Thursday, February 28, 2013

စိုင်းနော်ခမ်းနှင့် အပေါင်းအပါ (၃) ဦးကို ဆေးထိုးသတ်မည်

Posted by drmyochit Thursday, February 28, 2013, under | No comments


တရုတ်နိုင်ငံ တရားရုံးမှာ သေဒဏ်စီရင်ခံထားရတဲ့ ရှမ်းတိုင်းရင်းသား စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ဦးကို မတ် ၁ ရက်နေ့မှာ ဆေးထိုးသတ်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မဲခေါင်မြစ်အတွင်းက တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ် မှုနဲ့ ဖမ်းဆီးထားတဲ့ စိုင်းနော်ခမ်းကို ယူနန် ခရိုင် အနောက်တောင်ပိုင်း ကူမင်းမှာ မတ် ၁ ရက်နေ့ ဆေးထိုး ကွပ်မျက်ဖို့ ကူမင်း လူထုတရား ရုံးက ဖေဖော် ၀ါရီ ၂၇ ရက်နေ့က ချမှတ်လိုက် ပါတယ်။

နယူးဇီလန်ကမ်းခြေတွင် ငါးမန်းဖြူကိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံး

Posted by drmyochit Thursday, February 28, 2013, under | No comments

ငါးမန်း ကိုက်ခံရသူသည် အသက်(၄၆)နှစ်ရှိ ရုပ်ရှင် ဒါရိုက်တာ အဒမ် စထရိန်းဂ်ျဆိုသူ ဖြစ်ပြီး ကမ်းခြေမှ မီတာ (၂၀၀)ကျော် အကွာတွင် ရေကူးနေစဉ် ငါးမန်းဆွဲ သွားခြင်း ဖြစ်သည်။ မူရီဝေ ကမ်းခြေ အနီး တွင် ဖြစ်ပွားခဲ့သော လူသေမှုအတွက် လက်သည် ငါးမန်းမှာ အရှည် (၁၂)ပေမှ (၁၄)ပေကြား ရှိနိုင်ကြောင်းလည်း ကျွမ်းကျင် သူများ က သုံးသပ်ခဲ့သည်။ 
နယူးဇီလန် ကမ်းခြေ တစ်ခုတွင် ငါးမန်းကိုက်ခံရမှုကြောင့် လူတစ်ဦး သေဆုံး သွားကြောင်း သိရှိရသည်။ ကမ်းခြေစောင့် ရဲတပ်ဖွဲ့သည် ရေပေါ် ပေါလောမျောနေ သူထံ အမြန်ဆုံး သွားရောက်ခဲ့သော်လည်း အချိန်မ မီခဲ့ချေ။ ၎င်းတို့သည် ငါးမန်းကိုက်ရာများနှင့် သွေးအလူးလူး ဖြစ်နေသော အလောင်းကိုသာ ပြန်ရခဲ့သည်။ ဗုဒ္ဓဟူးနေ့က အောက္က လန် အနောက်ဘက်ရှိ နာမည်ကျော် ကမ်းခြေ တစ်ခုတွင် အဆိုပါ ငါးမန်း တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ လူအများ နွေရာသီတွင် ကျရောက်သော နေရောင်ခြည်ကို ခံယူရန် စုရုံး ရောက်ရှိနေတတ်သည့် အချိန်မျိုးတွင် ယခုလို ထိတ်လန့်ဖွယ် ကိစ္စမျိုး ဖြစ်ပေါ်လာခြင်းဟုလည်း သတင်းများက ဆိုသည်။

သေးလွန်းတဲ့ ပစ္စည်းကြောင့် ၉ နှစ်အရွယ်သားကို စေတနာဖြင့် သတ်သော အင်ဒို မိခင်

Posted by drmyochit Thursday, February 28, 2013, under | No comments


အင်ဒို နီးရှား အမျိုး သမီး တစ်ဦးဟာ သူမရဲ့ အသက် ၉ နှစ်အရွယ် သားငယ်ကို သေးငယ် လွန်း တဲ့ လိင် တံကြောင့် အနာဂတ်ရှေ့ရေး အဆင် မပြေ မှာ စိုးသည့်အတွက် ရေချိုး ခန်းထဲ ရေနှစ် သတ်ခဲ့ တယ်လို့ ဂျာကာ တာ ရဲတပ် ဖွဲ့က ကြာသပ တေးနေ့တွင် ပြောခဲ့ကြောင်း Asiaone သတင်းတွင် ဖော်ပြထားပါသည်။

ဂျာကာတာမြို့တော်တွင် နေထိုင်သည့် အဆိုပါ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးက သူမရဲ့ သားပ စ္စည်းဟာ ကုလား ရှင်ပြုခဲ့သော်လည်း နောက်ပိုင်း ပိုပိုငယ်လာကြောင်း၊ နောင်အနာ ဂတ်တွင် သူ၏ ထိုပိ စိလေးဖြင့် စိတ်ဆင်းရဲစရာများ ကြုံတွေ့မည် စိုးသောကြောင့် သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ၀င်များကို ပြောကြား ခဲ့ ပါသည်။

ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး

Posted by drmyochit Thursday, February 28, 2013, under | No comments


တူးဖေါ်ထားသော ရှေးခေတ်လှေကြီးကို တွေ့ရစဉ် ( ဓါတ်ပုံ- Wassama Doja from The Dailystar)

သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေ ခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီး ကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင် ရှေးခေတ်လှေကြီး ကို ဒုတိယ အကြိမ်မြောက် ပြန်လည်တူး ဖေါ်ရာတွင် နောက်ဆုံးအဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနက ပြောသည်။

နော်ဝေရောက် မြန်မာ ဒုက္ခသည်များ ရိုင်းစိုင်းမှုကို ဘယ် ဂျာနယ်ကမှ အပြစ်တင်ဝေ ဖန်ခြင်း မရှိသေးသော်လည်း လူထု၏ မကျေနပ်သံများဆူညံနေ

Posted by drmyochit Thursday, February 28, 2013, under | No comments


သက်တန့်ချို : သမ္မတကြီး အဖွဲ့ကို နော်ဝေမှာ ဆန္ဒပြတာ ကို ဘာမှ မပြော လိုဘူး ဒါပေမယ့် ပြပုံပြနည်း ကို ဘ၀င်မ ကျဘူး ။ ရွှေပန်းဖြင့် ကြိုဆိုပါ၏ ဆိုတာ . . Liar Thein Sein ဆိုတာ ဘာ သဘောလဲ လူတိုင်း သိတယ် ။ လူလိမ် လို့ပြော ရအောင် သူပြုပြင်ပြောင်း လဲနေလို့ ကျွန်တော် တို့ သိန်း ၄၀ တန်ဖုန်းတွေ ကနေ အနည်း ဆုံးတော့ ၂ သိန်းလောက် အထိ ကိုင် လာနိုင်ကြတယ် ။ လက်လှမ်း မမှီတဲ့ ကားတွေကို မော်ဒယ်မြင့်တွေ စီးလာနိုင်ကြ တယ် ။ ဂျာနယ်လွတ် လပ်ခွင့်တွေ အနည်းငယ် ပဲဖြစ်စေ ရလာကြတယ် ။ ဒေါ်စုဆိုပြီး ကျယ်ကျယ်လောင် လောင်အော်ရဲ လာတယ် ။ အရင်က အဲဒါတွေ ရှိခဲ့လို့လား ။ ဒါဟာ သူမပြောင်း လို့ ဘယ်သူပြောင်း တာလဲ ။ သူ့ အခြေ အနေနဲ့ သူ့လုပ်ပိုင် ခွင့်နဲ့ အကောင်း ဖက်ကလည်း နည်းနည်းကြည့်စေ ချင်တယ် ။ လိုချင်တာကိုတောင်းပါ ဒါပေမယ့် စကားလုံးတွေ ကတော့သိ က္ခာမမဲ့စေ ချင်ဘူး ။ ဒါဟာ သမ္မတကို စော်ကားခြင်းပဲ ဆန္ဒပြတာနဲ့မတူဘူး ။ သမ္မတက ဆန္ဒပြနေတဲ့သူကို လစ်လျှု မပြုဘူး ဆွေးနွေး ခိုင်းတယ် သိရတယ် ။ အဆင့်အတန်းမြင့်မြင့် ဆန္ဒပြစေချင်တယ် ။ ပြည်တွင်း ကိုပြန် လာပါ ဒိုးတူဘောင် ဖက်လုပ် ကိုင်ပါ ဆင်းရဲဒုက္ခကို အတူခံစားပြီး ဆန္ဒပြပါ ။ သမ္မတလည်း နှလုံးခုန် စက်လေး ဘက်ထရီ အားပြည့်ရဲ့လားမသိ ။  

သေဆုံးခဲ့သည့် ရဲတပ်သား ရဲကျော်သူ၏ ဖြစ်စဉ်အား လူသတ်မှုဖြင့် အမှုဖွင့်မည်ဟု ဒုတိုင်းရဲမှူးကြီးပြော

Posted by drmyochit Thursday, February 28, 2013, under | No comments


မအူပင်မြို့နယ် မလက်တိုကျေး ရွာအုပ်စု ပလောင်ကျေး ရွာတွင် ဖြစ်ပွားနေသော ပဋိ ပက္ခကြောင့် ဓားဒဏ် ရာဖြင့်သေ ဆုံးခဲ့ရသော ရဲတပ် သား ရဲကျော်သူ ၏ဖြစ်စဉ်အပေါ် ကျူးလွန် သူအား လူသတ်မှုဖြင့် အမှုဖွင့် အေ ရး ယူဆောင် ရွက်သွား မည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုးရုံး ဒုတိုင်း ရဲမှုးကြီးက ပြောသည်။
 " ဒီေ န့ မနက် ၉ နာရီကျော်ကျော်မှာ သေဆုံးသွား ပါတယ်၊ ဥပဒေအတိုင်းပဲ လုပ်ရမှာပေါ့" ဟု၎င်း ကပြော သည်။ 

ပျောက်ဆုံးနေသော မိသားစုဘ၀များ

Posted by drmyochit Thursday, February 28, 2013, under | No comments


ရေးသားသူ- ရဲနောင်

တိုင်လေး တိုင်ထူ၊ ဓနိမိုး၊ ထရံကာ အလုပ် သမား တန်းလျားလေး များရှိသည့် ကျောက်ရေမြောင်းပုပ် အနံ့အ သက် ဆိုးရွားလှသည့် ရပ်ကွက်အတွင်း ညစ်ပေသော လမ်းကျဉ်းလေးများပေါ်တွင် ဆော့က စားနေသော ကလေး များ၏ အသံများဖြင့် ဆူညံနေ သည်။

ရှိသမျှကလေးများ လမ်းပေါ်ထွက် ဆူညံဆော့ကစားနေသည့် မြင်ကွင်းက ထိုရပ်ကွက်များအတွက်တော့ အဆန်း မဟုတ်။ ယခုလို အချိန်များတွင် ရပ်ကွက်ထဲ၌ ကလေးငယ်များနှင့် အသက် အရွယ်ကြီး ရင့်သူများ သာ ရှိကြသည်။ လူရွယ်၊ လူလတ်ပိုင်းများမှာ အလုပ်သွားနေကြခြင်း ဖြစ်သည်။ အမျိုးသမီးအများစုက စက်မှုဇုန်၊ အထည်ချုပ်စက်ရုံများတွင် မိုးလင်းမိုးချုပ် အလုပ်ဆင်းကြသည်။ 

ရွာသားများ ဓားဖြင့်ဝိုင်းခုတ်သဖြင့် သေဆုံးသူ ရဲတစ်ဦး၏ မိသားစုအား ရွှေညဝါဆရာတော်၊ ဦးဝီရသူ နှင့် ပါမောက္ခ ဆရာတော် တို့မှ အလှူငွေ သိန်း (၂၀) လှူဒါန်း

Posted by drmyochit Thursday, February 28, 2013, under | No comments


ဧရာဝတီ တိုင်းဒေ သကြီး၊ မအူပင် မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ တွင်ဖေဖော် ၀ါရီလ( ၂၆ )ရက်နေ့က လယ်ယာမြေ ကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ များအကြား ဖြစ်ပွား ခဲ့သော ပဋိ ပက္ခ များကြောင့် ထိခိုက် ဒဏ်ရာ ရရှိ သူများနှင့်သေ ဆုံးသူ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ မိသား စုအားရွှေည၀ါ ဆရာတော်၊ ဆရာတော် ဦးဝီရသူနှင့် မကွေး ဆရာတော် ရှင်ပါမောက္ခ တို့က အလှူငွေ ကျပ်သိန်း (၂၀) ကို လှူဒါန်းထောက် ပံ့ခဲ့ကြောင်း အဆို ပါဒေသ သို့သွားရောက် သတင်း ရယူနေသော The Messenger သတင်းထောက်က သတင်းပေး ပို့သည်။

၁၅ နှစ်အရွယ် ၀န်ထမ်းမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မတ်လ ၆ ရက်တွင် ရုံးချိန်းခေါ်ယူထား

Posted by drmyochit Thursday, February 28, 2013, under | No comments


မြောက်ဥက္ကလာပမြို့နယ်၊ ချယ်ရီ စားသောက် ဆိုင်မှ ၁၅ နှစ်အရွယ် ၀န်ထမ်း မိန်းကလေးကို ဆိုင်ရှင်မှ အဓမ္မပြုကျင့် ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ လာမည့်မတ်လ ၆ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ ရုံးချိန်း ထပ်မံ ချိန်းဆို ထားကြောင်း မိန်းကလေး၏ မိသားစုဝင်များက ပြောသည်။

ထိုနေ့တွင် အဓမ္မပြုကျင့်ခံရသည့်အပေါ် တရားလိုပြု တိုင်တန်းသူ ဦးတင်ဌေးကို စစ်ဆေးမည်ဖြစ်ပြီး ယခုရုံး ချိန်းသည် တတိယမြောက်ရုံးချိန်းဖြစ်ကြောင်း သိရသည်။

တရုတ်မူဝါဒ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာ ဖော်ပြ

Posted by drmyochit Thursday, February 28, 2013, under | No comments


မြန်မာ့ဒီမိုကရက်တစ် အကူးအပြောင်းသည် အာရှ၌ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားများအတွက် စစ်မြေပြင် သစ် ဖြစ်လာကြောင်းနှင့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနိုင်ရခဲ့ ပါကလည်း မြန်မာနိုင်ငံ၏ တရုတ်မူဝါဒ ပြောင်းလဲ လိမ့်မည် မဟုတ်ကြောင်း တရုတ်အာဏာရ ကွန်မြူနစ် ပါတီပိုင် The Global Times သတင်း စာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ဆောင်း ပါးရှင် Bi Shihong ၏ 'No need to create false gulf between Beijing, Nay Pyi Taw' ဆောင်းပါး ကို The Global Times သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကားဂိတ်တွေကို ဆက်ကြေးကောက်နေတဲ့ SSA ၀မ်ဟိုင်းအဖွဲ့

Posted by drmyochit Thursday, February 28, 2013, under | No comments


အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နမ္မတူ မြို့မှာရှိတဲ့ ငွေရတနာ မန်းကား ဂိတ် ၃ ဂိတ်စလုံးကို ဆက်ကြေးေ တာင်း ခံတဲ့ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။ ကားဂိတ် ၃ ဂိတ် စလုံးမှာ မှန်လုံ ကားကြီး ဆိုရင် ငွေတစ်သိန်း၊ မှန်လုံကားလတ် ဆိုရင် ငွေခုနှစ်သောင်း နဲ့ မှန်လုံကား အသေးဆိုရင် ငွေ ငါးသောင်းနှုန်းနဲ့ တောင်းခံခဲ့ ပါတယ်။ တောင်းတဲ့ငွေမပေးခဲ့ရင် ခရီးသည် တင်ယာဉ်တွေ ကို ပစ်ခတ် မယ် လို့ခြိမ်းခြောက် ခဲ့ပါတယ်။

အက်စ်အက်စ်အေ (၀မ်ဟိုင်း)ဟာ အစိုးရနဲ့ အပစ် အခတ် ရပ်စဲရေး သဘာတူ ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့တွေ အတွက် အစိုးရက တရားဝင် သတ်မှတ်ထားတဲ့နယ်မြေက ၀မ်ဟိုင်းမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် နမ့်ပုတ်၊ နမ့်ဆမ်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများကိုပါ ၀င်ရောက်အင်အား တိုး ချဲ့နေတာဖြစ် ပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူထားပေမယ့် လိုက်နာမှုမရှိဘဲ အစိုးရ စစ်ကြောင်းတွေ ကို စောင့်ကြို တိုက်ခိုက်နေကြ ပါတယ်။ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း တရားမ ၀င်လုပ် ငန်း များဆောင် ရွက်ပြီး လက်နက်ခဲယမ်းဝယ်ယူခြင်းတွေ ကို ဆောင် ရွက်နေကြ တာဖြစ် တယ်။

မလက်တို ပဋိပက္ခတွင် ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့်သာ အသုံးပြုခဲ့

Posted by drmyochit Thursday, February 28, 2013, under | No comments


မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုတွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာ အုပ်စု၌ ဖေဖော် ၀ါရီလ ၂၆ ရက်နေ့က ဖြစ်ပွား ခဲ့သော ပဋိပက္ခ၌ ရာဘာကျည် လေးတောင့်နှင့် ခဲကျည် တစ်တောင့် သာ အသုံးပြုခဲ့ကြောင်း ဧရာဝ တီ တိုင်းဒေသကြီး၏ ဒုတိယ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း တွင် Eleven Media Group သို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန် စက်လှေဖြင့် လိုက်ပါလာသည့် ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိ

