မှာတော့ အစိုးရက လုံခြုံရေးတပ်ဖွဲ့ဝင် အတော်များများ ချထားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားရဲ့ခရီးစဉ်မှာတော့ KIO ဌာနချုပ်လိုင်ဇာကို သွားရောက်ခွင့် မရခဲ့သလို မိတ္ထီလာမှာ လူထုက ဆနပြခဲ့တာကြောင့် ကယ်ဆယ်ရေးစခန်းတွေကိုလည်း သွားရောက်မလေ့လာနိုင်ခဲ့ပါဘူး။

ကိုမိုးဇော် (ဗွီအိုအေ)
 ကုလအထူးကိုယ်စားလှယ် Vijay Nambiar မိထ္ထီလာမြို့ ဒုက္ခသည်စခန်းတွေကို မတ်လ က ရောက်ရှိခဲ့စဉ်က။

Transparent Screen Pro v2.24 For Android

Posted by drmyochit Friday, August 30, 2013, under | No comments


8 လပိုင်း 28 ရက်နေက အသစ်ထွက်လာတဲ့  Update လေးပါ
ဒီ ဆောစ့်ဝဲလ်လေးကတော့ Android ဖုန်းအသုံးပြုသူတိုင်းကြိုက်နှစ်သက်ကြမှာပါ။
သူငယ်ချင်းတွေ လမ်းလျှောက်ရင်းနဲ့လည်း ဖုန်း screen ကိုကြည့်ပြီး intenet သုံးတာတို့ ၊ ဂိမ်းဆော့တာတို့ ၊ message စာရိုက်တာတို့လုပ်ကြတယ်မလား ။
 အဲဒီအခါ ဖုန်းထဲမှာဈာန်ဝင်သွားပြီး ရှေ့ကတစ်ခုခုကိုခလုတ်တိုက်ပြီးချော်လဲတာတို့ ၊
ဒါမှမဟုတ် ရှေ့က ကား ၊ ဆိုင်ကယ်လာနေတာတို့ကိုမမြင်လိုက်ရင် အန္တရာယ်များသွားနိုင်ပါတယ်။
အခုတင်ပေးလိုက်တဲ့ Transparent Screen Pro v2.24 ကိုသုံးမယ်ဆိုရင်တော့
လမ်းလျှောက်ရင်းနဲ့လည်း ဖုန်း screen ကိုပဲကြည့်နေလို့ရပါပြီ။
 ဒီဆော့ဝဲလေးက ဖုန်းထဲမှာသုံးနေတဲ့ ဆော့ဝဲတစ်ခုခုကို Transparent အကြည်ပုံစံမျိုးဖြစ်သွားစေပြီး ဖုန်းရဲ့နောက်ကင်မရာကနေတစ်ဆင့် လမ်းကိုဖောက်ထွင်းမြင်နေရမှာပါ။ ခလုတ်တိုက်မိနိုင်တာတွေ ၊ ရှေ့ကိုသတိမထားမိတာတွေမဖြစ်နိုင်တော့တာပေါ့ ။ လမ်းလျှောက်ပြီး ဖုန်းသုံးတော့မယ်ဆိုရင် Transparent Screen ဆော့ဝဲထဲဝင်ပြီး Start ခလုတ်ကိုနှိပ်ထားလိုက်ရုံပါပဲ။

https://play.google.com/store/apps/details?id=botweb.transparent.screen.pro&hl=en

မှာလေ့လာပြီး အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိင်ပါတယ်

Download>>>Google Drive






လက်ပံတောင်းဆန္ဒပြ ဒေါ်နော်အုန်းလှ ထောင်နှစ်နှစ်၊ မိတ္ထီလာ ဗလီမီးရှို့သူ ထောင်နှစ်နှစ်

Posted by drmyochit Friday, August 30, 2013, under | No comments


မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း မီးလောင်ပျက်စီးခဲ့သော ဗလီတစ်ခု လက် ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် မုံရွာမြို့တွင် ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့သူ ရန်ကုန်တိုင်း ဒေသကြီးမှ ဒေါ်နော်အုန်းလှအား စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် တရာရုံးက သြဂုတ် ၂၉ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ရာ လွန်ခဲ့သော မတ်လအတွင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက် မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့ သူများအား အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်သာ ချမှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။

