Friday, December 13, 2013

ဆူမားတြားအနီး လှိုဏ်ဂူတစ်ခုတွင် ဆူနာမီအထောက်အထားများ တွေ့ရှိ

Posted by drmyochit Friday, December 13, 2013, under | No comments


အဆိုပါ ထုံးကျောက်လှိုဏ်ဂူသည် လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကတည်းက ဖြစ်ပေါ်သော ငလျင်ကြီးများကြောင့် နောက်ဆက်တွဲ ရိုက်ခတ်ခဲ့သည့် ဧရာမ လှိုင်းလုံးကြီးများ၏ မှတ်တမ်းများကို ထိန်းသိမ်းထားသည့် သဘာဝ ဗဟုသုတသိုက်ကြီးသဖွယ် ဖြစ်နေ

ဆူမားတြား အနီးရှိ ကမ်းနီး လှိုဏ်ဂူတစ်ခုတွင် ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်မှုနှင့် စပ်လျဉ်းသည့် ထင်ရှားခိုင်မာသည့် မှတ်တမ်းများကို အံ့ဩဖွယ်ရာ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ဆူမားတြား အနောက်မြောက် ပိုင်းတွင် တည်ရှိပြီး ဘန်ဒါအာချေးနှင့် နီးကပ်သည့် ဒေသအနီးမှ ထုံးကျောက် လှိုဏ်ဂူ သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကတည်းက ဖြစ်ပေါ်သော ငလျင်ကြီးများကြောင့် နောက်ဆက် တွဲ ရိုက်ခတ်ခဲ့သည့် ဧရာမ လှိုင်းလုံးကြီးများ၏ မှတ်တမ်းများကို ထိန်းသိမ်းထားသည့် သဘာဝ ဗဟုသုတ သိုက်ကြီးသဖွယ် ဖြစ်နေသည်။ လှိုင်းများ ရိုက်ခတ်စဉ်က တင်ကျန်ခဲ့သည့် သဲလွှာများကို လှိုဏ်ဂူအတွင်း တွေ့ရှိခဲ့ သည့်နောက် အိန္ဒိယ သမုဒ္ဒရာအတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ကြီးများအကြောင်း ပြန်လည် ဖော်ထုတ်နိုင် ရန် သုတေသီများက မျှော်လင့်လျှက် ရှိသည်။

(၂၀၀၄)ခုနှစ်၊ ဒီဇင်ဘာလက လှုပ်ခတ်ခဲ့သည့် ကမ္ဘာကျော် ငလျင်ကြီးကဲ့သို့ ဖြစ်ရပ်များအတွက် တိုင်းတာလေ့ လာရန် ယခုသဲလွန်စများကို ပညာရှင်များက အသုံးပြု ခြေရာခံမည် ဖြစ်သည်။ လှိုင်း လုံးကြီးများ ရိုက်ခတ်သဖြင့် တင်ကျန်ခဲ့သည့် သဲလွှာ တစ်ခုစီကြားတွင် လင်းနို့ချေးများ ကြားခံနေသဖြင့် နှစ်အပိုင်းအခြားအလိုက် တင်ကျန်နေသည့် သဲလွှာများကို အလွယ်တကူ ခွဲထုတ်နိုင်ကြောင်း ပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာ ဂျက်ဆီကာ ပီလာဇက်ခ်က ရှင်းပြခဲ့သည်။ "လူတွေက သူတို့ပိုင်နက်ထဲ ဝင်လာတော့ လင်းနို့တွေ တရုန်းရုန်း ဖြစ်ကုန်တယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရှုထောင့်က ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒါပေမဲ့ ဘူမိဗေဒ ဘာသာရပ်အရတော့ ဒီဂူကြီးဟာ အံ့ဩစရာ အကောင်းဆုံး သဲလွှာတွေကို သိုမှီးထားတာပဲလေ"ဟု ဒေါက်တာဂျက်ဆီကာက မှတ်ချက်ပြုခဲ့သည်။

အဆိုပါ လှိုဏ်ဂူထဲတွင် ဆူနာမီလှိုင်းလုံးကြီးများနှင့်အတူ မျောပါလာသည့် အပျက်အစီး အကြွင်းအကျန်များ သောင်တင်နေသည်ကိုလည်း တွေ့ရသည်။ ပင်လယ်ကြမ်းပြင်အောက်တွင် ငြိမ်သက်နစ်မြုပ်နေသည့် အမှိုက်သရိုက် ပစ္စည်းများကို ဂူထဲထိ ရိုက်တင်နိုင်သည်မှာ အလွန်စွမ်းအားကြီးမားသည့် လှိုင်းလုံးကြီးများသာ စွမ်းဆောင်နိုင်မှုဟုလည်း ပညာရှင်များက ပြောကြားထားသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်