Posted by drmyochit Thursday, February 28, 2013, under | No comments


 ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက်အလုပ်လုပ်ရန်ဟုဆိုကာ လိုက်ပါ လာသော ဘင်္ဂါလီ ၄၁ ဦးအား မြိတ်မြို့တွင် ဖမ်းဆီးရမိထားပြီး ကျန်နေသည့် သူများအား လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖေ၀ါရီလ ၃ ရက်နေ့ ည ၈ နာရီတွင် စစ်တွေမြို့၊ သက်ကယ်ပြင်ရွာနေ ဦးရှော်ဘီ၏ စက်လှေဖြင့် ဘင်္ဂါလီ ၆၈ ဦးအား ထိုင်းနိုင်ငံတွင် အလုပ်ရမည်ဟုပြောကာ အခကြေးငွေဖြင့် တောင်းခံကာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲအထိ ပေးဆောင်ရပြီး တစ်သိန်းအောက်သာ ပေးနိုင်သူများကိုလည်း ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါစက်လှေသည် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ည ၁၂ ကျော်ခန့်တွင် မြိတ်မြို့အနီး ရေပြင်သို့ရောက်ရှိလာကာ သာကေတရပ်ကွက်၊ သဲကွင်းကုန်တိုက်အနီးတွင် လှေရပ်နားခဲ့ပြီး ဘင်္ဂါလီ ကျား - ၃၈ ဦး၊ မ -၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ည ၁ နာရီ ၄၅ မိနစ်တွင် ကန်ခေါင်းရပ်၊ ရှေးဟောင်းဗလီလမ်းဆုံ အနီး၌ ဘင်္ဂါလီ ကျား- ၂၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တဖန် ထားဝယ်စုရပ်ကွက်၊ ကမ်းနားလမ်း၊ ဆားတံတားဟောင်းရှေ့တွင် ဘင်္ဂါလီ ကျား-၁၇ ဦး၊ မ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် လယ်သမားအရေး လွှတ်တော်က အရေးပေါ်ဆောင် ရွက်ရန် တောင်းဆို

Posted by drmyochit Thursday, February 28, 2013, under | No comments


ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိ ပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အမြန်ဆုံး ဖြေရှင်းပေးဖို့ ရန်ကုန်အခြေစိုက် ရှေ့နေများ ကွန်ရက် က ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန် တောင်းဆို လိုက်ပါ တယ်။

မနေ့က ဖေဖော်ဝါရီလ ၂၆ ရက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်နဲ့ လယ်သမား ၃၀၀ ကျော်အကြား အကြမ်း ဖက် ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ် တာကြောင့် လယ်သမား ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

အော်စလိုမှ သူရဲကောင်းကြီး များသိစေရန် နေမင်း၏ ရှင်းတမ်း

Posted by drmyochit Thursday, February 28, 2013, under | No comments


ကဲ မျက်စိထဲမှာ မြင်လာတော့လည်း မပြောပဲ ကလည်း မနေနိုင်တော့ဘူး ဆိုတော့ပြောလိုက် ရသေးတာပေါ့ သူများနို်င်ငံမှာ ကိုယ့်သမ္မ တကို သက္ခာ ကျအောင် လုပ်တဲ့ စကောလောက် မှ ဇောက်မနက်တဲ့သူ တွေကိုပေါ့ ဗျာ....

သူတို့က ဘာတွေ အော်သွားသလဲဆိုတော့ ...

ကြွေးကြော်ကြတဲ့ တောင်းဆိုချက်တွေကို ကြည့် ပါ....

၁) စစ်အစိုးရ အလိုမရှိ

၂) ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ

၃) ကြံ့ဖွံ့အစိုးရ အလိုမရှိ

၎) သိန်းစိန် လူလိမ်

၅) ဒီမိုကရေစီ ချက်ချင်းပေး တဲ့ ......

ဟုတ်ပြီ တစ်ခု ချင်းကို ပြန်ရှင်း ကြပါစို့

"မအူပင်ရောက် သတင်း သမား များအား ရဲများကို ဓာတ်ပုံရိုက်ခွင့်မပြု၊ ရိုက်ပြီးဓာတ်ပုံများအားဖျက်ခိုင်း"

Posted by drmyochit Thursday, February 28, 2013, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု၊ ပလောင်ကျေးရွာ သို့ သတင်း သွားယူသော Popular News ဂျာနယ်မှ ဓာတ်ပုံ သတင်းထောက် အောင်နိုင်စိုး(ကစ္ဆပ) ရိုက်ခဲ့သော ရဲများ တာဝန်ယူစောင့်ကြပ်နေ သည့်ပုံ များ၊ စုစည်းကာ ထိုင်နေကြသည့်ပုံများအား တာဝန်ကျရဲ တပ်ကြပ်ကြီး တစ်ဦးက ဖျက်ခိုင်းသဖြင့် ဖျက်ပေး ခဲ့ရကြောင်း သိရသည်။

"လယ်သမားတွေပုံကိုတော့ ရိုက်ခွင့်ပေးပါတယ်။ ရဲတွေစောင့်ကြပ်နေတဲ့ ပုံမျိုးတွေ ကိုတော့ ရိုက်ခွင့် မပေးဘူး။ ကျွန်တော် ရိုက်ထားတဲ့ ပုံတွေကိုဖျက် ခိုင်းတယ်။ ပြောတာကတော့ ပြေပြေလည် လည်ပြောတာပါပဲ။ ကျွန်တော်ဖျက်မှာကို စိတ်မချလို့ သူတို့ခေါ်လာတဲ့ ဗီဒီယိုကင်မရာမင်း တစ်ယောက် ကို Format ရိုက်ခိုင်းတယ်။ ကျွန်တော့် ကင်မရာ အဲဒီလူလက်ထဲပေးလိုက်တော့ သူက ကပ်ကို Format ချလိုက်တယ်။ အထဲက ပုံတွေ အကုန်ပျက်ကုန်တော့တာပေါ့" ဟု အောင်နိုင်စိုး (ကစ္ဆပ) ကပြောသည်။

Wednesday, February 27, 2013

ဘင်္ဂလီ အရေးငြိမ်နေသော နော်ဝေရောက်ဒုက္ခသည်များကို ပလေတို စိန်ခေါ်သည်

Posted by drmyochit Wednesday, February 27, 2013, under | No comments

ဘင်္ဂလီ အရေးကို နှစ်ရှည်လများ စီမံ ကိန်း ချ ပရိုမိုးရှင်းလုပ်ခဲ့တဲ့ အော်စလို က Euro Burma Office မှာ ကပ်ဖား ရပ်ဖား လုပ်ခဲ့ကြတဲ့ ဘင်္ဂလီအားပေး တွေ....

ဟန်ညောင်ဝေနဲ့ ၀ါကာအူဒင် ဟန်ချက် ညီညီနဲ့ ဥရောပ ပါလီမန် တွေ၊ ဥရော ပအစိုးရတွေကို လော်ဘီ လိုက် လုပ် ဥရောပတစ်လွှားမှာ ဘင်္ဂလီ ဆိုရင် သနားစရာ လူနည်းစု ဆိုပြီး အမြစ် တွယ် ထင်ကျန်နေအောင် လုပ်ခဲ့တုန်းက အားပေးအားမြှောက် ဆင်ဖြူတော် မှီပြီးကြံစုပ် ခဲ့တဲ့ သူတွေ...

AFC Cup ပြိုင်ပွဲတွင် ဗီယက်နမ်ကလပ် ဒါနန်းအသင်းကို ဧရာဝတီအသင်း အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်

Posted by drmyochit Wednesday, February 27, 2013, under | No comments


2013 AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု (G) ပွဲစဉ်ဖြစ် သည့် ဗီယက်နမ်ကလပ် ဒါနန်းအသင်းနှင့် မြန်မာ ကလပ် ဧရာဝတီယူနိုက်တက် အသင်း တို့၏ပွဲ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၇) ရက်က ဗီယက် နမ်နိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရ သည်။

ယင်းပွဲစဉ်တွင် ဒါနန်းအသင်းက ဧရာဝတီအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ပွဲဦးထွက် ၃ မှတ်စတင် ရရှိသွားသည်။ ဒါနန်းအသင်းအတွက် ဂိုးများကို နောက်ခံလူ ကော်စမင်က (၄၂) မိနစ်နှင့် (၅၅) မိနစ်တို့တွင်  သွင်းယူပေးခဲ့ပြီး ဧရာဝတီအသင်းအတွက် ချေပဂိုးကိုမူ (၈၈) မိနစ်တွင် နေလင်းထွန်းက သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီအသင်းတွင် နိုင်ငံခြားသား ကစားသမားများဖြစ်သည့် လီအန်ဒရို၊ ဒိုမီနစ်၊ မာဂျန်တို့ အပါအ၀င် စိုးကျော်ကျော်၊ နိုင်လင်းဦး၊ ဇော်ဇော်ဦး၊ ဟိန်းသီဟဇော်၊ နန္ဒလင်းကျော်ချစ်တို့ဖြင့် လူစုံအသုံးပြုခဲ့ကြောင်း သိရသည်။ ဒါနန်းအသင်းသည် ပြီးခဲ့သည့် ၂၀၁၂ V -လိဂ် အမှတ်ပေးချန်ပီယံ ဖြစ်ကြောင်းလည်း သိရသည်။

