Friday, December 13, 2013

မိန်းမယူပြီးမှ ချီးစားစုန်း မှန်းသိ၍ ပြန်ကွာရှင်းခဲ့ရသူ

Posted by drmyochit Friday, December 13, 2013, under | 3 comments

လွန်ခဲ့သော နှစ် ၅၀ ခန့်  (ခန့် မှန်းခြေသာ ) .. မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီ တိုင်း ၊ (အင်းရဲ ကြီး - အင်းရဲလေး ) ကြားရှိရွာလေး တစ်ခုဖြစ်ပြီး ငါးများပေါများစွာ ထွက်ရှိရာ ရွာလေးဖြစ်ပါသည်… ထို ရွာတွင် တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူများလည်း ရှိပါသည်.. ထိုရွာတွင် ကိုဖိုးမောင်တို့  ဇနီးမောင်နှံ ကို တော့ ၄င်းတို့ ရွာ၏ စံပြဇနီး မောင်နှံဟု ပြောစမှတ်ပြုကြပါသည်… အဘယ့်ကြောင်းနည်းဟု ဆိုသော် သူတို့ ဇနီးမောင်နှံသည် “မောင်တစ်ထမ်း မယ်တစ်ရွက် ”ဟုသော စကားပုံနှင့်အညီတဦးကိုတစ်ဦးချစ်ခင်ပြီးအလုပ်ကိုကြိုးစားပမ်းစားလုပ်ကိုင်ကြသောကြောင့်ဖြစ်သည်..။ ကိုဖိုးမောင်မှာ...

၁၃ဝဝ ပြည့်အရေးတော်ပုံ ခေါင်းဆောင် သခင်ဘိုးလှကြီးရဲ့ သမီး

Posted by drmyochit Friday, December 13, 2013, under | No comments

မြန်မာ့သမိုင်းမှာ အထင်ကရ ၁၃ဝဝ ပြည့် ရေနံမြေ အရေးတော်ပုံကြီးရဲ့ သူရဲကောင်း အာဠာဝက သခင်ဘိုးလှကြီး ရဲ့ သမီးရင်းချာ တဦး အခုထိ အသက်ရှိထင်ရှား ရှိနေပါတယ်။ မစုစုနွေး၏ ညာဖက်ကပ်လျှက်က ချိတ်လုံချည်အဝါ စိမ်းပြာရင့်အပေါ်ဝတ်၊ တံဖက်ပတ်ထားသည့် သခင်ဘိုးလှကြီးရဲ့ သမီးဖြစ်သူ ၊ ဓာတ်ပုံ- မစုစုနွေး  ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံ စိန်ရတု နှစ်ပတ်လည်နေ့မှာ အလုပ် သမား၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေး...

ကလေးငယ်နှစ်ဦးကို မိဘများမရှိခိုက် သတ်သွားသည့် တရားခံဖမ်းမိ

Posted by drmyochit Friday, December 13, 2013, under | No comments

မိဘများအလုပ်သွားနေစဉ် ကလေးငယ်နှစ်ဦး သတ်ဖြတ်ခံရမှုတွင် သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသည့်တရားခံက ၎င်းသတ်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု အုတ်ဖိုမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ အဆိုပါတရားခံသည် ကလေးများနှင့်ပတ်သက်၍ စိတ်ရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်လေးနှစ်ခန့်က အိမ်ထောင်ကွဲခဲ့ရာတွင် ကလေးများက ၎င်းင်း၏ဇနီးနှင့်အတူ ပါသွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ယင်းစိတ်အစွဲအလမ်းကြောင့် ကလေးများကိုမြင်လျှင် ချစ်ခင်ကြင်နာတတ်သော်လည်း ကလေးများကမူ စိတ်ရောဂါရှိသူတစ်ဦးဖြစ်သောကြောင့်...

ခရစ္စမတ်ကာလတွင် ခရစ်ယာန်ဘာသာဝင် များကို မွတ်ဆလင် အကြမ်းဖက်များ တိုက်ခိုက်ရန် စီစဉ်နေဖွယ်ရှိဟု အင်ဒိုနီးရှား သတိပေး

Posted by drmyochit Friday, December 13, 2013, under | No comments

အင်ဒိုနီးရှားနိုင်ငံတွင် ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလ တို့၌ မွတ်ဆလင် အကြမ်းဖက်သမားများက ခရစ်ယာန် ဘာသာရေး ဝတ်ပြုသူများကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ကောင်း စီစဉ်နေဖွယ် ရှိသည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတိပေး ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားရှိ အစွန်းရောက် အကြမ်းဖက်သမား များသည် ၄င်းတို့ ပစ်မှတ်ထားသော နေရာများကို ဗုံးထောင်ရန် ဦးတည် လှုပ်ရှားနေသည့် လက္ခဏာများ တွေ့နေရ ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲချုပ် ဆူတာမန်က...

ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ

Posted by drmyochit Friday, December 13, 2013, under | No comments

ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေး သာယာဖို့ အတွက် အချစ်ကိစ္စတွေဟာလည်း အရေး ပါတဲ့ ကဏ္ဍ တစ်ခု ဖြစ်ပါ တယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင် စိတ်ဖိစီး မှုလျော့ ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်း မာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်း ပါးမှာတော့ ကျန်းမာရေး ရှုထောင့်အရ ချစ်တင်းနှောခြင်းက ဘယ်လိုအာနိသင်တွေရှိသလဲဆိုတာ တင်ပြ သွားပါမယ်။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်-တစ်ပတ်ကို နှစ်ကြိမ် အထက်ချစ်တင်းနှောခြင်းဟာ...

သတ်မှတ်စောင်ရေထက် ပိုမိုရောင်းချသော်လည်း ဘောလုံးပရိသတ်များအတွက် ၀ယ်ယူရန် အခက်အခဲကြုံ

Posted by drmyochit Friday, December 13, 2013, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၁၃။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာနှင့်ထိုင်း အမျိုးသားဘောလုံးပွဲစဉ်အတွက် လက်မှတ် ၀ယ် ယူရာတွင် အခက်အခဲများ ကြုံတွေ့နေကြောင်း သိရှိရသည်။ ပွဲလက်မှတ်များကို အောင်ဆန်း ကွင်း၊ သုဝဏ္ဏကွင်း၊ စလင်းကွင်း၊ ပဒုမ္မာကွင်းတို့တွင် ခွဲ၍ ရောင်းချခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် စတင်ရောင်းချမည်ဟု ကြေညာထားသော်လည်း ကွင်းအားလုံးတွင် (၉း၀၀)နာရီခန့်မှ စ၍ ၀ယ်ယူခွင့် မရခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့က တောင်ဥက္ကလာ...

နှစ် ၄ဝ အရွယ် သန္ဓေသားအား ၈၂ နှစ်အရွယ် မိခင်ကြီး၏ ဝမ်းထဲတွင် တွေ့ရှိ

Posted by drmyochit Friday, December 13, 2013, under | No comments

ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့နေ အသက် ၈၂ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦး၏ ဝမ်းဗိုက်ထဲတွင် အ သက် ၄ဝ အရွယ် သန္ဓေသားအား ထူးထူးဆန်းဆန်း ရှာဖွေတွေ့ရှိခဲ့ကြောင်း huffingtonpost ၏ သတင်း တစ်ရပ် အရ သိရှိရပါတယ်။ ၄ဝ နှစ်အရွယ် သန္ဓေသားဆိုလို့ အထုအထည်နဲ့ သန္ဓေသားကြီးများ ဖြစ်လေရော သလားလို့ အတွေးမရှိပါနဲ့ဦး၊ သန္ဓေမအောင်တဲ့ ၄ဝ နှစ်အရွယ် ကျောက်ရုပ်ကြွင်းသန္ဓေသား သာဖြစ် ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ အဆိုပါ အမျိုးသမီးကြီးသည် ဝမ်းဗိုက်နာကျင်မှုဝေဒနာ ခံစားနေရသဖြင့် ဆေးရုံတွင်...

ပခုက္ကူမြို့တွင် ဖုန်းအားသွင်းရာမှ မီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးပြီး နေအိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံး

Posted by drmyochit Friday, December 13, 2013, under | No comments

ဒီဇင်ဘာ ၁၁ ရက် ည ၁၁နာရီ ၄၅ မိနစ်ခန့်အချိန်က အမှတ် ၁၃ ရပ်ကွက် မြဧရာလမ်းအတွင်း မီလောင်မှုဖြစ်စဉ်အားတွေ့ရစဉ် ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ပခုက္ကူမြို့၊ အမှတ်(၁၃)ရပ်ကွက် မြဧရာလမ်းတွင် ဖုန်းအား သွင်းရာ မှ မီးအားမြှင့်စက် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် (၆၀)အရွယ် စိတ်ဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင်...

