Friday, August 30, 2013

တောင်ဥက္ကလာက ဓားနဲ့ပါးကို ခြစ်တဲ့အမှုပေါ်ပြီ

Posted by drmyochit Friday, August 30, 2013, under | No comments


Breaking News / ကြားဖြတ်သတင်း
=====================
တောင်ဥက္ကလာက ဓားနဲ့ပါးကို ခြစ်တဲ့အမှုပေါ်ပြီ
===========================
ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် သြဂုတ်လ(၂၇)ရက်နေ့ မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ ဒေါ်ချိုချိုဝင်း မျက်နှာကို ဓားဖြင့် လှီးခဲ့သူ တရားခံများအား ဖမ်းဆီး ရမိပြီး ဖြစ်ကြောင်း သိရပါတယ်။

ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်ဟာ ကျောင်းကြိုဖို့ အာဿက(၂၂) လမ်း အအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ မျက်နှာပြင် အား ဓားဖြင့်လှီးခံရ၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရတယ်။

အိမ်နီးချင်း ရန်ငြိုးထားပြီး ဒေါ်ချိုချိုဝင်း နှင့် အိမ်နီချင်းဖြစ်သူ ဦးလှဌေး (မုန့် မျိုးစုံလုပ်ငန်း) က လူငှားရမ်း စေခိုင်း ခဲ့တာလို့ သိရပါတယ်။ ကိုယ်တိုင် မလုပ် ဘဲ လူငှားပြီး လုပ်ခိုင်းတာကြောင့် ကြားက ပူးပေါင်း ပါဝင်သူ အပါအ၀င် တရားခံ (၅)ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။

အဆိုပါ တရားခံတွေကတော့ ရာကွတ် (၃၅)နှစ် ၊ ဟိန်းမင်းထက် (၃၂)နှစ်၊ လှတိုး(၅၃)နှစ် ၊ မိုးသူ (၂၇)နှစ် (မျက်နှာအား ဓားဖြင့်လှီးခဲ့သူ) နှင့် လှဌေး (၅၉)နှစ် (ငှားရမ်းစေခိုင်းသူ) တွေ ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။

by Myanmar News Now

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်