Friday, August 30, 2013

မြို့နယ်အုပ်ချုပ်ရေးမှူး၏ စစ်ဆေးခြင်းခံနေရစဉ် သက်သေအစစ်ခံရသော စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်ကြပ်ကြီး အသက်ထွက်

Posted by drmyochit Friday, August 30, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၉

သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အပေါ်ထပ်၌ အပေါ်ထပ် အောက်ထပ် ရန်ဖြစ်သည့် ကိစ္စ ခေါ်ယူညှိနှိုင်း ဖြေရှင်းပေး ရာမှ သက်သေများ ခေါ်ယူ စစ်ဆေးစဉ် သက်သေအဖြစ် လိုက်ပါ ထွက်ဆိုသူ တာမွေမြို့နယ်၊ စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်မတော် ရေတပ် တပ်ကြပ်ကြီး (ငြိမ်း) ဖြစ်သူ အမှတ် ၂၁၈၊ ၄ လွှာ၊ ကျိုက္ကဆံလမ်း၊ ကျားကွက်သစ် ရပ်ကွက်နေ (ဦး—) ၆၉ နှစ်သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ရှေ့မှောက်၌ သက်သေ ထွက်ဆို စဉ် သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါဖြစ် စဉ်နှင့် ပတ်သက်၍ သေဆုံးသူနှင့် တစ်လမ်းတည်းနေ လမ်းသာယာရေး အဖွဲ့ဝင် တစ်ဦးက ပြောကြား ရာတွင် ““စဖြစ်တာက သေဆုံးသူ ဦးရဲမြင့်၏ အိမ်ရှေ့က တိုက်မှာ ရန်ဖြစ်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး သက်သေ လိုက်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က (ဦး—) ရုံး အပေါ်ထပ်မှာ ခေါ်စစ်ခြင်းဖြစ်ကြောင်း၊ ရှေ့တုန်းက ရန်ဖြစ်တဲ့ ကိစ္စ ဖြစ်စဉ်ကို ပြောကြားစဉ် ခင်ဗျား ယခင်က ဖြစ်ခဲ့တဲ့ အကြောင်း ပြောစရာမလိုဘူး။ … အခုဖြစ်တဲ့ ဟာကိုပဲပြော၊ ဆရာရှေ့တုန်းက ဖြစ်ခဲ့တဲ့ အကြောင်း မပြောလျှင် မပြည့်စုံဘူးဟု ပြောပြီး၊ အမှန်အကန် သက်သေထွက်ရာ ခင်ဗျား ဆက်ပြောစရာ မလိုဘူးဟု မြို့နယ် အုပ်ချုပ ရေးမှူးက ဟောက်လိုက်ရာ၊ သူက နှလုံးရောဂါကလည်း အခံရှိသည့်အတွက် မြို့နယ် အုပ်ချုပ် ရေးမှူး စစ်နေသည့် ခုံရှေ့မှာတင် ဇက်ကျိုးပြီး သေဆုံး သွားခြင်းဖြစ်ကြောင်း၊ ရန်ကုန် ဆေးရုံ ကြီးတွင် PR No,016 ဖြင့် လက်ခံထားကြောင်း၊ သေဆုံးသူနှင့် ပါသွားသည့် အမျိုးသမီးကြီးက ကျောက်မြောင်းဈေး မီးပွိုင့်မှာ အော်ဟစ်ပြီး ပြောဆိုနေကြောင်း နေ့လယ် ၂ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူစစ်ဆေးတာဖြစ်ပြီး၊ ၂ နာရီ ၅၅ မိနစ် လောက်မှာ ဆုံးသွားတာ ဖြစ်ကြောင်း၊ ကျွန်တော်တို့နေတဲ့ အိမ်ရှေ့ကို အဲဒီအလောင်းကြီး သယ်လာပြီး အဲဒီမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ဒု ဦးစီးမှူး ဦးမြမင်းကျော်က ““အဘိုးကြီးတစ်ယောက် ဆေးရုံမှာ ဆုံးသွားသည့် သတင်းလား၊ ဖြစ်စဉ်က ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာ တို့က တိုက်ခန်းနှစ်ခန်းမှာ အိမ်ငှားတင်မယ့်ကိစ္စနှင့် ပြဿနာ ဖြစ်ကြတာ။ ဒေါ်ခင်ဝှာက မေတ္တာညွှန့် ရပ်ကွက်က ရေသန့်စက်ရုံ အလုပ် သမားတွေ တင်မယ်၊ အောက်ထပ်က ဒေါ်ခင်ဝေက လက်မခံဘူး။ ဒီက လူမှုရေးအနေနဲ့ ညှိနှိုင်းဖို့ စာတင် လာတယ်။ ပထမတစ်ကြိမ် ဆွေးနွေးပေးတယ်။ ညှိနှိုင်းပေးတယ်။ နှစ်ဦးနှစ်ဖက်စလုံး လက်မ ခံဘူး၊ ဒေါ်ခင်ဝေက လူတွေဆူမယ်၊ အောက်ထပ်အနေနဲ့ လက်မခံဘူး။ အပေါ်ထပ်၊ အောက်ထပ် ဖြစ်ကြတာ ဖြစ်တဲ့တိုက်က အမှတ် ၂၁၉၊ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ဘယ်လိုမှ ညှိမရသည့်အဆုံး တိုက်နှင့် ပတ်သက်တဲ့ အပေါ်ထပ်၊ အောက်ထပ်မှာ ရှိတဲ့ လူအကုန်လုံး ခေါ်လာခဲ့ပြီး လာထွက်ဆိုခိုင်းမှ သိရမယ်ဆိုပြီး ပြောလိုက်တာ ဒေါ်ခင်ဝေတို့ ဘက်ကလည်း ခေါ်လာတာပေါ့။ အခု ဆုံးသွားတဲ့ အဘိုးကြီးက ဒေါ်ခင်ဝေတို့ တိုက်ရဲ့ မျက်နှာချင်းဆိုင် တိုက်မှဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတော့ အဲဒီလူက ထွက်ဆိုဖို့ဆိုပြီး ရုံးကို လိုက်လာတာ အခုဆုံးသွားတဲ့လူ အပါအ၀င် လူတွေ အများကြီးပါပဲ။ ၂၀ ယောက်၊ ၁၅ ယောက်လောက် ထိုင်နေကြတာ၊ သူတို့နှစ်ယောက် အပြန်အလှန် ဆွေးနွေးကြတာ ဒေါ်ခင်ဝေဘက်ကလည်းပြော၊ ဒေါ်ခင်ဝှာဘက်ကလည်း ပြောနေကြတဲ့
အခါမှာ အဲဒီအဘိုးကြီးက ထိုင်နေရတာ။ ကျွန်တော်တို့က ဒီဘက်ထောင့်က ထိုင်နေတာ အသံတော့ ကြားနေရတယ်။ (— နဲ့) ချောင်းဆိုးတဲ့အသံ အဲဒီမှာတင် အဘိုးကြီးက အသက်ရှူ ကျပ်လာသလိုဖြစ်တာ၊ ဖြစ်တော့ ရုံးဝန်ထမ်းတွေလည်း ၀ိုင်းမပြီး သူတို့ကား ပါလာတယ်။ အဲဒီကားပေါ်တင်ပြီး ရွှေဗဟိုဆေးခန်းကို ပို့တာပေါ့၊ ဆေးခန်းက လက်မခံဘူး ပြောတယ်။ ဆေးရုံကြီး ရောက်သွားတယ်။ နောက်သတင်း စုံစမ်းကြည့်တော့ ဆုံးသွားပြီးတဲ့။ အုပ်ချုပ်ရေးမှူးက မဟောက်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ဒီမှာ ဖြေရှင်း ညှိနှိုင်းလို့ မရရင် တရားရုံးသွားဖို့ ပြောခဲ့ကြောင်း ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာနေတာက ဗျိုင်းရွာမ ရပ်ကွက်၊ သေဆုံးသူ (ဦး–) နေတာက ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်း တစ်လမ်းတည်း မျက်နှာချင်းဆိုင်တိုက် ဖြစ်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

အဆိုပါ အမှတ် ၂၁၉ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ကန်ထရိုက်တိုက် နေအိမ်တွင် ဒေါ်ခင်ဝေက ညာဘက် တတိယထပ်၊ ဒေါ်ခင်ဝှာက ညာဘက် စတုတ္ထထပ်တွင် နေထိုင်လျက်ရှိပြီး အဆိုပါ အပေါ်ထပ်၊ အောက်ထပ် အခန်းနှစ်ခန်းမှာ ယခင်ကပင် မကြာခဏ အချင်းများမှုများ ရှိခဲ့ကြောင်း သိရသည်။

တာမွေအောင်ကို


ဓာတ်ပုံ – တာမွေအောင်ကို
From: Myanmartandawsint Newspaper

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်