၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၅)နာရီ အချိန် ခန့်က ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၄) ရပ်ကွက်၊ ပြည်သာ ယာလမ်း၊ လမ်းသွယ်(၄) ရှိဦးငို+ ဒေါ်ခင်မေ တို့၏ နေအိမ် တွင်KNU/ KNLA (၇၀၉) တပ်ရင်း မှ တပ်သား နှုတ်နီ သည် ၄င်းကိုင်ဆောင်သော M - 16 အမျိုးအစား သေနတ်မှ မတော် တဆ ကျည်ပေါက် ထွက်မှုဖြစ် ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သေနတ်ကျည် မတော်တဆ ပေါက်ထွက်မှုကြောင့် အနီးနားရှိ (၁၀)တန်းကျောင်းသား တစ်ဦး ၀မ်းဗိုက် တွင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိထားသော (၁၀)တန်း ကျောင်းသား ငယ်သည် မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ လဂွန်းအိမ်လမ်းတွင်နေထိုင်သူ ဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့် မြဝတီ ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှု စိုးရိမ်ရသည့် အခြေအနေတွင် ရှိသော ကြောင့် မြ၀တီမြို့ မှ “ စေတနာ ” နာရေး ကူညီမှု အသင်းပိုင်လူနာတင်ယာဉ်ဖြင့် နံနက်(၈)နာရီတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။
KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့သည် KNU အဖွဲ့ထံမှ (၂၀၀၇) ခုနှစ်တွင် ခွဲထွက် ခဲ့ပြီး ယခင် အစိုးရဟောင်းနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးသော အဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး၊ ယခု အစိုးရ သစ် လက်ထက် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်နယ်အဆင့်( ၁ ) ကြိမ်ငြိမ်း ချမ်းရေးတွေ့ ဆုံဆွေးနွေး လက်မှတ် ရေးထိုးထားသော ငြိမ်းချမ်းရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ကရင်ပြည်နယ် ထို့ကော်ကိုး၊ မဲလဒေသတွင် အခြေချ၍ ထိုင်းနိုင်ငံမှ မှောင်ခို ပစ္စည်းများ အားအကောက် ကောက်ခံခြင်း၊ လိုင်စင်မဲ့ကားများအား တင်သွင်းခြင်း၊ သစ်ခိုး ထုတ်ခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၀ ရက်နေ့တွင်လည်း ၄င်း အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၈ ဦးသည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တွင် မင်းမဲ့စရိုက် ဆန်ဆန်ဖြင့် ခွင့်ပြုချက်မရဘဲ လက်နက် ခဲယမ်းများအားယူဆောင်လာပြီး တာဝန်ထမ်းဆောင်နေသော ပြည်သူ့ ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။
သန်းနိုင်
Time in Rangoon


0 comments:
Post a Comment