MTV၏ တစ်နှစ်တာ အထင်ပေါ်ဆုံး အနုပညာရှင်အဖြစ် မိုင်လီ ရွေးချယ်ခံရ

Posted by drmyochit Friday, December 13, 2013, under | No comments

MTV၏ ဗီဒီယိုဂီတ ဆုပေးပွဲတွင် ခပ်ကြမ်းကြမ်းနှင့် ပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများကြောင့် လူပြောများခဲ့သည့် မိုင်လီသည် တစ်နှစ်တာအတွင်း အမှန်တကယ် လူအများ၏ ဝေဖန်ခြင်း၊ ထောက်ခံခြင်းများကို အခံရဆုံး အဆိုတော်တစ်ဦးလည်း ဖြစ်လာခဲ့ MTVက ယခုနှစ်၏ တနှစ်တာလုံး အထင်ပေါ်ဆုံး အနုပညာရှင်အဖြစ် မိုင်လီဆိုင်းရပ်စ်ကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ ထို့ကြောင့် မိုင်လီသည် ကေတီပယ်ရီ၊ One Direction အစရှိသည့် နာမည်ကျော်များ၏ ခြေရာကို နင်းနိုင်ခဲ့ပြီ ဖြစ်သည်။ MTV၏ ဗီဒီယိုဂီတ...

Financial Times ၏ မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်း ဆိုင်ရာ စွမ်းဆောင်မှု အကောင်းဆုံးဆု ကမ္ဘောဇဘဏ် ရရှိ

Posted by drmyochit Friday, December 13, 2013, under | 1 comment

လန်ဒန် အခြေစိုက် Financial Times မှ ပေးအပ်သည့် ၂ဝ၁၃ ခုနှစ် မြန်မာနိုင်ငံမှ ဘဏ် လုပ်ငန်း ဆိုင်ရာ စွမ်းဆောင်မှု အကောင်းဆုံးဆု (Bank of the Year in Myanmar) ကိုကမ္ဘောဇ ဘဏ် လီမိတက်မှ ရရှိခဲ့ကြောင်း သိရ သည်။ Financial Times မှ ပေးအပ်သည့် ၂ဝ၁၃ ခုနှစ် နိုင်ငံအလိုက် အ ကောင်းဆုံး ဘဏ်ဆု ‘The Banker Awards 2013′ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂ဝ၁၃ ခုနှစ် နိုဝင် ဘာလ ၂၈ ရက်နေ့ ဒေသ စံတော်ချိန် ညနေ ၆ နာရီ ခွဲတွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Intercontinental Hotel,...

ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားအပေါ် ဒေသတွင်း နိုင်ငံများမှ ခေါင်းဆောင်များက ချီးကျူး

Posted by drmyochit Friday, December 13, 2013, under | 1 comment

ဆီးဂိမ်းအားကစားပွဲတစ်ခုသို့ လာရောက်အားပေးနေသည့် ကလေးငယ်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ရန်ကုန်တိုင်းမ် ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ (၂၇) ကြိမ်မြောက် အရှေ့တောင် အာ ရှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြိုင် ပွဲဝင်ဒေ သတွင်း နိုင်ငံများမှအ ဆင့်မြင့်အရာရှိကြီးများက မြန်မာ နိုင်ငံဖွင့်ပွဲအခမ်းအနား၏ ကြီး ကျယ် ခမ်းနား မှုအပေါ်ထုတ်ဖော် ချီးကျူးမှုများပြုလုပ်ခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့် မြင့်  အရာ ရှိကြီး တစ်ဦးက...

13.12.2013 to 19.12.2013 အထိ ၇ရက်သားသမီးဟောစာတမ်း

Posted by drmyochit Friday, December 13, 2013, under | No comments

တနင်္ဂနွေ ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အတိုက်အခံများနေသည်။ မလိုသူများရှိသော်လည်း ကျော်လွှားအောင်မြင်နေမည်။ စကားပြောဆင်ခြင်ပါ။မူးဝေမှု၊ ဖျားနာမှု ၊ နာကျင်မှုတို့ဖြစ်ကိန်းရှိသည်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်ကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရမည်။ ဝန်ထမ်းအလုပ်ရမည်။ အလုပ်ရာထူးတက်မည်။ ချစ်သူ နှင့် စိတ်ဆိုးပြီး ပြန်ပြေလည်မည်။ ခရီးယာယီသွားဖြစ်မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။ အကျိုးပေးဂဏန်း   ၁၊၅၊၇ အထူးဟော    ...

