Tuesday, February 26, 2013

မန်းတွင် ယနေ့တစ်ရက်ထဲ ပေါ့ဆမီးသုံးကြိမ် လောင်

Posted by drmyochit Tuesday, February 26, 2013, under | No comments

မန္တလေး-ဖေဖော်ဝါရီ၂၆

မန်းတွင် မီးလောင်မှု တစ်ရက်ထဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး သုံးကြိမ်စလုံးတွင် ပေါ့ဆမှုကြောင့် လောင်ကြွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၄နာရီ ၄၅မီနစ်အချိန်တွင် မဟာအောင်မြေမြိုနယ်၊ ရဲမွန်တောင်ရပ်ကွက် အကွက် အမှတ် (၉/၅၁)နေ အိမ်ရှေ့တွင်ရပ်ထားသော ၉ခ/26681ရတနာစိုး မှန်လုံး မန်း-လားရှိုး-မူဆယ်ပြေးဆွဲသော 
ကား ကိုလောင်ကြွမ်းခြင်းဖြစ်ပြီး ယာဉ်နောက်လိုက်မှ ကားပေါ်တွင် ခြင်ဆေးခွေထွန်းအိပ်ယာမှ ကားအပေါ် ပိုင်းလောက်ကြွမ်းခြင်းဖြစ်ပြီး ၅နာရီ ၁၀မီးနစ်တွင် မီးငြိမ်းသွားကာ ဆုံးရှုံးမှုတန်ဖိုး 3970000 ကျပ် ဆုံးရှုံးခဲ့ သည်။ 

နံနက် ၇း၂၀မီးနစ်အချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက် အကွက်အမှတ် ၈၀၃၊ 27-28လမ်းကြား၊ 65လမ်းတွင် ရှေးဟောင်းမြန်မာမှုအရောင်းဆိုင်တစ်ဆိုင်မှ လျှပ်စစ်မီးဖို ဖြင့် ရေနွေးအိုး တည်ရာမှ အပူလွန်ကဲကာ သွပ်မိုးထရံကာ မီးဖိုဆောင်ပျက်စီးကာ ၄၅၀၀ကျပ်တန် ဖိုးခန့်ဆုံးရှုံးခဲ့ပြီး နေ့လယ် ၁နာရီ ၁၅မီးနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ် ဇလပ်ဝါလမ်းနှင့် ခိုင်ရွှေဝါ လမ်း ကြား စ၅/အိမ် အမှတ် ၅ အိမ်ငှားဦးကျော်ရွှေနေထိုင်သည့် ၄ပင် ၃ခန်း သွပ်မိုးထရံကာမှာ လျှပ်စစ်မီးဖိုဖြင့် ရေနွေးအိုး တည်ရာမှ အပူလွန်ကဲကာလောင်ကျွမ်းခဲ့ပြီး 432000ကျပ်ဆုံးရှုံးခဲ့ကာ ၁း၂၀မီးနစ်အချိန်တွင် မီးငြိမ်းသက် သွားခဲ့သည်။

ယခုလအတွင်း မီးလောင်မှုအကြိမ်ရေစုစုပေါင်း မန်းလေးတိုင်းဒေသကြီးတွင် ၂၇ကြိမ်လောင်ကြွမ်း ခဲ့ပြီးဖြစ် သည်။

၂၀၁၃ခုနှစ် ဇန်န၀ါရီလတွင် မီးလောင်မှု အကြိမ်ရေ ၂၀ ရှိရာ မီးဖိုမီးကြောင့် ၃ကြိမ်၊ ပေါ့ဆမီးကြောင့် ၁၄ကြိမ်၊ လျှပ်စစ်မီးကြောင့် ၃ကြိမ်လောင်ကြွမ်းခဲ့ပြီး 32335450 ကျပ်ဆုံးရှုံးခဲ့ကာ ဒုက်ခသည် ၂၀ဦး၊ ဒဏ်ရာ ရ ရှိသူ ၄ဦးရှိခဲ့ကြောင်း မန်း ခရိုင်မီးသက်ဌာနမှ စာရင်းများအရသိရသည်။

ပြည်သူ လူထုကို ဒီလိုရာသီမှာ မီးအထူးဂရုစိုက်စေချင်တယ်။ လျှပ်စစ်မီးကိုလည်း ပေါ့ပေါ့တန်တန် သဘော မထားစေ ချင်ဘူး။ ပညာပေးမှုတွေရော လူထုဟောပြောပွဲတွေရော လုပ်ဆောင်ပေးနေတာပါပဲ။
ဒီနေ့ ဆို နှစ်ကြိမ်တောင် ဟောပြောပွဲလုပ် ခဲ့တာ။ မီးကြွင်းမီးကျန်ကအစ အားလုံးကို ဂရုစိုက်စေချင်ပါတယ် ဟု ခရိုင်မီး သက်ဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်