Friday, December 13, 2013

ကလေးငယ်နှစ်ဦးကို မိဘများမရှိခိုက် သတ်သွားသည့် တရားခံဖမ်းမိ

Posted by drmyochit Friday, December 13, 2013, under | No comments



မိဘများအလုပ်သွားနေစဉ် ကလေးငယ်နှစ်ဦး သတ်ဖြတ်ခံရမှုတွင် သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသည့်တရားခံက ၎င်းသတ်ခဲ့ခြင်းဖြစ်ကြောင်း ၀န်ခံခဲ့သည်ဟု အုတ်ဖိုမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါတရားခံသည် ကလေးများနှင့်ပတ်သက်၍ စိတ်ရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်လေးနှစ်ခန့်က အိမ်ထောင်ကွဲခဲ့ရာတွင် ကလေးများက ၎င်းင်း၏ဇနီးနှင့်အတူ ပါသွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ယင်းစိတ်အစွဲအလမ်းကြောင့် ကလေးများကိုမြင်လျှင် ချစ်ခင်ကြင်နာတတ်သော်လည်း ကလေးများကမူ စိတ်ရောဂါရှိသူတစ်ဦးဖြစ်သောကြောင့် ၎င်းကို ကြောက်ရွံ့ကြသည်ဟု ဒေသခံများက ပြောကြားသည်။

အခင်းမဖြစ်ပွားမီတစ်ရက်က အသတ်ခံရသည့်ကလေးများနေအိမ်သို့  အဆိုပါတရားခံက ရောက်ရှိခဲ့ရာ ကလေးများက ပုန်းနေခဲ့ပြီး မိခင်ဖြစ်သူ ပြန်လာသည့်အခါ ကလေးများက ၎င်းကိုကြောက်ရွံ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် မိခင်ဖြစ်သူက ဂရုမစိုက်မိခဲ့ဘဲ အခင်းဖြစ်ပွားမည့်နေ့ နံနက်တွင် အလုပ်ထွက်သွားခဲ့ခြင်းဖြစ်သည်ဟု ကလေးများ၏မိခင်ကပြောသည်။

ထို့အပြင် ကလေး၏ဖခင်ဖြစ်သူနှင့် အခင်းမဖြစ်ပွားမီ ဆယ်ရက်ခန့်က စကားများခဲ့ရာ ၎င်းက ““လူကြီးကိုမလုပ်ရလျှင် ကလေးများကို လုပ်မည်””ဟု ကြိမ်းမောင်း စကားဆိုခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်သည် ဒီဇင်ဘာ ၆ ရက် နံနက်က အသက် (၆)နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက်(၂)နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် မိဘများအလုပ်သွားနေစဉ်အချိန်၌ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ တရားခံဖြစ်သူကို ထိုနေ့ညနေကပင် ဖမ်းဆီးရမိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားခံကို အုတ်ဖိုမြို့နယ် ရဲစခန်းက ပုဒ်မ(၃၀၂)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7day Daily

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်