ဝလောင်ယန်ရွာအနီးတွင် ကုန်စိမ်းတင်ကားများ KIA တောင်ထားသောမိုင်းကြောင့် ပျက်စီး

Posted by drmyochit Wednesday, February 27, 2013, under | No comments


ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၃

ချီဗွေမြို့နယ် ဂန့်ဂွင်းရွာမှ မျောချောင်းရွာရှိ ဒေသခံများအတွက် ကုန်စိမ်းများကို ယမန်နေ့က ကား၎စီး ဖြင့် ပို့ဆောင်ပြီး အပြန် ၀လောင်ယန်ရွာ အနီးတွင် KIA ထောင်ထားသော မိုင်းနင်းမိပြီး ယာဉ်တစ် စီးပျက်စီး သွားရခဲ့ကြောင်းသိရှိရပါသည်။

မိုင်းကြောင့် ကားမှာ ပျက်စီးသွားပြီး ယာဉ်ပေါ် တွင်လိုက် ပါလာသူ ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရှိရပါသည်။ ဒဏ်ရာရသူများကို ဂန့်ဂွင်းမှတဆင့် ဖီဖော်ရှိဆေးခန်းသို့သွား ပို့ဆောင် ကုသပေးနေကြောင်းသိရှိရပါသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံး ဂျပန်စစ်သည် ရုပ်ကြွင်းများ ရှာမည်

Posted by drmyochit Wednesday, February 27, 2013, under | No comments

ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့တဖွဲ့ကို မြန်မာပြည် တွင်း တနေရာတွင် တွေ့ရစဉ် (ဓာတ်ပုံ – Japanfocus)

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ထိန်းချုပ်ရာ ဒေသများ၌ ဒုတိယ ကမ္ဘာစစ် အတွင်း က ကျဆုံးခဲ့ကြသော ဂျပန်စစ်သည်များ၏ ရုပ် အလောင်းမြှုပ်နှံရာ နေရာများကို ဂျပန် ပုဂ္ဂလိ က အဖွဲ့ အစည်းတခုက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် ပူးပေါင်း၍ မတ်လဆန်းမှ စတင် ရှာဖွေတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျပ်မပြည့်တဲ့ အမျိုးသမီးအား သားမယားပြုကျင့်သူ ဖမ်းဆီးအရေးယူ

Posted by drmyochit Wednesday, February 27, 2013, under | No comments


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

၂၅-၂-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ xxxxx ကျေးရွာ၊ xxxx ရပ်ကွက်နေ အသိဥာဏ်ချို့တဲ့နေသူ မ xxxx (၁၇)နှစ်သည် နေအိမ်ဘေးရှိ ထန်းတောတွင် ထန်းသီးကောက်ရန် ထွက်လာစဉ် ခင်မင်ရင်းနှီးသူ တောင်ငူမြို့နယ်၊ ကျူအင်းကျေး ရွာနေ ကိုလင်း(၂၅)နှစ်က ချစ်ကြိုက် ကြောင်းပြော ဆိုပြီး ထန်းတောအနီးရှိ လယ်ကွင်းသို့ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း

KIA တပ်ဖွဲ့ဝင်၂ဦး အစိုးရတပ်သို့ အလင်းဝင်ရောက်

Posted by drmyochit Wednesday, February 27, 2013, under | No comments


ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၃

ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ အနီးရှိ လနပါရေတံခွန်းအနီးရှိ အစိုးရ တပ်စခန်း တစ်ခုသို့ KIA တပ်ဖွဲ့ဝင်၂ဦး လက်နက်ဖြင့် အလင်း ၀င်ရောက် ခဲ့ကြောင်း သိရှိရပါသည်။ အလင်းဝင်ရောက်လာသော KIA တပ်ဖွဲ့ဝင် ၂ ဦး သည် တပ်မဟာ(၅) ရင်း ၃၀မှ တပ်ဖွဲ့ဝင် များဖြစ်ပြီး သူ့ကိုင်ဆောင်သော လက်နက် များဖြင့် ယမန့်နေ့ ညနေ ၅နာ ရီခွဲ ခန့်က အလင်းဝင်ရောက်ခဲ့ပါသည်။ '

၎င်းတို့၂ဦးသည် မကွေးတိုင်း၊ အောင်လံမြို့နှင့် အရာတော်မှ ကချင် ပြည်နယ် တွင် ရွှေလုပ်ငန်း လာရောက် လုပ်ကိုင်ရင်း KIA ၏ လူသစ် လူသစ် စုဆောင်းခြင်းခံရပြီး မုန်ဆန်ယန် သင်တန်းကျောင်းတွင် KIA ၏သင်တန်းပေးခြင်းခံရကာ KIA တပ်ဖွဲ့ဝင် ဖြစ်ခဲ့ ရကြောင်း၊ KIA တပ်မဟာ ၅ တွင် လှုပ်ရှားတပ်ရင်းတွင် တာဝန်ထမ်းဆောင်ရပါသည်။ 

လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

Posted by drmyochit Wednesday, February 27, 2013, under | No comments


ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၌ လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုနှင့် ဆက်စပ်ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အဆိုပါ ပဋိပက္ခတွင် ဒဏ်ရာ ရရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များအနက် ရဲတပ်သား ရဲကျော်သူသည် ဖေဖော် ၀ါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ရန်ကုန်ဆေးရုံကြီး၌ ဦးခေါင်း ဓားခုတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာ ရရှိခဲ့သူများအနက် ဒေသခံ ၁၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦးကို မအူပင် ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင် ခဲ့သည့် ရဲတပ်သား ရဲကျော်သူမှာ ယနေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရတပ်နှင့် ပူးပေါင်းရန် ကြိုးစားခဲ့သော KIA တပ်ဖွဲ့ဝင် များအား သေဒဏ်ပေးရန် ဗိုလ်ချုပ် ဂမ်ရှောင် ဆုံးဖြတ်

Posted by drmyochit Wednesday, February 27, 2013, under | No comments


Wednesday, February 27, 2013

ကချင်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သော တိုက်ပွဲများ ဖြစ်ပွားနေ စဉ် အတွင်း အစိုးရ တပ်ဖွဲ့များနှင့် ပူးပေါင်း ရန် ကြိုးစားခဲ့သည့် ဗိုလ်မှူး အဆင့် ရှိသူ တစ်ဦး အပါအ၀င် KIA အဖွဲ့ဝင် (၄၂)ဦး အားသေ ဒဏ်အပြစ်ပေး ရန်အတွက် ဆုံးဖြတ် ခဲ့ကြောင်း သတင်း ရရှိသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်း အဝေး ခန်းမ တွင် ကျင်းပ သည့် အရေးပေါ် စစ်ဆင်ရေး အစည်း အဝေး တွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။

သစ်တန် ၈၀၀ ၊ မော်တော်ယာဉ် ၁၁ စီးနှင့် တရုတ်နိုင်ငံသား ၄ ဦးအား ဖမ်းဆီး

Posted by drmyochit Wednesday, February 27, 2013, under | No comments


27 February 2013

ကချင်ပြည်နယ် ၊ ဆင်ဘိုမြို့နယ်ခွဲ အတွင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရားမ၀င် သစ်ခိုးထုတ် နေသည့် တရုတ် နိုင်ငံသား ၄ ဦးအား သစ်လုံးတန် ၈၀၀ ၊ မော်တော်ယာဉ် ၁၁ စီး ၊ ဆိုင်ကယ် ၃ စီးနှင့် အတူ ဖမ်းဆီး ရမိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ဆင်ဘို မြို့နယ်ခွဲ ၊ ၀ဲကြီး ကျေးရွာ အနီး တရားမ၀င် သစ်ခိုးထုတ်လုပ် နေကြောင်း သတင်းအရ မြစ်ကြီးနား မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး လှရီ နှင့် ရဲတပ်ဖွဲ့ဝင်များ က နယ်မြေခံ တပ်မတော် စစ်ကြောင်း နှင့် ပူးပေါင်း၍ နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ ၀ဲကြီး ကျေးရွာ အောက်ဘက် ၃ မိုင်ခန့် ဧရာဝတီ မြစ်ကမ်းမှ အတွင်းဘက် ၁ မိုင်ခန့် အကွာတွင် ချွမ်ဂုဝမ် ၊ ဆန်ကျုံရှန် နှင့် ချိန်ကွမ်ရှမ်း ဆိုသည့် တရုတ် နိုင်ငံသား ၃ ဦးနှင့် အတူ ပီကင်းဂျစ် ၁ စီး ၊ သစ်တင်ယာဉ် ၇ စီး ၊ ၁၀ ဘီးယာဉ် ၂ စီး ၊ XG-951 ဒိုဇာ အ၀ါရောင် ၁ စီး ၊ Yinxaing 125 ဆိုင်ကယ် ၃ စီး ၊ အရှည် ၉ ပေ သစ်လုံး အရွယ်စုံ ၁၅၆၀ လုံး ( တန်ချိန် ၈၀၀ ) အား ရှာဖွေ သိမ်းဆည်း ရမိပြီး ည ၁၀ နာရီခွဲ ခန့်တွင် ကျန်လျှိုဝမ် ဆိုသူ တရုတ် နိုင်ငံသား တစ်ဦး ကိုပါ ဖမ်းဆီး ရမိခဲ့သည်။

နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

Posted by drmyochit Wednesday, February 27, 2013, under | No comments


နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြနေ စဉ် ၂၆ ဖေဖော်ဝါရီလ ၂၀၁၃ (ဓာတ်ပုံ - 
ဥရောပ ၅ နိုင်ငံ ခရီးထွက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အင်္ဂါနေ့က နော်ဝေနိုင်ငံကို ပထမဆုံး ရောက်ရှိလာ ချိန်မှာပဲ နော်ဝေရောက် မြန်မာနိုင်ငံသားတွေက သူ့ကို ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြ ထားပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့က သမ္မတ ဦးသိန်းစိန် တည်းခိုတဲ့ Hotel Continental ရှေ့ မှာ မြန်မာနိုင်ငံသား ၇၀ လောက် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို ဆန္ဒပြကြတာပါလဲ။ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ ဦးမင်းမင်းဦးက အခုလို ပြောပြပါတယ်။

ဘာလဲဟေ့ မွတ်ဆလင်

Posted by drmyochit Wednesday, February 27, 2013, under | No comments


ပေ ၄၀x၆၀ ကျယ်တဲ့ မြေတစ်ကွက်မှာ ဧည့်သည်ကိုအားနာလို့ ၁၀ပေပတ်လည် တဲထိုးပြီး နေခွင့်
ပြုထားတယ် .. သူ့ဆွေမျိုးတွေကို ပြောင်ပြောင်တင်းတင်းတစ်မျိုး၊ ခိုးဝှက်ပြီးတစ်သွယ် ကျနော့်
မြေကွက်မှာ ခေါ်ပြီးနေနေကြတယ် .. ကျနော့်သားသမီးတွေကို ရန်လုပ်တယ် .. သူတို့ကို ပြန်မောင်း
ထုတ်တော့ မဖယ်ပေးဘူး သူတို့နေနေတဲ့ သူတို့နေရာဆိုပြီး ပြောင်ပြောင်တင်းတင်းမျက်နှာပြောင်
တိုက်တယ် လူပါးဝတယ် .. ပတ်ဝန်းကျင်ခြံတွေကိုပါ စည်းရုံးခြင်း၊ဗြောင်လိမ်ခြင်းတွေနဲ့ နည်းမျိုးစုံ
နဲ့ ကျနော့်ကိုပြန်ကိုက်၊ပြန်ဟောင်တယ် .. ဒင်းတို့ကို ကျနော်ဘာလုပ်သင့်လဲ ?

မျှော့ ဆိုတဲ့ သတ္တ၀ါကို သိကြမှာပေါ့ .. ကပ်ပြီးရင် ခွါမရတော့ဘူး .. ဒါပေမယ့် သွေးစုပ်လို့ဝသွား
ရင်တော့ သူ့အလိုလိုခွါသွားတယ် .. မျှော့တွယ်တာကို ချစ်လို့လာတွယ်တယ်လို့တော့ ထင်မနေ
ကြပါနဲ့ .. သွေးစုပ်ချင်လို့ လာတွယ်နေတယ်ဆိုတာ သတိထားပါဦး .. သတိမမူ ဂူမမြင် ဆိုတဲ့
စကားလို အမှတ်တမဲ့နဲ့မေ့လျော့နေမိမှာစိုးလို့ သတိပေးတာပါဗျာ ..

မအူပင် ပဋိပက္ခမှ ဒဏ်ရာရသူများ မအူပင်ဆေးရုံကြီးသို့ (၅)ဦး ထပ်မံရောက်ရှိ

Posted by drmyochit Wednesday, February 27, 2013, under | No comments


 မအူပင်၊ ဖေဖော်ဝါရီ၊ ၂၇။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ နယ် ရှိ ပလောင် ရွာတွင် ယမန်နေ့ ကဖြစ်ပွား ခဲ့သော ဆန္ဒပြ ရွာသား များနှင့်ရဲများ ပဋိပက္ခဖြစ်ပွားမှုတွင် ဒါဏ်ရာရရှိသူ ရွာသား (၅)ဦးသည် မအူပင်ဆေး ရုံကြီးသို့ ယနေ့မနက် (၃)နာရီ အချိန်တွင် ထပ်မံရောက် ရှိလာသည်။ ပလောင်ကျေးရွာ တွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ဒေါက်တာမြင့်စိန် ပိုင် အော့ချက်ဒ် ကုမ္ပဏီ ပိုင်ငါးမွေးကန်ပေါင်အား ဖျက်ဆီး၍ လယ်မြေ အဖြစ် ပြန်လည်လုပ်ကိုင်ရန် ဝင်ရောက်ရှင်းလင်းရာ အာဏာ ပိုင် အဖွဲ့အစည်းများမှ ပုဒ်မ ၁၄၄ ထုတ်ကာ တားဆီး ထား သည့်အချိန်တွင် ယင်းဒေသမှလယ်သမားများမှ ရဲတပ်ဖွဲ့ဝင် များအား ဝင်ရောက်အကြမ်းဖက်သဖြင့် ယခုကဲ့သို့ နှစ်ဘက် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် တစ်ဦးက ပြောကြားသည်။ 

မြန်မာ့ကျောက်မျက်ထွက်ကုန်များ တင်သွင်းမှု ပိတ်ပင်ထားခြင်း ရုပ်သိမ်းရန် အမေရိကန်စတင်ညှိနှိုင်း

Posted by drmyochit Wednesday, February 27, 2013, under | No comments


နေပြည်တော်၊ ဖေဖော်ဝါရီ-၂၁

မြန်မာနိုင်ငံမှ ကျောက်စိမ်း ကျောက်မျက် တင်ပို့မှုကို တားမြစ်ပိတ်ဆို့ထားသော အမေရိကန်အစိုးရက ယင်းပိတ်ပင် ထားမှုကို ရုပ်သိမ်းရန် ခြေလှမ်းတစ်ခုအ နေဖြင့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမျိုးသား လွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရေးရာ အထူးသံတမန်နှင့် ညှိနှိုင်းရေး မှူးဖြစ်သူ H.E Mr. Carlos Pascual နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ပြီး အထက်ပါ အကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း ကော်မတီအတွင်းရေးမှူး ဦးလှဆွေ (မကွေး-၁၂) က ပြောကြားသည်။

ငွေလဲနှုန်းကို မျက်ကွယ်ပြုနေသော အစိုးရအား သူရဦးရွှေမန်း မေးခွန်းထုတ်

Posted by drmyochit Wednesday, February 27, 2013, under | No comments

နေပြည်တော်၊ဖေဖော်ဝါရီ-၂၅

အမေရိ ကန်ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ တရားဝင် လဲလှယ် ခွင့်ပြုခဲ့ သည့် အချိန်မှ ယနေ့ အထိ တစ်ဒေါ် လာလျှင် ၈၅၀ ကျပ်ဝန်းကျင်သာရှိနေပြီး အစိုးရက ပြည်သူများ အကျိုးရှိသောနှုန်း သို့ရောက် အောင် ထိန်းညှိပေးခြင်း မရှိသည့် အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် တွင် မေးခွန်းထုတ် ဆွေးနွေး ခဲ့သည်။

“နိုင်ငံ့ ၀န်ထမ်းနှင့် အလုပ်သမားများ၏ တစ်ဦးချင်း ၀င်ငွေကို နိုင်ငံခြားငွေဖြင့် ဖော်ပြရာမှာ အမြင်ကောင်း ကောင်း ကိန်းဂဏန်း များအောင် တစ်ဒေါ် လာငွေလဲနှုန်း ၈၅၀ ကျပ်ဝန်းကျင်မှာပဲ ထားနေ တာလား။ ၉၅၀၊ ၁၀၀၀ ကျပ် ၀န်းကျင်ထားရှိမှ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းမှာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတာလား” ဟု သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ကောင်းမြတ်ကျော် ဆီတွဲသဘောင်္ ဘာလို့ ပေါက်ကွဲတာလဲ

Posted by drmyochit Wednesday, February 27, 2013, under | No comments

လှိုင်မြို့နယ် (၄)ရပ်ကွက် ဘုရင့်နောင် (အိုဝမ်း ) ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ မြ၀တီ စက်သုံး ဆီ ဖြန့်ဖြူရေး လုပ်ငန်း၊ ဒီဇယ် ဆီဖြန့်ဖြူး သည့် ဆိပ်ခံ ဘောတံတား၌ ဖေဖော်ဝါ ရီ ၄ ရက်နေ့ ညနေ ၅နာရီအချိန်က မြ၀တီ (၀၀၈)၊ စီဘီတွဲမှ ဒီဇယ်များကို ပြင်ပမှ ဆီလာ ၀ယ်သည့် ကောင်းမြတ်ကျော်နှင့် အောင် သုခဧရာ ရေယာဉ်တို့ထံ ဆီထည့်ပေးနေ စဉ် ကောင်းမြတ်ကျော်ရေ ယာဉ်မှ ရုတ် တရက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ ရာ(၆)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိကာ ၆၉.၃၅သန်း ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ 

ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ တဖွဲ့က တရုတ်အစိုးရကို ကျားမှောင်ခိုလုပ်ငန်းကို အားပေးဟု စွပ်စွဲ

Posted by drmyochit Wednesday, February 27, 2013, under | No comments


တရားမ၀င် မှောင်ခိုရောင်းဝယ်သူတွေထံက သိမ်းဆည်း ရမိခဲ့တဲ့ ကျား ၁၆ ကောင်ထဲက တကောင် (အောက်တိုဘာ ၂၀၁၂)

တိရစ္ဆာန်တွေ အပေါ် ကာကွယ် စောင့်ရှောက်ရေး နိုင်ငံတကာ ကြိုးပမ်း မှုတွေကို လိုက်နာဖို့ သဘောတူ ထားတဲ့ တရုတ် အစိုးရဟာ ကျားသားရေနဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေ မှောင်ခိုေ ရာင်းဝယ် ဖောက်ကား မှုတွေကို အားပေးနေ တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ တဖွဲ့က စွပ်စွဲလိုက် ပါတယ်။

Tuesday, February 26, 2013

၁၅ နှစ် အရွယ် မိန်းကလေး တစ်ဦးအား လူကုန် ကူးမှု ကျူးလွန် ခဲ့သူနှစ်ဦးကို တောင်ပိုင်း ခရိုင် တရားရုံး က အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်

Posted by drmyochit Tuesday, February 26, 2013, under | No comments

၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား လူကုန်ကူးမှု ကျူးလွန်ခဲ့သူနှစ်ဦးကို တောင်ပိုင်းခရိုင် တရားရုံး က အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇူလိုင်၉ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေ ဒေါ်...........မှ ၎င်းပေါင်နှံထားသည့် ထမီ ပြန်ရွေးရန် ကျပ် ၁၂ဝဝ ပေး၍ သမီးဖြစ်သူ မ....... (၁၅)နှစ်အားစေလွှတ်လိုက်ရာ သမီးဖြစ် သူမှာ ထိုနေ့က နေအိမ်သို့ ပြန်လည် ရောက် ရှိမလာကြောင်း သိရသည်။

မင်းပြားမြို့ နယ် ၊ တရဂူ(ရွာဟောင်း)တွင် စိတ်မနှံ့သူတစ်ဦး၏ သတ်ဖြတ်မှု ကြောင့် လူ(၆)ယောက် သေဆုံးဒဏ်ရာရစေသည့် လူသတ်မှုဖြစ်ပွား

Posted by drmyochit Tuesday, February 26, 2013, under | No comments

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ နယ် ၊ ကျွဲချိုအုပ်စု ၊ တရဂူ(ရွှာဟောင်း)တွင် ယနေ့ နံနက်(၇)နာရီခန့် က စိတ် မနှံသူ တစ်ဦး၏ သတ်ဖြတ် မှုကြောင့် သူ့ မိဘ အပါ အ၀င် လူ(၆)ယောက် သေဆုံး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ 

တရဂူရွာဟောင်းတွင်ယနေ့ နံနက်(၇)နာရီခန့် က ချင်းတိုင်းရင်းသားတို့ ၏ ရိုးရာ နတ်ကနား ပွဲကျင်း ပနေစဉ် စိတ်မနှံသူ မောင်မြထွန်း (တရားခံ)က စိတ်ဖေါက်ပြန်ကာ နတ်ကနားပွဲအတွင်းသို့  ၀င်ရောက် လာပြီး နတ်ကနားပွဲမှ နီးစပ်ရာ လူများ

ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်ပွားခဲ့

Posted by drmyochit Tuesday, February 26, 2013, under | No comments


အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့

ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ ပစ်ခတ် မှုငြိမ်နေ တဲ့ ရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲ  ခိုအွတ် ရွာအ နီးက တောအုပ်ထဲမှာ အရှေ့ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ဖေဖော်ဝါရီ ၂၄  ရက် မနက် ၁၀ နာရီခွဲလောက်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မေတာ် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ကလေးငယ် ၇ ဦးကို ခိုင်းစားနေတဲ့ မြန်မာ ၃ ဦး ထိုင်းရဲက ဖမ်းလိုက်ပြီ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို အဓမ္မခိုင်းစေမှုနဲ့ မြန်မာ နိုင်ငံသား ၃ ဦးကို ဖမ်းဆီး ရမိ ခဲ့တယ်လို့ ခုမ်းချတ်လိုတ် ထိုင်း သတင်းမှာ ဖော်ပြသွားပါတယ်။

ဘန်ကောက်မြို့ ထောင်းလော်ရပ်ကွက် အေကမိုင်း လမ်းဘေးတေလျှာက်မှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ချိုချဉ်လိုက်ရောင်းနေတယ်လို့ သတင်းပေး ချက်အရ ထောင်းလော် ရဲစခန်းက  ခြေရာခံ လိုက်ခဲ့ရာမှာ  ကလေးတွေကို ခိုင်းစားနေတဲ့  ဆွန်လုန်ရပ်ကွက် ဖတ်ထနားကန် လမ်းသွယ် ၂၀ က  မြန်မာ ၃ ဦးကို မနေ့ည ၆ နာရီက  ဖမ်းမိခဲ့တာလို့ ထောင်းလော် ရဲစခန်း တာဝန်ကျ ရဲမှူးကြီး ဗိုလ်မှူး ကျတ်ကျွန်း ကရတ်က ပြောပါတယ်။

မအူပင်မြို့နယ် လယ်သမားများ ပစ်ခတ်ခံရ ၊ ၇ ဦး ဒဏ်ရာရ

Posted by drmyochit Tuesday, February 26, 2013, under | No comments

ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် မအူပင်မြို့နယ် အတွင်းမှ လယ်သမားများ ကိစ္စနှင့် ပတ်သက်၍ နောက် ဆုံး သတင်း များအရ  ယနေ့  ညနေ ၆နာရီ ခန့်က  ပစ်ခတ် မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အခြေ အနေ များကို အဆင်ပြေစေရန်  ဆွေးနွေး ညှိနှိုင်းနေစဉ်မှာပင် ယခုကဲ့သို့ အခြေအနေ တင်းမာ မှု များဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုရောက်နေတဲ့နေရာက ပလောင်ရွာပါ ဒီကနေ လှမ်းကြည့်နေကြတာမြင်နေရတယ် ကြည့်နေရင်းမှာပဲ ၆ ယောက် လောက် လဲကျ သွားတာ ကိုတေ့ရတယ် အခြေအနေကတော့ တင်းမာ သွားပြီ" ဟု ယင်းကိစ္စကို ပါဝင်ဆောင်ရွက်နေသူ တစ်ဦး ကပြောကြား သည်။

စွမ်းအင်ကဏ္ဍဖူလုံရေး ဖက်စပ်လုပ်ကိုင်သွားရန် မြန်မာ ပါဝင်သော လေးနိုင်ငံပူးတွဲအစည်းအဝေး၌ ကြေငြာ

Posted by drmyochit Tuesday, February 26, 2013, under | No comments

ဒါကာ၊ ဖေဖေါ်ဝါရီ ၂၆ ။

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာတို့ ပူးပေါင်းကျင်းပသော ၁၁ ကြိမ်မြောက် BCIM လေးနိုင်ငံ ပူးတွဲ အစည်း အဝေး ကဒေသတွင်း သဘာဝ အရင်း မြစ်များ ထုတ်ဖေါ်ခြင်းနှင့် စွမ်းအင် ထုတ်လုပ်ရေး ကဏ္ဍ များတွင် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင် သွားကြရန် ကြေငြာချက် ထုတ်ပြန် လိုက် သည်။

အစည်းအဝေးအတွက် လေးနိုင်ငံပူးတွဲထုတ်ပြန်သောကြေငြာချက်ထဲတွင် “စွမ်းအင်ဖူလုံရေးဟာ BCIM ဒေသတွင်းနိုင်ငံတွေ အတွက် အရေး ကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ စွမ်းအင် ကဏ္ဍမှာ ဒေသတွင်းနိုင်ငံတွေ အနေနဲ့  နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ တူးဖေါ်ရှာဖွေရေး၊ ရင်းနှီးမြှပ်နှံရေး ကိစ္စတွေမှာ ဖက်စပ် လုပ်ကိုင် သွားကြဖို့ ထူးခြားတဲ့ အခွင့်အလမ်းတွေရှိနေပါတယ် ” ဟု ဖေါ်ပြထားသည်။