ဒေါ်နော်အုန်းလှသည် မုံရွာမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး၊ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို ညှဉ်းပန်း နှိပ်စက်သောရဲများ အရေး ယူပေးရေး စသည့် အချက်လေးချက်ဖြင့် ဆန္ဒပြခွင့်ရရန် ခွင့်ပြုမိန့် တောင်းခံခဲ့သည်။ သို့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက သြဂုတ် ၁၂ ရက်တွင် အဆိုပါ တောင်းဆိုမှုကို ပယ်ချခဲ့ကာ သြဂုတ် ၁၃ ရက်တွင် ဒေါ်နော်အုန်းလှနှင့် ဒေသခံ အမျိုးသမီးတစ်ဦး လက်ပံတောင်းတောင် ဒေသမှ မုံရွာမြို့ဘက်သို့ ကူးအလာတွင် ဒေါ်နော်အုန်းလှကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဒေါ်နော်အုန်းလှနှင့်အဖွဲ့ အနေနှင့် မုံရွာမြို့အတွင်း ဆန္ဒပြ အော်ဟစ်ခြင်း၊ အလံပိုစတာ စသည်တို့ ကိုင်ဆောင်ခြင်း မရှိဘဲ လမ်းလျှောက်ရုံ သက်သက်ဖြင့်သာ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု မျက်မြင်သက်သေဖြစ်သော မုံရွာမြို့ခံများက ဆိုကြသည်။ ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး မြို့နယ်ရဲစခန်းက မှတ်ပုံတင်အမှတ် ၂၅၊ စာအမှတ် ၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) ပြစ်မှုကြီးအမှတ် ၉၅၅၃ ဖြင့် အမှုဖွင့်ခဲ့ ပြီး သြဂုတ် ၂၇ ရက်တွင် စတင် စစ်ဆေးခဲ့သည်။
ပုဒ်မ ၅၀၅ (ခ) ဆိုသည်မှာ ''မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ ကောလာဟလကို ဖြစ်စေ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန် ကြေညာရာတွင် သို့တည်း မဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက် သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် လူအမျိုးအစား အချင်းချင်း ဖြစ်စေ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း'' ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။
မုံရွာမြို့နယ် ရဲစခန်းအတွင်းရှိ အချုပ်ခန်းအတွင်း၌ တွေ့မြင်ရသော ဒေါ်နော်အုန်းလှ ဒေါ်နော်အုန်း လှ၏ အမှုကို သုံးသပ်ကြည့်မည်ဆိုလျှင် ဥပဒေ၏ အမြင့်ဆုံး စီရင်ခွင့်ဖြစ်သော ထောင်ဒဏ်နှစ်နှစ်ကို ချမှတ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အခြားအမှု တစ်ခုဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မှုများ၌ တရားခံ နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ တို့ဖြင့် အမှု ဖွင့် တရားစွဲဆိုပြီး ပြစ်မှုတစ်ခုလျှင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်၊ ပြစ်မှုနှစ်ရပ်စလုံး အတွက် တစ်ပေါင်းတည်း ကျခံစေရန် စီရင်ချက် ချခဲ့သည်ကို တွေ့ရသည်။

''မည်သူမဆို ကိုးကွယ် ၀တ်ပြုသော နေရာ အဖြစ်ဖြင့် သော် လည်းကောင်း၊ နေအိမ် အဖြစ်ဖြင့် သော် လည်းကောင်း၊ ပစ္စည်းများ သိုလှောင် ထိန်းသိမ်းသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ မိမိက ထိုသို့ ပျက်စီးစေမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မီးဖြင့် သို့တည်းမဟုတ် ပေါက်ကွဲတက်သော အရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း'' ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံကို ဖျက်ဆီးခဲ့သူ နှစ်ဦးအား အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တို့ဖြင့်သာ အရေးယူ ခဲ့သည်ကို တွေ့ရသည်။ ပုဒ်မ ၄၂၇ ၏ ပြဋ္ဌာန်းမှုမှာ ''မည်သူမဆို အကျိုးဖျက်ဆီးမှုကို ကျူးလွန်၍ ထိုသို့ ကျူးလွန်ခြင်းဖြင့် အဘိုးငွေ ငါးဆယ်အောက် မနည်း ပျက်စီးနစ်နာစေလျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းထားသည်။ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တွင် ''မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ခုနစ်နှစ်တိုး၍ ချမှတ်နိုင်သည်'' ဟု ပြဋ္ဌာန်းထားသည်။

မိတ္ထီလာ အကြမ်းဖက်မှုအတွင်း ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခဲ့သူများအား စွဲဆိုထားသည့် ဥပဒေပုဒ်မအရ အမြင့်ဆုံး စီရင်ပိုင်ခွင့် ရှိသည့်အတိုင်း စီရင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်သော်လည်း ဗလီကို မီးရှို့ဖျက်ဆီးသူ ထောင်ဒဏ်နှစ်နှစ်၊ ဆန္ဒထုတ်ဖော်ခွင့် တောင်းခံထားသည့် မြို့နယ်သို့ လက်ပံတောင်းတောင် ဒေသခံများနှင့်အတူ လာရောက်ခဲ့သည့် ဒေါ်နော်အုန်းလှအပေါ် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ဆိုသည့် စီရင်ချက်မှာကား...။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်