ပေါက်တော ဒုက္ခသည် စခန်းမီး၊ ကလေးတဦးသေဆုံး

Posted by drmyochit Friday, December 13, 2013, under | No comments

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေးတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ ဒုက္ခသည်ပေါင်း တစ်ထောင့်သုံးရာကျော် နေထိုင်တဲ့ ပေါက်တောမြို့နယ် ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဒီကနေ့ နေ့လယ်က မီးလောင်တဲ့အတွက် စခန်းထဲမှာ ဆောက်ထားတဲ့ အဆောင်တွေ အကုန်လုံး မီးထဲကို ပါသွားခဲ့ပါတယ်။ မီးလောင်ပျက်စီးသွားတဲ့ အခြေအနေကို စခန်းထဲမှာနေထိုင်တဲ့ ဦး အဒူကော်ရိမ်က ပြောရာမှာ ရှစ်ခန်းတွဲ...

“ဒီဇိုင်နာတွေက သူဌေးတွေ မဟုတ်ဘူး”

Posted by drmyochit Friday, December 13, 2013, under | No comments

ဒီဇိုင်နာ ဆန်းဘောက်ရာ (ဓာတ်ပုံ – ဆန်းဘောက်ရာ facebook မှ) ကချင်တိုင်းရင်းသူ ဒီဇိုင်နာ ဆန်းဘောက်ရာဟာ ၂၀၀၅ ခုနှစ်ကတည်းက စတင်ပြီး Shayi အမည်နဲ့ လက်ဖြစ် အမျိုး သမီး အဝတ်အထည် တွေကို ဖန်တီး ရောင်းချနေသူ ဖြစ်ပါတယ်။ Shayi ဆိုတာ ကချင် ဘာသာ စကားအရ “မိန်းကလေး” လို့ အဓိပ္ပာယ် ရတဲ့အတွက် အဲဒီတံဆိပ်နဲ့ အမျိုးသမီး ဝတ်စုံတွေကိုသာ ထုတ်လုပ် ရောင်းချ တယ်လို့ သိရပါတယ်။ သူ ဒီဇိုင်း ထုတ်လုပ် ရောင်းချတဲ့ဝတ်စုံတွေဟာ ရိုးရာ ဒီဇိုင်းကို အခြေ ခံပြီး ဆန်းသစ် ထုတ်လုပ်ထားတာဖြစ်လို့...

ကမ္ဘာကျော် ဦးပိန်တံတားကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ်ကျော်လျှင် အန္တရာယ် ရှိသည့် အနေအထားသို့ ရောက်ရှိလာနိုင်

Posted by drmyochit Friday, December 13, 2013, under | No comments

မန္တလေးမြို့ အထင်ကရ နေရာတစ်ခု နှင့် ပြည်ပ ခရီးသွားများ လာရောက်မှု များသော ကမ္ဘာကျော် ဦးပိန်တံတား ကြီး၏ ကြံ့ခိုင်မှုမှာ နောင်သုံးနှစ်ကျော် လျှင် အန္တရာယ် ရှိလာနိုင်သည့် အနေအထားသို့ ရောက်ရှိလာနိုင်သည်ဟု ရှေးဟောင်း သုတေသနနှင့် စာကြည့်တိုက်များ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ဟန်ဦး ထံမှ သိရသည်။ " ကြံ့ခိုင်မှု အတွက် အကြီးစား ပြင်ဆင်မှုတွေကို ပြုလုပ်ခြင်းတော့ တစ်ချိန် တစ်ခါမျှ မရှိခဲ့ပါဘူး ၊ အဲဒီ အတွက် ပြင်ဆင်ဖို့ လိုအပ်ပါတယ် ၊ လတ်တလော...

ဆူမားတြားအနီး လှိုဏ်ဂူတစ်ခုတွင် ဆူနာမီအထောက်အထားများ တွေ့ရှိ

Posted by drmyochit Friday, December 13, 2013, under | No comments

အဆိုပါ ထုံးကျောက်လှိုဏ်ဂူသည် လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကတည်းက ဖြစ်ပေါ်သော ငလျင်ကြီးများကြောင့် နောက်ဆက်တွဲ ရိုက်ခတ်ခဲ့သည့် ဧရာမ လှိုင်းလုံးကြီးများ၏ မှတ်တမ်းများကို ထိန်းသိမ်းထားသည့် သဘာဝ ဗဟုသုတသိုက်ကြီးသဖွယ် ဖြစ်နေ ဆူမားတြား အနီးရှိ ကမ်းနီး လှိုဏ်ဂူတစ်ခုတွင် ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်မှုနှင့် စပ်လျဉ်းသည့် ထင်ရှားခိုင်မာသည့် မှတ်တမ်းများကို အံ့ဩဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ဆူမားတြား အနောက်မြောက် ပိုင်းတွင် တည်ရှိပြီး ဘန်ဒါအာချေးနှင့်...

ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ

Posted by drmyochit Friday, December 13, 2013, under | No comments

ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်းမှာ ကလေး ကူးသန်း ရောင်းဝယ်မူ  တွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်