အများပြည်သူသန့်စင်ခန်းများအားဖျက်ဆီးပါက ဥပဒေအရအရေးယူမည်

Posted by drmyochit Tuesday, February 26, 2013, under | No comments

အများပြည်သူပိုင်ပစ္စည်းများ အားဖျက် ကိုဖျက် ဆီးပြုလုပ် ပါက စုံစမ်းကာ တရားဥပဒေအရ စစ် ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါ ရီလ ၂၅ရက်က ရန်ကုန် မြို့(၃၈) လမ်းရှိ ရန်ကုန်မြို့စည် ပင်သာယာရေးကော် မတီပတ်ဝန်း ကျင်သန့်ရှင်းရေးဌာနတွင် လက် ထောက်ဌာန မှူးဦးရဲကျော်မိုးက မီဒီယာများ အားပြောကြား သည်။

““ပထမတစ်ခါက ဗိုလ်ချုပ် အောင်ဆန်းလမ်းနဲ့ သိမ်ဖြူ လမ်း ထောင့်မှာရှိတဲ့ အများပြည်သူသုံး သန့်စင်ခန်းတစ်ခုကိုစည်းကမ်းမဲ့ ဆေးတွေနဲ့ စာတွေကိုရေး သွားပါ တယ်။ အခု ဒုတိယတစ်ခါ ဗိုလ် တစ်ထောင်မြို့နယ်၊စိန်ပေါလ်မြေ ပေါ်သန့်စင်ခန်းတစ်ခုကိုထပ်လုပ် သွားပါတယ်။

မန်းတွင် ယနေ့တစ်ရက်ထဲ ပေါ့ဆမီးသုံးကြိမ် လောင်

Posted by drmyochit Tuesday, February 26, 2013, under | No comments

မန္တလေး-ဖေဖော်ဝါရီ၂၆

မန်းတွင် မီးလောင်မှု တစ်ရက်ထဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး သုံးကြိမ်စလုံးတွင် ပေါ့ဆမှုကြောင့် လောင်ကြွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၄နာရီ ၄၅မီနစ်အချိန်တွင် မဟာအောင်မြေမြိုနယ်၊ ရဲမွန်တောင်ရပ်ကွက် အကွက် အမှတ် (၉/၅၁)နေ အိမ်ရှေ့တွင်ရပ်ထားသော ၉ခ/26681ရတနာစိုး မှန်လုံး မန်း-လားရှိုး-မူဆယ်ပြေးဆွဲသော 
ကား ကိုလောင်ကြွမ်းခြင်းဖြစ်ပြီး ယာဉ်နောက်လိုက်မှ ကားပေါ်တွင် ခြင်ဆေးခွေထွန်းအိပ်ယာမှ ကားအပေါ် ပိုင်းလောက်ကြွမ်းခြင်းဖြစ်ပြီး ၅နာရီ ၁၀မီးနစ်တွင် မီးငြိမ်းသွားကာ ဆုံးရှုံးမှုတန်ဖိုး 3970000 ကျပ် ဆုံးရှုံးခဲ့ သည်။ 

The Voice Weekly Editor သို့ ပေးစာ

Posted by drmyochit Tuesday, February 26, 2013, under | No comments

အယ်ဒီတာခင်ဗျာ ...

ဒီစာကို ကျုပ် ရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီး အပြောင်းအလဲ တွေကို ကြည့်ပြီးမှ ရေးရခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်သိန်းထွန်း (ငြိမ်း) ကို ၂ နှစ်ခန့် ဆက်သွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ပြီးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီးနောက် ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာ တစ်တိုင်းပြည်လုံး နီးပါး စိတ်ဝင်စားသော ကိစ္စပါ။ 

နွေဦးရာသီရဲ့ ရောင်စုံအပိုင်းအစများ

Posted by drmyochit Tuesday, February 26, 2013, under | No comments

. . .စတင် . . . စင်တင် . . .ခဲ့ကြ။
နွေဦးအရောက်မှာပဲ
ဝတ်လစ်စလစ်မဖြစ်ရုံတမယ်နဲ့ စင်ပေါ်တက်ကြတယ်
လွတ်လပ်ပြီ . . . လွတ်လပ်ပြီ ...တဲ့။
ငါ့တို့မျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီဆိုတာကြီးက 
အဲဒီလို ထင်တိုင်းကျဲတတ်တဲ့စရိုက်လား . . .
ဘာမဆိုင် ညာမဆိုင်
နေရင်းထိုင်ရင်း အသည်းကွဲရတယ်။
ကျော်ကြားမှုညည်းခြင်းထဲမှာ တဖျပ်ဖျပ်လူးနေတဲ့ အပိုင်းအစများ
မွေးရာပါဆော့ဝဲလ်တစ်ခုရဲ့ အသုံးဝင်မှု တန်ဖိုးများ

မြ၀တီမြို့ တွင် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့ မှတပ်ဖွဲ့ဝင်တစ်ဦး M-16 သေနတ်ကျည်ပေါက်ထွက်မှုကြောင့် ၁၀ တန်းကျောင်းသား တစ်ဦးထိမှန်ဒဏ်ရာရ

Posted by drmyochit Tuesday, February 26, 2013, under | No comments

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၅)နာရီ အချိန် ခန့်က ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၄) ရပ်ကွက်၊ ပြည်သာ ယာလမ်း၊ လမ်းသွယ်(၄) ရှိဦးငို+ ဒေါ်ခင်မေ တို့၏ နေအိမ် တွင်KNU/ KNLA (၇၀၉) တပ်ရင်း မှ တပ်သား နှုတ်နီ သည် ၄င်းကိုင်ဆောင်သော M - 16 အမျိုးအစား သေနတ်မှ မတော် တဆ ကျည်ပေါက် ထွက်မှုဖြစ် ပွားခဲ့ကြောင်း သိရှိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်မြို့နှစ်မြို့တွင် နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးများ ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် သဘောတူ

Posted by drmyochit Tuesday, February 26, 2013, under | No comments


လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်မြို့နှစ်မြို့တွင် နှစ်နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးများကိုယခုနှစ်အတွင်း ဖွင့်လှစ်သွားရန် မြန်မာ၊ တရုတ်၊ ထိုင်းနိုင်ငံတို့ သဘောတူထားကြောင်း ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် မဲခေါင်ဒေသ ခြောက်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်(COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တက်ရောက်ခဲ့သည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းထံမှ သိရသည်။

စစ်လက်နက်များ အတွက် ကျပ် ဘီလီယံ ၆၀၀ သုံးမည်

Posted by drmyochit Tuesday, February 26, 2013, under | No comments


တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ချီတက်နေ သည့် စစ်သားများ (ဓာတ်ပုံ – ဧရာဝတီ)

ကာကွယ်ရေး ၀န်ကြီးဌာနက လာမည့် ဘဏ္ဍာရေး နှစ် ၏ ငွေလုံးငွေရင်း အသုံး စရိတ်အဖြစ် ငွေကျပ် ဘီလီယံ တထောင်ကျော် တောင်းခံထား သည့် အနက်မှ စစ်လက်နက်၊ လေယာဉ်၊  သင်္ဘော များနှင့် တပ်မတော် စစ်ဘက် ဆိုင်ရာ စက်ရုံများ၏ စက်ကိရိယာများအတွက် ကျပ်ဘီလီယံ ၆၀၀ နီးပါး အသုံးပြု မည်ဖြစ်ကြောင်း ဧရာဝတီက ရရှိထားသော ကာကွယ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ် စာရင်းဇယား အရ သိရှိရသည်။

ဘာသာပြောင်းပွဲကြီးဗုဒ္ဓဘာသာအဖြစ် ခံယူပွဲကြီး

Posted by drmyochit Tuesday, February 26, 2013, under | No comments


၂၄-၀၂-၂၀၁၃ နေ့

အိန္ဒိယ နိုင်ငံ၊ ဘုံဘေမြို့၊ ကလယန်းနယ်မှ ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံဖွား ဘာသာခြား ၂၀ တို့၏ ဗုဒ္ဓဘာ သာ အဖြစ် ခံယူပွဲကို ခမ်းနားထည်ဝါစွာ ကျင်းပ ခဲ့သည်။ ထိုနေရာသည်၊ စာရေးသူတို့နေရာ စောမယကော လိပ် နဲ့ ၁ နာရီကျော်ကြာ ကားမောင်း ရ သည်။

(ဗုဒ္ဓဘာ သာအဖြစ် ခံယူပွဲ အခမ်းအနား)

စာရေးသူတို့ မြန်မာရဟန်းတော် ၅ ပါးကို ဘုံဘေတက္ကသိုလ်၊ ပါဠိဌာန ဆရာများ၏ အဆက်သွယ်ဖြင့် ထိုအခမ်း အနားသို့ တက်ရောက်ရန် ပင့်ဖိတ်သည်။ ၀ါတော် အတော်ကြီးရင့်ပြီ ဖြစ်သော အိန္ဒိယ ဆရာတော်ကြီး အပါဝင် အိန္ဒိယ ရဟန်းတော် ၅ပါးလဲ ပါဝင်သည်။ 

