Tuesday, February 26, 2013

ရုပ်ရှင်သရုပ်ဆောင် သားညီ ၊ မိုးယံဇွန် ၊ ဆူးရှတို့ ပါဝင်သည့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲ

Posted by drmyochit Tuesday, February 26, 2013, under | No comments


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န် ဈေးသာယာရေးအဖွဲ့က ကြီးမှူး လျက် ဈေးသူ၊ဈေး သားများ မီး သတိပြုရေး အသိ ပညာပေး ဟော ပြောပွဲနှင့် လက်တွေ့မီးငြှိမ်း သတ်ရေး သရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီက နန္ဒ၀န်ဈေး ဓမ္မာရုံ၌ ကျင်းပရာ မြန်မာနိုင်ငံ မီးသတ်ဦး စီးဌာန၊ ရန်ကုန်တိုင်း ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း ဦးဆောင်သော ဒုတိယ ညွှန်ကြားရေးမှူးများ၊
မြို့နယ် မီး သတ်ဦးစီးဌာနမှူးများ၊ သန္ဓေ တပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများ ဌာန၊ အရှေ့ပိုင်းခရိုင် ဌာနခွဲမှူးများ၊ ဈေးတာဝန်ခံများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ နန္ဒ၀န်ဈေးတာဝန်ခံ၊ ဈေးသာယာရေးဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအ၀င် ဈေးသူဈေးသား တစ်ထောင်ခန့် တက်ရောက်ကြသည်။ ဟောပြော ပွဲတွင် အခမ်းအနားမှူးအဖြစ် မြင်သာဈေးတာဝန်ခံ ဦးလှသက် မောင်က ဆောင်ရွက်ပြီး တောင် ဥက္ကလာပမြို့နယ် မီးသတ် ဦးစီးဌနမှူး၊ ဇုန်နယ်မြေ မီးသတ်တပ်ဖွဲ့မှူး ဦးကိုကိုကြီးက ရုပ်ပုံကားချပ် များပါ စလိုက်များဖြင့် ကျနစွာ ဟောပြောပို့ချပြီးဈေးတာဝန်ခံရုံး ရှေ့၌ သရုပ်ပြမီးငြိမ်းသတ်ခြင်း ကို လုပ်ဆောင်ကြသည်။

အဆိုပါ အခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင် သားညီ၊ မိုးယံဇွန်၊ ဆူးရှတို့က မီးသတ် တပ်ဖွဲ့ဝင်များအဖြစ်တက်ရောက် ကာ ဇာတ်ဝင်ခန်းအဖြစ် ရိုက်ကူး ပြီး လာမည့်မီးသတ် တပ်ဖွဲ့နေ့ တွင် ထိုဇာတ်ဝင်ခန်းပါ ဇာတ်လမ်း ကို ဂုဏ်ပြုပြသမည် ဖြစ်ကြောင်း သိရသည်။


ဝင်းမြင့်ထွန်း
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်