ငြိမ်းချမ်းရေး ယူထားသော်လည်း မင်းမဲ့စရိုက် ဆန်လွန်းသည် KIA သောင်းကျန်းသူ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ကချင်ပြည်နယ် မန်းဝိန်းကြီးဒေသတွင် တပ်မတော် နှင့် KIA သောင်းကျန်းသူ တို့ တစ်ဖက်နှင့် တစ်ဖက် တိုက် ခိုက်ခြင်းမပြုရန် ညှိနှိုင်းထားသောလည်း အချို့သော KIA သောင်းကျန်းသူများသည် လက်နက်အား ကိုးဖြင့် အပြစ်မဲ့သော တိုင်းရင်း သားများ ကို ရန်လိုတိုက်ခိုက်နေမှုများရှိနေပါသည်။

ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော

Posted by drmyochit Tuesday, February 26, 2013, under | No comments


၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချ မည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်း ချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့ တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ် ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။

စကားတွေ အများကြီးပြောနေသော ဓာတ်ပုံတစ်ပုံ

Posted by drmyochit Tuesday, February 26, 2013, under | No comments


၁၉၆၃ ခုနှစ်က ထုတ်ဝေဖြန့်ချိခဲ့သော  စာရေးသူ ၏ဖခင် လန်ထောင်ဦးစပ်စုရေး သားခဲ့သည့် “ဦးစပ်စု၏ ၇၅ နှစ်အကြား ၄၉ နှစ်အမြင် မြန်မာပြည်” စာအုပ်မှ အောက်ပါဆောင်း ပါးတိုလေး ကို ဖတ်ရှု ကြည့်ပြီး ဖော်ပြထား သည့်ဓာတ် ပုံကို လေ့လာကြည့်စေလိုပါသည်။

ကချင်ပြည်ဆိုသော စာတမ်းအား မိုးညှင်းမြို့ ဒေသခံပြည်သူများ ဘ၀င်မကျ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ပြည်တွင်းစစ် ရပ်စဲရေးနှင့် စစ်ဘေး သင့်ပြည်သူ များကို ကူညီရေး ဟူသော ရည်ရွယ် ချက်ဖြင့်    လွတ်လပ်ငြိမ်း ချမ်းပန်းရဲ့ လမ်း  (လူမှုကွန်ရက်) တေးဂီတဖျော်  ဖြေရေးအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းနှင့် ၂၃ ရက် နံနက်ပိုင်းတို့တွင် “ကချင်ပြည်နယ်” မိုးညှင်းမြို့အတွင်းသီဆိုဖျော်ဖြေ ခဲ့ကြသည်။

ခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးကို ဖော်ထုတ် နိုင်သည် ဟု ဆိုသော သတင်း မှန်ကန်မှု မရှိ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ဖြူးမြို့ အနီးတွင် ခေါင်းဖြတ် အသတ် ခံရသော အမျိုး သမီးကို မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီ ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိပဲ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ၊မှူခင်း ဌာန မှ ဒုတိယ ရဲမှူးကြီး တစ်ဦး က ပြောကြားသည်။

မူးယစ်ဆေးပြဿနာကို လျှော့မတွက်ကြနဲ့

Posted by drmyochit Tuesday, February 26, 2013, under | No comments

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ထိုင်းနိုင်ငံ က ဆယ်ကျော် သက် လူငယ်တွေကြားမှာ မူးယစ်ဆေးပြဿနာ အကြီး အကျယ် ဖြစ်ပွားခဲ့တယ်။  အဲဒီတုန်းက ထိုင်းအစိုးရ တာဝန်ရှိ သူတွေ ကိုယ်တိုင် ခေါင်းခြောက်ခဲ့ရတဲ့ ကိစ္စပါ။ အခုတော့ ထိုင်းမှာ အဲဒီ အသံမကြားရတော့ဘဲ မာဂျေတို့နိုင်ငံက လူငယ်တွေကြား မှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာ ကတဖြည်းဖြည်း ကြီးထွားလာနေပြီ။  သက်ဆိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သတိပြုမိ မပြုမိတော့ မာဂျေလည်း လက်လှမ်း မ မီပေဘူး။ 

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း စိစစ်မူ ပြုလုပ်ရန် လိုလား

Posted by drmyochit Tuesday, February 26, 2013, under | No comments


ရခိုင်ပြည်နယ်အတွင်း ဇွန်လနှင့် အောက်တိုဘာလ အတွင်းက အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော မွတ်ဆလင် ဒုက္ခသည် များအား အစိုးရမှ အိုးအိမ်များ တည်ဆောက်ပြီး နေရာချပေး သွားရန် စီစဉ်နေရာ ရခိုင်ဒေသခံ ပြည်သူများက ၁၉၈၂ ခုနှစ် နို်င်ငံသား ဥပဒေအတိုင်း စိစစ်မူ ပြုလုပ်ပြီးမှ အိုးအိမ်များ တည်ဆောက် နေရာ ချပေးသွား ရန် လိုလားနေကြောင်း သတင်းရရှိသည်။

ရုပ်ရှင်သရုပ်ဆောင် သားညီ ၊ မိုးယံဇွန် ၊ ဆူးရှတို့ ပါဝင်သည့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န် ဈေးသာယာရေးအဖွဲ့က ကြီးမှူး လျက် ဈေးသူ၊ဈေး သားများ မီး သတိပြုရေး အသိ ပညာပေး ဟော ပြောပွဲနှင့် လက်တွေ့မီးငြှိမ်း သတ်ရေး သရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီက နန္ဒ၀န်ဈေး ဓမ္မာရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ မီးသတ်ဦး စီးဌာန၊ ရန်ကုန်တိုင်း ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း ဦးဆောင်သော ဒုတိယ ညွှန်ကြားရေးမှူးများ၊

"မြန်မာ့အရေးဆွေးနွေးမယ့် ကုလအစည်းအဝေးစတင်"

Posted by drmyochit Tuesday, February 26, 2013, under | No comments


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ (၂၂) ကြိမ်မြောက် အစည်း အဝေးကို မနေ့က စတင်ခဲ့ ပါတယ်။ ရက်သတ္တပတ်လေးပတ်ကြာမြင့်မယ့် အဲဒီ အစည်း အဝေးမှာ မြောက်ကိုရီးယား၊ ဆီးရီးယား၊ မြန်မာ နဲ့ အီရန် နိုင်ငံတွေရဲ့ လူ့အခွင့် အရေး အခြေ အနေတွေ ကို အဓိကဆွေးနွေးမယ်လို့ သိရပါတယ်။

နှစ်ကျပ်ခွဲ ရွာ မီးလင်းရန် ကူညီသည့် ဆရာတော် နှင့် ရွာသားများ ကို ဖမ်းဆီး

Posted by drmyochit Tuesday, February 26, 2013, under | No comments

ကျောင်းပန်းတောင်းမြို.နယ်၊ နှစ်ကျပ်ခွဲကျေးရွာမှ မီးလင်းရေးကော် မတီ နာယက ဆရာတော် ဦးကော သလ ဆန္ဒပြ ရွာသား တွေ ကို ရဲတပ် ဖွဲ့  က မနေ့  ညက အတင်းအဓမ္မ ရိုက်နှက် ဖမ်းဆီးပြီး ထိမ်းသိမ်း ထား တယ် လို့  နှစ် ကျပ်ခွဲ ရွာသား တစ်ဦး က FNG ကိုပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်အတွင်း၌ EPC အယောင်ဆောင်၍ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ပြင်ဦးလွင်မြို့ရှိကျေးရွာများ၌ အစိုးရ လျှပ်စစ် ၀န်ထမ်း အယောင်ဆောင်၍ ပိုက်ဆံ လိမ်လည် တောင်း ခံမှု များ အဖြစ်များ လာကြောင်း ဒေသခံ များထံ ကသိရသည်။

၎င်းတို့ ပိုက်ဆံတောင်းပုံမှာ ဓါတ်တိုင်နှင့်အိမ် ကိုက်သုံးရာကျော်လျှင်မီးကြိုးဆွဲ၍ မရခြင်းများ အတွက် ပိုက်ဆံ မည်မျှပေး ပါက  မီးကြိုး ဆွဲပေး မည်ဟု ဆိုကာ ပိုက်ဆံ လိမ်လည် ယူသွားခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများပြန်လည်ထူထောင်ရေးအတွက် ယခင်အစိုးရ၌ တာဝန်ရှိကြောင်း ဦးဝင်းတင်ပြော

Posted by drmyochit Tuesday, February 26, 2013, under | No comments


ယခင် အစိုးရ လက်ထက်၌ အကြောင်း အမျိုး မျိုးကြောင့် နှစ် ရှည် အကျဉ်းကျ ခံခဲ့ရသော နိုင်ငံ ရေး အကျဉ်းသား များ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် နိုင်ငံ ရေးအကျဉ်းသားများအား ပြန်လည်  ၀န်ချတောင်း ပန်ရေး အတွက် ယခင်   အစိုးရခေါင်းဆောင် ပိုင်း၌ တာဝန်ရှိ ကြောင်း သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က Hot News သို့ပြောကြားသွားသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်